လား႐ိႈးတြင္ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပြဲ ျပဳလုပ္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, May 6, 2019

လား႐ိႈးတြင္ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပြဲ ျပဳလုပ္မည္


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား ႐ိႈးၿမိဳ႕တြင္ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံ ဥပေဒျပင္ဆင္ေရးႏွင့္ ျပင္ဆင္ေရး ေကာ္မတီအား ႀကိဳဆိုေထာက္ခံပြဲ တစ္ရပ္ ျပဳလုပ္သြားမည္ျဖစ္ၿပီး အဆို ပါေထာက္ခံပြဲ ျဖစ္ေျမာက္ေရးအတြက္ ဧၿပီလ ၂၅ ရက္တြင္ ေကာ္မတီဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။
.
.
အဆိုပါ ေထာက္ခံပြဲကို ေမ ၁၁ ရက္တြင္ ျပဳလုပ္သြားရန္လ်ာထားၿပီး ေထာက္ခံပဲြျပဳလုပ္ရန္ ရပ္ကြက္ (၉) အတြင္းရွိ တရားလႊတ္ေတာ္ေရွ႕ေန ဦးေထြးေအာင္ေက်ာ္၏ ေနအိမ္၌ စိတ္ ပါ၀င္စားသူမ်ား ေတြ႔ဆံုေဆြးေႏြးခဲ့ ေၾကာင္း သိရသည္။  
.
၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ဖို႔အတြက္ ေထာက္ခံပဲြကို ဘယ္လိုက်င္းပမလဲ၊ ဘယ္လိုပါ၀င္ ၾကမလဲဆိုတာ ကၽြန္ေတာ္တို႔က ဦး ေဆာင္ၿပီးေတာ့ ပါတီအားလံုး၊ CSO အားလံုး၊ တိုင္းရင္းသားအဖဲြ႕အားလံုး နဲ႔ ၿမိဳ႕မိ၊ ၿမိဳ႕ဖေတြကို ဖိတ္ၿပီးေတာ့ စုေ၀းတိုင္းပင္တာျဖစ္ပါတယ္ဟု ပဲြ စီစဥ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦး ေထြးေအာင္ေက်ာ္က ေျပာသည္။
.
အဆိုပါ ေထာက္ခံပဲြကို ေမ ၁၁ ရက္၊ နံနက္ပိုင္းတြင္ ရပ္ကြက္(၄)မဟာေဗာဓိ႐ံု ေက်ာင္းတိုက္ ေရွ႕ရွိ ကြက္လပ္တြင္ စုေ၀းကာ လမ္းမေတာ္ လမ္းမွ ေဆး႐ံုႀကီးေရွ႕ရွိေစ်းဆင္း လမ္းအတိုင္း ဆင္းၿပီးေနာက္ ရပ္ ကြက္(၈) ၿမိဳ႕မအားကစားကြင္းသို႔ ၀င္ေရာက္ရန္ လ်ာထားေၾကာင္း သိ ရသည္။
.
ဌာနဆိုင္ရာကို အေၾကာင္း ၾကားထားတယ္။ အစက လြတ္လပ္ ေရးေက်ာက္တိုင္ကြင္းမွာ ေဟာေျပာပဲြ က်င္းပဖို႔ပါ။ အခုကေတာ့ ၿမိဳ႕မ အားကစားကြင္းမွာ ေဟာေျပာဖို႔ျဖစ္ သြားတာပါ””ဟု ဦးေထြးေအာင္ေက်ာ္ က ေျပာသည္။
.
ယင္းကဲ့သို႔ ႀကိဳဆိုေထာက္ခံပဲြ လမ္းေလွ်ာက္ရာတြင္ ေႂကြးေၾကာ္ သံမ်ား ပါ၀င္မည္ျဖစ္ၿပီး ၿမိဳ႕မအား ကစားကြင္း ေရာက္ရွိမွသာ ေဟာေျပာ ပဲြက်င္းပသြားမည္ျဖစ္သျဖင့္ စိတ္ ပါ၀င္စားသူ၊ ေထာက္ခံအားေပးသူ မ်ားအေနျဖင့္ ပူးေပါင္းပါ၀င္ႏိုင္ ေၾကာင္း သိရသည္။
.
လားရှိုးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်မည်
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပြင်ဆင်ရေး ကော်မတီအား ကြိုဆိုထောက်ခံပွဲ တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ပြီး အဆို ပါထောက်ခံပွဲ ဖြစ်မြောက်ရေးအတွက် ဧပြီလ ၂၅ ရက်တွင် ကော်မတီဖွဲ့စည်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ ထောက်ခံပွဲကို မေ ၁၁ ရက်တွင် ပြုလုပ်သွားရန်လျာထားပြီး ထောက်ခံပွဲပြုလုပ်ရန် ရပ်ကွက် (၉) အတွင်းရှိ တရားလွှတ်တော်ရှေ့နေ ဦးထွေးအောင်ကျော်၏ နေအိမ်၌ စိတ် ပါဝင်စားသူများ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။  
.
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ထောက်ခံပွဲကို ဘယ်လိုကျင်းပမလဲ၊ ဘယ်လိုပါဝင် ကြမလဲဆိုတာ ကျွန်တော်တို့က ဦး ဆောင်ပြီးတော့ ပါတီအားလုံး၊ CSO အားလုံး၊ တိုင်းရင်းသားအဖွဲ့အားလုံး နဲ့ မြို့မိ၊ မြို့ဖတွေကို ဖိတ်ပြီးတော့ စုဝေးတိုင်းပင်တာဖြစ်ပါတယ်ဟု ပွဲ စီစဉ်သူ တရားလွှတ်တော်ရှေ့နေ ဦး ထွေးအောင်ကျော်က ပြောသည်။
.
အဆိုပါ ထောက်ခံပွဲကို မေ ၁၁ ရက်၊ နံနက်ပိုင်းတွင် ရပ်ကွက်(၄)မဟာဗောဓိရုံ ကျောင်းတိုက် ရှေ့ရှိ ကွက်လပ်တွင် စုဝေးကာ လမ်းမတော် လမ်းမှ ဆေးရုံကြီးရှေ့ရှိစျေးဆင်း လမ်းအတိုင်း ဆင်းပြီးနောက် ရပ် ကွက်(၈) မြို့မအားကစားကွင်းသို့ ဝင်ရောက်ရန် လျာထားကြောင်း သိ ရသည်။
.
ဌာနဆိုင်ရာကို အကြောင်း ကြားထားတယ်။ အစက လွတ်လပ် ရေးကျောက်တိုင်ကွင်းမှာ ဟောပြောပွဲ ကျင်းပဖို့ပါ။ အခုကတော့ မြို့မ အားကစားကွင်းမှာ ဟောပြောဖို့ဖြစ် သွားတာပါ””ဟု ဦးထွေးအောင်ကျော် က ပြောသည်။
.
ယင်းကဲ့သို့ ကြိုဆိုထောက်ခံပွဲ လမ်းလျှောက်ရာတွင် ကြွေးကြော် သံများ ပါဝင်မည်ဖြစ်ပြီး မြို့မအား ကစားကွင်း ရောက်ရှိမှသာ ဟောပြော ပွဲကျင်းပသွားမည်ဖြစ်သဖြင့် စိတ် ပါဝင်စားသူ၊ ထောက်ခံအားပေးသူ များအနေဖြင့် ပူးပေါင်းပါဝင်နိုင် ကြောင်း သိရသည်။
.

No comments:

Post a Comment