ေတာင္႐ိုးေျမက ဓာတ္ျပားတစ္ခ်ပ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 23, 2019

ေတာင္႐ိုးေျမက ဓာတ္ျပားတစ္ခ်ပ္


ေအာင္ဆန္းဝင္း
.
.
အဘိုးက အရမ္းမာနႀကီးတယ္ကြ။ လမ္း မွာဆံုရင္ ဘယ္သူ႕ကိုမွ အရင္စႏႈတ္မဆက္ဘူး။ ကုန္ကုန္ေျပာရရင္ အဘိုးအေမနဲ႔ ဆံုရင္ေတာင္ အဘိုးက စႏႈတ္မဆက္ဘူး။ အဘိုးကို ေတြ႕တဲ့ လူက အရင္စႏႈတ္ဆက္မွ အဘိုးက ျပန္ႏႈတ္ ဆက္တာ။ အဲဒီစကားလံုးေတြကို ရယ္ရယ္ေမာ ေမာ ေျပာေနတာက အဘိုးဦးႀကံ။ စြယ္စံုရဂီတ ပညာရွင္ႀကီး ဦးႀကံ။ အဘိုးအေၾကာင္း သိတဲ့ လူေတြကေတာ့ ေတာင္တန္းေမာင္ႀကံလို႕ေခၚ ၾကတယ္။ ဒါေပမဲ့ အဘိုးႀကံ(ေခၚ)ေတာင္တန္း ေမာင္ႀကံ ဆိုတဲ့ စြယ္စံုဂီတ ပညာရွင္ႀကီးကို အခုခ်ိန္မွာ သိတဲ့လူ ေတာ္ေတာ္ရွားသြားၿပီ။ ရွမ္း ေတာင္တန္းေပၚမွာ ေတာက္ပခဲ့ဖူးတဲ့ျမန္မာဆန္ ဆန္ ျမန္မာသံရွားပါးဂီတ ၾကယ္တစ္စင္း ရွိခဲ့ တယ္ဆိုတာ လူငယ္လူရြယ္ေတြ သိႏုိင္မယ္မ ထင္ဘူး။ ရွိေနတယ္။ အဲဒီ ဂီတၾကယ္ပြင့္ႀကီးက ေတာင္ႀကီးၿမိဳ႕ တစ္ေနရာမွာ ဓူဝံၾကယ္လိုလင္း လက္ေတာက္ပေနေသးတယ္။
.
အဘုိးႀကံ ျဖတ္သန္းလာတဲ့ ဘဝတစ္ ေလွ်ာက္ ဘယ္သူတစ္ဦး တစ္ေယာက္ကိုမွ စ ႏႈတ္မဆက္ခဲ့ဘူး။ သူေျပာသလို မာနႀကီးလြန္း လို႔ မဟုတ္ဘူး။ သူေျခာက္လသား အရြယ္မွာသူ ငယ္နာေရာဂါ ျဖစ္တယ္။ အဲဒီေခတ္ကာလ အ ေျခအေနအရ ေဆးကုသဖို႔ မျဖစ္ႏုိင္မတတ္ႏုိင္ တဲ့အတြက္ အဘိုးႀကံမ်က္လံုး တစ္စံု အလင္း ေပ်ာက္ခဲ့ရပါတယ္။ ဒီအေၾကာင္းရင္းက အဘိုး ႀကံ အခုလို ဘက္စံုထူးခြၽန္တဲ့ ဂီတပညာရွင္တစ္ ေယာက္ ျဖစ္ေစတယ္ ေျပာရမလားပါဘဲ။ မ်က္ လံုးတစ္စံု အလင္းေပ်ာက္သြားတဲ့အတြက္ အၾကား အာ႐ုံဖက္မွာ ပိုၿပီး ထက္သန္လာတယ္။ အျမင္အာ႐ုံနဲ႔ လုပ္ရမယ့္ အလုပ္ေတြ ျဖစ္တဲ့စာ ေရးတာ ဖတ္တာ မလုပ္ႏုိင္ေတာ့ အၾကားအာ႐ုံ နဲ႔ လုပ္ႏုိင္မယ့္ ဆိုတာတီးတာေတြ ပိုစိတ္ဝင္ စားလာတယ္။ ဂီတနဲ႔ ပတ္သက္ၿပီး ပထမဆံုး စလုပ္ျဖစ္တာက ပုေလြအတတ္ကို ကိုးႏွစ္သား ေလာက္မွာ စသင္တယ္လို႔ အဘိုးကေျပာတယ္။
.
အမွန္တကယ္ အဘိုးႀကံ စိတ္ဝင္စားတာ က မယ္ဒလင္တီးသင္ခ်င္တာ။ အိမ္မွာလည္း အစ္ကိုေတြ တီးတဲ့ မယ္ဒလင္က ရွိေနတယ္။ အဘိုးႀကံ စိတ္ဝင္စားတဲ့ မယ္ဒလင္ တီးခြင့္မရ ခဲ့ဘူး။ အရာရာ ရွားပါးတဲ့အခ်ိန္ ဆိုေတာ့ မ်က္စိ ႏွစ္လံုး အလင္းေပ်ာက္တဲ့ လူတစ္ေယာက္လက္ ထဲမယ္ဒလင္ေရာက္သြားရင္ လြတ္က်မွာ စိုးရိမ္ ၾကလို႔။ ေနာက္ပိုင္း အဘိုးႀကံ ဆႏၵျပည့္ဝခဲ့ တယ္။ သူ႕ရဲ႕ဘႀကီးအရင္း ဝါးျပားေျမာက္ရြာက ေဆးဆရာႀကီး ဦးဝဏၰက သူစိတ္ဝင္စားတဲ့ မယ္ဒလင္နဲ႔ ထိေတြ႕ခြင့္ ေပးခဲ့တယ္။ မယ္ဒလင္ တီးရင္းကေန ဒံုမင္း၊ ပတၱလား၊ စႏၵရားေတြတီး ခတ္ခြင့္ ရလာတယ္။ တစ္စိုက္မတ္မတ္ ႀကိဳး စားအားထုတ္ျခင္း ရလာဒ္အျဖစ္ ေတာင္ႀကီးၿမိဳ႕ မွာ ျပဳလုပ္တဲ့ လြတ္လပ္ေရးေန႔ အခမ္းအနား ေက်းလက္လူထု ျပခန္းမွာ လက္စြမ္းျပ တီးခတ္ ခြင့္ ရခဲ့တယ္။ ပထမဆံုး ဖူးပြင့္လာတဲ့ ဂီတအ သီးအပြင့္ ေျပာရမွာေပါ့။
.
ဂီတန႔ဲ ပတ္သက္ရင္ လက္လွမ္းမီတာအား လံုးကို ဇြဲနဘဲ အျပည့္ေလ့လာလိုက္စား မွတ္သားတဲ့အတြက္ ျမန္မာသံတူရိယာေတြအျပင္ ေခတ္ေပၚအီလက္ထရစ္ဂစ္တာကိုလည္း ႏုိင္ႏုိင္နင္းနင္း တီးတတ္ခဲ့တယ္။ ၁၉၆၆-၆၇ ေတာင္ႀကီးၿမိဳ႕၊ ျပည္ေထာင္စုေန႔ပြဲမွာ ေခတ္ေပၚဂစ္တာကို ပညာရွင္ပီပီသသ လက္စြမ္းျပ တီးခတ္ သြားတဲ့ အဘိုးႀကံဟာ ပရိသတ္ေတြရဲ႕ အားေပးမႈရခဲ့တယ္။ ထြန္းေတာက္မယ့္ အႏုပညာရွင္ တစ္ေယာက္အျဖစ္ သတ္မွတ္ခံရတယ္။ ဘယ္အရာမဆို ဇြဲရွိရင္ ေအာင္ျမင္တယ္။ ႀကိဳးစားလို စိတ္ရွိရမယ္။ အဘိုးရတဲ့ ေအာင္ျမင္မႈတိုင္း လြယ္လြယ္ကူကူ ရခဲ့တာတစ္ခုမွ မရွိပါဘူး။ ႀကိဳး စားတယ္ဆိုတဲ့ ေနရာမွာေတာင္ သာမန္လူေတြထက္ ႏွစ္ဆသံုးဆေလာက္ႀကိဳးစားရတယ္။ အျမင္အာ႐ုံ ေပ်ာက္ဆံုးေနေတာ့ အၾကားတစ္ခု တည္းနဲ႔ လိုခ်င္တာေလးေတြ ရေအာင္လုပ္ရတာလို႔ အဘိုးႀကံက ေျပာပါတယ္။
.
ေတာ္လွန္ေရးေကာင္စီေခတ္၊ ေတာင္ႀကီး ၿမိဳ႕၊ ဗႏၶဳလ႐ုပ္ရွင္႐ုံ (အခု မရွိေတာ့ပါ)မွာလုပ္တဲ့ ျမန္မာသံ အဆိုအတီးၿပိဳင္ပြဲက အဘိုးႀကံအတြက္ ပထမဆံုး ေရႊေရာင္လမ္းစ။ အျမင့္ပ်ံမယ့္ ဖီးနစ္ငွက္တစ္ေကာင္ အေတာင္ပံတစ္စံု စတင္ ျဖန္႔က်က္တဲ့ေနရာ။ အဆိုၿပိဳင္ပြဲမွာ ပထမ၊ မယ္ဒလင္အတီး ၿပိဳင္ပြဲမွာ ပထမနဲ႔ ေစ်းဦးေပါက္ ဆုတံဆိပ္ ႏွစ္ခုရင္ဘတ္မွာ ကပ္ႏုိင္ခဲ့တယ္။ ေပ်ာက္ဆံုးေနတဲ့ အျမင္အာ႐ုံေပၚ တစ္ဖက္သတ္ စိတ္ၫႊတ္ၿပီး ဘယ္အရာကိုမွႀကိဳးစား အား ထုတ္ျခင္းမရွိရင္ဒီလို ဆုတံဆိပ္ေတြ ရင္ဘတ္ ထဲေရာက္လာႏုိင္မွာ မဟုတ္ပါဘူး။ အဘုိးႀကံက ေတာ့ ေလာကဓံဆိုတဲ့ ႐ိုက္ပုတ္တတ္တဲ့ တရားကို ႀကံ့ႀကံ့ခံရင္ဆိုင္ၿပီး တြန္းကန္ ေဖာက္ထြက္တယ္။ ေဖာက္ထြက္ရဲတဲ့ သတၱိေတြေသြးထဲမွာ အျပည့္လည္ပတ္္ေနခဲ့တယ္။ အဲဒီ သတၱိ ေတြကပဲ အဘိုးႀကံေအာင္ျမင္မႈ လမ္းေၾကာင္းဆီ ထပ္တြန္းတင္ေပးျပန္ပါတယ္။
.
အသက္ ႏွစ္ဆယ္ေက်ာ္အရြယ္မွာ လြမ္းေရာင္သန္းတဲ့ ရွမ္းေတာင္တန္းႀကီးေပၚကေန ဂီတနယ္ပယ္ က်ယ္ျပန္႔တဲ့ ရန္ကုန္ေျမကို နင္းေလွ်ာက္ခြင့္ရတယ္။ ရန္ကုန္ၿမိဳ႕ေရာက္ ေတာင္႐ိုးတစ္ေယာက္ေပါ့။ အဘိုးႀကံက ေတာင္႐ိုး တိုင္းရင္းသားစစ္စစ္၊ ေတာင္႐ိုးတိုင္းရင္းသား ေတြအတြက္ ဂုဏ္ယူဝင့္ၾကြားစရာ သက္ရွိဂီတ ကဗ်ာတစ္ပုဒ္။ ျမန္မာ့တူရိယာေတြကို မက္မက္ေမာေမာ ရင္ခြင္ပိုက္ထားတဲ့ ေတာင္႐ိုးတိုင္းရင္း သားႀကီး။ ျမန္မာသံစဥ္ သီခ်င္းေတြ ျမန္မာသံ ဂီတေတြ ဖက္တြယ္ထားတဲ့ ေတာင္ေပၚေျမက ေတာင္႐ိုး တိုင္းရင္းသား။ ရန္ကုန္ေျမေျခခ်ေတာ့လည္း အဘိုးႀကံက ေခသူမဟုတ္။ လူတိုင္းေန ရာမရႏုိင္တဲ့ ျမန္မာ့အသံမွာ ဒံုမင္းနဲ႔ မယ္ဒလင္ လက္စြမ္းျပ အသံသြင္းခြင့္ ရခဲ့တယ္။ ျမန္မာ့အသံ ေရဒီယို အစီအစဥ္မွာ လက္စြမ္းျပ အသံသြင္းခြင့္ရတာ ေတာင္ေပၚသား အဘိုးႀကံအတြက္ တကယ့္ဂီတပန္းခင္းလမ္း။
.
အဘိုးႀကံရဲ႕ ႀကိဳးစားအားထုတ္မႈေတြက ေယာနသံဇင္ေယာ္လို တစ္ေန႔တစ္ျခား ျပင္းထန္လာတယ္။ ဒံုမင္းနဲ႔ မယ္ဒလင္အသံသြင္း ခြင့္ရ႐ုံနဲ႔ ရပ္တန္႔မေနဘူး။ သီခ်င္းေရးႏုိင္ဖို႔ထပ္ဆင့္ ႀကိဳးစားျပန္ပါတယ္။ အဲဒီအခ်ိန္မွာ နာမည္ႀကီး ဂီတပညာရွင္ ဂီတနက္သန္ ဦးအုန္းလြင္နဲ႔ စေတြ႕တယ္။ အရွိန္အဟုန္နဲ႔ ေတာက္မယ့္ မီးခဲနာမည္ေက်ာ္ ဓာတ္ဆီနဲ႔ ေလာင္းေပးတယ္ ေျပာရမလား။ အမွန္တကယ္ေရးမယ္လုပ္ေတာ့ အခက္အခဲေတြက အမ်ားႀကီး။ အျမင္အာ႐ုံမရွိ၊ ေက်ာင္းစာလည္း မသင္ခဲ့ရတဲ့ လူတစ္ေယာက္အတြက္ သီခ်င္းေရးႏုိင္ဖို႔ဆိုတာ တကယ့္ျပႆနာ။ ျဖစ္ေအာင္လုပ္မယ္ဆိုတဲ့ သံ ေယာနသံဇင္ေယာ္စိတ္ဓာတ္နဲ႔ ေက်ာ္လႊားႏုိင္ခဲ့ တယ္။ ေမတၱာတံခါးေလး ဖြင့္ထားမည္သာ သီခ်င္းစေရးတယ္။ အဘိုးႀကံေရးတဲ့ သီခ်င္းကိုနာ မည္ရ အဆိုေတာ္ လွလွထူး သီဆိုၿပီး ျမန္မာ့ အသံေရဒီယိုမွာ အသံလႊင့္ခြင့္ ရခဲ့ပါတယ္။
.
ပထမၿပီးရင္ ဒုတိယ ရွိရမယ္ဆိုတဲ့အတိုင္း ေနာက္တစ္ပုဒ္ ေရးတယ္။ ဒုတိယေရးတဲ့ သီ ခ်င္းက အဘိုးႀကံဘဝရဲ႕ မွတ္မွတ္သားသားမွတ္ တုိင္တစ္ခု။ ခ်စ္ေတးဘယ္သို႔ သီပါ့မယ္ဆိုတဲ့ သီခ်င္း။ သီဆိုတဲ့ အဆိုေတာ္က တကၠသိုလ္ကိုေအာင္ဖုန္း။ ျမန္မာ့အသံ ဒုတိယၫႊန္ၾကားေရးမွဴး ဗိုလ္မွဴးေအာင္ၾကည္။ ခ်စ္ေတးဘယ္သို႔ သီပါ့မယ္ဆိုတဲ့ အဘိုးႀကံလက္ရာက တစ္သက္တာ အသံလႊင့္ခြင့္ ရခဲ့ပါတယ္။ တကၠသိုလ္ ကိုေအာင္ဖုန္းဆိုတာ အဆုိေတာ္ စိမ္းမို႕မို႕ရဲ႕ ဖခင္။ ဝါးခယ္မရဲေမာင္ဆိုတာ အဆိုေတာ္ ေမရြက္ဝါ ရဲ႕ ဖခင္ျဖစ္တယ္။ ရန္ကုန္ေျမေရာက္ ေတာင္႐ိုးတုိင္းရင္းသား တစ္ေယာက္ရဲ႕ ဂီတျဖတ္သန္းမႈလမ္းက ေရႊေရာင္ေတြ ေတာက္ခ်င္တိုင္းကို ေတာက္လို႔။
.
၁၉၇ဝ-၇၁ က မႏၱေလးေရာက္ ေတာင္႐ိုးတစ္ေယာက္ရဲ႕ ေရႊအိုေရာင္ေန႔စြဲေတြ။ မႏၱေလးၿမိဳ႕၊ မန္းသီတာ ဥယ်ာဥ္မွာ လြတ္လပ္ေရးေန႔ အခမ္းအနား ျမန္မာသံ အဆိုအတီး ၿပိဳင္ပြဲ ျပဳလုပ္တယ္။ အဲဒီ ၿပိဳင္ပြဲမွာ အဘိုးႀကံ အကြၽမ္းက်င္ အပုိင္ႏုိင္ဆံုး ဒံုမင္းနဲ႔ မယ္ဒလင္ ၿပိဳင္ပြဲဝင္ တီးခတ္ပါတယ္။ ႏွစ္ခုလံုးအတြက္ ရရွိတဲ့ ေအာင္ျမင္မႈက ပထမထက္ ပိုတဲ့ ေရႊတံဆိပ္။ ဘာေၾကာင့္ ပထမထက္ ပိုတဲ့ ေရႊတံဆိပ္လည္းဆိုေတာ့ ၂ ႏွစ္ ဆက္တိုင္ ေအာင္ျမင္မႈရခဲ့တာ ျဖစ္လို႔ပါ။ မံုရြာၿမိဳ႕ လြတ္လပ္ေရး ေကာ္မတီက သံႀကိဳး႐ိုက္ ဖိတ္ေခၚလို႔ ၁၉၇၃ မွာ သြားေရာက္ခဲ့တယ္။ ထံုးစံအတိုင္း ဒံုမင္းနဲ႔ မယ္ဒလင္ ၿပိဳင္မယ္လုပ္ ေတာ့ သူၿပိဳင္ရင္ သူပဲႏုိင္မွာ ျဖစ္တဲ့အတြက္ မယ္ဒလင္ကို က်န္တဲ့ၿပိဳင္ပြဲဝင္ေတြအတြက္ ထားၿပီး ဒံုမင္းၿပိဳင္ေတာ့လည္း ေရႊတံဆိပ္ဆု ရျပန္ပါ တယ္။ မံုရြာၿမိဳ႕ေရာက္ ေတာင္႐ိုးတစ္ေယာက္ရဲ႕ ခမ္းနားတဲ့ ေအာင္ျမင္မႈ။
.
၁၉၈၅-၈၆ အင္းစိန္လြတ္လပ္ေရးပြဲမွာ ေရႊ တံဆိပ္ေလးဆုရတဲ့ အဘိုးႀကံ။ ေတာင္ႀကီးၿမိဳ႕ ဆုေတာင္းျပည့္ ေအာင္ေတာ္မူေက်ာင္းတိုက္ အေမေန႔ အခမ္းအနားမွာ ေမြးေမေမသီခ်င္း ဆိုတိုင္း ေက်ာင္းထိုင္ဆရာေတာ္ ဘုရားရဲ႕ အႀကိမ္ႀကိမ္ ဆုခ်ီးျမႇင့္ျခင္း ခံရသူ။ အျမင္အာ႐ုံ ေပ်ာက္ဆံုးခဲ့ရေပမယ့္ အၾကားအာ႐ုံတစ္ခုတည္းနဲ႔ ႀကိဳးစားသင္ယူရင္း ျမန္မာ့ တူရိယာ ဆယ္မ်ိဳးေက်ာ္ ကြၽမ္းက်င္ပိုင္ႏုိင္တဲ့ ဂီတပညာရွင္။ ေမြးခ်င္း ၁ဝ ေယာက္မွာ တစ္မိေပါက္ တစ္ေယာက္ထြန္း တစ္ဦးတည္းသာ က်န္တဲ့ အဘိုးႀကံ။ အဘိုးက မာန အလြန္ႀကီးတယ္ဗ်။ လမ္းမွာဆံုရင္ သူ႕ကိုမွ အရင္ စႏႈတ္မဆက္ဘူးဆိုတဲ့ မာနမင္းသားႀကီး။ အဂၤလိပ္စကားကို အဂၤလိပ္ တစ္ေယာက္လို ေျပာႏုိင္တဲ့ အံ့ဖြယ္လူသား။ ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ ဝါးျပား ေတာင္ရြာက ေတာင္႐ိုးတို႔ ေျမမွာ ဓူဝံၾကယ္ လို လင္းလက္ေတာက္ပေနဆဲ။
.
တောင်ရိုးမြေက ဓာတ်ပြားတစ်ချပ်
.
အောင်ဆန်းဝင်း
.
အဘိုးက အရမ်းမာနကြီးတယ်ကွ။ လမ်း မှာဆုံရင် ဘယ်သူ့ကိုမှ အရင်စနှုတ်မဆက်ဘူး။ ကုန်ကုန်ပြောရရင် အဘိုးအမေနဲ့ ဆုံရင်တောင် အဘိုးက စနှုတ်မဆက်ဘူး။ အဘိုးကို တွေ့တဲ့ လူက အရင်စနှုတ်ဆက်မှ အဘိုးက ပြန်နှုတ် ဆက်တာ။ အဲဒီစကားလုံးတွေကို ရယ်ရယ်မော မော ပြောနေတာက အဘိုးဦးကြံ။ စွယ်စုံရဂီတ ပညာရှင်ကြီး ဦးကြံ။ အဘိုးအကြောင်း သိတဲ့ လူတွေကတော့ တောင်တန်းမောင်ကြံလို့ခေါ် ကြတယ်။ ဒါပေမဲ့ အဘိုးကြံ(ခေါ်)တောင်တန်း မောင်ကြံ ဆိုတဲ့ စွယ်စုံဂီတ ပညာရှင်ကြီးကို အခုချိန်မှာ သိတဲ့လူ တော်တော်ရှားသွားပြီ။ ရှမ်း တောင်တန်းပေါ်မှာ တောက်ပခဲ့ဖူးတဲ့မြန်မာဆန် ဆန် မြန်မာသံရှားပါးဂီတ ကြယ်တစ်စင်း ရှိခဲ့ တယ်ဆိုတာ လူငယ်လူရွယ်တွေ သိနိုင်မယ်မ ထင်ဘူး။ ရှိနေတယ်။ အဲဒီ ဂီတကြယ်ပွင့်ကြီးက တောင်ကြီးမြို့ တစ်နေရာမှာ ဓူဝံကြယ်လိုလင်း လက်တောက်ပနေသေးတယ်။
.
အဘိုးကြံ ဖြတ်သန်းလာတဲ့ ဘဝတစ် လျှောက် ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ စ နှုတ်မဆက်ခဲ့ဘူး။ သူပြောသလို မာနကြီးလွန်း လို့ မဟုတ်ဘူး။ သူခြောက်လသား အရွယ်မှာသူ ငယ်နာရောဂါ ဖြစ်တယ်။ အဲဒီခေတ်ကာလ အ ခြေအနေအရ ဆေးကုသဖို့ မဖြစ်နိုင်မတတ်နိုင် တဲ့အတွက် အဘိုးကြံမျက်လုံး တစ်စုံ အလင်း ပျောက်ခဲ့ရပါတယ်။ ဒီအကြောင်းရင်းက အဘိုး ကြံ အခုလို ဘက်စုံထူးချွန်တဲ့ ဂီတပညာရှင်တစ် ယောက် ဖြစ်စေတယ် ပြောရမလားပါဘဲ။ မျက် လုံးတစ်စုံ အလင်းပျောက်သွားတဲ့အတွက် အကြား အာရုံဖက်မှာ ပိုပြီး ထက်သန်လာတယ်။ အမြင်အာရုံနဲ့ လုပ်ရမယ့် အလုပ်တွေ ဖြစ်တဲ့စာ ရေးတာ ဖတ်တာ မလုပ်နိုင်တော့ အကြားအာရုံ နဲ့ လုပ်နိုင်မယ့် ဆိုတာတီးတာတွေ ပိုစိတ်ဝင် စားလာတယ်။ ဂီတနဲ့ ပတ်သက်ပြီး ပထမဆုံး စလုပ်ဖြစ်တာက ပုလွေအတတ်ကို ကိုးနှစ်သား လောက်မှာ စသင်တယ်လို့ အဘိုးကပြောတယ်။
.
အမှန်တကယ် အဘိုးကြံ စိတ်ဝင်စားတာ က မယ်ဒလင်တီးသင်ချင်တာ။ အိမ်မှာလည်း အစ်ကိုတွေ တီးတဲ့ မယ်ဒလင်က ရှိနေတယ်။ အဘိုးကြံ စိတ်ဝင်စားတဲ့ မယ်ဒလင် တီးခွင့်မရ ခဲ့ဘူး။ အရာရာ ရှားပါးတဲ့အချိန် ဆိုတော့ မျက်စိ နှစ်လုံး အလင်းပျောက်တဲ့ လူတစ်ယောက်လက် ထဲမယ်ဒလင်ရောက်သွားရင် လွတ်ကျမှာ စိုးရိမ် ကြလို့။ နောက်ပိုင်း အဘိုးကြံ ဆန္ဒပြည့်ဝခဲ့ တယ်။ သူ့ရဲ့ဘကြီးအရင်း ဝါးပြားမြောက်ရွာက ဆေးဆရာကြီး ဦးဝဏ္ဏက သူစိတ်ဝင်စားတဲ့ မယ်ဒလင်နဲ့ ထိတွေ့ခွင့် ပေးခဲ့တယ်။ မယ်ဒလင် တီးရင်းကနေ ဒုံမင်း၊ ပတ္တလား၊ စန္ဒရားတွေတီး ခတ်ခွင့် ရလာတယ်။ တစ်စိုက်မတ်မတ် ကြိုး စားအားထုတ်ခြင်း ရလာဒ်အဖြစ် တောင်ကြီးမြို့ မှာ ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား ကျေးလက်လူထု ပြခန်းမှာ လက်စွမ်းပြ တီးခတ် ခွင့် ရခဲ့တယ်။ ပထမဆုံး ဖူးပွင့်လာတဲ့ ဂီတအ သီးအပွင့် ပြောရမှာပေါ့။
.
ဂီတနဲ့ ပတ်သက်ရင် လက်လှမ်းမီတာအား လုံးကို ဇွဲနဘဲ အပြည့်လေ့လာလိုက်စား မှတ်သားတဲ့အတွက် မြန်မာသံတူရိယာတွေအပြင် ခေတ်ပေါ်အီလက်ထရစ်ဂစ်တာကိုလည်း နိုင်နိုင်နင်းနင်း တီးတတ်ခဲ့တယ်။ ၁၉၆၆-၆၇ တောင်ကြီးမြို့၊ ပြည်ထောင်စုနေ့ပွဲမှာ ခေတ်ပေါ်ဂစ်တာကို ပညာရှင်ပီပီသသ လက်စွမ်းပြ တီးခတ် သွားတဲ့ အဘိုးကြံဟာ ပရိသတ်တွေရဲ့ အားပေးမှုရခဲ့တယ်။ ထွန်းတောက်မယ့် အနုပညာရှင် တစ်ယောက်အဖြစ် သတ်မှတ်ခံရတယ်။ ဘယ်အရာမဆို ဇွဲရှိရင် အောင်မြင်တယ်။ ကြိုးစားလို စိတ်ရှိရမယ်။ အဘိုးရတဲ့ အောင်မြင်မှုတိုင်း လွယ်လွယ်ကူကူ ရခဲ့တာတစ်ခုမှ မရှိပါဘူး။ ကြိုး စားတယ်ဆိုတဲ့ နေရာမှာတောင် သာမန်လူတွေထက် နှစ်ဆသုံးဆလောက်ကြိုးစားရတယ်။ အမြင်အာရုံ ပျောက်ဆုံးနေတော့ အကြားတစ်ခု တည်းနဲ့ လိုချင်တာလေးတွေ ရအောင်လုပ်ရတာလို့ အဘိုးကြံက ပြောပါတယ်။
.
တော်လှန်ရေးကောင်စီခေတ်၊ တောင်ကြီး မြို့၊ ဗန္ဓုလရုပ်ရှင်ရုံ (အခု မရှိတော့ပါ)မှာလုပ်တဲ့ မြန်မာသံ အဆိုအတီးပြိုင်ပွဲက အဘိုးကြံအတွက် ပထမဆုံး ရွှေရောင်လမ်းစ။ အမြင့်ပျံမယ့် ဖီးနစ်ငှက်တစ်ကောင် အတောင်ပံတစ်စုံ စတင် ဖြန့်ကျက်တဲ့နေရာ။ အဆိုပြိုင်ပွဲမှာ ပထမ၊ မယ်ဒလင်အတီး ပြိုင်ပွဲမှာ ပထမနဲ့ စျေးဦးပေါက် ဆုတံဆိပ် နှစ်ခုရင်ဘတ်မှာ ကပ်နိုင်ခဲ့တယ်။ ပျောက်ဆုံးနေတဲ့ အမြင်အာရုံပေါ် တစ်ဖက်သတ် စိတ်ညွှတ်ပြီး ဘယ်အရာကိုမှကြိုးစား အား ထုတ်ခြင်းမရှိရင်ဒီလို ဆုတံဆိပ်တွေ ရင်ဘတ် ထဲရောက်လာနိုင်မှာ မဟုတ်ပါဘူး။ အဘိုးကြံက တော့ လောကဓံဆိုတဲ့ ရိုက်ပုတ်တတ်တဲ့ တရားကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တွန်းကန် ဖောက်ထွက်တယ်။ ဖောက်ထွက်ရဲတဲ့ သတ္တိတွေသွေးထဲမှာ အပြည့်လည်ပတ််နေခဲ့တယ်။ အဲဒီ သတ္တိ တွေကပဲ အဘိုးကြံအောင်မြင်မှု လမ်းကြောင်းဆီ ထပ်တွန်းတင်ပေးပြန်ပါတယ်။
.
အသက် နှစ်ဆယ်ကျော်အရွယ်မှာ လွမ်းရောင်သန်းတဲ့ ရှမ်းတောင်တန်းကြီးပေါ်ကနေ ဂီတနယ်ပယ် ကျယ်ပြန့်တဲ့ ရန်ကုန်မြေကို နင်းလျှောက်ခွင့်ရတယ်။ ရန်ကုန်မြို့ရောက် တောင်ရိုးတစ်ယောက်ပေါ့။ အဘိုးကြံက တောင်ရိုး တိုင်းရင်းသားစစ်စစ်၊ တောင်ရိုးတိုင်းရင်းသား တွေအတွက် ဂုဏ်ယူဝင့်ကြွားစရာ သက်ရှိဂီတ ကဗျာတစ်ပုဒ်။ မြန်မာ့တူရိယာတွေကို မက်မက်မောမော ရင်ခွင်ပိုက်ထားတဲ့ တောင်ရိုးတိုင်းရင်း သားကြီး။ မြန်မာသံစဉ် သီချင်းတွေ မြန်မာသံ ဂီတတွေ ဖက်တွယ်ထားတဲ့ တောင်ပေါ်မြေက တောင်ရိုး တိုင်းရင်းသား။ ရန်ကုန်မြေခြေချတော့လည်း အဘိုးကြံက ခေသူမဟုတ်။ လူတိုင်းနေ ရာမရနိုင်တဲ့ မြန်မာ့အသံမှာ ဒုံမင်းနဲ့ မယ်ဒလင် လက်စွမ်းပြ အသံသွင်းခွင့် ရခဲ့တယ်။ မြန်မာ့အသံ ရေဒီယို အစီအစဉ်မှာ လက်စွမ်းပြ အသံသွင်းခွင့်ရတာ တောင်ပေါ်သား အဘိုးကြံအတွက် တကယ့်ဂီတပန်းခင်းလမ်း။
.
အဘိုးကြံရဲ့ ကြိုးစားအားထုတ်မှုတွေက ယောနသံဇင်ယော်လို တစ်နေ့တစ်ခြား ပြင်းထန်လာတယ်။ ဒုံမင်းနဲ့ မယ်ဒလင်အသံသွင်း ခွင့်ရရုံနဲ့ ရပ်တန့်မနေဘူး။ သီချင်းရေးနိုင်ဖို့ထပ်ဆင့် ကြိုးစားပြန်ပါတယ်။ အဲဒီအချိန်မှာ နာမည်ကြီး ဂီတပညာရှင် ဂီတနက်သန် ဦးအုန်းလွင်နဲ့ စတွေ့တယ်။ အရှိန်အဟုန်နဲ့ တောက်မယ့် မီးခဲနာမည်ကျော် ဓာတ်ဆီနဲ့ လောင်းပေးတယ် ပြောရမလား။ အမှန်တကယ်ရေးမယ်လုပ်တော့ အခက်အခဲတွေက အများကြီး။ အမြင်အာရုံမရှိ၊ ကျောင်းစာလည်း မသင်ခဲ့ရတဲ့ လူတစ်ယောက်အတွက် သီချင်းရေးနိုင်ဖို့ဆိုတာ တကယ့်ပြဿနာ။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သံ ယောနသံဇင်ယော်စိတ်ဓာတ်နဲ့ ကျော်လွှားနိုင်ခဲ့ တယ်။ မေတ္တာတံခါးလေး ဖွင့်ထားမည်သာ သီချင်းစရေးတယ်။ အဘိုးကြံရေးတဲ့ သီချင်းကိုနာ မည်ရ အဆိုတော် လှလှထူး သီဆိုပြီး မြန်မာ့ အသံရေဒီယိုမှာ အသံလွှင့်ခွင့် ရခဲ့ပါတယ်။
.
ပထမပြီးရင် ဒုတိယ ရှိရမယ်ဆိုတဲ့အတိုင်း နောက်တစ်ပုဒ် ရေးတယ်။ ဒုတိယရေးတဲ့ သီ ချင်းက အဘိုးကြံဘဝရဲ့ မှတ်မှတ်သားသားမှတ် တိုင်တစ်ခု။ ချစ်တေးဘယ်သို့ သီပါ့မယ်ဆိုတဲ့ သီချင်း။ သီဆိုတဲ့ အဆိုတော်က တက္ကသိုလ်ကိုအောင်ဖုန်း။ မြန်မာ့အသံ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးအောင်ကြည်။ ချစ်တေးဘယ်သို့ သီပါ့မယ်ဆိုတဲ့ အဘိုးကြံလက်ရာက တစ်သက်တာ အသံလွှင့်ခွင့် ရခဲ့ပါတယ်။ တက္ကသိုလ် ကိုအောင်ဖုန်းဆိုတာ အဆိုတော် စိမ်းမို့မို့ရဲ့ ဖခင်။ ဝါးခယ်မရဲမောင်ဆိုတာ အဆိုတော် မေရွက်ဝါ ရဲ့ ဖခင်ဖြစ်တယ်။ ရန်ကုန်မြေရောက် တောင်ရိုးတိုင်းရင်းသား တစ်ယောက်ရဲ့ ဂီတဖြတ်သန်းမှုလမ်းက ရွှေရောင်တွေ တောက်ချင်တိုင်းကို တောက်လို့။
.
၁၉ရဝ-၇၁ က မန္တလေးရောက် တောင်ရိုးတစ်ယောက်ရဲ့ ရွှေအိုရောင်နေ့စွဲတွေ။ မန္တလေးမြို့၊ မန်းသီတာ ဥယျာဉ်မှာ လွတ်လပ်ရေးနေ့ အခမ်းအနား မြန်မာသံ အဆိုအတီး ပြိုင်ပွဲ ပြုလုပ်တယ်။ အဲဒီ ပြိုင်ပွဲမှာ အဘိုးကြံ အကျွမ်းကျင် အပိုင်နိုင်ဆုံး ဒုံမင်းနဲ့ မယ်ဒလင် ပြိုင်ပွဲဝင် တီးခတ်ပါတယ်။ နှစ်ခုလုံးအတွက် ရရှိတဲ့ အောင်မြင်မှုက ပထမထက် ပိုတဲ့ ရွှေတံဆိပ်။ ဘာကြောင့် ပထမထက် ပိုတဲ့ ရွှေတံဆိပ်လည်းဆိုတော့ ၂ နှစ် ဆက်တိုင် အောင်မြင်မှုရခဲ့တာ ဖြစ်လို့ပါ။ မုံရွာမြို့ လွတ်လပ်ရေး ကော်မတီက သံကြိုးရိုက် ဖိတ်ခေါ်လို့ ၁၉၇၃ မှာ သွားရောက်ခဲ့တယ်။ ထုံးစံအတိုင်း ဒုံမင်းနဲ့ မယ်ဒလင် ပြိုင်မယ်လုပ် တော့ သူပြိုင်ရင် သူပဲနိုင်မှာ ဖြစ်တဲ့အတွက် မယ်ဒလင်ကို ကျန်တဲ့ပြိုင်ပွဲဝင်တွေအတွက် ထားပြီး ဒုံမင်းပြိုင်တော့လည်း ရွှေတံဆိပ်ဆု ရပြန်ပါ တယ်။ မုံရွာမြို့ရောက် တောင်ရိုးတစ်ယောက်ရဲ့ ခမ်းနားတဲ့ အောင်မြင်မှု။
.
၁၉၈၅-၈၆ အင်းစိန်လွတ်လပ်ရေးပွဲမှာ ရွှေ တံဆိပ်လေးဆုရတဲ့ အဘိုးကြံ။ တောင်ကြီးမြို့ ဆုတောင်းပြည့် အောင်တော်မူကျောင်းတိုက် အမေနေ့ အခမ်းအနားမှာ မွေးမေမေသီချင်း ဆိုတိုင်း ကျောင်းထိုင်ဆရာတော် ဘုရားရဲ့ အကြိမ်ကြိမ် ဆုချီးမြှင့်ခြင်း ခံရသူ။ အမြင်အာရုံ ပျောက်ဆုံးခဲ့ရပေမယ့် အကြားအာရုံတစ်ခုတည်းနဲ့ ကြိုးစားသင်ယူရင်း မြန်မာ့ တူရိယာ ဆယ်မျိုးကျော် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဂီတပညာရှင်။ မွေးချင်း ၁ဝ ယောက်မှာ တစ်မိပေါက် တစ်ယောက်ထွန်း တစ်ဦးတည်းသာ ကျန်တဲ့ အဘိုးကြံ။ အဘိုးက မာန အလွန်ကြီးတယ်ဗျ။ လမ်းမှာဆုံရင် သူ့ကိုမှ အရင် စနှုတ်မဆက်ဘူးဆိုတဲ့ မာနမင်းသားကြီး။ အင်္ဂလိပ်စကားကို အင်္ဂလိပ် တစ်ယောက်လို ပြောနိုင်တဲ့ အံ့ဖွယ်လူသား။ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြား တောင်ရွာက တောင်ရိုးတို့ မြေမှာ ဓူဝံကြယ် လို လင်းလက်တောက်ပနေဆဲ။
.

No comments:

Post a Comment