အင္းေလးကန္တြင္ ယခင္ႏွစ္ထက္ ေရခန္းေျခာက္မႈကို ပိုမိုႀကံဳေတြ႕ေနရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 18, 2019

အင္းေလးကန္တြင္ ယခင္ႏွစ္ထက္ ေရခန္းေျခာက္မႈကို ပိုမိုႀကံဳေတြ႕ေနရ


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္၏ အထင္ကရေန ရာတစ္ခုျဖစ္ေသာ ေညာင္ေရႊၿမိဳ႕နယ္ အတြင္းရွိ အင္းေလးကန္တြင္ ေမလ ပထမပတ္မွ စတင္၍ ေရခန္းေျခာက္ လာလ်က္ရွိရာ ယခင္ႏွစ္မ်ားထက္ ပို မိုဆိုးရြားလာေနေၾကာင္း Save The Inle Lake အဖြဲ႕ထံမွ သိရသည္။
.
.
''ေရကေတာ့ ဒီႏွစ္ေတာ္ေတာ္ ေလးကို နည္းသြားတယ္။ ၿပီးတဲ့ႏွစ္က ထက္ မိုးရြာသြန္းမႈလည္း နည္းတယ္။ ေနာက္ၿပီး ၂ဝ၁၅ ေလာက္က အင္း ေလးေတာင္ပိုင္းမွာ ပိတ္ထားတဲ့ေရ လမ္းေၾကာင္း ေခ်ာင္းေလးတစ္ခုကို သူတို႔က ျပန္ဖြင့္ခ်လိုက္တယ္။ ဒီအ ခ်ိန္ကေတာ့ ေရမရွိဘူးေပါ့။ ဒါေပမဲ့ မိုးရာသီေရမ်ားရင္ ေရေတြက အင္း ေလးေတာင္ပိုင္းဘက္ကို ထိုးဆင္း သြားတယ္။ ေရထိန္းတာေတြလုပ္တာ ကလည္း ဒီႏွစ္မရွိဘူး။ အဲဒါေၾကာင့္ ေရက်ဆင္းမႈက ပိုျမန္သြားပါတယ္''ဟု Save The Inle Lake အဖြဲ႕မွ ဦး ခင္ေမာင္လတ္က ကေမၻာဇတုိင္းသို႔ ေျပာၾကားခဲ့သည္။
.
အင္းေလးကန္အတြင္း ေဖာင္ေတာ္ဦးဘုရားေတာင္ဘက္၊ အေရွ႕ဘက္ႏွင့္ ေၾကးစားကုန္း၊ ပြဲစားကုန္း၊ ေျမနီကုန္း၊ ရြာမ၊ ေကလာ၊ ဇရပ္ႀကီး၊ အင္းၿခံ စသည့္ေက်းရြာမ်ားတြင္ ေရ နည္းေနကာ သြားလာရ ခက္ခဲေနၿပီး မိုးမရြာပါက ေမလကုန္ခန္႔တြင္ ေရ ခန္းေျခာက္ႏုိင္ကာ ဟဲယာရြာမတြင္ လည္း အခ်ိဳ႕ေနရာမ်ားတြင္ ေရခန္း ေျခာက္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။
.
''အင္းေလးကန္ထဲကို ေရဝင္တဲ့ က်ီးျဖဴကန္တို႔ တာေယာတို႔ကလည္း ေရမဆင္းေတာ့ဘူး။ အထက္ပိုင္းမွာ ရွိတဲ့ လယ္ေတြက အခုခ်ိန္မွာ ေရ ေျမာင္းေတြကို ပိတ္ၿပီး ေရတင္စိုက္ ပ်ိဳးၾကတယ္။ အဲဒီေတာ့ အထက္ဘက္က ဆင္းလာမယ့္ ေရေတြက လည္း အင္းေလးကန္ကို မဝင္ေတာ့ဘူး။ ဒါေၾကာင့္ ေရခန္းေျခာက္လာ တာလည္း ပါတာေပါ့''ဟု ဦးခင္ေမာင္ လတ္က ဆက္လက္ ေျပာၾကားခဲ့ သည္။
.
အင္းေလးကန္အတြင္းသို႔ အဓိကေခ်ာင္းႀကီး ၄ ခု စီးဝင္ၿပီး ေခ်ာင္း ငယ္ေပါင္း ၃ဝ ခန္႔ရွိကာ ယင္းေခ်ာင္းငယ္ မ်ားတြင္ ေရနည္းပါးမႈမ်ားကို ႀကံဳ ေတြ႕ေနရေၾကာင္းႏွင့္ အခ်ိဳ႕ေခ်ာင္း ငယ္မ်ားသည္ မိုးရာသီကာလ၌သာစီး ဆင္းၿပီး ေႏြရာသီကာလတြင္ ခန္းေျခာက္သြားေၾကာင္း သိရသည္။
.
အင္းေလးကန္အလယ္ ေရမ်က္ ႏွာျပင္သည္ ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္ ေမလက ၉ ေပခန္႔ ရွိခဲ့ရာမွ ယခုႏွစ္ ေမလတြင္ ၆ ေပခန္႔သာ က်န္ရွိေတာ့ ေၾကာင္း သိရသည္။
.
အင်းလေးကန်တွင် ယခင်နှစ်ထက် ရေခန်းခြောက်မှုကို ပိုမိုကြုံတွေ့နေရ
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၏ အထင်ကရနေ ရာတစ်ခုဖြစ်သော ညောင်ရွှေမြို့နယ် အတွင်းရှိ အင်းလေးကန်တွင် မေလ ပထမပတ်မှ စတင်၍ ရေခန်းခြောက် လာလျက်ရှိရာ ယခင်နှစ်များထက် ပို မိုဆိုးရွားလာနေကြောင်း Save The Inle Lake အဖွဲ့ထံမှ သိရသည်။
.
''ရေကတော့ ဒီနှစ်တော်တော် လေးကို နည်းသွားတယ်။ ပြီးတဲ့နှစ်က ထက် မိုးရွာသွန်းမှုလည်း နည်းတယ်။ နောက်ပြီး ၂ဝ၁၅ လောက်က အင်း လေးတောင်ပိုင်းမှာ ပိတ်ထားတဲ့ရေ လမ်းကြောင်း ချောင်းလေးတစ်ခုကို သူတို့က ပြန်ဖွင့်ချလိုက်တယ်။ ဒီအ ချိန်ကတော့ ရေမရှိဘူးပေါ့။ ဒါပေမဲ့ မိုးရာသီရေများရင် ရေတွေက အင်း လေးတောင်ပိုင်းဘက်ကို ထိုးဆင်း သွားတယ်။ ရေထိန်းတာတွေလုပ်တာ ကလည်း ဒီနှစ်မရှိဘူး။ အဲဒါကြောင့် ရေကျဆင်းမှုက ပိုမြန်သွားပါတယ်''ဟု Save The Inle Lake အဖွဲ့မှ ဦး ခင်မောင်လတ်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အင်းလေးကန်အတွင်း ဖောင်တော်ဦးဘုရားတောင်ဘက်၊ အရှေ့ဘက်နှင့် ကြေးစားကုန်း၊ ပွဲစားကုန်း၊ မြေနီကုန်း၊ ရွာမ၊ ကေလာ၊ ဇရပ်ကြီး၊ အင်းခြံ စသည့်ကျေးရွာများတွင် ရေ နည်းနေကာ သွားလာရ ခက်ခဲနေပြီး မိုးမရွာပါက မေလကုန်ခန့်တွင် ရေ ခန်းခြောက်နိုင်ကာ ဟဲယာရွာမတွင် လည်း အချို့နေရာများတွင် ရေခန်း ခြောက်နေပြီ ဖြစ်ကြောင်း သိရသည်။
.
''အင်းလေးကန်ထဲကို ရေဝင်တဲ့ ကျီးဖြူကန်တို့ တာယောတို့ကလည်း ရေမဆင်းတော့ဘူး။ အထက်ပိုင်းမှာ ရှိတဲ့ လယ်တွေက အခုချိန်မှာ ရေ မြောင်းတွေကို ပိတ်ပြီး ရေတင်စိုက် ပျိုးကြတယ်။ အဲဒီတော့ အထက်ဘက်က ဆင်းလာမယ့် ရေတွေက လည်း အင်းလေးကန်ကို မဝင်တော့ဘူး။ ဒါကြောင့် ရေခန်းခြောက်လာ တာလည်း ပါတာပေါ့''ဟု ဦးခင်မောင် လတ်က ဆက်လက် ပြောကြားခဲ့ သည်။
.
အင်းလေးကန်အတွင်းသို့ အဓိကချောင်းကြီး ၄ ခု စီးဝင်ပြီး ချောင်း ငယ်ပေါင်း ၃ဝ ခန့်ရှိကာ ယင်းချောင်းငယ် များတွင် ရေနည်းပါးမှုများကို ကြုံ တွေ့နေရကြောင်းနှင့် အချို့ချောင်း ငယ်များသည် မိုးရာသီကာလ၌သာစီး ဆင်းပြီး နွေရာသီကာလတွင် ခန်းခြောက်သွားကြောင်း သိရသည်။
.
အင်းလေးကန်အလယ် ရေမျက် နှာပြင်သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် မေလက ၉ ပေခန့် ရှိခဲ့ရာမှ ယခုနှစ် မေလတွင် ၆ ပေခန့်သာ ကျန်ရှိတော့ ကြောင်း သိရသည်။
.

No comments:

Post a Comment