ေႏြရာသီေရရွားပါးသည့္ ဟိုပံုးၿမိဳ႕နယ္၊ ေကာင္တယမ္ေက်းရြာသို႔ ေသာက္သံုးေရလွဴဒါန္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, May 13, 2019

ေႏြရာသီေရရွားပါးသည့္ ဟိုပံုးၿမိဳ႕နယ္၊ ေကာင္တယမ္ေက်းရြာသို႔ ေသာက္သံုးေရလွဴဒါန္း


ထက္ထက္ (ဟိုပံုး)
.
ေႏြရာသီကာလတြင္ သဘာ၀ေရထြက္မ်ားမွ စိမ့္စမ္းေရမ်ားေလွ်ာ့နည္းလာၿပီး ေသာက္သံုးေရ လံုေလာက္စြာရရွိရန္ ခက္ခဲေနသည့္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕နယ္၊ လံုေဟး ေက်းရြာအုပ္စု၊ ေကာင္တယမ္ေက်းရြာသို႔ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္း ဝန္ႀကီးဌာန၊ ဟိုပံုးၿမိဳ႕နယ္ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ေမလ ၁၃ ရက္၊ နံနက္ပိုင္းက ေရဂါလံ ၄၀၀၀ သြားေရာက္လွဴဒါန္းေပးခဲ့ေၾကာင္း သိရသည္။
.
.
"ေကာင္တယမ္ေက်းရြာက ဟိုပံုးၿမိဳ႕နဲ႔  ၂၁ မိုင္ေလာက္ ကြာေ၀းၿပီး ေတာင္ေပၚမွာ တည္ရွိတဲ့ ေက်းရြာျဖစ္တဲ့အျပင္ ေသာက္သံုးေရရရွိေရးအတြက္ ေက်းရြာေရထြက္ရွိရာကို ၂ မိုင္ေလာက္ သြားေရာက္ သယ္ယူထမ္းပိုးရပါတယ္” ဟု ဟိုပံုးၿမိဳ႕နယ္ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ဦးစီးမွဴးဦးစိုးလြင္ျမင့္က ေျပာၾကားသည္။
.
ယင္းကဲ့သို႔ ေသာက္သံုးေရ လာေရာက္လွဴဒါန္းမႈႏွင့္ ပတ္သက္၍ ေဒသခံျပည္သူ ခြန္ေမာင္ဟန္က “ကၽြန္ေတာ္တို႔ ရြာမွာ ဒီႏွစ္ မိုးသိပ္မရြာေတာ့ ေရထြက္ကေရလဲ တျဖည္းျဖည္းနည္းလာၿပီ။ ဒီတစ္ပတ္အတြင္းမွာ ေသာက္သံုးေရကို ေက်းရြာအထိလာလွဴေပးတာ ၃ ႀကိမ္ရွိၿပီ။ အခုလို လာေရာက္လွဴဒါန္းေပးတဲ့ ၿမိဳ႕နယ္ေက်းလက္ေဒသဖြံ႔ၿဖိဳး တိုးတက္ေရးဦးစီးဌာနကိုလည္း အထူးေက်းဇူးတင္ရွိပါတယ္။ ဒါ့အျပင္ ေက်းရြာမွာ ေရလံုေလာက္စြာ ရရွိဖို႔အတြက္ နည္းပညာပိုင္းေတြကိုလည္း ဆက္လက္ကူညီေပးေစလိုပါတယ္” ဟု ၎၏သေဘာထားအျမင္ကို ေျပာဆိုခဲ့သည္။
.
အဆိုပါေက်းရြာသို႔ မီးသတ္ဦးစီးဌာနမွ ဂါလံ ၁၆၀၀ ဆံ႔ ေရသယ္ယဥ္ျဖင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးနန္းတင့္ ႏွင့္ ဌာနဆိုင္ရာမ်ားတို႔ႏွင့္အတူ ေသာက္သံုးေရမ်ားကို စနစ္တက်ခြဲေ၀ေပးခဲ႔ေၾကာင္း သိရသည္။
.
ေကာင္ယမ္ေက်းရြာတြင္ အိမ္ေျခ ၆၆ လံုး၊ လူဦးေရ စုစုေပါင္း ၂၆၄ ဦး မွီတင္းေနထိုင္လ်က္ရွိၿပီး ေတာင္ယာလုပ္ငန္းကိုသာ အဓိကထားအားထား လုပ္ကိုင္ၾကေၾကာင္း သိရသည္။
.
နွေရာသီရေရှားပါးသည့် ဟိုပုံးမြို့နယ်၊ ကောင်တယမ်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း
.
ထက်ထက် (ဟိုပုံး)
.
.
နွေရာသီကာလတွင် သဘာဝရေထွက်များမှ စိမ့်စမ်းရေများလျှော့နည်းလာပြီး သောက်သုံးရေ လုံလောက်စွာရရှိရန် ခက်ခဲနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေး ကျေးရွာအုပ်စု၊ ကောင်တယမ်ကျေးရွာသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဟိုပုံးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မေလ ၁၃ ရက်၊ နံနက်ပိုင်းက ရေဂါလံ ၄၀၀၀ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
"ကောင်တယမ်ကျေးရွာက ဟိုပုံးမြို့နဲ့  ၂၁ မိုင်လောက် ကွာဝေးပြီး တောင်ပေါ်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်တဲ့အပြင် သောက်သုံးရေရရှိရေးအတွက် ကျေးရွာရေထွက်ရှိရာကို ၂ မိုင်လောက် သွားရောက် သယ်ယူထမ်းပိုးရပါတယ်” ဟု ဟိုပုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးစိုးလွင်မြင့်က ပြောကြားသည်။
.
ယင်းကဲ့သို့ သောက်သုံးရေ လာရောက်လှူဒါန်းမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူ ခွန်မောင်ဟန်က “ကျွန်တော်တို့ ရွာမှာ ဒီနှစ် မိုးသိပ်မရွာတော့ ရေထွက်ကရေလဲ တဖြည်းဖြည်းနည်းလာပြီ။ ဒီတစ်ပတ်အတွင်းမှာ သောက်သုံးရေကို ကျေးရွာအထိလာလှူပေးတာ ၃ ကြိမ်ရှိပြီ။ အခုလို လာရောက်လှူဒါန်းပေးတဲ့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် ကျေးရွာမှာ ရေလုံလောက်စွာ ရရှိဖို့အတွက် နည်းပညာပိုင်းတွေကိုလည်း ဆက်လက်ကူညီပေးစေလိုပါတယ်” ဟု ၎င်း၏သဘောထားအမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါကျေးရွာသို့ မီးသတ်ဦးစီးဌာနမှ ဂါလံ ၁၆၀၀ ဆံ့ ရေသယ်ယဉ်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့် နှင့် ဌာနဆိုင်ရာများတို့နှင့်အတူ သောက်သုံးရေများကို စနစ်တကျခွဲဝေပေးခဲ့ကြောင်း သိရသည်။
.
ကောင်ယမ်ကျေးရွာတွင် အိမ်ခြေ ၆၆ လုံး၊ လူဦးရေ စုစုပေါင်း ၂၆၄ ဦး မှီတင်းနေထိုင်လျက်ရှိပြီး တောင်ယာလုပ်ငန်းကိုသာ အဓိကထားအားထား လုပ်ကိုင်ကြကြောင်း သိရသည်။
.

No comments:

Post a Comment