မူဆယ္နယ္စပ္ဂိတ္တြင္ ေဒသခံမ်ား ဆႏၵျပသည္ဆိုျခင္းမွာ မဟုတ္မွန္ ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, May 17, 2019

မူဆယ္နယ္စပ္ဂိတ္တြင္ ေဒသခံမ်ား ဆႏၵျပသည္ဆိုျခင္းမွာ မဟုတ္မွန္ ဟုဆို

မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕၊ တ႐ုတ္ႏိုင္ငံနယ္စပ္ ဂိတ္ဆင္ျဖဴဂိတ္တြင္ ေမလ ၁၇ ရက္၊ နံနက္ပိုင္းက ျမန္မာ ဘက္မွကားမ်ား၊ လူမ်ား ပိတ္ဆို႔၍ တ႐ုတ္ဘက္မွကားမ်ား ထြက္မရေအာင္ ဆႏၵျပေနၿပီး တ႐ုတ္ရဲမ်ား ျမန္မာႏုိင္ငံ ဘက္သို႔ ဝင္ေရာက္ဖမ္းဆီးရာ အေျခအေန ႐ႈပ္ေထြးမႈမ်ား ရွိေနသည္ ဆိုျခင္းမွာ မဟုတ္မွန္ေၾကာင္း မူဆယ္ၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္မိုးထံမွ သိရသည္။
.
.
“အဲဒီအတိုင္းမဟုတ္ပါဘူး။ ျဖစ္တာက ညက ဂိတ္ပိတ္ခ်ိန္ေရာက္သြားလို႔ မဝင္ရတဲ့ စူပါကပ္စတန္နဲ႔ အိုဒက္ဆီကား ၂ စီး ျမန္မာဘက္ျခမ္းမွာ လမ္းပိတ္ရပ္ထားသလုိျဖစ္ေနတာကို တ႐ုတ္ရဲက ဖယ္ခိုင္းရင္း ကားသမားေတြ ေရာက္လာေတာ့ တ႐ုတ္ရဲက ဝင္ဆြဲသလိုလုပ္လို႔ ျဖစ္တာပါ။ ကၽြန္ေတာ္နဲ႔ စခန္းမွဴး ဝင္ရွင္းခဲ့ၿပီး ခုလိုျဖစ္လို႔မရဘူး၊ နယ္စပ္ဆက္ဆံေရးကတဆင့္ ေျပာဖို႔ ရွင္းေပးခဲ့တယ္။ လမ္းပြင့္သြားေတာ့ သြားေနၾကပါၿပီ။ ဆႏၵျပတာမဟုတ္ပါဘူး။ လူကလဲ စုထားသလို ျဖစ္ေနေတာ့ တစ္ခုခုျဖစ္ရင္ ဆႏၵျပတယ္ဆိုၿပီးျဖစ္သြားတာပါ” ဟု မူဆယ္ၿမိဳ႕နယ္ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္မိုးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
မူဆယ္ၿမိဳ႕၊ ျမန္မာ-တ႐ုတ္နယ္စပ္ရွိ ကားေလးမ်ားႏွင့္ လူမ်ားဝင္ထြက္ရာ ဆင္ျဖဴဂိတ္ႏွင့္ နန္းေတာ္ဂိတ္မ်ားကို တ႐ုတ္ႏိုင္ငံမွ ဂိတ္ပိတ္ခ်ိန္ ေစာ၍သတ္မွတ္ခဲ့ရာ ေမလ ၁၆ ရက္ညက စူပါကပ္စတန္အမ်ိဳးအစားယာဥ္ႏွင့္ အိုက္ဒက္ဆီအမ်ိဳးအစား ယာဥ္ ၂ စီးတို႔မွာ ဆင္ျဖဴဂိတ္ေပါက္ ျမန္မာႏိုင္ငံ ဘက္ျခမ္းတြင္ ရပ္ထားခဲ့ၿပီး ေမလ ၁၇ ရက္ နံနက္ ၆ နာရီဂိတ္ဖြင့္ခ်ိန္တြင္ ပိတ္ဆို႔သကဲ့သုိ႔ ျဖစ္ေနမႈကို တ႐ုတ္ ရဲမ်ားက ဖယ္ရွားခိုင္းရာမွ ဝင္ဆြဲသကဲ့သို႔ ျပဳမူမႈေၾကာင့္ လူစုလူေဝး ျဖစ္ေပၚခဲ့ရျခင္းျဖစ္သည္။
.
ထို႔အတူ မူဆယ္ၿမိဳ႕ေန ကိုမ်ိဳးလြင္ကလည္း “တ႐ုတ္ရဲက ျမန္မာဘက္ကို ဝင္ဆြဲတဲ့ပံုစံျဖစ္ေတာ့ လူထုကလည္း ရွိေနတယ္။ ၿပီးေတာ့ ကားေတြကလည္းပိတ္ ေနေတာ့ ဆႏၵျပတဲ့ပံုစံ ျဖစ္သြားတာပါ။ ဘာမွေအာ္ဟစ္ကန္႔ကြက္ တာေတြ မရွိပါဘူး”ဟု ေျပာဆိုခဲ့သည္။
.
အဆိုပါျဖစ္စဥ္မွာ ေမလ ၁၇ ရက္၊ နံနက္ ၆ နာရီခြဲခန္႔တြင္ ျဖစ္ေပၚခဲ့ျခင္းျဖစ္ၿပီး ျမန္မာဘက္ျခမ္းမွ မူဆယ္ ဒုတိယ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕မစခန္းမွဴးႏွင့္ တာဝန္ရွိသူမ်ား သြားေရာက္ေျဖရွင္းေပးမႈေၾကာင့္ ယခုအခါ ပံုမွန္အတိုင္း ဝင္ထြက္သြားလာေနၿပီျဖစ္ေၾကာင္း သိရသည္။
.
ျမန္မာ-တ႐ုတ္ ဝင္ထြက္ေပါက္မ်ားျဖစ္သည့္ မန္႔ဝိန္းေပါက္၊ ဆင္ျဖဴေပါက္ႏွင့္ နန္းေတာ္ေပါက္ တို႔တြင္ ေမာ္ေတာ္ယာဥ္ႀကီးမ်ားႏွင့္ လူဝင္ထြက္သတ္မွတ္ထားသည့္ မန္႔၀ိန္းေပါက္၌  ျမန္မာစံေတာ္ခ်ိန္ ည ၉ နာရီခြဲအထိ လည္းေကာင္း၊ အိမ္စီးေမာ္ေတာ္ယာဥ္အေသးမ်ားႏွင့္ လူ၀င္ထြက္ သတ္မွတ္ထားသည့္ ဆင္ျဖဴေပါက္ႏွင့္ နန္းေတာ္ေပါက္တြင္ ည ၈ နာရီအထိသာ ခြင့္ျပဳေတာ့မည္ျဖစ္ေၾကာင္း  တ႐ုတ္ႏိုင္ငံဘက္မွ ထုတ္ျပန္ေၾကညာထား ခဲ့ျခင္း ျဖစ္သည္။
.
မူဆယ်နယ်စပ်ဂိတ်တွင် ဒေသခံများ ဆန္ဒပြသည်ဆိုခြင်းမှာ မဟုတ်မှန် ဟုဆို
.
မင်းဇော်မင်း
.
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ တရုတ်နိုင်ငံနယ်စပ် ဂိတ်ဆင်ဖြူဂိတ်တွင် မေလ ၁၇ ရက်၊ နံနက်ပိုင်းက မြန်မာ ဘက်မှကားများ၊ လူများ ပိတ်ဆို့၍ တရုတ်ဘက်မှကားများ ထွက်မရအောင် ဆန္ဒပြနေပြီး တရုတ်ရဲများ မြန်မာနိုင်ငံ ဘက်သို့ ဝင်ရောက်ဖမ်းဆီးရာ အခြေအနေ ရှုပ်ထွေးမှုများ ရှိနေသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း မူဆယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးထံမှ သိရသည်။
.
“အဲဒီအတိုင်းမဟုတ်ပါဘူး။ ဖြစ်တာက ညက ဂိတ်ပိတ်ချိန်ရောက်သွားလို့ မဝင်ရတဲ့ စူပါကပ်စတန်နဲ့ အိုဒက်ဆီကား ၂ စီး မြန်မာဘက်ခြမ်းမှာ လမ်းပိတ်ရပ်ထားသလိုဖြစ်နေတာကို တရုတ်ရဲက ဖယ်ခိုင်းရင်း ကားသမားတွေ ရောက်လာတော့ တရုတ်ရဲက ဝင်ဆွဲသလိုလုပ်လို့ ဖြစ်တာပါ။ ကျွန်တော်နဲ့ စခန်းမှူး ဝင်ရှင်းခဲ့ပြီး ခုလိုဖြစ်လို့မရဘူး၊ နယ်စပ်ဆက်ဆံရေးကတဆင့် ပြောဖို့ ရှင်းပေးခဲ့တယ်။ လမ်းပွင့်သွားတော့ သွားနေကြပါပြီ။ ဆန္ဒပြတာမဟုတ်ပါဘူး။ လူကလဲ စုထားသလို ဖြစ်နေတော့ တစ်ခုခုဖြစ်ရင် ဆန္ဒပြတယ်ဆိုပြီးဖြစ်သွားတာပါ” ဟု မူဆယ်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မူဆယ်မြို့၊ မြန်မာ-တရုတ်နယ်စပ်ရှိ ကားလေးများနှင့် လူများဝင်ထွက်ရာ ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်များကို တရုတ်နိုင်ငံမှ ဂိတ်ပိတ်ချိန် စော၍သတ်မှတ်ခဲ့ရာ မေလ ၁၆ ရက်ညက စူပါကပ်စတန်အမျိုးအစားယာဉ်နှင့် အိုက်ဒက်ဆီအမျိုးအစား ယာဉ် ၂ စီးတို့မှာ ဆင်ဖြူဂိတ်ပေါက် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် ရပ်ထားခဲ့ပြီး မေလ ၁၇ ရက် နံနက် ၆ နာရီဂိတ်ဖွင့်ချိန်တွင် ပိတ်ဆို့သကဲ့သို့ ဖြစ်နေမှုကို တရုတ် ရဲများက ဖယ်ရှားခိုင်းရာမှ ဝင်ဆွဲသကဲ့သို့ ပြုမူမှုကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။
.
ထို့အတူ မူဆယ်မြို့နေ ကိုမျိုးလွင်ကလည်း “တရုတ်ရဲက မြန်မာဘက်ကို ဝင်ဆွဲတဲ့ပုံစံဖြစ်တော့ လူထုကလည်း ရှိနေတယ်။ ပြီးတော့ ကားတွေကလည်းပိတ် နေတော့ ဆန္ဒပြတဲ့ပုံစံ ဖြစ်သွားတာပါ။ ဘာမှအော်ဟစ်ကန့်ကွက် တာတွေ မရှိပါဘူး”ဟု ပြောဆိုခဲ့သည်။
.
အဆိုပါဖြစ်စဉ်မှာ မေလ ၁၇ ရက်၊ နံနက် ၆ နာရီခွဲခန့်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်ခြမ်းမှ မူဆယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မစခန်းမှူးနှင့် တာဝန်ရှိသူများ သွားရောက်ဖြေရှင်းပေးမှုကြောင့် ယခုအခါ ပုံမှန်အတိုင်း ဝင်ထွက်သွားလာနေပြီဖြစ်ကြောင်း သိရသည်။
.
မြန်မာ-တရုတ် ဝင်ထွက်ပေါက်များဖြစ်သည့် မန့်ဝိန်းပေါက်၊ ဆင်ဖြူပေါက်နှင့် နန်းတော်ပေါက် တို့တွင် မော်တော်ယာဉ်ကြီးများနှင့် လူဝင်ထွက်သတ်မှတ်ထားသည့် မန့်ဝိန်းပေါက်၌  မြန်မာစံတော်ချိန် ည ၉ နာရီခွဲအထိ လည်းကောင်း၊ အိမ်စီးမော်တော်ယာဉ်အသေးများနှင့် လူဝင်ထွက် သတ်မှတ်ထားသည့် ဆင်ဖြူပေါက်နှင့် နန်းတော်ပေါက်တွင် ည ၈ နာရီအထိသာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း  တရုတ်နိုင်ငံဘက်မှ ထုတ်ပြန်ကြေညာထား ခဲ့ခြင်း ဖြစ်သည်။
.

No comments:

Post a Comment