ေတာင္ႀကီးတြင္ သစ္ပင္စိုက္ပ်ိဳး လိုသူမ်ားအတြက္ ပ်ိဳးပင္မ်ား အခမဲ့ လွဴဒါန္းသြားမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 22, 2019

ေတာင္ႀကီးတြင္ သစ္ပင္စိုက္ပ်ိဳး လိုသူမ်ားအတြက္ ပ်ိဳးပင္မ်ား အခမဲ့ လွဴဒါန္းသြားမည္


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္၏ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕တြင္ မိုးရာသီကာလ၌ မိမိတို႔ ေနအိမ္မ်ားအတြင္း သစ္ပင္စိုက္ပ်ိဳး လိုသူမ်ားအတြက္ ရွင္သန္ကမၻာေျမ အစိမ္းေရာင္ကြန္ရက္မွ အခမဲ့ လွဴဒါန္းေပးသြားမည္ ျဖစ္ေၾကာင္း သိရ သည္။
.
.
''သစ္ပင္ေတြက အရမ္းလိုအပ္လာၿပီ။ အပူခ်ိန္ျမင့္မားတယ္။ အဲဒီ လို ျမင့္မားလာတာနဲ႔အမွ် မိုးကမရြာ ဘူး။ အဲဒါေတြက ဘာေၾကာင့္လဲဆိုတာ လူေတြ သိလာၾကၿပီ။ သစ္ပင္ေတြစိုက္ဖို႔လည္း လိုအပ္လာၿပီဆိုတာ လူတိုင္း သိလာၾကၿပီ။ ကြၽန္မတို႔ ရွမ္းျပည္နယ္မွာက အပူခ်ိန္ေတြ တိုး လာတာကို လူတိုင္းက သိသိသာသာ ခံစားလာရၿပီ။ အဲဒါေၾကာင့္ အပင္စိုက္တယ္ဆိုရင္ ပ်ိဳးပင္ေတြမရွိဘူး ဆိုတာ ျဖစ္ေနမွာစိုးလို႔ အခုလို လွဴ ဒါန္းေပးသြားမွာပါ''ဟု ရွင္သန္ကမၻာ ေျမ အစိမ္းေရာင္ကြန္ရက္မွ ေဒၚခ်ယ္ ရီေက်ာ္က ကေမၻာဇတိုင္းသို႔ ေျပာ ၾကားခဲ့သည္။
.
ပ်ိဳးပင္ရယူသူမ်ားသည္ မိမိ၏ေနအိမ္၊ လမ္းအတြင္း၌ စိုက္ပ်ိဳး ျခင္း၊ အပင္ရွင္သန္လာေစရန္ ျပဳ စုပ်ိဳးေထာင္ေပးျခင္း၊ နည္းစနစ္မွန္ ကန္စြာ စိုက္ပ်ိဳးျခင္း၊ အပင္စိုက္ရန္ လုံေလာက္သည့္ ေျမေနရာမ်ိဳးရွိျခင္း စသည့္အခ်က္မ်ားကို လိုက္နာရမည္ ျဖစ္ၿပီး အပင္၏ ရွင္သန္ဖြံ႕ၿဖိဳးမႈ မွတ္ တမ္းကိုလည္း အပတ္စဥ္ ရွင္သန္ ကမၻာေျမအစိမ္းေရာင္ကြန္ရက္သို႔ ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
.
ပ်ိဳးပင္မ်ားကို ရယူလိုသူမ်ားအ ေနျဖင့္ ေမလ ၃၁ ရက္ေနာက္ဆုံး ထား၍ စာရင္းေပးသြင္းႏိုင္ၿပီး ဇြန္လ အတြင္း မိုးရြာသြန္းသည့္အခ်ိန္၌ ပ်ိဳး ပင္မ်ား ျဖန္႔ေဝေပးသြားမည္ျဖစ္ကာ အနည္းဆုံး ပ်ိဳးပင္ ၅ ပင္မွ အပင္ ၂ဝ အထိ ျဖန္႔ေဝေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚရွိ ေနအိမ္မ်ား လမ္းမမ်ားတြင္ အရိပ္ရသစ္ပင္ႀကီး မ်ား တျဖည္းျဖည္း ေလ်ာ့နည္းလာ ေနၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခုတ္ထြင္ခံရမႈမ်ား ရွိေနသည္ဟု သိရသည္။
.
တောင်ကြီးတွင် သစ်ပင်စိုက်ပျိုး လိုသူများအတွက် ပျိုးပင်များ အခမဲ့ လှူဒါန်းသွားမည်
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် မိုးရာသီကာလ၌ မိမိတို့ နေအိမ်များအတွင်း သစ်ပင်စိုက်ပျိုး လိုသူများအတွက် ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှ အခမဲ့ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
.
''သစ်ပင်တွေက အရမ်းလိုအပ်လာပြီ။ အပူချိန်မြင့်မားတယ်။ အဲဒီ လို မြင့်မားလာတာနဲ့အမျှ မိုးကမရွာ ဘူး။ အဲဒါတွေက ဘာကြောင့်လဲဆိုတာ လူတွေ သိလာကြပြီ။ သစ်ပင်တွေစိုက်ဖို့လည်း လိုအပ်လာပြီဆိုတာ လူတိုင်း သိလာကြပြီ။ ကျွန်မတို့ ရှမ်းပြည်နယ်မှာက အပူချိန်တွေ တိုး လာတာကို လူတိုင်းက သိသိသာသာ ခံစားလာရပြီ။ အဲဒါကြောင့် အပင်စိုက်တယ်ဆိုရင် ပျိုးပင်တွေမရှိဘူး ဆိုတာ ဖြစ်နေမှာစိုးလို့ အခုလို လှူ ဒါန်းပေးသွားမှာပါ''ဟု ရှင်သန်ကမ္ဘာ မြေ အစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ် ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
ပျိုးပင်ရယူသူများသည် မိမိ၏နေအိမ်၊ လမ်းအတွင်း၌ စိုက်ပျိုး ခြင်း၊ အပင်ရှင်သန်လာစေရန် ပြု စုပျိုးထောင်ပေးခြင်း၊ နည်းစနစ်မှန် ကန်စွာ စိုက်ပျိုးခြင်း၊ အပင်စိုက်ရန် လုံလောက်သည့် မြေနေရာမျိုးရှိခြင်း စသည့်အချက်များကို လိုက်နာရမည် ဖြစ်ပြီး အပင်၏ ရှင်သန်ဖွံ့ဖြိုးမှု မှတ် တမ်းကိုလည်း အပတ်စဉ် ရှင်သန် ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
.
ပျိုးပင်များကို ရယူလိုသူများအ နေဖြင့် မေလ ၃၁ ရက်နောက်ဆုံး ထား၍ စာရင်းပေးသွင်းနိုင်ပြီး ဇွန်လ အတွင်း မိုးရွာသွန်းသည့်အချိန်၌ ပျိုး ပင်များ ဖြန့်ဝေပေးသွားမည်ဖြစ်ကာ အနည်းဆုံး ပျိုးပင် ၅ ပင်မှ အပင် ၂ဝ အထိ ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်ရှိ နေအိမ်များ လမ်းမများတွင် အရိပ်ရသစ်ပင်ကြီး များ တဖြည်းဖြည်း လျော့နည်းလာ နေပြီး အကြောင်းအမျိုးမျိုးကြောင့် ခုတ်ထွင်ခံရမှုများ ရှိနေသည်ဟု သိရသည်။
.

No comments:

Post a Comment