လက္ရွိအစိုးရ ေျခဖ်ားပင္ ယခင္အစိုးရ မမီေၾကာင္း ေတာင္ႀကီးၿမိဳ႕မွ ရဟန္း တစ္ပါး မိန္႔ၾကား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, May 19, 2019

လက္ရွိအစိုးရ ေျခဖ်ားပင္ ယခင္အစိုးရ မမီေၾကာင္း ေတာင္ႀကီးၿမိဳ႕မွ ရဟန္း တစ္ပါး မိန္႔ၾကား


ကေမၻာဇတိုင္း
.
ယခင္ ျပည္ေထာင္စု ႀကံ့ခိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဦးေဆာင္ေသာ ပထမအႀကိမ္အစိုးရ၏ လုပ္ေဆာင္ ခ်က္မ်ားသည္ လက္ရွိ အမ်ိဳးသားဒီ မိုကေရစီအဖြဲ႕ခ်ဳပ္ ဦးေဆာင္ေသာ အစိုးရ၏ လုပ္ေဆာင္ခ်က္မ်ား၏ ေျခဖ်ားကိုပင္ မမီေၾကာင္း ေတာင္ ႀကီးၿမိဳ႕မွ ရဟန္းတစ္ပါးက မိန္႔ၾကားခဲ့ သည္။
.
.
''အရင္ ႀကံ့ခိုင္ေရးအစိုးရ၊ တိတိက်က် ေျပာရရင္ ဦးစဝ္ေအာင္ ျမတ္ရဲ႕ ရွမ္းျပည္နယ္အစိုးရဟာ လက္ရွိ NLD အစိုးရရဲ႕ ေျခဖ်ားကိုေတာင္ မမီပါဘူး။ အရွင္းဆုံးေျပာရရင္ ဘာသာ သာသနာက စလို႔အလုံးစုံ၊ က႑စုံမွာ အခု အစိုးရက လူထုကို မ်က္ႏွာမူၿပီး လုပ္ေဆာင္ေနတာ ပါ။ အရင္အစိုးရ အဆက္ဆက္ကေတာ့ လူတစ္စု အက်ိဳးအတြက္ ဘယ္လိုမ်ိဳးေတြ ႏွိပ္ကြပ္ၿပီး လုပ္ေဆာင္ခဲ့တာလည္းဆိုတာကို လူထု က သိၾကပါတယ္''ဟု ေတာင္ႀကီး ၿမိဳ႕၊ ေလာကမာန္ေအာင္ေက်ာင္းတိုက္၌ သီိတင္းသုံးေနသည့္ ဆရာ ေတာ္ဦးကဝိစာရမွ မိန္႔ၾကားခဲ့သည္။
.
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ ၿဖိဳးေရးပါတီမွ ရွမ္းေတာင္သတင္းမီဒီယာ တာဝန္ခံ ဦးမိုးစည္သူက လက္ရွိ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ လုပ္ေဆာင္ခ်က္မ်ားထက္ ယခင္ ပထမအႀကိမ္ ရွမ္းျပည္နယ္အစိုးရအ ဖြဲ႕၏ လုပ္ေဆာင္ခ်က္မ်ားသည္ ပိုမို သာလြန္ေကာင္းမြန္သည္ဟု ေျပာဆို ခဲ့မႈအေပၚ ဦးကဝိစာရမွ ယင္းကဲ့သို႔ တုံ႔ျပန္ေျပာၾကားခဲ့ျခင္းျဖစ္သည္။
.
ယခင္ ပထမအႀကိမ္ အစိုးရ လက္ထက္ ၂ဝ၁၃ ခုႏွစ္၊ ေမလ ၂၁ ရက္တြင္ ရွမ္းျပည္နယ္အစိုးရ၏ ၫႊန္ၾကားခ်က္ျဖင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ဆရာေတာ္ ဦးကဝိစာရ သီတင္းသုံးေနထိုင္သည့္ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာ ရပ္ကြက္ရွိ ထင္း႐ွဴးၿမိဳင္ ဘုန္းေတာ္ႀကီးေက်ာင္း (ယခု ေတာင္ႀကီးေဆးတကၠသိုလ္)ႏွင့္ ေစတီေတာ္ တစ္ဆူအပါအဝင္ သံဃိကပစၥည္းမ်ား၊ ပုဂၢလိကပစၥည္း မ်ားကို ဖ်က္ဆီးယူေဆာင္(သိမ္း ဆည္း)၍ ဦးကဝိစာရႏွင့္ ေက်ာင္းေန သံဃာမ်ားအား လူဝတ္လဲေစကာ ေက်ာင္းထိုင္ဆရာေတာ္ ဦးကဝိစာရ ကို ေထာင္ဒဏ္ တစ္ႏွစ္ခြဲ ျပစ္ဒဏ္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
.
ယင္းကဲ့သို႔ ဖ်က္ဆီးယူေဆာင္ (သိမ္းဆည္း)ခဲ့ေသာ ေငြသားဝတၳဳ ေငြႏွင့္ သံဃိကပစၥည္းမ်ား၊ ပုဂၢလိ က ပစၥည္းမ်ားမွာ ေငြက်ပ္ ၄၂သိန္း ေက်ာ္ တန္ဖိုးရွိ ေငြသားႏွင့္ပစၥည္း အမ်ိဳးအစား ၈ဝ ေက်ာ္တို႔ ျဖစ္ ၿပီး ၂ဝ၁၄ ခုႏွစ္၊ ဇူလိုင္လအတြင္း က ပစၥည္းအခ်ိဳ႕ကို ျပန္လည္ ေပး အပ္ခဲ့ေသာ္လည္း သိမ္းဆည္းခံ ပစၥည္း စံုလင္ျခင္း မရွိေသာေၾကာင့္ ဦးကဝိစာရမွ လက္ခံရယူခဲ့ျခင္း မ ရွိဘဲ တာဝန္အရွိဆံုး ပုဂၢဳိလ္ျဖစ္ေသာ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးစဝ္ေအာင္ ျမတ္ အေနျဖင့္ မည္ကဲ့သို႔ တာဝန္ ယူ တာဝန္ခံသြားမည္ကို သိရွိလို သည္ဟု ဆရာေတာ္ ဦးကဝိစာရက ေမးခြန္း ထုတ္ခဲ့သည္။
.
ထင္း႐ွဴးၿမိဳင္ေက်ာင္း အပါအ ဝင္ ဘုန္းေတာ္ႀကီးေက်ာင္း ၁ဝ ေက်ာင္း ေက်ာ္ခန္႔အား က်ဴးေက်ာ္ အေဆာက္အဦမ်ားဟုဆိုကာ ဖ်က္ဆီး ဖယ္ရွားခဲ့ျခင္း ျဖစ္သည္။
.
အဆိုပါ ထင္း႐ွဴးၿမိဳင္ေက်ာင္းကို ၂ဝဝဝ ျပည့္ႏွစ္၊ မတ္လ ၁ဝ ရက္က စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး သံဃာ ၂ဝ ပါးေက်ာ္ခန္႔ သီတင္သုံးေန ထိုင္သည့္ ေက်ာင္းျဖစ္ကာ က်ဴးေက်ာ္အျဖစ္ သတ္မွတ္၍ ဖယ္ရွား ရွင္းလင္းခံရျခင္း ျဖစ္သည္။
.
ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂ဝဝ၈ ခုႏွစ္)ပုဒ္မ ၃၆၁ တြင္ ႏိုင္ငံေတာ္ သည္ ဗုဒၶဘာသာ သာသနာေတာ္ကို ႏိုင္ငံေတာ္၏ ႏိုင္ငံသားအမ်ားဆုံး ကိုးကြယ္ရာျဖစ္ေသာ ဂုဏ္ထူးဝိေသ သႏွင့္ ျပည့္စုံသည့္ ဘာသာသာသနာ ျဖစ္သည္ဟု ႏိုင္ငံေတာ္က အသိအ မွတ္ျပဳသည္ဟု ေဖာ္ျပထားၿပီး၊ သံ ဃနာယကအဖြဲ႕ ၫႊန္ၾကားလႊာ အ မွတ္ ၇၇၊ အပိုဒ္(၃)၊ အပိုဒ္ခြဲ(က) တြင္ သံဃနာယကဂုဏ္အဂၤါႏွင့္ ျပည့္စုံပါ က ဘုန္းေတာ္ႀကီးေက်ာင္းအျဖစ္ အသိအမွတ္ ျပဳရမည္ဟု ေဖာ္ျပပါရွိ သည္။
.
လက်ရှိအစိုးရ ခြေဖျားပင် ယခင်အစိုးရ မမီကြောင်း တောင်ကြီးမြို့မှ ရဟန်း တစ်ပါး မိန့်ကြား
.
ကမ္ဘောဇတိုင်း
.
ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သော ပထမအကြိမ်အစိုးရ၏ လုပ်ဆောင် ချက်များသည် လက်ရှိ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရ၏ လုပ်ဆောင်ချက်များ၏ ခြေဖျားကိုပင် မမီကြောင်း တောင် ကြီးမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့ သည်။
.
''အရင် ကြံ့ခိုင်ရေးအစိုးရ၊ တိတိကျကျ ပြောရရင် ဦးစဝ်အောင် မြတ်ရဲ့ ရှမ်းပြည်နယ်အစိုးရဟာ လက်ရှိ NLD အစိုးရရဲ့ ခြေဖျားကိုတောင် မမီပါဘူး။ အရှင်းဆုံးပြောရရင် ဘာသာ သာသနာက စလို့အလုံးစုံ၊ ကဏ္ဍစုံမှာ အခု အစိုးရက လူထုကို မျက်နှာမူပြီး လုပ်ဆောင်နေတာ ပါ။ အရင်အစိုးရ အဆက်ဆက်ကတော့ လူတစ်စု အကျိုးအတွက် ဘယ်လိုမျိုးတွေ နှိပ်ကွပ်ပြီး လုပ်ဆောင်ခဲ့တာလည်းဆိုတာကို လူထု က သိကြပါတယ်''ဟု တောင်ကြီး မြို့၊ လောကမာန်အောင်ကျောင်းတိုက်၌ သီိတင်းသုံးနေသည့် ဆရာ တော်ဦးကဝိစာရမှ မိန့်ကြားခဲ့သည်။
.
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ရှမ်းတောင်သတင်းမီဒီယာ တာဝန်ခံ ဦးမိုးစည်သူက လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များထက် ယခင် ပထမအကြိမ် ရှမ်းပြည်နယ်အစိုးရအ ဖွဲ့၏ လုပ်ဆောင်ချက်များသည် ပိုမို သာလွန်ကောင်းမွန်သည်ဟု ပြောဆို ခဲ့မှုအပေါ် ဦးကဝိစာရမှ ယင်းကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
.
ယခင် ပထမအကြိမ် အစိုးရ လက်ထက် ၂ဝ၁၃ ခုနှစ်၊ မေလ ၂၁ ရက်တွင် ရှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆရာတော် ဦးကဝိစာရ သီတင်းသုံးနေထိုင်သည့် တောင်ကြီးမြို့၊ သစ်တော ရပ်ကွက်ရှိ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်း (ယခု တောင်ကြီးဆေးတက္ကသိုလ်)နှင့် စေတီတော် တစ်ဆူအပါအဝင် သံဃိကပစ္စည်းများ၊ ပုဂ္ဂလိကပစ္စည်း များကို ဖျက်ဆီးယူဆောင်(သိမ်း ဆည်း)၍ ဦးကဝိစာရနှင့် ကျောင်းနေ သံဃာများအား လူဝတ်လဲစေကာ ကျောင်းထိုင်ဆရာတော် ဦးကဝိစာရ ကို ထောင်ဒဏ် တစ်နှစ်ခွဲ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဖျက်ဆီးယူဆောင် (သိမ်းဆည်း)ခဲ့သော ငွေသားဝတ္ထု ငွေနှင့် သံဃိကပစ္စည်းများ၊ ပုဂ္ဂလိ က ပစ္စည်းများမှာ ငွေကျပ် ၄၂သိန်း ကျော် တန်ဖိုးရှိ ငွေသားနှင့်ပစ္စည်း အမျိုးအစား ၈ဝ ကျော်တို့ ဖြစ် ပြီး ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လအတွင်း က ပစ္စည်းအချို့ကို ပြန်လည် ပေး အပ်ခဲ့သော်လည်း သိမ်းဆည်းခံ ပစ္စည်း စုံလင်ခြင်း မရှိသောကြောင့် ဦးကဝိစာရမှ လက်ခံရယူခဲ့ခြင်း မ ရှိဘဲ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သော ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင် မြတ် အနေဖြင့် မည်ကဲ့သို့ တာဝန် ယူ တာဝန်ခံသွားမည်ကို သိရှိလို သည်ဟု ဆရာတော် ဦးကဝိစာရက မေးခွန်း ထုတ်ခဲ့သည်။
.
ထင်းရှူးမြိုင်ကျောင်း အပါအ ဝင် ဘုန်းတော်ကြီးကျောင်း ၁ဝ ကျောင်း ကျော်ခန့်အား ကျူးကျော် အဆောက်အဦများဟုဆိုကာ ဖျက်ဆီး ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ထင်းရှူးမြိုင်ကျောင်းကို ၂ဝဝဝ ပြည့်နှစ်၊ မတ်လ ၁ဝ ရက်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သံဃာ ၂ဝ ပါးကျော်ခန့် သီတင်သုံးနေ ထိုင်သည့် ကျောင်းဖြစ်ကာ ကျူးကျော်အဖြစ် သတ်မှတ်၍ ဖယ်ရှား ရှင်းလင်းခံရခြင်း ဖြစ်သည်။
.
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)ပုဒ်မ ၃၆၁ တွင် နိုင်ငံတော် သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေ သနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအ မှတ်ပြုသည်ဟု ဖော်ပြထားပြီး၊ သံ ဃနာယကအဖွဲ့ ညွှန်ကြားလွှာ အ မှတ် ၇၇၊ အပိုဒ်(၃)၊ အပိုဒ်ခွဲ(က) တွင် သံဃနာယကဂုဏ်အင်္ဂါနှင့် ပြည့်စုံပါ က ဘုန်းတော်ကြီးကျောင်းအဖြစ် အသိအမှတ် ပြုရမည်ဟု ဖော်ပြပါရှိ သည်။
.

No comments:

Post a Comment