တီက်စ္ေက်ာက္မီးေသြးသုံး ဓာတ္အားေပး စက္႐ုံ၏ ပတ္ဝန္းက်င္ ထိခိုက္မႈ ဆန္းစစ္ျခင္း အစီရင္ခံစာအတြက္ ေဒသခံမ်ားႏွင့္ ေဆြးေႏြး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 18, 2019

တီက်စ္ေက်ာက္မီးေသြးသုံး ဓာတ္အားေပး စက္႐ုံ၏ ပတ္ဝန္းက်င္ ထိခိုက္မႈ ဆန္းစစ္ျခင္း အစီရင္ခံစာအတြက္ ေဒသခံမ်ားႏွင့္ ေဆြးေႏြး


ခြန္ေအာင္(ေနာင္တရား)
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊တီက်စ္ ေဒသရွိ ေက်ာက္မီးေသြးသုံးဓာတ္ အားေပးစက္႐ုံ၏ ပတ္ဝန္းက်င္ထိ ခိုက္မႈ ဆန္းစစ္ခ်က္ အစီရင္ခံစာအ တြက္ ေဒသခံျပည္သူမ်ား၏ အျမင္ သေဘာထား ရယူေဆြးေႏြးမႈကို ေမလ ၇ ရက္၊ နံနက္ပိုင္းက တီက်စ္ ေက်းရြာအုပ္စု၊ ေတာင္ပို႔ႀကီးေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
ေတြ႕ဆုံပြဲတြင္ ရွမ္းျပည္နယ္အစိုး ရအဖြဲ႕ဝင္ ျပည္နယ္လွ်ပ္စစ္၊ စြမ္း အင္ႏွင့္ စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံႏွင့္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ ဦးစီးအဖြဲ႕ဥကၠဌ ဦးခြန္စံလြင္တို႔ မွ အမွာစကား ေျပာၾကားခဲ့ၿပီး လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးလုပ္ငန္းမွ အင္ဂ်င္နီယာခ်ဳပ္က စီမံကိန္း ေနာက္ခံသမိုင္းေၾကာင္းကိုလည္း ေကာင္း၊ ဝူးရွီဝါကြမ္းကုမၸဏီမွ General Manager က စီမံကိန္း အက်ဥ္းခ်ဳပ္ကိုလည္းေကာင္း၊ E Guard Environmental Services မွ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးေအးသီဟ က စီမံကိန္းဧရိယာႏွင့္ အနီးပတ္ဝန္း က်င္ထိခိုက္မႈ ဆန္းစစ္ျခင္းႏွင့္ ပတ္သက္၍လည္းေကာင္း ရွင္းလင္းေဆြး ေႏြးခဲ့ၾကသည္။
.
ထို႔ေနာက္ တက္ေရာက္လာသူ မ်ားက စီမံကိန္းႏွင့္ပတ္သက္၍ သိရွိ လိုသည္မ်ားကို ေမးျမန္းၾကၿပီး တာဝန္ရွိသူမ်ားက ျပန္လည္ေျဖၾကားကာ ျပည္သူ႔လႊတ္ေတာ္ လွ်ပ္စစ္ႏွင့္ စြမ္း အင္ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ေကာ္မတီဝင္တစ္ဦးက ျဖည့္စြက္ရွင္းလင္း ေျပာၾကားခဲ့သည္။
.
အဆိုပါ ေတြ႕ဆုံပြဲသို႔ ရွမ္းျပည္ နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္ဝန္ႀကီး မ်ား၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ ဦးစီးအဖြဲ႕ဝင္မ်ား၊ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ လွ်ပ္စစ္ ႏွင့္ စြမ္းအင္ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ ရာ ေကာ္မတီဝင္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိ ပုဂၢိဳလ္မ်ား၊ တီက်စ္ေက်ာက္ မီးေသြးသုံးေရေႏြးေငြ႕ဓာတ္အားေပး စက္႐ုံအနီးဝန္းက်င္ရွိ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ၏ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာအတွက် ဒေသခံများနှင့် ဆွေးနွေး
.
ခွန်အောင်(နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊တီကျစ် ဒေသရှိ ကျောက်မီးသွေးသုံးဓာတ် အားပေးစက်ရုံ၏ ပတ်ဝန်းကျင်ထိ ခိုက်မှု ဆန်းစစ်ချက် အစီရင်ခံစာအ တွက် ဒေသခံပြည်သူများ၏ အမြင် သဘောထား ရယူဆွေးနွေးမှုကို မေလ ၇ ရက်၊ နံနက်ပိုင်းက တီကျစ် ကျေးရွာအုပ်စု၊ တောင်ပို့ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုး ရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်း အင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်တို့ မှ အမှာစကား ပြောကြားခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က စီမံကိန်း နောက်ခံသမိုင်းကြောင်းကိုလည်း ကောင်း၊ ဝူးရှီဝါကွမ်းကုမ္ပဏီမှ General Manager က စီမံကိန်း အကျဉ်းချုပ်ကိုလည်းကောင်း၊ E Guard Environmental Services မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟ က စီမံကိန်းဧရိယာနှင့် အနီးပတ်ဝန်း ကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေး နွေးခဲ့ကြသည်။
.
ထို့နောက် တက်ရောက်လာသူ များက စီမံကိန်းနှင့်ပတ်သက်၍ သိရှိ လိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်း အင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီဝင်တစ်ဦးက ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။
.
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လျှပ်စစ် နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တီကျစ်ကျောက် မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေး စက်ရုံအနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment