နမ့္ခမ္း ကူးတို႔ဆိပ္မွ တ႐ုတ္ႏိုင္ငံအတြင္းသို႔ ေျပာင္းဖူးသြားေရာက္ ေရာင္းခ်သည့္ ေတာင္သူအခ်ိဳ႕ ဖမ္းဆီးခံေနရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, May 28, 2019

နမ့္ခမ္း ကူးတို႔ဆိပ္မွ တ႐ုတ္ႏိုင္ငံအတြင္းသို႔ ေျပာင္းဖူးသြားေရာက္ ေရာင္းခ်သည့္ ေတာင္သူအခ်ိဳ႕ ဖမ္းဆီးခံေနရ


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ခ႐ိုင္၊ နမ့္ခမ္းၿမိဳ႕နယ္အတြင္းရွိ ျမန္မာ-တ႐ုတ္ နယ္စပ္ေရႊလီျမစ္ ကမ္းေဘးရြာမ်ားမွ ေတာင္သူအခ်ိဳ႕မွာ တ႐ုတ္ႏိုင္ငံအတြင္းသို႔ ေျပာင္းဖူး သြားေရာက္ ေရာင္းခ်ရာတြင္ တ႐ုတ္ ရဲမ်ား၏ ဖမ္းဆီးျခင္းကို ခံေနရ ေၾကာင္း သိရသည္။
.
.
''ေသခ်ာေတာ့ မသိရေသးဘူး။ တ႐ုတ္ကလည္း နယ္စပ္က ခိုးဝင္ ေပါက္ေတြကို အထက္ကခိုင္းလို႔ဆိုၿပီး သြားလာလို႔ မရေအာင္ ပိတ္တယ္။ ေက်ာက္တိုင္ေတြ စိုက္တယ္။ ေျမာင္း တူးတယ္။ ဒီပစၥည္းေတြက သူတို႔ဆီ က မ်ိဳးယူစိုက္တာပါ။ အရင္က မဖမ္း ပါဘူး။ ခုေတာ့ အထက္ကလို႔ဆိုၿပီး ဖမ္းေနပါတယ္။ တခ်ိဳ႕လည္း ရြာအ သိအကူအညီနဲ႔ ေငြေပးၿပီး ေရြးယူလို႔ လြတ္လာၾကတာေတြ ရွိေနပါတယ္။ ကူညီေပးေနတာ ၁ဝ ခါေလာက္ရွိပါ ၿပီ။ အဖမ္းခံရသူေတြ လြတ္ေျမာက္ ေရးအတြက္ ေနာင္ေတာင္းအုပ္ခ်ဳပ္ ေရးမွဴးနဲ႔ ေတြ႕ဆုံခဲ့ၿပီးပါၿပီ''ဟု နမ့္ ခမ္းၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္မိုးႏိုင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
တ႐ုတ္ႏိုင္ငံမွ မ်ိဳးယူစိုက္ပ်ိဳးၿပီး တ႐ုတ္ႏိုင္ငံသို႔ ျပန္လည္ေရာင္းခ် သည့္ ဖရဲ၊ ဖ႐ုံ စသည့္သီးႏွံမ်ားတင္ပို႔ ေရာင္းခ်ႏိုင္ေရးအတြက္ တ႐ုတ္ႏိုင္ငံ၊ ေနာင္ေတာင္း ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ညိႇႏႈိင္းေဆာင္ရြက္ေပးလ်က္ရွိၿပီး ေနာင္ေတာင္း အုပ္ခ်ဳပ္ေရးမွဴးမွ လည္း အထက္မွ ၫႊန္ၾကားခ်က္အရ တ႐ုတ္ႏုိင္ငံနယ္စပ္ရဲမ်ားက ဖမ္းဆီး ေနျခင္းျဖစ္သည့္အတြက္ အထက္သို႔ တင္ျပထားေၾကာင္း ျပန္လည္ ေျပာ ၾကားခဲ့သည္ဟု သိရသည္။
.
အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ နမ့္ခမ္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေအးေမာင္က''ေနာင္ေတာင္း ေဒသ ဖြံ႕ၿဖိဳးေရးအုပ္ခ်ဳပ္ေရးမွဴးနဲ႔ လည္း ဟိုဘက္၊ ဒီဘက္ ေတာင္သူ အခ်င္းခ်င္း အရင္လို လြတ္လပ္စြာ ေရာင္းဝယ္ခြင့္ရဖို႔ ေဆြးေႏြးပါတယ္။ ဒါေပမဲ့ တရားဝင္ဂိတ္ ၂ ခုဖြင့္ေပး ထားတာျဖစ္လို႔ က်န္တဲ့ တရားမဝင္ ေပါက္ေတြကိုပိတ္ဖို႔ အထက္က ၫႊန္ ၾကားထားတာျဖစ္တယ္လို႔ ေျပာပါ တယ္။ အခြန္ေဆာင္ဝင္ရင္ ဒီျပႆ နာမျဖစ္ႏိုင္ဘူးလို႔လည္း ေျပာပါ တယ္။ ဒီဘက္က ေတာင္သူေတြက လည္း ကုန္သည္ေတြ မဟုတ္ၾက ေတာ့ အခြန္ေဆာင္ရင္ ထိခိုက္မွာ ေၾကာက္ေတာ့ အရင္လိုပဲ သြားေရာင္း ၾကတာပါ။ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ တိုင္ပင္ၿပီး ေတာင္သူေတြအတြက္ ကူညီ လုပ္ေဆာင္သြားဖို႔ ရွိပါမယ္''ဟု ေျပာၾကားခဲ့သည္။
.
တ႐ုတ္အာဏာပိုင္မ်ားမွ ၎တို႔ ဘက္ျခမ္းတြင္ ေနထိုင္သည့္ ရွမ္း လူမ်ိဳးမ်ားကို အေစာင့္ခန္႔အပ္ထား ၿပီး တုတ္၊ ဓားမ်ား ကိုင္ေဆာင္ကာ ေျပာင္းလာေရာက္ ေရာင္းခ်သည့္ ေတာင္သူမ်ား၏ ေထာ္လာဂ်ီမ်ားကို  ဖမ္းဆိးသျဖင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ ပြားမႈမ်ား ရွိေနၿပီး မည္မွ်ဖမ္းဆီးခံ ရသည္ကို မသိရွိရေသးေၾကာင္းႏွင့္ ျမန္မာႏိုင္ငံမွ ေတာင္သူမ်ားႏွင့္လည္း ကုန္စည္ဒိုင္သေဘာမ်ိဳး တည္ ေဆာက္ကာ လုပ္ေဆာင္သြားႏိုင္ေရး ေဆြးေႏြးသြားရန္ ရွိေနသည္ဟု ၎မွ ဆက္လက္ေျပာၾကားခဲ့သည္။
.
ယခင္က နမ့္ခမ္းေဒသခံေတာင္ သူမ်ားအေနျဖင့္ ၿခံထြက္သီးႏွံမ်ားျဖစ္ သည့္ ဖရဲ၊ ေျပာင္း၊ ေႏြစပါး စသည္ တို႔ကို တ႐ုတ္ႏိုင္ငံအတြင္းသို႔ ေနာင္မ၊ မန္ေဟာင္း၊ ေနာင္တိန္း၊ ဟိုဆိုင္း၊ ေကာင္းဝိန္း စသည့္ ကူးတို႔ ဆိပ္မ်ားမွတဆင့္ ေနာင္ေတာင္းၿမိဳ႕ သို႔ သြားေရာက္ေရာင္းခ်မႈမ်ား ရွိခဲ့ၿပီး တ႐ုတ္ကုမၸဏီမ်ားမွလည္း မ်ိဳးေစ့၊ ပိုးသတ္ေဆး၊ ဓာတ္ေျမၾသဇာစသည္ တို႔ကို ေနာင္ေတာင္းဂိတ္မွတဆင့္ နမ့္ခမ္းသို႔ လာေရာက္ေရာင္းခ်မႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။
.
ၿပီးခဲ့သည့္ ဧၿပီလ ၁ဝ ရက္တြင္မူ ေနာင္ေတာင္းၿမိဳ႕ တ႐ုတ္ႏိုင္ငံစစ္ ေဆးေရးဂိတ္မွ ေဒသခံေတာင္သူ မ်ား၏ ၿခံထြက္သီးႏွံတင္ ေထာ္လာဂ်ီ မ်ားကို ဝင္ခြင့္မေပးေတာ့ဘဲ ပိတ္ လိုက္သျဖင့္ သီးႏွံမ်ား ပ်က္စီးဆုံး႐ႈံး မႈမ်ား ရွိလာသည့္အျပင္ ဝင္ေငြရ လမ္းမရွိေတာ့သျဖင့္ နစ္နာမႈမ်ား ျဖစ္ေပၚလ်က္ရွိရာ ႏွစ္ႏိုင္ငံ အုပ္ခ်ဳပ္ သူမ်ားအခ်င္းခ်င္း ညိႇႏႈိင္းေပးရန္ လို လားလ်က္ရွိေၾကာင္း ေတာင္သူမ်ား ထံမွ သိရသည္။
.
နမ့်ခမ်း ကူးတို့ဆိပ်မှ တရုတ်နိုင်ငံအတွင်းသို့ ပြောင်းဖူးသွားရောက် ရောင်းချသည့် တောင်သူအချို့ ဖမ်းဆီးခံနေရ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်ရွှေလီမြစ် ကမ်းဘေးရွာများမှ တောင်သူအချို့ မှာ တရုတ်နိုင်ငံအတွင်းသို့ ပြောင်းဖူး သွားရောက် ရောင်းချရာတွင် တရုတ် ရဲများ၏ ဖမ်းဆီးခြင်းကို ခံနေရ ကြောင်း သိရသည်။
.
''သေချာတော့ မသိရသေးဘူး။ တရုတ်ကလည်း နယ်စပ်က ခိုးဝင် ပေါက်တွေကို အထက်ကခိုင်းလို့ဆိုပြီး သွားလာလို့ မရအောင် ပိတ်တယ်။ ကျောက်တိုင်တွေ စိုက်တယ်။ မြောင်း တူးတယ်။ ဒီပစ္စည်းတွေက သူတို့ဆီ က မျိုးယူစိုက်တာပါ။ အရင်က မဖမ်း ပါဘူး။ ခုတော့ အထက်ကလို့ဆိုပြီး ဖမ်းနေပါတယ်။ တချို့လည်း ရွာအ သိအကူအညီနဲ့ ငွေပေးပြီး ရွေးယူလို့ လွတ်လာကြတာတွေ ရှိနေပါတယ်။ ကူညီပေးနေတာ ၁ဝ ခါလောက်ရှိပါ ပြီ။ အဖမ်းခံရသူတွေ လွတ်မြောက် ရေးအတွက် နောင်တောင်းအုပ်ချုပ် ရေးမှူးနဲ့ တွေ့ဆုံခဲ့ပြီးပါပြီ''ဟု နမ့် ခမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်မိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရုတ်နိုင်ငံမှ မျိုးယူစိုက်ပျိုးပြီး တရုတ်နိုင်ငံသို့ ပြန်လည်ရောင်းချ သည့် ဖရဲ၊ ဖရုံ စသည့်သီးနှံများတင်ပို့ ရောင်းချနိုင်ရေးအတွက် တရုတ်နိုင်ငံ၊ နောင်တောင်း မြို့အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး နောင်တောင်း အုပ်ချုပ်ရေးမှူးမှ လည်း အထက်မှ ညွှန်ကြားချက်အရ တရုတ်နိုင်ငံနယ်စပ်ရဲများက ဖမ်းဆီး နေခြင်းဖြစ်သည့်အတွက် အထက်သို့ တင်ပြထားကြောင်း ပြန်လည် ပြော ကြားခဲ့သည်ဟု သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအေးမောင်က''နောင်တောင်း ဒေသ ဖွံ့ဖြိုးရေးအုပ်ချုပ်ရေးမှူးနဲ့ လည်း ဟိုဘက်၊ ဒီဘက် တောင်သူ အချင်းချင်း အရင်လို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရဖို့ ဆွေးနွေးပါတယ်။ ဒါပေမဲ့ တရားဝင်ဂိတ် ၂ ခုဖွင့်ပေး ထားတာဖြစ်လို့ ကျန်တဲ့ တရားမဝင် ပေါက်တွေကိုပိတ်ဖို့ အထက်က ညွှန် ကြားထားတာဖြစ်တယ်လို့ ပြောပါ တယ်။ အခွန်ဆောင်ဝင်ရင် ဒီပြဿ နာမဖြစ်နိုင်ဘူးလို့လည်း ပြောပါ တယ်။ ဒီဘက်က တောင်သူတွေက လည်း ကုန်သည်တွေ မဟုတ်ကြ တော့ အခွန်ဆောင်ရင် ထိခိုက်မှာ ကြောက်တော့ အရင်လိုပဲ သွားရောင်း ကြတာပါ။ အုပ်ချုပ်ရေးပိုင်းနဲ့ တိုင် ပင်ပြီး တောင်သူတွေအတွက် ကူညီ လုပ်ဆောင်သွားဖို့ ရှိပါမယ်''ဟု ပြောကြားခဲ့သည်။
.
တရုတ်အာဏာပိုင်များမှ ၎င်းတို့ ဘက်ခြမ်းတွင် နေထိုင်သည့် ရှမ်း လူမျိုးများကို အစောင့်ခန့်အပ်ထား ပြီး တုတ်၊ ဓားများ ကိုင်ဆောင်ကာ ပြောင်းလာရောက် ရောင်းချသည့် တောင်သူများ၏ ထော်လာဂျီများကို  ဖမ်းဆိးသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားမှုများ ရှိနေပြီး မည်မျှဖမ်းဆီးခံ ရသည်ကို မသိရှိရသေးကြောင်းနှင့် မြန်မာနိုင်ငံမှ တောင်သူများနှင့်လည်း ကုန်စည်ဒိုင်သဘောမျိုး တည် ဆောက်ကာ လုပ်ဆောင်သွားနိုင်ရေး ဆွေးနွေးသွားရန် ရှိနေသည်ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
ယခင်က နမ့်ခမ်းဒေသခံတောင် သူများအနေဖြင့် ခြံထွက်သီးနှံများဖြစ် သည့် ဖရဲ၊ ပြောင်း၊ နွေစပါး စသည် တို့ကို တရုတ်နိုင်ငံအတွင်းသို့ နောင်မ၊ မန်ဟောင်း၊ နောင်တိန်း၊ ဟိုဆိုင်း၊ ကောင်းဝိန်း စသည့် ကူးတို့ ဆိပ်များမှတဆင့် နောင်တောင်းမြို့ သို့ သွားရောက်ရောင်းချမှုများ ရှိခဲ့ပြီး တရုတ်ကုမ္ပဏီများမှလည်း မျိုးစေ့၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာစသည် တို့ကို နောင်တောင်းဂိတ်မှတဆင့် နမ့်ခမ်းသို့ လာရောက်ရောင်းချမှုများ ရှိခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဧပြီလ ၁ဝ ရက်တွင်မူ နောင်တောင်းမြို့ တရုတ်နိုင်ငံစစ် ဆေးရေးဂိတ်မှ ဒေသခံတောင်သူ များ၏ ခြံထွက်သီးနှံတင် ထော်လာဂျီ များကို ဝင်ခွင့်မပေးတော့ဘဲ ပိတ် လိုက်သဖြင့် သီးနှံများ ပျက်စီးဆုံးရှုံး မှုများ ရှိလာသည့်အပြင် ဝင်ငွေရ လမ်းမရှိတော့သဖြင့် နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိရာ နှစ်နိုင်ငံ အုပ်ချုပ် သူများအချင်းချင်း ညှိနှိုင်းပေးရန် လို လားလျက်ရှိကြောင်း တောင်သူများ ထံမှ သိရသည်။
.

No comments:

Post a Comment