လား႐ႈိးၿမိဳ႕ရွိ လြတ္လပ္ေရးပန္းၿခံအတြင္း အဆင့္ျမင့္ အမ်ားျပည္သူသုံး သန္႔စင္ခန္းမ်ား တည္ေဆာက္သြားမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 23, 2019

လား႐ႈိးၿမိဳ႕ရွိ လြတ္လပ္ေရးပန္းၿခံအတြင္း အဆင့္ျမင့္ အမ်ားျပည္သူသုံး သန္႔စင္ခန္းမ်ား တည္ေဆာက္သြားမည္


ေနာင္(ျမစ္မခ)
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ႈိးၿမိဳ႕ရွိ အမ်ားျပည္သူမ်ား လာ ေရာက္အပန္းေျဖေသာ လြတ္လပ္ ေရး ေက်ာက္တိုင္တည္ရွိရာ လြတ္ လပ္ေရးပန္းၿခံအတြင္း အဆင့္ျမင့္ အမ်ားျပည္သူသုံး သန္႔စင္ခန္းမ်ား တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း လား႐ႈိးၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ သိရသည္။
.
.
အဆိုပါ လြတ္လပ္ေရးပန္းၿခံသို႔ ယခုႏွစ္ပိုင္းတြင္ လာေရာက္သူ ပိုမို စည္ကားျခင္း၊ အပန္းေျဖသူ၊ အား ကစားလုပ္သူမ်ားရွိလာျခင္းေၾကာင့္ ပန္းၿခံသို႔ လာေရာက္သူမ်ား အခက္ခဲ မျဖစ္ေစရန္အတြက္အမ်ားသုံး သန္႔ စင္ခန္းမ်ား တည္ေဆာက္ရျခင္းျဖစ္ ေၾကာင္း သိရသည္။
.
''အခုဆို ဒီပန္းၿခံထဲမွာက ေန႔ ႀကီး၊ ရက္ႀကီးေတြနဲ႔ မနက္ခင္းအ ေစာပိုင္း အခမ္းအနားေတြလုပ္တဲ့အခ်ိန္မွာ အသုံးျပဳလို႔ရေအာင္ပါ။ အ ရင္အသုံးျပဳတဲ့ေနရာက နည္းနည္း ေဝးေတာ့ ခက္ခဲတာေတြရယ္၊ အခု က ပန္းၿခံကိုလာတဲ့သူေတြအေနနဲ႔က လည္း စည္းကမ္းရွိလာတာေတြ႕ရလို႔ တည္ေဆာက္ျဖစ္တာပါ။''ဟု လား ႐ႈိးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးစိုးႏိုင္ဦးက ေျပာသည္။
.
အဆိုပါ လြတ္လပ္ေရးပန္းၿခံ တြင္ ယခင္က တ႐ုတ္ႏွစ္သစ္ကူးေန႔၊ ခ်စ္သူမ်ားေန႔ႏွင့္ အျခားေသာေန႔ထူး၊ ေန႔ျမတ္မ်ားတြင္သာ လာေရာက္ လည္ပတ္သူမ်ားျပားခဲ့ၿပီး ယခုႏွစ္ မ်ားတြင္ အခ်ိန္ျပည့္လာေရာက္သူ မ်ား၊ စေနေန႔ ညေနပိုင္းတြင္ စတိတ္႐ႈိးေဖ်ာ္ေျဖျခင္းမ်ား၊ တနဂၤေႏြညေန ပိုင္းတြင္ က်န္းမာေရး ေလ့က်င့္ခန္း လုပ္ေဆာင္သူမ်ား ရွိသျဖင့္ အမ်ား ျပည္သူသုံးအိမ္သာမ်ား တည္ ေဆာက္ေပးရျခင္းျဖစ္ေၾကာင္း သိ ရသည္။
.
''အရင္တုန္းက အိမ္သာေတြကို ထင္း႐ွဴးေတာစပ္မွာ ေဆာက္ထား ေပးတယ္၊ အရမ္းေဝးတာရယ္၊ အႏၲ ရာယ္မ်ားတာရယ္ေၾကာင့္ သြားဖို႔ အ ရမ္းခက္ခဲတယ္။ ေမွာက္တဲ့ေနရာေတြ ခ်ဳံအကြယ္ေတြမွာ အေလး စြန္႔ၾက တယ္။ အခုလို ေဆာက္ေပးလိုက္ေတာ့ အရမ္းအဆင္ေျပတယ္။''ဟု လား႐ႈိး ၿမိဳ႕ေဒသခံ ကိုေက်ာ္ထင္က ေျပာ သည္။
.
အဆိုပါ ပန္းၿခံအတြင္း အဆင့္ ျမင့္အမ်ားျပည္သူသုံးႏိုင္ရန္အတြက္ က်ားအိမ္သာ(ဗိုလ္ထိုင္၊ ႐ိုး႐ိုး)၂ လုံး၊ မ အိမ္သာ(ဗိုလ္ထိုင္၊ ႐ိုး႐ိုး)၂ လုံးႏွင့္ အေပါ့စြန္႔ခန္းကို တည္ေဆာက္ေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
လားရှိုးမြို့ရှိ လွတ်လပ်ရေးပန်းခြံအတွင်း အဆင့်မြင့် အများပြည်သူသုံး သန့်စင်ခန်းများ တည်ဆောက်သွားမည်
.
နောင်(မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အများပြည်သူများ လာ ရောက်အပန်းဖြေသော လွတ်လပ် ရေး ကျောက်တိုင်တည်ရှိရာ လွတ် လပ်ရေးပန်းခြံအတွင်း အဆင့်မြင့် အများပြည်သူသုံး သန့်စင်ခန်းများ တည်ဆောက်သွားမည်ဖြစ်ကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာရေး ဌာနမှ သိရသည်။
.
အဆိုပါ လွတ်လပ်ရေးပန်းခြံသို့ ယခုနှစ်ပိုင်းတွင် လာရောက်သူ ပိုမို စည်ကားခြင်း၊ အပန်းဖြေသူ၊ အား ကစားလုပ်သူများရှိလာခြင်းကြောင့် ပန်းခြံသို့ လာရောက်သူများ အခက်ခဲ မဖြစ်စေရန်အတွက်အများသုံး သန့် စင်ခန်းများ တည်ဆောက်ရခြင်းဖြစ် ကြောင်း သိရသည်။
.
''အခုဆို ဒီပန်းခြံထဲမှာက နေ့ ကြီး၊ ရက်ကြီးတွေနဲ့ မနက်ခင်းအ စောပိုင်း အခမ်းအနားတွေလုပ်တဲ့အချိန်မှာ အသုံးပြုလို့ရအောင်ပါ။ အ ရင်အသုံးပြုတဲ့နေရာက နည်းနည်း ဝေးတော့ ခက်ခဲတာတွေရယ်၊ အခု က ပန်းခြံကိုလာတဲ့သူတွေအနေနဲ့က လည်း စည်းကမ်းရှိလာတာတွေ့ရလို့ တည်ဆောက်ဖြစ်တာပါ။''ဟု လား ရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက ပြောသည်။
.
အဆိုပါ လွတ်လပ်ရေးပန်းခြံ တွင် ယခင်က တရုတ်နှစ်သစ်ကူးနေ့၊ ချစ်သူများနေ့နှင့် အခြားသောနေ့ထူး၊ နေ့မြတ်များတွင်သာ လာရောက် လည်ပတ်သူများပြားခဲ့ပြီး ယခုနှစ် များတွင် အချိန်ပြည့်လာရောက်သူ များ၊ စနေနေ့ ညနေပိုင်းတွင် စတိတ်ရှိုးဖျော်ဖြေခြင်းများ၊ တနင်္ဂနွေညနေ ပိုင်းတွင် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ဆောင်သူများ ရှိသဖြင့် အများ ပြည်သူသုံးအိမ်သာများ တည် ဆောက်ပေးရခြင်းဖြစ်ကြောင်း သိ ရသည်။
.
''အရင်တုန်းက အိမ်သာတွေကို ထင်းရှူးတောစပ်မှာ ဆောက်ထား ပေးတယ်၊ အရမ်းဝေးတာရယ်၊ အန္တ ရာယ်များတာရယ်ကြောင့် သွားဖို့ အ ရမ်းခက်ခဲတယ်။ မှောက်တဲ့နေရာတွေ ချုံအကွယ်တွေမှာ အလေး စွန့်ကြ တယ်။ အခုလို ဆောက်ပေးလိုက်တော့ အရမ်းအဆင်ပြေတယ်။''ဟု လားရှိုး မြို့ဒေသခံ ကိုကျော်ထင်က ပြော သည်။
.
အဆိုပါ ပန်းခြံအတွင်း အဆင့် မြင့်အများပြည်သူသုံးနိုင်ရန်အတွက် ကျားအိမ်သာ(ဗိုလ်ထိုင်၊ ရိုးရိုး)၂ လုံး၊ မ အိမ်သာ(ဗိုလ်ထိုင်၊ ရိုးရိုး)၂ လုံးနှင့် အပေါ့စွန့်ခန်းကို တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment