က်ိဳင္းတုံတြင္ စပါးပ်ိဳးခင္းမ်ား ပ်က္စီးမည့္ အႏၲရာယ္ ႀကဳံေတြ႕ေနရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 18, 2019

က်ိဳင္းတုံတြင္ စပါးပ်ိဳးခင္းမ်ား ပ်က္စီးမည့္ အႏၲရာယ္ ႀကဳံေတြ႕ေနရ


ထက္တိုင္းေက်ာ္
.
က်ိဳင္းတုံၿမိဳ႕နယ္အတြင္းရွိ ေက်း ရြာအခ်ိဳ႕တြင္ မိုးရြာသြန္းမႈ မရွိသျဖင့္ မိုးစပါးစိုက္ပ်ိဳးရန္အတြက္ ပ်ိဳးေထာင္ စိုက္ပ်ိဳးထားသည့္ပ်ိဳးခင္းမ်ား ပ်က္ စီးမည့္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ရႏိုင္ ေၾကာင္း ေတာင္သူမ်ားထံမွ သိရ သည္။
.
.
က်ိဳင္းတုံၿမိဳ႕တြင္ ပုံမွန္အားျဖင့္ ႏွစ္စဥ္ ဧၿပီလႏွင့္ ေမလတို႔တြင္ မိုး ရြာသြန္းေလ့ရွိေသာ္လည္း ယခုႏွစ္ ဧၿပီလ သႀကၤန္ရက္ေနာက္ပိုင္း၌ မိုး အနည္းငယ္သာ ရြာသြန္းခဲ့သျဖင့္ မိုး စပါးစိုက္ပ်ိဳးရန္အတြက္ ပ်ိဳးခင္းမ်ား ကို စတင္စိုက္ပ်ိဳးထားခဲ့ျခင္းျဖစ္ၿပီး ေမလအတြင္း မိုးရြာသြန္းမႈ မရွိဘဲ ေန႔အပူခ်ိန္မ်ား ျမင့္တက္လာမႈ ေၾကာင့္ ပ်ိဳးခင္းမ်ား၌ ေရျပတ္လပ္ ကာ စပါးပ်ိဳးပင္မ်ား ပ်က္စီးမည့္ အေျခအေနကို ရင္ဆိုင္ေနရျခင္းျဖစ္ေၾကာင္း သိရသည္။
.
''ခါတိုင္း ႏွစ္ေတြဆိုရင္ ဒီ ေလာက္မိုးမျပတ္ခဲ့ပါဘူး။ ဒီႏွစ္မွာ စပါးပ်ိဳးခင္းေတြ ပက္ၾကားအက္တဲ့ထိ ေရျပတ္ေနပါတယ္။ ဆည္ေရက လည္း မရေတာ့ စပါးပ်ိဳးူခင္းေတြ ေသသြားႏိုင္ပါတယ္''ဟု က်ိဳင္းတုံ ၿမိဳ႕နယ္ေန စပါးစိုက္ေတာင္သူတစ္ဦး က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ယင္းကဲ့သို႔ ပ်ိဳးခင္းမ်ား ေရခန္း ေျခာက္မႈႏွင့္ ပတ္သက္၍ က်ိဳင္းတုံ ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ၿမိဳ႕ နယ္ဦးစီးမွဴး ဦးေအာင္ေက်ာ္မင္းက ''ေနာက္ထပ္ ၁ဝ ရက္ေလာက္သာ ဒီအတိုင္း မိုးမရြာခဲ့ဘူးဆိုရင္ ခုလက္ ရွိ ေရျပတ္ေနတဲ့ စပါးပ်ိဳးခင္းေတြ ပ်က္စီးႏိုင္ပါတယ္''ဟု သုံးသပ္ေျပာ ဆိုခဲ့သည္။
.
က်ိဳင္းတုံၿမိဳ႕နယ္တြင္ ၂ဝဝဝ ခုႏွစ္ခန္႔မွစတင္၍ ႏိုင္ငံေတာ္သမၼတ ေဟာင္းျဖစ္ေသာ ႀတိဂံေဒသတိုင္းစစ္ ဌာနခ်ဳပ္တိုင္းမွဴး ဦးသိန္းစိန္၏ လမ္းၫႊန္မႈျဖင့္ စပါးစိုက္ေတာင္သူမ်ားကို မိုးရာသီ တစ္သီးစား စနစ္မွ ေႏြစပါး စိုက္ပ်ိဳးၾကရန္ တိုက္တြန္းႏႈိးေဆာ္ခဲ့သျဖင့္ ႏွစ္စဥ္ မိုးစပါးသာမက ေႏြ စပါးလည္း စိုက္ပ်ိဳးေအာင္ျမင္ခဲ့ေသာေၾကာင့္ ေတာင္သူမ်ားသည္ ႏွစ္စဥ္ ေႏြစပါး ပုိမိုစိုက္ပ်ိဳးရန္ စိတ္အား ထက္သန္ ေနလ်က္ရွိသည္။                
.
လက္ရွိအခ်ိန္တြင္ စိုက္ပ်ိဳးထား သည့္ စပါးပ်ိဳးခင္းမ်ားမွာ မိုးစပါးအ တြက္ ရည္ရြယ္ထားၿပီး က်ိဳင္းတုံၿမိဳ႕ နယ္မွ ဆည္ေရမရသည့္ ေက်းရြာ အုပ္စုမ်ားရွိ မိုးစပါးပ်ိဳးခင္း ဧက ၇ဝ ခန္႔မွာ ပ်က္စီးဆုံး႐ႈံးႏိုင္သည့္ ေဘး အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရသည္ဟု သိရသည္။
.
ကျိုင်းတုံတွင် စပါးပျိုးခင်းများ ပျက်စီးမည့် အန္တရာယ် ကြုံတွေ့နေရ
.
ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေး ရွာအချို့တွင် မိုးရွာသွန်းမှု မရှိသဖြင့် မိုးစပါးစိုက်ပျိုးရန်အတွက် ပျိုးထောင် စိုက်ပျိုးထားသည့်ပျိုးခင်းများ ပျက် စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင် ကြောင်း တောင်သူများထံမှ သိရ သည်။
.
ကျိုင်းတုံမြို့တွင် ပုံမှန်အားဖြင့် နှစ်စဉ် ဧပြီလနှင့် မေလတို့တွင် မိုး ရွာသွန်းလေ့ရှိသော်လည်း ယခုနှစ် ဧပြီလ သင်္ကြန်ရက်နောက်ပိုင်း၌ မိုး အနည်းငယ်သာ ရွာသွန်းခဲ့သဖြင့် မိုး စပါးစိုက်ပျိုးရန်အတွက် ပျိုးခင်းများ ကို စတင်စိုက်ပျိုးထားခဲ့ခြင်းဖြစ်ပြီး မေလအတွင်း မိုးရွာသွန်းမှု မရှိဘဲ နေ့အပူချိန်များ မြင့်တက်လာမှု ကြောင့် ပျိုးခင်းများ၌ ရေပြတ်လပ် ကာ စပါးပျိုးပင်များ ပျက်စီးမည့် အခြေအနေကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
.
''ခါတိုင်း နှစ်တွေဆိုရင် ဒီ လောက်မိုးမပြတ်ခဲ့ပါဘူး။ ဒီနှစ်မှာ စပါးပျိုးခင်းတွေ ပက်ကြားအက်တဲ့ထိ ရေပြတ်နေပါတယ်။ ဆည်ရေက လည်း မရတော့ စပါးပျိုးူခင်းတွေ သေသွားနိုင်ပါတယ်''ဟု ကျိုင်းတုံ မြို့နယ်နေ စပါးစိုက်တောင်သူတစ်ဦး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ပျိုးခင်းများ ရေခန်း ခြောက်မှုနှင့် ပတ်သက်၍ ကျိုင်းတုံ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းက ''နောက်ထပ် ၁ဝ ရက်လောက်သာ ဒီအတိုင်း မိုးမရွာခဲ့ဘူးဆိုရင် ခုလက် ရှိ ရေပြတ်နေတဲ့ စပါးပျိုးခင်းတွေ ပျက်စီးနိုင်ပါတယ်''ဟု သုံးသပ်ပြော ဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ်တွင် ၂ဝဝဝ ခုနှစ်ခန့်မှစတင်၍ နိုင်ငံတော်သမ္မတ ဟောင်းဖြစ်သော တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဦးသိန်းစိန်၏ လမ်းညွှန်မှုဖြင့် စပါးစိုက်တောင်သူများကို မိုးရာသီ တစ်သီးစား စနစ်မှ နွေစပါး စိုက်ပျိုးကြရန် တိုက်တွန်းနှိုးဆော်ခဲ့သဖြင့် နှစ်စဉ် မိုးစပါးသာမက နွေ စပါးလည်း စိုက်ပျိုးအောင်မြင်ခဲ့သောကြောင့် တောင်သူများသည် နှစ်စဉ် နွေစပါး ပိုမိုစိုက်ပျိုးရန် စိတ်အား ထက်သန် နေလျက်ရှိသည်။                 
.
လက်ရှိအချိန်တွင် စိုက်ပျိုးထား သည့် စပါးပျိုးခင်းများမှာ မိုးစပါးအ တွက် ရည်ရွယ်ထားပြီး ကျိုင်းတုံမြို့ နယ်မှ ဆည်ရေမရသည့် ကျေးရွာ အုပ်စုများရှိ မိုးစပါးပျိုးခင်း ဧက ရဝ ခန့်မှာ ပျက်စီးဆုံးရှုံးနိုင်သည့် ဘေး အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
.

No comments:

Post a Comment