ကျိုင်းတုံတွင် မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 18, 2019


ထက်တိုင်းကျော်
.
.
.
တာချီလိတ်မှ ကျိုင်းတုံသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းအရ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် မေလ ၁၈ ရက်၊ နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးရှာဖွေနေစဉ် ကျိုင်းတုံဘက်မှ တာချီလိတ် ဘက်သို့ တာချီလိတိမြို့၊ ဟောင်လိတ်အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း နေထိုင်သူ ဦးဝင်းမြင့် (၆၀ နှစ်)မောင်းနှင်လာသည့် ခဲရောင် Pajero အမျိုးအစား မော်တော်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေး ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

.
မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ဝမ်းဗိုက်အတွင်း ဝှက်၍ သယ်ယူလာသည့် ကတ်တမင်းဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၉၀၀ ဂရမ်ခန့်ပါ အထုပ် ၇၀ ထုပ်၊ ယာဉ်နောက်ခန်း ဝဲဘက်ခြမ်းနံရံ၌ အလေးချိန် ၉၀၀ ဂရမ်ခန့်ပါ အထုပ် ၂၂ ထုပ်၊ ယာဉ်နောက်ဖုံးအတွင်း တံခါးကြားနေရာ၌ အလေးချိန် ၉၀၀ ဂရမ်ခန့်ပါ အထုပ် ၅ ထုပ်၊ စုစုပေါင်း အလေးချိန် ၈၇ ဒသမ ၃ ကီလိုဂရမ်ခန့်ရှိ မူးယစ်ဆေးဝါးများကို စစ်ဆေးရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
.
ကျိုင်းတုံတွင် မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိ
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မေလ ၁၈ ရက်၊ နံနက်ပိုင်းက မော်တော်ယာဉ်အတွင်း သိုဝှက် သယ်ဆောင်လာသော ကတ်တမင်း မူးယစ်ဆေးဟု ယူဆရသည့် အဖြူရောင်ပုံဆောင်ခဲများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မှ ကျိုင်းတုံသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းအရ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် မေလ ၁၈ ရက်၊ နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးရှာဖွေနေစဉ် ကျိုင်းတုံဘက်မှ တာချီလိတ် ဘက်သို့ တာချီလိတိ်မြို့၊ ဟောင်လိတ်အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း နေထိုင်သူ ဦးဝင်းမြင့် (၆၀ နှစ်)မောင်းနှင်လာသည့် ခဲရောင် Pajero အမျိုးအစား မော်တော်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေး ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
.
မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ဝမ်းဗိုက်အတွင်း ဝှက်၍ သယ်ယူလာသည့် ကတ်တမင်းဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၉၀၀ ဂရမ်ခန့့်ပါ အထုပ် ၇၀ ထုပ်၊ ယာဉ်နောက်ခန်း ဝဲဘက်ခြမ်းနံရံ၌ အလေးချိန် ၉၀၀ ဂရမ်ခန့်ပါ အထုပ် ၂၂ ထုပ်၊ ယာဉ်နောက်ဖုံးအတွင်း တံခါးကြားနေရာ၌ အလေးချိန် ၉၀၀ ဂရမ်ခန့်ပါ အထုပ် ၅ ထုပ်၊ စုစုပေါင်း အလေးချိန် ၈၇ ဒသမ ၃ ကီလိုဂရမ်ခန့်ရှိ မူးယစ်ဆေးဝါးများကို စစ်ဆေးရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ တာချီလိတ်မြို့၊ ဟောင်လိတ်အထကကျောင်းဝင်းနေ ဦးဝင်းမြင့် (၆၀ နှစ်) အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၁၂၈/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများ ဆိုင်ရာဥပဒေ ၁၉ (က)/၂၀ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment