သီေပါတြင္ အပူခ်ိန္ျမင့္တက္လာမႈေၾကာင့္ ၂ ရက္အတြင္း အမ်ိဳးသား ၂ ဦး သတိလစ္ကာ ေဆး႐ံုသို႔ ပို႔ေဆာင္ခဲ့ရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 2, 2019

သီေပါတြင္ အပူခ်ိန္ျမင့္တက္လာမႈေၾကာင့္ ၂ ရက္အတြင္း အမ်ိဳးသား ၂ ဦး သတိလစ္ကာ ေဆး႐ံုသို႔ ပို႔ေဆာင္ခဲ့ရ


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ ေျမာက္ပိုင္း သီေပါၿမိဳ႕တြင္ အပူခ်ိန္ျပင္းလြန္းေသာေၾကာင့္ ရက္အတြင္း အမ်ိဳးသား ဦး သတိလစ္ကာ သီေပါေဆးရံုသို႔ ပို႔ေဆာင္ကုသခဲ႔ရေၾကာင္း သိရွိရသည္။
.
.
သီေပါၿမိဳ႕ ေညာင္ကိုးပင္ေက်းရြာမွ အသက္ (၅၀)ဝန္းက်င္ရွိ အမ်ိဳးသားတစ္ဦးမွာ ေမလ ၁ ရက္ ေန႔လယ္ ၁၁ နာရီခြဲအခ်ိန္ခန္႔က နမ့္ေပါ့ေခ်ာင္းေဘး ေရခ်ိဳေနစဥ္ သတိလစ္ေမ႔ေမ်ာခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။
.
ေန႔ခင္း ၁၁နာရီေက်ာ္ေလာက္မွာ ေရခ်ိဳရင္းကေန သတိလစ္သြားတယ္ဆိုလို႔ လာၿပီးေတာ့ ကူညီေပးတာပါ။ သီေပါေဆးံုကို ပို႔ေပးခဲ႔တာပါ။ မေန႔ကလည္း ေျပာင္းခင္းထဲ လယ္ေရသြားသြင္းတဲ႔ အဖိုးတစ္ေယာက္ အပူဒဏ္ ေၾကာင့္ သတိလစ္သြားလို႔ သီေပါေဆးရံုကို ပို႔ေပးခဲ႔တာပါ။’’ဟု နယ္စည္းမျခားပရဟိတ(သီေပါ)မွ ကိုမ်ိဳးက ေျပာသည္။
.
ျမန္မာႏိုင္ငံတြင္ အပူခ်ိန္ျမင့္မားမႈေၾကာင့္ ျပည္သူမ်ားမွာ အေအးဒဏ္ရရွိႏိုင္ေသာ ေနရာမ်ားတြင္ ခိုလႈံၾကျခင္း၊ ျမစ္၊ ေခ်ာင္းမ်ားအတြင္း ေရးဆင္းကူးျခင္းမ်ား ျပဳလုပ္ေလ႔ရွိေၾကာင္း သိရသည္။
.
မေန႔က လူနာက ဦးေႏွာက္ေသြးေၾကာျပတ္တာပါ။ heat strpke မဟုတ္ပါဘူး။ ေသြးတိုးဆီးခ်ိဳႏွလံုး ေရာဂါသည္နဲ႔ ကေလးလူႀကီး အထူးဂရုုျပဳရမွာျဖစ္ပါတယ္။ သီေပါေဆးရံုအုပ္ႀကီး ေဒါက္တာ နႏၵဝင္းက ေျပာသည္။
.
ယခုလို ေန႔အပူခ်ိန္ျမင့္မားေနခ်ိန္မ်ားတြင္ အဓိကအားျဖင့္ အရက္ေသစာေသာက္စားျခင္း၊ အတက္စာမ်ား စားေသာက္ျခင္း၊ ျပင္းထန္ေသာ အလုပ္မ်ား မလုပ္သင့္ေၾကာင္း၊ ေရမ်ားမ်ား ေသာက္ၾကရန္ႏွင့္ေခြ်းစုပ္ေစေသာ ခ်ည္ထည္အဝတ္မ်ားကို ဝတ္ဆင္ၾကေစရန္၊  ၎က သံုးသပ္ေျပာဆိုသည္။
.
သီပေါတွင် အပူချိန်မြင့်တက်လာမှုကြောင့် ၂ ရက်အတွင်း အမျိုးသား ၂ ဦး သတိလစ်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရ
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့တွင် အပူချိန်ပြင်းလွန်းသောကြောင့် ၂ ရက်အတွင်း အမျိုးသား ၂ ဦး သတိလစ်ကာ သီပေါဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရှိရသည်။
.
သီပေါမြို့ ညောင်ကိုးပင်ကျေးရွာမှ အသက် (၅၀)ဝန်းကျင်ရှိ အမျိုးသားတစ်ဦးမှာ မေလ ၁ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က နမ့်ပေါ့ချောင်းဘေး၌ ရေချိုနေစဉ် သတိလစ်မေ့မျောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
နေ့ခင်း ၁၁နာရီကျော်လောက်မှာ ရေချိုရင်းကနေ သတိလစ်သွားတယ်ဆိုလို့ လာပြီးတော့ ကူညီပေးတာပါ။ သီပေါဆေးရုံကို ပို့ပေးခဲ့တာပါ။ မနေ့ကလည်း ပြောင်းခင်းထဲ လယ်ရေသွားသွင်းတဲ့ အဖိုးတစ်ယောက် အပူဒဏ် ကြောင့် သတိလစ်သွားလို့ သီပေါဆေးရုံကို ပို့ပေးခဲ့တာပါ။’’ဟု နယ်စည်းမခြားပရဟိတ(သီပေါ)မှ ကိုမျိုးက ပြောသည်။
.
မြန်မာနိုင်ငံတွင် အပူချိန်မြင့်မားမှုကြောင့် ပြည်သူများမှာ အအေးဒဏ်ရရှိနိုင်သော နေရာများတွင် ခိုလှုံကြခြင်း၊ မြစ်၊ ချောင်းများအတွင်း ရေးဆင်းကူးခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
.
မနေ့က လူနာက ဦးနှောက်သွေးကြောပြတ်တာပါ။ heat strpke မဟုတ်ပါဘူး။ သွေးတိုးဆီးချိုနှလုံး ရောဂါသည်နဲ့ ကလေးလူကြီး အထူးဂရုုပြုရမှာဖြစ်ပါတယ်။ သီပေါဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းက ပြောသည်။
.
ယခုလို နေ့အပူချိန်မြင့်မားနေချိန်များတွင် အဓိကအားဖြင့် အရက်သေစာသောက်စားခြင်း၊ အတက်စာများ စားသောက်ခြင်း၊ ပြင်းထန်သော အလုပ်များ မလုပ်သင့်ကြောင်း၊ ရေများများ သောက်ကြရန်နှင့်ချွေးစုပ်စေသော ချည်ထည်အဝတ်များကို ဝတ်ဆင်ကြစေရန်၊  ၎င်းက သုံးသပ်ပြောဆိုသည်။
.

No comments:

Post a Comment