လ၀ကရုံးများ၌ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား ပြုလုပ်ရာတွင် ငွေကြေး ကောက်ခံမှုများ ရှိနေဟု ဆို - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Monday, May 6, 2019
ရဲရင့်ဇွဲ
.
.
.
.
အဆိုပါ လ၀ကရုံးများတွင် ငွေ ကြေးကောက်ခံမှုများအပြင် အချိန် ကာလကြာရှည်စွာ စောင့်ဆိုင်းရခြင်း နှင့် ခွဲခြားဆက်ဆံခြင်းများရှိနေ ကြောင်း ဒေသခံပြည်သူများမှ ဝေဖန် ပြောဆိုလျက်ရှိပြီး လူမှုကွန်ရက် စာ မျက်နှာများတွင်လည်း ရေးသားမှု များ ရှိနေကြောင်း သိရသည်။
.
.
.
.
လဝကရုံးများ၌ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား ပြုလုပ်ရာတွင် ငွေကြေး ကောက်ခံမှုများ ရှိနေဟု ဆို
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ် လဝက ဦးစီးမှူးရုံး အချို့တွင် နိုင်ငံ သားစိစစ်ရေး ကတ်ပြား (မှတ်ပုံတင်) နှင့် အိမ်ထောင်စုဇယား အသစ်ပြု လုပ်ခြင်း၊ အချက်အလက် ပြင်ဆင် ပြောင်းလဲခြင်းတို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရမှ သတ်မှတ် ထားသည့် ငွေကြေးထက်ပိုမိုကောက် ခံမှုများရှိနေသည်ဟု ဒေသခံပြည် သူများမှ ဝေဖန်ပြောဆိုလျက်ရှိ ကြောင်း သိရသည်။
.
ပြီးခဲ့တဲ့ မတ်လက မှတ်ပုံတင် သက်တမ်းတိုးဖို့ လဝကကို သွားခဲ့ ပါတယ်။ ဟိုရောက်တော့ မှတ်ပုံတင် ထဲက အသက်ကငယ်နေပြီး အိမ် ထောင်စုဇယားထဲကအသက်ကကြီး နေတယ်။ အဲဒါကို ပြင်တာ ၂ သိန်း ခွဲပေးခဲ့ရတယ်။ နေ့ချင်းတော့ရပါ တယ်။ စီးပွားရေးက ကြပ်တည်းနေ တဲ့ အချိန်မှာအဲဒီလောက် ငွေပေးခဲ့ရ တော့ အခက်အခဲအကြပ်အတည်း ဖြစ်ရပါတယ်ဟု ရပ်စောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ဆိုင်ရာရုံးတွင် နိုင်ငံသားစိစစ် ရေးကတ် သက်တမ်းတိုး ဆောင်ရွက် ခဲ့သူ တစ်ဦးက ကမ္ဘောဇတိုင်း သို့ပြောသည်။
.
အဆိုပါ လဝကရုံးများတွင် ငွေ ကြေးကောက်ခံမှုများအပြင် အချိန် ကာလကြာရှည်စွာ စောင့်ဆိုင်းရခြင်း နှင့် ခွဲခြားဆက်ဆံခြင်းများရှိနေ ကြောင်း ဒေသခံပြည်သူများမှ ဝေဖန် ပြောဆိုုလျက်ရှိပြီး လူမှုကွန်ရက် စာ မျက်နှာများတွင်လည်း ရေးသားမှု များ ရှိနေကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ တာဝန် ရှိသူတစ်ဦးက တောင်ကြီး ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်ရုံးတွေမှာ ငွေကြေးကောက်ခံမှုတွေ ရှိနေတယ် ဆိုတာက ကျွန်တော်တို့အနေနဲ့ မကောက်ခံဖို့ ညွှန်ကြားထားပါတယ်။ လုပ်တာ၊ မလုပ်တာကတော့ မြို့ နယ်နဲ့ပဲ ဆိုင်ပါမယ်။ လာလုပ်တဲ့ ကာယကံရှင်တွေက မကျေနပ်လို့တိုင် ကြားလာရင်တော့ ဖြေရှင်းပေးရပါ တယ်။ ခရိုင်အဆင့်က ဖြေရှင်းတာ ကို မကျေနပ်ရင် ပြည်နယ်ကိုတိုင် လို့ရပါတယ်။ ဒါမှမဟုတ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင်ကိုလည်း တိုက်ရိုက်တိုင်ကြား လို့ရပါတယ်ဟု ပြောကြားခဲ့သည်။
.
အလုပ်သမား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေ က နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ဥပဒေနှင့် အညီ အဆင်ပြေချောမွေ့စေရန်အ တွက် ဆောင်ရွက်လျက်ရှိပြီး လိုအပ် သည့် အထောက်အထားအချက်အ လက်များကိုလည်း အတတ်နိုင်ဆုံး ဖြေလျှော့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကာ ကောက်ခံရမည့်အနည်းဆုံး လိုအပ်ချက်ကိုသာ ဆက်လက် ကောက်ခံ သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့ သည့် ပြည်သူ့လွှတ်တော်အစည်းအ ဝေးတွင် ပြောဆိုထားသည်။
.
နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ် ရာတွင် အထောက်အထားများ ပြည့် စုံပါက နေ့ချင်းပြီးမှ ၂၈ ရက်အတွင်း ရရှိမည်ဖြစ်ကာ ကုန်ကျစရိတ်အဖြစ် နိုင်ငံသားစိစစ်ရေးကတ် (၁ဝနှစ်ပြည့် သို့မဟုတ် ၁၈ နှစ်ပြည့်) စတင် လျှောက်ထားပါက ၆ကျပ်၊ ၁၀ နှစ် ပြည့်မှ ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ် ရေးကတ်လဲလှယ်ပါက ၃ကျပ်၊ ပျောက်ဆုံး၍ အသစ်(မိတ္တူ) လျှောက် ထားပါက ၁၀ ကျပ်သာ ပေးသွင်းရ မည်ဖြစ်ကြောင်းသိရသည်။
.
No comments:
Post a Comment