ေတာင္ႀကီးၿမိဳ႕ အေနာက္ၿမိဳ႕ပတ္လမ္းေဘးရွိ ေရေျမာင္းမ်ား ပိတ္ဆို႔ေနၿပီး အနံ႕အသက္ဆိုးမ်ား ထြက္ေပၚေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 18, 2019

ေတာင္ႀကီးၿမိဳ႕ အေနာက္ၿမိဳ႕ပတ္လမ္းေဘးရွိ ေရေျမာင္းမ်ား ပိတ္ဆို႔ေနၿပီး အနံ႕အသက္ဆိုးမ်ား ထြက္ေပၚေန


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ေတာင္ႀကီးၿမိဳ႕၊ အေနာက္ၿမိဳ႕ပတ္လမ္းေဘးရွိ ေရေျမာင္းမ်ားတြင္ အမိႈက္မ်ား ေရဆိုးေရညစ္မ်ားျဖင့္ ပိတ္ဆို႕လ်က္ အနံ႕အသက္ဆိုးမ်ား ထြက္ေပၚေနမႈေၾကာင့္ ေဒသခံ ျပည္သူမ်ား၏ က်န္းမာေရးကို ထိခိုက္ႏုိင္သျဖင့္ ေရေျမာင္းမ်ား ရွင္းလင္းျပဳျပင္ ေပးေစလိုေၾကာင္း ေဒသခံ ျပည္သူ မ်ားမွ ေဝဖန္ေျပာဆိုလ်က္ရွိသည္။
.
.
''ေျမာင္းကေနၿပီး အပုပ္နံ႕ေတြ ထြက္ေနတယ္။ အစားအေသာက္အ ေဟာင္းေတြကေနၿပီးေတာ့ အနံ႕ဆိုး ေတြ ထြက္တယ္။ ၿမိဳ႕သာယာတင့္ တယ္ဖို႔ ကေလးသူငယ္ေတြအတြက္လည္း အႏၱရာယ္ရွိတယ္ဆိုရင္ေတာ့ ဒါေတြဟာ စည္ပင္သာယာက အဓိကလုပ္ရမယ့္ အလုပ္ေတြ ျဖစ္ပါ တယ္။ ၿပီးခဲ့တဲ့ႏွစ္ ၈၈၈၈ ပြဲမတိုင္ခင္ကလည္း ရွမ္းျပည္ႏိုင္ငံေရးအဖြဲ႕က ကိုတင္ေမာင္တိုး ေရေျမာင္းထဲ ျပဳတ္ က်ၿပီး ေပါင္က်ိဳးဖူးတယ္။ အဲဒီလို အႏၱရာယ္ ျဖစ္ေစႏုိင္တဲ့ အရာေတြကို စည္ပင္သာယာကေနၿပီးေတာ့ မိုးရာ သီကာလမတိုင္ခင္မွာ လုပ္ဖို႔လိုပါ တယ္။ ကြၽန္မတို႔ ေတာင္ႀကီးမွာက မိုးရြာၿပီး ေရေျမာင္းထဲက်လို႔ အသက္ ဆံုးခဲ့ရတဲ့ ကေလး ရွိခဲ့ဖူးပါတယ္။ ေရ ေျမာင္းစနစ္ေတြကို ဒီထက္ပိုၿပီးလံုၿခံဳ ေအာင္လုပ္ဖို႔ လိုပါတယ္။ ကြၽန္မတို႔ ေတာင္ႀကီးၿမိဳ႕က အသန္႔ရွင္းဆံုးၿမိဳ႕၊ အလွပဆံုးၿမိဳ႕ဆိုၿပီး ဆုေတြ ရခဲ့ဖူး တယ္။ အဲဒီ ဂုဏ္ပုဒ္ေတြကို ဆက္ ထိန္းဖို႔ လိုအပ္ပါတယ္''ဟု ေတာင္ ႀကီးၿမိဳ႕ေန ေဒသခံ ျပည္သူ ေဒၚခင္မိုးမိုးက ေျပာၾကားခဲ့သည္။
.
အဆိုပါ ေရေျမာင္းမ်ားအတြင္းသို႔ အမိႈက္မ်ားကို စည္းကမ္းမဲ့ စြန္႔ပစ္မႈ မ်ားေၾကာင့္ ေရဆုိးေရညစ္မ်ားျဖင့္ ပိတ္ဆို႕လ်က္ရွိကာ အနံ႕အသက္ဆိုး မ်ား ထြက္ေပၚေနျခင္းျဖစ္ေၾကာင္းသိ ရသည္။
.
''အဲဒီ ေရေျမာင္းရဲ႕ အေျခအေန ေတြက ေတာ္ေတာ္ေလးကို ဆိုးေန တယ္။ ေနာက္လဆုိလည္း ကေလးေတြ ေက်ာင္းဖြင့္ၿပီဆိုေတာ့ အႏၱရာယ္ မ်ားတယ္။ အဲဒါေတြကိုစည္ပင္က တာဝန္ယူ ရွင္းေပးရမွာပါ။ အမိႈက္ ေတြကို ေရေျမာင္းထဲ မပစ္ၾကဖို႔က ေတာ့ ျပည္သူေတြရဲ႕ တာဝန္ေပါ့။ တာဝန္ရွိသူေတြကလည္း အမိႈက္ပစ္ တာ ေတြ႕ရင္ တားရမယ္။ အေရးယူ ရမယ္။ ဆုိင္းဘုတ္ေတြ ေထာင္ရမယ္။ အားလံုးက တာဝန္မဲ့ေနလို႕ကေတာ့ ၿမိဳ႕သန္႕ရွင္းေရး ကို ထိခိုက္လာႏုိင္တယ္''ဟု ေတာင္ႀကီးေဒသခံ ကိုတိုး မွလည္း ¤င္း၏ သေဘာထားအျမင္ ကို ေျပာဆုိခဲ့သည္။
.
ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္ကေတာင္ ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္တြင္ ကေလးငယ္တစ္ဦး ေရေျမာင္းအတြင္း ေမွ်ာပါကာ ဦးေခါင္းထိခိုက္ ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘေးရှိ ရေမြောင်းများ ပိတ်ဆို့နေပြီး အနံ့အသက်ဆိုးများ ထွက်ပေါ်နေ
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းဘေးရှိ ရေမြောင်းများတွင် အမှိုက်များ ရေဆိုးရေညစ်များဖြင့် ပိတ်ဆို့လျက် အနံ့အသက်ဆိုးများ ထွက်ပေါ်နေမှုကြောင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သဖြင့် ရေမြောင်းများ ရှင်းလင်းပြုပြင် ပေးစေလိုကြောင်း ဒေသခံ ပြည်သူ များမှ ဝေဖန်ပြောဆိုလျက်ရှိသည်။
.
''မြောင်းကနေပြီး အပုပ်နံ့တွေ ထွက်နေတယ်။ အစားအသောက်အ ဟောင်းတွေကနေပြီးတော့ အနံ့ဆိုး တွေ ထွက်တယ်။ မြို့သာယာတင့် တယ်ဖို့ ကလေးသူငယ်တွေအတွက်လည်း အန္တရာယ်ရှိတယ်ဆိုရင်တော့ ဒါတွေဟာ စည်ပင်သာယာက အဓိကလုပ်ရမယ့် အလုပ်တွေ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့နှစ် ၈၈၈၈ ပွဲမတိုင်ခင်ကလည်း ရှမ်းပြည်နိုင်ငံရေးအဖွဲ့က ကိုတင်မောင်တိုး ရေမြောင်းထဲ ပြုတ် ကျပြီး ပေါင်ကျိုးဖူးတယ်။ အဲဒီလို အန္တရာယ် ဖြစ်စေနိုင်တဲ့ အရာတွေကို စည်ပင်သာယာကနေပြီးတော့ မိုးရာ သီကာလမတိုင်ခင်မှာ လုပ်ဖို့လိုပါ တယ်။ ကျွန်မတို့ တောင်ကြီးမှာက မိုးရွာပြီး ရေမြောင်းထဲကျလို့ အသက် ဆုံးခဲ့ရတဲ့ ကလေး ရှိခဲ့ဖူးပါတယ်။ ရေ မြောင်းစနစ်တွေကို ဒီထက်ပိုပြီးလုံခြုံ အောင်လုပ်ဖို့ လိုပါတယ်။ ကျွန်မတို့ တောင်ကြီးမြို့က အသန့်ရှင်းဆုံးမြို့၊ အလှပဆုံးမြို့ဆိုပြီး ဆုတွေ ရခဲ့ဖူး တယ်။ အဲဒီ ဂုဏ်ပုဒ်တွေကို ဆက် ထိန်းဖို့ လိုအပ်ပါတယ်''ဟု တောင် ကြီးမြို့နေ ဒေသခံ ပြည်သူ ဒေါ်ခင်မိုးမိုးက ပြောကြားခဲ့သည်။
.
အဆိုပါ ရေမြောင်းများအတွင်းသို့ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှု များကြောင့် ရေဆိုးရေညစ်များဖြင့် ပိတ်ဆို့လျက်ရှိကာ အနံ့အသက်ဆိုး များ ထွက်ပေါ်နေခြင်းဖြစ်ကြောင်းသိ ရသည်။
.
''အဲဒီ ရေမြောင်းရဲ့ အခြေအနေ တွေက တော်တော်လေးကို ဆိုးနေ တယ်။ နောက်လဆိုလည်း ကလေးတွေ ကျောင်းဖွင့်ပြီဆိုတော့ အန္တရာယ် များတယ်။ အဲဒါတွေကိုစည်ပင်က တာဝန်ယူ ရှင်းပေးရမှာပါ။ အမှိုက် တွေကို ရေမြောင်းထဲ မပစ်ကြဖို့က တော့ ပြည်သူတွေရဲ့ တာဝန်ပေါ့။ တာဝန်ရှိသူတွေကလည်း အမှိုက်ပစ် တာ တွေ့ရင် တားရမယ်။ အရေးယူ ရမယ်။ ဆိုင်းဘုတ်တွေ ထောင်ရမယ်။ အားလုံးက တာဝန်မဲ့နေလို့ကတော့ မြို့သန့်ရှင်းရေး ကို ထိခိုက်လာနိုင်တယ်''ဟု တောင်ကြီးဒေသခံ ကိုတိုး မှလည်း ¤င်း၏ သဘောထားအမြင် ကို ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်ကတောင် ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ကလေးငယ်တစ်ဦး ရေမြောင်းအတွင်း မျှောပါကာ ဦးခေါင်းထိခိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment