ေလျပင္းတိုက္ခတ္မႈေၾကာင့္ ဟဲဟိုးႏွင့္ ေနာင္တရားတြင္ အိမ္မ်ား အမိုးလန္ပ်က္စီးခဲ့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, May 21, 2019

ေလျပင္းတိုက္ခတ္မႈေၾကာင့္ ဟဲဟိုးႏွင့္ ေနာင္တရားတြင္ အိမ္မ်ား အမိုးလန္ပ်က္စီးခဲ့


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဟဲဟိုးႏွင့္ ေနာင္တရားၿမိဳ႕မ်ားတြင္ ေမလ ၂၁ ရက္က အိမ္မ်ား အမိုးလန္ပ်က္စီးခဲ့ၿပီး ပင္ေလာင္းတြင္ မိုးသီးေၾကြမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
.
ကေလာၿမိဳ႕နယ္၊ ဟဲဟိုးၿမိဳ႕တြင္ ေမလ ၂၀ ရက္၊ မြန္းလြဲပိုင္းက ေလျပင္းတိုက္ခတ္မႈေၾကာင့္  ရပ္ကြက္ (၁) တြင္ အိမ္ေျခ ၁၄ လံုးမွ အိမ္မိုးသြပ္ ၂၂၇ ခ်ပ္၊ ရပ္ကြက္ (၄) တြင္ အိမ္ေျခ ၁လံုးမွ သြပ္ ၂၄ ခ်ပ္၊  ရပ္ကြက္ (၅) တြင္ အိမ္ေျခ ၂၀ လံုးမွ သြပ္ ၅၈၄ ခ်ပ္၊ အုတ္တံတိုင္း ၅၅၀၀ ေပ၊ ၀ါး႐ံုပင္ ေက်းရြာရွိ အိမ္ေျခ ၁၀ လံုးမွ သြပ္ ၂၁၇ ခ်ပ္ ပ်က္စီးခဲ့ၿပီး စုစုေပါင္း ဆံုး႐ံႈးမႈတန္ဖိုး ၃၆၈၇၃၂၀ က်ပ္ရွိေၾကာင္း သိရသည္။
.
“လူထုအျမန္ဆံုး အဆင္ေျပေစဖို႔ စာရင္းေတြမက်န္ေစဖို႔ ေသခ်ာလုပ္ေဆာင္ၿပီး အထက္ကိုေပးပို႔ထားပါၿပီ။ လူထုကေတာ့ လတ္တေလာ ကိုယ့္အားကိုယ္ကိုး ျပန္ျပင္ေနၾကပါတယ္” ဟု ဟဲဟိုးၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေရခ်မ္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အလားတူ ပင္ေလာင္းၿမိဳ႕နယ္၊ ေနာင္တရားၿမိဳ႕တြင္ ေမလ ၂၀ ရက္ မြန္းလြဲပိုင္းက ေလျပင္းတိုက္ခတ္မႈေၾကာင့္ ရပ္ကြက္ (၁) မွ ေနအိမ္ ၃ လံုး၊ ရပ္ကြက္ (၃) မွ ေနအိမ္ ၂ လံုးႏွင့္ အမက မီေတာက္ေက်ာင္းအမိုး၊  သစ္ပင္မဲရြာမွ ေနအိမ္ ၆ လံုး၊ ပင္ခင္အဆေနာက္ရြာမွ ေနအိမ္ ၂ လံုး၊ ကပၸိဒိန္ရြာ၊ ေမႊျပင္အုပ္စုမွေနအိမ္ ၁ လံုး တို႔၏ အမိုးမ်ား ပ်က္စီးခဲ့ရ/ၿပီး ဆံုး႐ံႈးမႈတန္ဖိုး ၁၁၄၈၀၀၀ က်ပ္ရွိေၾကာင္း သိရသည္။
.
အလားတူ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္ေလာင္းၿမိဳ႕တြင္မူ ေလျပင္းတိုက္ခတ္မႈမရွိဘဲ မိုးသီးမ်ားသာ အက်မ်ားခဲ့ေၾကာင္း သိရွိရသည္။
.
လေပြင်းတိုက်ခတ်မှုကြောင့် ဟဲဟိုးနှင့် နောင်တရားတွင် အိမ်များ အမိုးလန်ပျက်စီးခဲ့
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးနှင့် နောင်တရားမြို့များတွင် မေလ ၂၁ ရက်က အိမ်များ အမိုးလန်ပျက်စီးခဲ့ပြီး ပင်လောင်းတွင် မိုးသီးကြွေမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် မေလ ၂၀ ရက်၊ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့်  ရပ်ကွက် (၁) တွင် အိမ်ခြေ ၁၄ လုံးမှ အိမ်မိုးသွပ် ၂၂၇ ချပ်၊ ရပ်ကွက် (၄) တွင် အိမ်ခြေ ၁လုံးမှ သွပ် ၂၄ ချပ်၊  ရပ်ကွက် (၅) တွင် အိမ်ခြေ ၂၀ လုံးမှ သွပ် ၅၈၄ ချပ်၊ အုတ်တံတိုင်း ၅၅၀၀ ပေ၊ ၀ါးရုံပင် ကျေးရွာရှိ အိမ်ခြေ ၁၀ လုံးမှ သွပ် ၂၁၇ ချပ် ပျက်စီးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ၃၆၈၇၃၂၀ ကျပ်ရှိကြောင်း သိရသည်။
.
“လူထုအမြန်ဆုံး အဆင်ပြေစေဖို့ စာရင်းတွေမကျန်စေဖို့ သေချာလုပ်ဆောင်ပြီး အထက်ကိုပေးပို့ထားပါပြီ။ လူထုကတော့ လတ်တလော ကိုယ့်အားကိုယ်ကိုး ပြန်ပြင်နေကြပါတယ်” ဟု ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ရေချမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အလားတူ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် မေလ ၂၀ ရက် မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် (၁) မှ နေအိမ် ၃ လုံး၊ ရပ်ကွက် (၃) မှ နေအိမ် ၂ လုံးနှင့် အမက မီတောက်ကျောင်းအမိုး၊  သစ်ပင်မဲရွာမှ နေအိမ် ၆ လုံး၊ ပင်ခင်အဆနောက်ရွာမှ နေအိမ် ၂ လုံး၊ ကပ္ပိဒိန်ရွာ၊ မွှေပြင်အုပ်စုမှနေအိမ် ၁ လုံး တို့၏ အမိုးများ ပျက်စီးခဲ့ရ/ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၁၄၈၀၀၀ ကျပ်ရှိကြောင်း သိရသည်။
.
အလားတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့တွင်မူ လေပြင်းတိုက်ခတ်မှုမရှိဘဲ မိုးသီးများသာ အကျများခဲ့ကြောင်း သိရှိရသည်။
.

No comments:

Post a Comment