မူးယစ္ေဆးျဖတ္စခန္း ဖြင့္လွစ္ႏုိင္ေရးအတြက္ ကေလာေဒသခံမ်ား ေတာင္းဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 1, 2019

မူးယစ္ေဆးျဖတ္စခန္း ဖြင့္လွစ္ႏုိင္ေရးအတြက္ ကေလာေဒသခံမ်ား ေတာင္းဆို


မင္းေဇာ္မင္း
.
One State, One Township အစီအစဥ္အရ အမိႈက္ႏွင့္ မူးယစ္ ေဆးဝါးကင္းစင္ေရးစီမံကိန္းတြင္ လူ ထုပါဝင္မႈ ျမင့္မားလာေစရန္အတြက္ တာဝန္ရွိသူမ်ားႏွင့္ ေဒသခံလူထုေတြ႕ ဆံုပြဲကို ဧၿပီလ ၂၂ ရက္၊ နံနက္ ပိုင္းက ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီးဌာနတြင္ ျပဳလုပ္ရာ အဆိုပါ ေတြ႕ဆံုပြဲတြင္ ေဒသခံလူထုမွ မူးယစ္ ေဆးျဖတ္စခန္း ဖြင့္လွစ္ေပးႏုိင္ရန္ အတြက္ ေတာင္းဆိုတင္ျပခဲ့ၾက ေၾကာင္း သိရသည္။
.
.
ထိုသို႔ ေတြ႕ဆံုရာတြင္ ကေလာၿမိဳ႕ နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ ေဒၚၿပံဳးေကသီႏုိင္၊ ကေလာၿမိဳ႕ နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးခင္မင္းႏွင့္ ေအာင္ပန္းၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕ နယ္အတြင္းရွိ ရပ္ကြက္/ေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ေဒသခံ လူထုမ်ား ၅ဝဝ ဦးခန္႔တက္ေရာက္ ခဲ့ၾကၿပီး ေတြ႕ဆံုပြဲတြင္ ကေလာၿမိဳ႕၊ အမွတ္ (၄) ရပ္ကြက္ေန ဦးကိုႀကီးမွ မူးယစ္ေဆးျဖတ္သူမ်ား အခက္အခဲ မျဖစ္ေစရန္အတြက္ ကေလာၿမိဳ႕နယ္ အတြင္း၌ မူးယစ္ေဆးျဖတ္စခန္းတစ္ ခု တည္ေဆာက္ေပးရန္ႏွင့္ မိဘမ်ား ပိုမိုပူးေပါင္းပါဝင္ လာေစေရးအတြက္ မူးယစ္ေဆးစြဲ လူငယ္မ်ားကို မွတ္ပံု တင္ေစျခင္းျဖင့္ ဖမ္းဆီးမႈ မရွိေစေရး လုပ္ေဆာင္ေပးသြားရန္ တင္ျပခဲ့ျခင္း ျဖစ္သည္။
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခံုၿမိဳ႕နယ္ရွိ မူးယစ္ေဆးျဖတ္စခန္းမွာ အေဆာက္အဦမ်ား ပ်က္စီးယိုယြင္း ေနၿပီျဖစ္ၿပီး လူထုမွ လိုလားသည့္ ေဆးျဖတ္စခန္း ဖြင့္လွစ္ႏိုင္ေရးႏွင့္ ျပန္လည္ထူေထာင္ေရး ကိစၥရပ္မ်ား အတြက္ သက္ဆိုင္ရာမ်ားမွ အကူ အညီ ရရွိေစေရးလုပ္ေဆာင္သြား ရန္ရွိေၾကာင္း ေတြ႕ဆံုပြဲသို႕ တက္ ေရာက္လာသည့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚၿပံဳးေကသီႏိုင္က ေျပာၾကားခဲ့သည္။
.
''အမိႈက္ကင္းစင္ေရးအတြက္က ေတာ့ တစ္ပတ္တစ္ႀကိမ္ အမိႈက္ ေကာက္ပညာေပးတာေတြ လုပ္ ေဆာင္ေနပါတယ္။ မူးယစ္ကင္းစင္ ေရးကေတာ့ မိဘျပည္သူေတြ ပူး ေပါင္းပါဝင္ၿပီး လုပ္ေဆာင္ႏုိင္မွသာ ရာႏႈန္းျပည့္ မဟုတ္ေတာင္ တိုးတက္ မႈတစ္စံုတစ္ရာ ရႏိုင္ပါလိမ့္မယ္''ဟု ကေလာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦး ခင္မင္းက ေျပာသည္။
.
အဆိုပါေတြ႕ဆံုပြဲတြင္ မူးယစ္ ေဆးဝါး ကင္းစင္ေရးေကာ္မတီ မ်ားကို ရပ္/ေက်းအဆင့္မွ ၿမိဳ႕၊ ၿမိဳ႕ နယ္အဆင့္အထိ ဖြဲ႕စည္းႏုိင္ခဲ့ၿပီး မူးယစ္ေဆးဝါးသံုးစြဲမႈ ပေပ်ာက္ေရး အတြက္ ရပ္ကြက္၊ ေက်းရြာမ်ားႏွင့္ အေျခခံပညာေက်ာင္းမ်ားတြင္ ပညာ ေပးျခင္း၊ လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝျခင္း၊ ပညာေပးဆုိင္းဘုတ္မ်ား စိုက္ထူျခင္းတို႔ကို ေဆာင္ရြက္သြား ရန္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရ သည္။
.
ထို႔အျပင္ ေဆးျဖတ္စခန္းႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား၊ အသက္ေမြးဝမ္းေက်ာင္း အတတ္ သင္ကိစၥရပ္မ်ား၊ ပညာေရးအ ေထာက္အပံ့ကိစၥရပ္မ်ားအတြက္ လည္း ေဆြးေႏြးခဲ့ၾကၿပီး မူးယစ္ ေဆးဝါး ေရာင္းဝယ္မႈမ်ားအတြက္ ျပည္သူအေျချပဳ သတင္းရယူမႈကို ယခုထက္ပိုမို လုပ္ေဆာင္သြားမည္ ျဖစ္ကာ ေဆးသံုးစြဲသူ လူငယ္မ်ား ကို မွတ္ပံုတင္ေစျခင္းျဖင့္ အေၾကာင္း ေၾကာင္းေၾကာင့္ ဖမ္းဆီးမိသည့္အခါ ဥပေဒအရ သတ္မွတ္ထားသည့္ မူး ယစ္ေဆးဝါး အတိုင္းအတာအရ အေရးယူသည္မွအပ သံုးစြဲမႈကို မ ဖမ္းဆီးဘဲ ေဆးျဖတ္စခန္းမ်ားသို႔ ပို႔လႊတ္ႏုိင္ေရးအတြက္ လုပ္ေဆာင္ သြားရန္ရွိေၾကာင္း ဦးခင္မင္းက ဆက္လက္ေျပာၾကားခဲ့သည္။
.
''အေျပာနဲ႔ မဟုတ္ဘဲ အလုပ္နဲ႔ သက္ေသျပဖို႔ေတာ့ လိုပါမယ္။ မူး ယစ္ေဆးဝါးအႏၱရာယ္က တစ္အိမ္ တစ္ေယာက္ေလာက္ ရွိရင္ကို ဒုကၡ မ်ားလွၿပီ။ ဒါေပမဲ့မိဘေတြကကိုယ့္ သားသမီး အဖမ္းခံရမွာ ဒုကၡေရာက္ မွာကို စိုးရိမ္ၾကေတာ့ မိဘေတြ ပူး ေပါင္းပါဝင္လာဖို႔က အဓိကျဖစ္ပါ တယ္။ ပထမအႀကိမ္ ေဆြးေႏြး၊ ဒုတိယအႀကိမ္၊ တတိယအႀကိမ္ ေဆြးေႏြးလို႔မွ မရရင္ ဥပေဒအရ ၿငိ စြန္းတာ ရွိေနမယ္ဆိုရင္ အေရးယူ မႈေတြ လုပ္ဖို႔လုိမယ္။ ဒါေတြကို မိဘ ေဆြမ်ိဳးေတြက သိထားၿပီး လက္ခံ လာဖို႔အေရးႀကီးတယ္''ဟု ေအာင္ ပန္းၿမိဳ႕၊ ရြာငံစုရပ္မွ ဦးျမင့္သန္းက ေျပာသည္။
.
ေတြ႕ဆံုပြဲသို႔ ၿမိဳ႕နယ္အဆင့္ ဥပေဒအရာရွိမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ၿပီး လူထုမွ သိရွိလို သည့္ ေမးျမန္းမႈမ်ားကို ျပန္လည္ေဆြး ေႏြးေျဖၾကားေပးခဲ့ေၾကာင္း သိရ သည္။
.
မူးယစ်ဆေးဖြတ်စခန်း ဖွင့်လှစ်နိုင်ရေးအတွက် ကလောဒေသခံများ တောင်းဆို
.
မင်းဇော်မင်း
.
One State, One Township အစီအစဉ်အရ အမှိုက်နှင့် မူးယစ် ဆေးဝါးကင်းစင်ရေးစီမံကိန်းတွင် လူ ထုပါဝင်မှု မြင့်မားလာစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံလူထုတွေ့ ဆုံပွဲကို ဧပြီလ ၂၂ ရက်၊ နံနက် ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတွင် ပြုလုပ်ရာ အဆိုပါ တွေ့ဆုံပွဲတွင် ဒေသခံလူထုမှ မူးယစ် ဆေးဖြတ်စခန်း ဖွင့်လှစ်ပေးနိုင်ရန် အတွက် တောင်းဆိုတင်ပြခဲ့ကြ ကြောင်း သိရသည်။
.
ထိုသို့ တွေ့ဆုံရာတွင် ကလောမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ပြုံးကေသီနိုင်၊ ကလောမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းနှင့် အောင်ပန်းမြို့ အုပ်ချုပ်ရေးမှူး၊ မြို့ နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ လူထုများ ၅ဝဝ ဦးခန့်တက်ရောက် ခဲ့ကြပြီး တွေ့ဆုံပွဲတွင် ကလောမြို့၊ အမှတ် (၄) ရပ်ကွက်နေ ဦးကိုကြီးမှ မူးယစ်ဆေးဖြတ်သူများ အခက်အခဲ မဖြစ်စေရန်အတွက် ကလောမြို့နယ် အတွင်း၌ မူးယစ်ဆေးဖြတ်စခန်းတစ် ခု တည်ဆောက်ပေးရန်နှင့် မိဘများ ပိုမိုပူးပေါင်းပါဝင် လာစေရေးအတွက် မူးယစ်ဆေးစွဲ လူငယ်များကို မှတ်ပုံ တင်စေခြင်းဖြင့် ဖမ်းဆီးမှု မရှိစေရေး လုပ်ဆောင်ပေးသွားရန် တင်ပြခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ မူးယစ်ဆေးဖြတ်စခန်းမှာ အဆောက်အဦများ ပျက်စီးယိုယွင်း နေပြီဖြစ်ပြီး လူထုမှ လိုလားသည့် ဆေးဖြတ်စခန်း ဖွင့်လှစ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ အတွက် သက်ဆိုင်ရာများမှ အကူ အညီ ရရှိစေရေးလုပ်ဆောင်သွား ရန်ရှိကြောင်း တွေ့ဆုံပွဲသို့ တက် ရောက်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောကြားခဲ့သည်။
.
''အမှိုက်ကင်းစင်ရေးအတွက်က တော့ တစ်ပတ်တစ်ကြိမ် အမှိုက် ကောက်ပညာပေးတာတွေ လုပ် ဆောင်နေပါတယ်။ မူးယစ်ကင်းစင် ရေးကတော့ မိဘပြည်သူတွေ ပူး ပေါင်းပါဝင်ပြီး လုပ်ဆောင်နိုင်မှသာ ရာနှုန်းပြည့် မဟုတ်တောင် တိုးတက် မှုတစ်စုံတစ်ရာ ရနိုင်ပါလိမ့်မယ်''ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦး ခင်မင်းက ပြောသည်။
.
အဆိုပါတွေ့ဆုံပွဲတွင် မူးယစ် ဆေးဝါး ကင်းစင်ရေးကော်မတီ များကို ရပ်/ကျေးအဆင့်မှ မြို့၊ မြို့ နယ်အဆင့်အထိ ဖွဲ့စည်းနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေး အတွက် ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် ပညာ ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းတို့ကို ဆောင်ရွက်သွား ရန် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
.
ထို့အပြင် ဆေးဖြတ်စခန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း အတတ် သင်ကိစ္စရပ်များ၊ ပညာရေးအ ထောက်အပံ့ကိစ္စရပ်များအတွက် လည်း ဆွေးနွေးခဲ့ကြပြီး မူးယစ် ဆေးဝါး ရောင်းဝယ်မှုများအတွက် ပြည်သူအခြေပြု သတင်းရယူမှုကို ယခုထက်ပိုမို လုပ်ဆောင်သွားမည် ဖြစ်ကာ ဆေးသုံးစွဲသူ လူငယ်များ ကို မှတ်ပုံတင်စေခြင်းဖြင့် အကြောင်း ကြောင်းကြောင့် ဖမ်းဆီးမိသည့်အခါ ဥပဒေအရ သတ်မှတ်ထားသည့် မူး ယစ်ဆေးဝါး အတိုင်းအတာအရ အရေးယူသည်မှအပ သုံးစွဲမှုကို မ ဖမ်းဆီးဘဲ ဆေးဖြတ်စခန်းများသို့ ပို့လွှတ်နိုင်ရေးအတွက် လုပ်ဆောင် သွားရန်ရှိကြောင်း ဦးခင်မင်းက ဆက်လက်ပြောကြားခဲ့သည်။
.
''အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့တော့ လိုပါမယ်။ မူး ယစ်ဆေးဝါးအန္တရာယ်က တစ်အိမ် တစ်ယောက်လောက် ရှိရင်ကို ဒုက္ခ များလှပြီ။ ဒါပေမဲ့မိဘတွေကကိုယ့် သားသမီး အဖမ်းခံရမှာ ဒုက္ခရောက် မှာကို စိုးရိမ်ကြတော့ မိဘတွေ ပူး ပေါင်းပါဝင်လာဖို့က အဓိကဖြစ်ပါ တယ်။ ပထမအကြိမ် ဆွေးနွေး၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ဆွေးနွေးလို့မှ မရရင် ဥပဒေအရ ငြိ စွန်းတာ ရှိနေမယ်ဆိုရင် အရေးယူ မှုတွေ လုပ်ဖို့လိုမယ်။ ဒါတွေကို မိဘ ဆွေမျိုးတွေက သိထားပြီး လက်ခံ လာဖို့အရေးကြီးတယ်''ဟု အောင် ပန်းမြို့၊ ရွာငံစုရပ်မှ ဦးမြင့်သန်းက ပြောသည်။
.
တွေ့ဆုံပွဲသို့ မြို့နယ်အဆင့် ဥပဒေအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး လူထုမှ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဆွေး နွေးဖြေကြားပေးခဲ့ကြောင်း သိရ သည်။
.

No comments:

Post a Comment