အင္းေလးေဒသတြင္ တည္ေဆာက္မည့္ ဟိုတယ္အား ေဒသခံျပည္သူမ်ားႏွင့္ ေက်လည္မႈ ရရွိမွသာလွ်င္ တည္ေဆာက္ခြင့္ ျပဳမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 18, 2019

အင္းေလးေဒသတြင္ တည္ေဆာက္မည့္ ဟိုတယ္အား ေဒသခံျပည္သူမ်ားႏွင့္ ေက်လည္မႈ ရရွိမွသာလွ်င္ တည္ေဆာက္ခြင့္ ျပဳမည္


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေရႊၿမိဳ႕နယ္၊ မိုင္းေသာက္ေက်း ရြာအတြင္းရွိ ေျမဧက ၉ဝ ေပၚတြင္ ဟိုတယ္ တည္ေဆာက္မည့္ကိစၥႏွင့္ ပတ္သက္၍ ေဒသခံျပည္သူမ်ားႏွင့္ သေဘာတူညီခြင့္ျပဳခ်က္ ရရွိမွသာ လွ်င္ တည္ေဆာက္ခြင့္ျပဳမည္ျဖစ္ ေၾကာင္း သိရသည္။
.
.
Myanmar Naing Group ကုမၸဏီမွ အဆိုပါ ေျမေနရာတြင္ ဟို တယ္တည္ေဆာက္မည့္အေပၚ ၿပီးခဲ့ သည့္ ၂ဝ၁၈ ခုႏွစ္၊ ဇူလိုင္လအတြင္း က ေဒသခံျပည္သူ ၄ဝဝဝ ေက်ာ္ လက္မွတ္ေရးထိုး၍ သက္ဆိုင္ရာဌာနမ်ားသို႔ ကန္႔ကြက္စာ ေရးသားေပးပို႔ ခဲ့ဖူးေၾကာင္း သိရသည္။
.
ေဒသခံမ်ားႏွင့္ ကုမၸဏီအၾကား သေဘာတူညီမႈ ရရွိမွသာလွ်င္ တည္ေဆာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ရွမ္း ျပည္နယ္သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းကာကြယ္ ေရးႏွင့္ လွ်ပ္စစ္ေရးရာ ေကာ္မတီ  ဥကၠဌ ဦးခိုင္ညီညီေက်ာ္မွ ကေမၻာဇ တိုင္းသို႔ ေျပာၾကားခဲ့သည္။
.
''အဲဒီသၾကားစက္ကြင္းက ဧက ၉ဝ ရွိတယ္။ အဲဒီေျမကို အရင္တုန္း က သစ္ေတာဝန္ႀကီးဌာနကေန Myanmar Naing Group ကို ေပးထားတယ္။ ေပးတုန္းကေတာ့ ဟို တယ္မေဆာက္ဘဲနဲ႔ အခုေနာက္ပိုင္း က်မွ ဟိုတယ္ေဆာက္မယ္ဆိုၿပီး အစိုးရဆီ စာတင္လာတာ။ အဲဒီမွာ ေဒ သခံေတြက ကန္႔ကြက္ၾကတာေပါ့။ အဲဒီေျမကို ေလ့လာၾကည့္မယ္ဆိုရင္ ေတာ့ သစ္ေတာကေန ပယ္ဖ်က္ၿပီး ဟိုတယ္ေဆာက္ခြင့္တန္းမရဘူး။ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းျဖစ္ေနတဲ့အတြက္ ေျမစာရင္းဦးစီးဌာနရဲ႕ စီ မံခန္႔ခြဲပိုင္ခြင့္ေအာက္ကို ေရာက္သြား တာေပါ့။ အဲဒီေျမကို ေျမလြတ္၊ ေျမ လပ္၊ ေျမ႐ိုင္းအသုံးခ်ခြင့္ ျပန္ေလွ်ာက္ ရမွာပါ။ အရင္အစိုးရအဆက္ဆက္ လက္ထက္တုန္းက သစ္ေတာဧရိယာ ကေန ပယ္ဖ်က္ၿပီးေတာ့မွ ၾပေည-ာေမ ၿေငညါ ြမသကစ ကို ေပးလိုက္တဲ့ သေဘာပါ။ အဲဒါက ဥပေဒနဲ႔မညီ ၫြတ္ဘူး။ ျပည္ေထာင္စုဟိုတယ္ခရီး ဝန္ႀကီးကလည္း ဟိုတယ္ေဆာက္ခြင့္ သူတို႔ိဆီမွာ တင္ျပ ထားတာ မရွိဘူးဆိုၿပီးေတာ့ စာထြက္လာတယ္။ ကြၽန္ေတာ္တို႔ ေကာ္မတီကေန ကြင္းဆင္းစစ္တဲ့အခါမွာ ေဒသခံျပည္သူ လူထုေရာ၊ နယ္ေျမခံလႊတ္ေတာ္ ကိုယ္စားလွယ္ေတြကပါ ဒါကိုလက္ မခံၾကဘူး။ အဲဒါေၾကာင့္ ခြင့္မျပဳသင့္ ပါဘူးဆိုၿပီးေတာ့ လႊတ္ေတာ္ဥကၠဌက  ျပည္နယ္အစိုးရကို တင္ျပထားပါ တယ္''ဟု ဦးခိုင္ညီညီေက်ာ္က ေျပာသည္။
.
အဆိုပါ ေျမေနရာတြင္ ဟိုတယ္ တည္ေဆာက္မည့္ ကိစၥႏွင့္ပတ္သက္ ၍ ေဒသခံျပည္သူမ်ားမွ သက္ဆိုင္ ရာ ဌာနအသီးသီးသို႔ လက္မွတ္ေရး ထိုးကန္႔ကြက္စာမ်ား ေပးပို႔ခဲ့ရာ သစ္ ေတာဦးစီးဌာန၊ ဟိုတယ္ႏွင့္ ခရီး သြားလာေရး ဦးစီးဌာန၊ ခ႐ိုင္စီမံခန္႔ ခြဲမႈေကာ္မတီ အစရွိသည့္ သက္ဆိုင္ ရာ ဌာနမ်ားမွ ကြင္းဆင္းစိစစ္ၿပီး ေနာက္ အစိုးရကို ျပန္လည္တင္ျပ ရာတြင္ ယင္းေနရာသည္ အင္းေလး ကန္၏ ဇီဝအဝန္းအဝိုင္းနယ္ေျမျဖစ္ ၿပီး မျဖစ္မေန ထိန္းသိမ္းရမည့္ ေန ရာတစ္ခုလည္းျဖစ္ေၾကာင္းႏွင့္ ယင္း ေနရာကို ဟိုတယ္တည္ေဆာက္ခြင့္ ေပးလိုက္ျခင္းအားျဖင့္ ေညာင္ေရႊရွိ ျပည္သူလူထုႏွင့္ ဟိုတယ္အၾကား၌ မလိုလားအပ္သည့္ အခ်င္းမ်ားမႈ မ်ားစြာေပၚေပါက္လာႏိုင္ေၾကာင္း တင္ျပခဲ့ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ မွ ေဒသခံျပည္သူမ်ားႏွင့္ သေဘာတူ ညီမႈရရွိမွသာလွ်င္ တည္ေဆာက္ခြင့္ ျပဳမည္ဟု အေၾကာင္းၾကားစာ ထုတ္ ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
''ဒီဧက ၉ဝ လုံးကို သဘာဝအတိုင္း ထိန္းသိမ္းထားတဲ့ ေနရာျဖစ္ တဲ့အတြက္ ဘယ္အေဆာက္အဦမွ လာေဆာက္တာ ဘယ္လုပ္ငန္းမွလာ လုပ္တာကို လက္ခံသြားမွာမဟုတ္ပါဘူး။ သူတို႔ေျပာတာက ျပတ္သားမႈ ေတာ့ မရွိေသးဘူး။ ကြၽန္မတို႔ေတာင္း ဆိုထားတာက သဘာဝအတိုင္းပဲ ဆက္လက္ထားရွိဖို႔နဲ႔ ဒီေနရာ ကို ေဘးမဲ့ဧရိယာကေန ပယ္ဖ်က္ထား တာကို ျပန္လည္သတ္မွတ္ေပးဖို႔ ေတာင္းဆိုထားတယ္။ အဲဒီေတာင္း ဆိုခ်က္က ဘာမွပါမလာေသးဘူး။ အဲဒါေၾကာင့္ သူတို႔ထုတ္ျပန္ခ်က္က ၅ဝ ရာခိုင္ႏႈန္းေလာက္ ကြၽန္မတို႔႔အ တြက္ ေအာင္ျမင္တယ္လို႔ ေျပာလို႔ ရေပမယ့္ က်န္တဲ့ ၅ဝ ကေတာ့ မ ျပည့္စုံေသးဘူးလို႔ ေျပာလို႔ရတယ္'' ဟု ECC Network မွ မခင္စိုးက ေျပာသည္။
,
အဆိုပါ ေျမေနရာအား ေျမ လြတ္ေျမ႐ိုင္းအျဖစ္ ၂ဝ၁၁ ခုႏွစ္၊ မတ္လတြင္ သဘာဝေဘးမဲ့ေတာ ဧရိယာမွ ပယ္ဖ်က္ေပးခဲ့ၿပီးေနာက္ ဟိုတယ္တည္ေဆာက္ပါက အင္းေလးကန္သဘာဝပတ္ဝန္းက်င္ ပ်က္ စီးမည္ကို စိုးရိမ္သည့္အတြက္ ေဒသ ခံမ်ားက ကန္႔ကြက္ၾကျခင္းျဖစ္ ေၾကာင္း သိရသည္။
.
အင္းေလးကန္သည္ ယူနက္စကို အသိအမွတ္ျပဳ ကမၻာ့ဇီဝဝန္းက်င္အ ေမြအႏွစ္တစ္ခုျဖစ္ၿပီး အာဆီယံ အေမြအႏွစ္ဥယ်ာဥ္ႏွင့္ ေတာ႐ိုင္း တိ ရစၧာန္ေဘးမဲ့ေတာအျဖစ္ ၂ဝ၁၄ ခုႏွစ္မွ စတင္ၿပီး သတ္မွတ္ထားသည့္ ေနရာတစ္ခုျဖစ္ေၾကာင္း သိရသည္။
.
အင်းလေးဒေသတွင် တည်ဆောက်မည့် ဟိုတယ်အား ဒေသခံပြည်သူများနှင့် ကျေလည်မှု ရရှိမှသာလျှင် တည်ဆောက်ခွင့် ပြုမည်
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေး ရွာအတွင်းရှိ မြေဧက ၉ဝ ပေါ်တွင် ဟိုတယ် တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ ဒေသခံပြည်သူများနှင့် သဘောတူညီခွင့်ပြုချက် ရရှိမှသာ လျှင် တည်ဆောက်ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။
.
Myanmar Naing Group ကုမ္ပဏီမှ အဆိုပါ မြေနေရာတွင် ဟို တယ်တည်ဆောက်မည့်အပေါ် ပြီးခဲ့ သည့် ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လအတွင်း က ဒေသခံပြည်သူ ၄ဝဝဝ ကျော် လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာဌာနများသို့ ကန့်ကွက်စာ ရေးသားပေးပို့ ခဲ့ဖူးကြောင်း သိရသည်။
.
ဒေသခံများနှင့် ကုမ္ပဏီအကြား သဘောတူညီမှု ရရှိမှသာလျှင် တည်ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် ရေးနှင့် လျှပ်စစ်ရေးရာ ကော်မတီ  ဥက္ကဌ ဦးခိုင်ညီညီကျော်မှ ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
.
''အဲဒီသကြားစက်ကွင်းက ဧက ၉ဝ ရှိတယ်။ အဲဒီမြေကို အရင်တုန်း က သစ်တောဝန်ကြီးဌာနကနေ Myanmar Naing Group ကို ပေးထားတယ်။ ပေးတုန်းကတော့ ဟို တယ်မဆောက်ဘဲနဲ့ အခုနောက်ပိုင်း ကျမှ ဟိုတယ်ဆောက်မယ်ဆိုပြီး အစိုးရဆီ စာတင်လာတာ။ အဲဒီမှာ ဒေ သခံတွေက ကန့်ကွက်ကြတာပေါ့။ အဲဒီမြေကို လေ့လာကြည့်မယ်ဆိုရင် တော့ သစ်တောကနေ ပယ်ဖျက်ပြီး ဟိုတယ်ဆောက်ခွင့်တန်းမရဘူး။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဖြစ်နေတဲ့အတွက် မြေစာရင်းဦးစီးဌာနရဲ့ စီ မံခန့်ခွဲပိုင်ခွင့်အောက်ကို ရောက်သွား တာပေါ့။ အဲဒီမြေကို မြေလွတ်၊ မြေ လပ်၊ မြေရိုင်းအသုံးချခွင့် ပြန်လျှောက် ရမှာပါ။ အရင်အစိုးရအဆက်ဆက် လက်ထက်တုန်းက သစ်တောဧရိယာ ကနေ ပယ်ဖျက်ပြီးတော့မှ ပြညေ-ာမေ ြငေညါ ွမသကစ ကို ပေးလိုက်တဲ့ သဘောပါ။ အဲဒါက ဥပဒေနဲ့မညီ ညွတ်ဘူး။ ပြည်ထောင်စုဟိုတယ်ခရီး ဝန်ကြီးကလည်း ဟိုတယ်ဆောက်ခွင့် သူတိို့ဆီမှာ တင်ပြ ထားတာ မရှိဘူးဆိုပြီးတော့ စာထွက်လာတယ်။ ကျွန်တော်တို့ ကော်မတီကနေ ကွင်းဆင်းစစ်တဲ့အခါမှာ ဒေသခံပြည်သူ လူထုရော၊ နယ်မြေခံလွှတ်တော် ကိုယ်စားလှယ်တွေကပါ ဒါကိုလက် မခံကြဘူး။ အဲဒါကြောင့် ခွင့်မပြုသင့် ပါဘူးဆိုပြီးတော့ လွှတ်တော်ဥက္ကဌက  ပြည်နယ်အစိုးရကို တင်ပြထားပါ တယ်''ဟု ဦးခိုင်ညီညီကျော်က ပြောသည်။
.
အဆိုပါ မြေနေရာတွင် ဟိုတယ် တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက် ၍ ဒေသခံပြည်သူများမှ သက်ဆိုင် ရာ ဌာနအသီးသီးသို့ လက်မှတ်ရေး ထိုးကန့်ကွက်စာများ ပေးပို့ခဲ့ရာ သစ် တောဦးစီးဌာန၊ ဟိုတယ်နှင့် ခရီး သွားလာရေး ဦးစီးဌာန၊ ခရိုင်စီမံခန့် ခွဲမှုကော်မတီ အစရှိသည့် သက်ဆိုင် ရာ ဌာနများမှ ကွင်းဆင်းစိစစ်ပြီး နောက် အစိုးရကို ပြန်လည်တင်ပြ ရာတွင် ယင်းနေရာသည် အင်းလေး ကန်၏ ဇီဝအဝန်းအဝိုင်းနယ်မြေဖြစ် ပြီး မဖြစ်မနေ ထိန်းသိမ်းရမည့် နေ ရာတစ်ခုလည်းဖြစ်ကြောင်းနှင့် ယင်း နေရာကို ဟိုတယ်တည်ဆောက်ခွင့် ပေးလိုက်ခြင်းအားဖြင့် ညောင်ရွှေရှိ ပြည်သူလူထုနှင့် ဟိုတယ်အကြား၌ မလိုလားအပ်သည့် အချင်းများမှု များစွာပေါ်ပေါက်လာနိုင်ကြောင်း တင်ပြခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ဒေသခံပြည်သူများနှင့် သဘောတူ ညီမှုရရှိမှသာလျှင် တည်ဆောက်ခွင့် ပြုမည်ဟု အကြောင်းကြားစာ ထုတ် ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
''ဒီဧက ၉ဝ လုံးကို သဘာဝအတိုင်း ထိန်းသိမ်းထားတဲ့ နေရာဖြစ် တဲ့အတွက် ဘယ်အဆောက်အဦမှ လာဆောက်တာ ဘယ်လုပ်ငန်းမှလာ လုပ်တာကို လက်ခံသွားမှာမဟုတ်ပါဘူး။ သူတို့ပြောတာက ပြတ်သားမှု တော့ မရှိသေးဘူး။ ကျွန်မတို့တောင်း ဆိုထားတာက သဘာဝအတိုင်းပဲ ဆက်လက်ထားရှိဖို့နဲ့ ဒီနေရာ ကို ဘေးမဲ့ဧရိယာကနေ ပယ်ဖျက်ထား တာကို ပြန်လည်သတ်မှတ်ပေးဖို့ တောင်းဆိုထားတယ်။ အဲဒီတောင်း ဆိုချက်က ဘာမှပါမလာသေးဘူး။ အဲဒါကြောင့် သူတို့ထုတ်ပြန်ချက်က ၅ဝ ရာခိုင်နှုန်းလောက် ကျွန်မတို့့အ တွက် အောင်မြင်တယ်လို့ ပြောလို့ ရပေမယ့် ကျန်တဲ့ ၅ဝ ကတော့ မ ပြည့်စုံသေးဘူးလို့ ပြောလို့ရတယ်'' ဟု ECC Network မှ မခင်စိုးက ပြောသည်။
,
အဆိုပါ မြေနေရာအား မြေ လွတ်မြေရိုင်းအဖြစ် ၂ဝ၁၁ ခုနှစ်၊ မတ်လတွင် သဘာဝဘေးမဲ့တော ဧရိယာမှ ပယ်ဖျက်ပေးခဲ့ပြီးနောက် ဟိုတယ်တည်ဆောက်ပါက အင်းလေးကန်သဘာဝပတ်ဝန်းကျင် ပျက် စီးမည်ကို စိုးရိမ်သည့်အတွက် ဒေသ ခံများက ကန့်ကွက်ကြခြင်းဖြစ် ကြောင်း သိရသည်။
.
အင်းလေးကန်သည် ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ဇီဝဝန်းကျင်အ မွေအနှစ်တစ်ခုဖြစ်ပြီး အာဆီယံ အမွေအနှစ်ဥယျာဉ်နှင့် တောရိုင်း တိ ရစ္ဆာန်ဘေးမဲ့တောအဖြစ် ၂ဝ၁၄ ခုနှစ်မှ စတင်ပြီး သတ်မှတ်ထားသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment