သီပေါတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အင်္ဂလိပ်စာ အခမဲ့ သင်ကြားပေးမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, May 14, 2019



နောင် (မြစ်မခ)
.
.
.
.
.
သီပေါတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အင်္ဂလိပ်စာ အခမဲ့ သင်ကြားပေးမည်
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်အတွင်း နေထိုင်သော တိုင်းရင်းသား လူငယ်များ အတွက် လူမျိုးဘာသာမရွေး အင်္ဂလိပ်စာ အခမဲ့ သင်တန်းကို မေလ ၁၅ ရက်မှ စတင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
.
''ဒါက ကိုယ့်မြို့နယ်အစီစဉ်နဲ့ သင်တန်းပေးတာဖြစ်ပါတယ်။ တခြား မြို့နယ်တွေကိုတော့ မပြောတတ်ဘူး။ အဓိကကတော့ ကိုယ်ရဲ့ လူငယ်တွေ အင်္ဂလိပ်စာ စွမ်းရည် ပိုမိုမြင့်မားလာအောင်၊ ကျောင်းပိတ်နေတဲ့ အတောတွင်းမှာ အချိန်ကို အလကား မဖြစ်အောင် ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်''ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ပြောသည်။
.
အဆိုပါ သင်တန်းတွင် အရေး/အဖတ်/အပြော/နားထောင်၊ လူအများ ရှေ့တွင် ယုံကြည်ချက် ရှိရှိ ပြောတတ်စေရန်၊ သပ်သပ်ရပ်ရပ် ကြော့ကြော့မော့မော့ နေထိုင်ပြုမူတတ်စေရန်၊ လုပ်ငန်းခွင် ဝင်ရန် ဆောင်ရန်/ရှောင်ရန်များ၊ စနစ်တကျ တွေးခေါ် တတ်စေရန်များကို သင်ကြားပေးသွားမည် ဖြစ်ကာ သင်တန်းသား ၁၅ ဦး လက်ခံ သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment