မိုင္းယုမွ ေက်းလက္ေတာင္သူမ်ား မိုးမခမွ်စ္ခါး ရွာေဖြ တူးေဖာ္ေရာင္းခ်ျခင္းျဖင့္ မိသားစုဝင္ေငြ အဆင္ေျပေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 15, 2019

မိုင္းယုမွ ေက်းလက္ေတာင္သူမ်ား မိုးမခမွ်စ္ခါး ရွာေဖြ တူးေဖာ္ေရာင္းခ်ျခင္းျဖင့္ မိသားစုဝင္ေငြ အဆင္ေျပေန


ကိုကိုႏုိင္ (မိုင္းယု)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီ လိတ္ခ႐ိုင္၊ မိုင္းယုၿမိဳ႕တြင္ မိုးမခမွ်စ္ခါး မ်ားကို ျပည္သူမ်ား ႀကိဳက္ႏွစ္သက္ ေသာေၾကာင့္ စားသံုးမႈမ်ားျပားလာ ေနသည့္အတြက္ မိုးမခမွ်စ္ခါး ရွာေဖြ တူးေဖာ္ေရာင္းခ်ေနသည့္ ေက်းလက္ ေတာင္သူမ်ားမွာ မိသားစု အပိုဝင္ေငြ ရ၍ အဆင္ေျပလ်က္ရွိေၾကာင္း သိရ သည္။
.
.
ေဒသခံ တုိင္းရင္းသားတို႔၏ ေဒသအစားအစာမ်ားအနက္ မိုးမခမွ်စ္ ခါးသည္ တစ္ႏွစ္မွတစ္ခါတည္းသာ စားခြင့္ရေသာ သဘာဝအေလွ်ာက္ အေလ့က် ေပါက္ေရာက္သည့္ အပင္ တစ္မိ်ဳး ျဖစ္သည္။ ေႏွာင္းတန္ခူးလ တြင္ ေျမႀကီးအတြင္း၌ ကိန္းေအာင္း ေနကာ မိုးေရမထိေတြ႕ေသးလည္း မွ်စ္ခါးကို စတင္တူးယူၾကရၿပီး တန္ ခူးလ ေႏွာင္းပိုင္းႏွင့္ ကဆုန္လဆန္း ကာလအၾကား သႀကၤန္မိုး က်ၿပီး ေနာက္ မွ်စ္အစို႕ စတင္ ထြက္ရွိလာ ကာ တူးယူစားသံုးၾကျခင္း ျဖစ္သည္။
.
ယင္းကဲ့သို႔ မွ်စ္အစို႔ စတင္ထြက္ ေပၚလာခ်ိန္၌ တူးယူျခင္းသည္ အခါး ဓာတ္ကင္းမဲ့ေနၿပီး ခ်ိဳၿမိန္ေသာ မိုးမ ခမွ်စ္ခါး အရသာကို ရရွိေစကာ မိုး ေရထိေတြ႕သြားပါက အခ်ိဳအျဖစ္မွအ ခါးအျဖစ္သို႔ သဘာဝအေလ်ာက္ ေျပာင္းလဲသြားေသာေၾကာင့္ ''မွ်စ္ ခါး'' ဟု ေခၚေဝၚရျခင္းျဖစ္ေၾကာင္း သိရသည္။
.
သႀကၤန္မိုးက်ၿပီးေနာက္ ေျမေပၚ သို႔ အစို႕စတင္ထြက္ေပၚလာခ်ိန္၌ပင္ ေဒသခံ တုိင္းရင္းသားမ်ားက အုပ္စု လိုက္ေသာ္လည္းေကာင္း၊ တစ္ဦး တစ္ေယာက္တည္း ေသာ္လည္း ေကာင္း၊ မွ်စ္ခါးပင္ရွိရာ ေဝးလံသည့္ ေတာေတာင္ လွ်ိဳေျမာင္မ်ားသို႔ သြား ေရာက္၍ တူးေဖာ္ေလ့ရွိၾကေၾကာင္း သိရသည္။
.
ယင္းမွ်စ္ခါးပင္ကို ေျမအနက္ တစ္ေပနီးပါးအထိ ဆက္လက္တူးယူ မွသာလွ်င္ ခ်ိဳၿမိန္ေသာ မိုးမခမွ်စ္ခါး အား ရရွိၿပီး အဆုိပါ မွ်စ္ခါးမ်ားကို တစ္ေန႔တာ တူးယူလွ်င္ ေဘးလြယ္ အိတ္တစ္လံုးခန႔္ တူးေဖာ္ရရွိပါ ေၾကာင္း မွ်စ္ခါးရွာေဖြ တူးေဖာ္ေရာင္း ခ်သူမ်ားထံမွ သိရသည္။
.
ထိုသို႔ တူးေဖာ္ရရွိလာေသာ မိုး မခမွ်စ္ခါးအား မီးဖုတ္၍ျဖစ္ေစ၊ ျပဳတ္၍ ျဖစ္ေစ၊ တို႕စရာ ဟင္းလ်ာ အျဖစ္ လည္းေကာင္း၊ ေၾကာ္ ခ်က္၍ လည္းေကာင္း အမ်ိဳးမ်ိဳး ခ်က္ျပဳတ္ကာ ၿမိန္ယွက္ေသာ ဟင္း လ်က္တစ္ခြက္အျဖစ္ စားသံုးျခင္း ျဖစ္ေၾကာင္း သိရသည္။
.
ေစ်းကြက္အတြင္း ေရာင္းခ်ရာ တြင္ မိုးမခမွ်စ္ခါး ၅ ေခ်ာင္းမွ ၆ ေခ်ာင္း ပါဝင္ေသာ အစီးတစ္စီးလွ်င္ က်ပ္ေငြ ၁ဝဝဝ မွ ၂ဝဝဝ က်ပ္၊ ၃ စီးလွ်င္ က်ပ္ ၅ဝဝဝ က်ပ္အထိ ေစ်း ရရွိေၾကာင္း သိရသည္။
.
မိုင်းယုမှ ကျေးလက်တောင်သူများ မိုးမခမျှစ်ခါး ရှာဖွေ တူးဖော်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ အဆင်ပြေနေ
.
ကိုကိုနိုင် (မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်ခရိုင်၊ မိုင်းယုမြို့တွင် မိုးမခမျှစ်ခါး များကို ပြည်သူများ ကြိုက်နှစ်သက် သောကြောင့် စားသုံးမှုများပြားလာ နေသည့်အတွက် မိုးမခမျှစ်ခါး ရှာဖွေ တူးဖော်ရောင်းချနေသည့် ကျေးလက် တောင်သူများမှာ မိသားစု အပိုဝင်ငွေ ရ၍ အဆင်ပြေလျက်ရှိကြောင်း သိရ သည်။
.
ဒေသခံ တိုင်းရင်းသားတို့၏ ဒေသအစားအစာများအနက် မိုးမခမျှစ် ခါးသည် တစ်နှစ်မှတစ်ခါတည်းသာ စားခွင့်ရသော သဘာဝအလျှောက် အလေ့ကျ ပေါက်ရောက်သည့် အပင် တစ်မျိုး ဖြစ်သည်။ နှောင်းတန်ခူးလ တွင် မြေကြီးအတွင်း၌ ကိန်းအောင်း နေကာ မိုးရေမထိတွေ့သေးလည်း မျှစ်ခါးကို စတင်တူးယူကြရပြီး တန် ခူးလ နှောင်းပိုင်းနှင့် ကဆုန်လဆန်း ကာလအကြား သင်္ကြန်မိုး ကျပြီး နောက် မျှစ်အစို့ စတင် ထွက်ရှိလာ ကာ တူးယူစားသုံးကြခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ မျှစ်အစို့ စတင်ထွက် ပေါ်လာချိန်၌ တူးယူခြင်းသည် အခါး ဓာတ်ကင်းမဲ့နေပြီး ချိုမြိန်သော မိုးမ ခမျှစ်ခါး အရသာကို ရရှိစေကာ မိုး ရေထိတွေ့သွားပါက အချိုအဖြစ်မှအ ခါးအဖြစ်သို့ သဘာဝအလျောက် ပြောင်းလဲသွားသောကြောင့် ''မျှစ် ခါး'' ဟု ခေါ်ဝေါ်ရခြင်းဖြစ်ကြောင်း သိရသည်။
.
သင်္ကြန်မိုးကျပြီးနောက် မြေပေါ် သို့ အစို့စတင်ထွက်ပေါ်လာချိန်၌ပင် ဒေသခံ တိုင်းရင်းသားများက အုပ်စု လိုက်သော်လည်းကောင်း၊ တစ်ဦး တစ်ယောက်တည်း သော်လည်း ကောင်း၊ မျှစ်ခါးပင်ရှိရာ ဝေးလံသည့် တောတောင် လျှိုမြောင်များသို့ သွား ရောက်၍ တူးဖော်လေ့ရှိကြကြောင်း သိရသည်။
.
ယင်းမျှစ်ခါးပင်ကို မြေအနက် တစ်ပေနီးပါးအထိ ဆက်လက်တူးယူ မှသာလျှင် ချိုမြိန်သော မိုးမခမျှစ်ခါး အား ရရှိပြီး အဆိုပါ မျှစ်ခါးများကို တစ်နေ့တာ တူးယူလျှင် ဘေးလွယ် အိတ်တစ်လုံးခန့် တူးဖော်ရရှိပါ ကြောင်း မျှစ်ခါးရှာဖွေ တူးဖော်ရောင်း ချသူများထံမှ သိရသည်။
.
ထိုသို့ တူးဖော်ရရှိလာသော မိုး မခမျှစ်ခါးအား မီးဖုတ်၍ဖြစ်စေ၊ ပြုတ်၍ ဖြစ်စေ၊ တို့စရာ ဟင်းလျာ အဖြစ် လည်းကောင်း၊ ကြော် ချက်၍ လည်းကောင်း အမျိုးမျိုး ချက်ပြုတ်ကာ မြိန်ယှက်သော ဟင်း လျက်တစ်ခွက်အဖြစ် စားသုံးခြင်း ဖြစ်ကြောင်း သိရသည်။
.
စျေးကွက်အတွင်း ရောင်းချရာ တွင် မိုးမခမျှစ်ခါး ၅ ချောင်းမှ ၆ ချောင်း ပါဝင်သော အစီးတစ်စီးလျှင် ကျပ်ငွေ ၁ဝဝဝ မှ ၂ဝဝဝ ကျပ်၊ ၃ စီးလျှင် ကျပ် ၅ဝဝဝ ကျပ်အထိ စျေး ရရှိကြောင်း သိရသည်။
.

No comments:

Post a Comment