က်ိဳင္းတုံ ယန္းခမ္းကားကြင္းအတြင္းရွိ က်ဴးေက်ာ္ ေဆာက္လုပ္ထားသည့္ အေဆာက္အဦမ်ားအား ဖ်က္သိမ္းမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 18, 2019

က်ိဳင္းတုံ ယန္းခမ္းကားကြင္းအတြင္းရွိ က်ဴးေက်ာ္ ေဆာက္လုပ္ထားသည့္ အေဆာက္အဦမ်ားအား ဖ်က္သိမ္းမည္


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕နယ္အတြင္းရွိ ယန္းခမ္းအေဝး ေျပးယာဥ္ရပ္နားစခန္းေျမအတြင္း ေဆာက္လုပ္ထားသည့္ ဂိတ္အေဆာက္အဦမ်ားမွာ က်ိဳင္းတုံၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ ငွားရမ္း ထားျခင္းသာျဖစ္ၿပီး ယင္းအေဆာက္ အဦ၏ ေရွ႕ေနာက္တြင္ အခိုင္အမာ က်ဴးေက်ာ္ေဆာက္လုပ္ထားသည့္ အေဆာက္အဦမ်ား ရွိေနသျဖင့္ အၿပီးတိုင္ ဖ်က္သိမ္းေပးရန္ ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီႏွင့္ ဂိတ္တာဝန္ခံမ်ားမွ သေဘာတူဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။
.
.
''ဂိတ္အေဆာက္အဦေတြမွာ ေစ်းဆိုင္ဖြင့္ေရာင္းခ်ေနတာနဲ႔ အခိုင္အမာက်ဴးေက်ာ္ေဆာက္လုပ္ထား တာေတြကို ရွမ္းျပည္နယ္စည္ပင္သာ ယာေရးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔ သတ္မွတ္ထားတဲ့ စည္းကမ္းေတြအတိုင္းျဖစ္ေစဖို႔ အတြက္ ဂိတ္တာဝန္ခံ ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တာျဖစ္ပါ တယ္''ဟု က်ိဳင္းတုံၿမိဳ႕နယ္ စည္ပင္ သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးမ်ိဳးျမင့္ေအာင္က ေျပာသည္။
.
ယန္းခမ္းအေဝးေျပးကားဝင္း ေျမေနရာသည္ က်ိဳင္းတုံၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနပိုင္ ေျမေန ရာျဖစ္ၿပီး အေဝးေျပးေမာ္ေတာ္ယာဥ္ မ်ားအတြက္ အခန္း ၂၂ ခန္း ငွား ရမ္းထားေပးျခင္းျဖစ္ေၾကာင္း သိရသည္။
.
ယင္းကဲ့သို႔ ငွားရမ္းေပးထားသည့္ ယာဥ္လိုင္းအခ်ိဳ႕သည္ ေမာ္ ေတာ္ယာဥ္ လိုင္းဂိတ္အျဖစ္ အသုံးမ ျပဳဘဲ ေစ်းဆိုင္ခန္းအျဖစ္ ဖြင့္လွစ္ ေရာင္းခ်ေနလ်က္ရွိသည့္အျပင္ အခိုင္အမာ အေဆာက္အဦမ်ား က်ဴး ေက်ာ္ေဆာက္လုပ္၍လူေနအိပ္ခန္း၊ ဂိုေဒါင္ႏွင့္ မီးဖိုေဆာင္မ်ားအျဖစ္ အသုံးျပဳမႈမ်ားကို ေတြ႕ရွိရသည္ဟု က်ိဳင္းတုံၿမိဳ႕နယ္စည္ပင္သာယာေရး ဌာနမွ သိရသည္။
.
ယန္းခမ္းအေဝးေျပးယာဥ္လိုင္း ဂိတ္အတြင္း က်ဴးေက်ာ္ေဆာက္လုပ္ ထားသည့္ အေဆာက္အဦမ်ားႏွင့္ ပတ္သက္၍ က်ိဳင္းတုံၿမိဳ႕နယ္ ေမာ္ ေတာ္ယာဥ္လိုင္းေပါင္းစုံ ႀကီးၾကပ္ ထိန္းသိမ္းေရးေကာ္မတီ အတြင္းေရး မွဴး ဦးခင္ေမာင္တင့္က ''ကားဂိတ္ ေတြရဲ႕ေရွ႕မွ ေနေရာင္ကာဖို႔အတြက္ ဆန္းရွိတ္နဲ႔ သန္႔စင္ခန္း လုပ္တာ ေလာက္ေတာ့ ခြၽင္းခ်က္အေနနဲ႔ ခြင့္ ျပဳေပးသင့္ပါတယ္''ဟု ¤င္း၏ သ ေဘာထားအျမင္ကို ေျပာဆိုခဲ့သည္။
.
ေတြ႕ဆုံပြဲသို႔ တက္ေရာက္လာၾကသည့္ ေမာ္ေတာ္ယာဥ္လိုင္း ဂိတ္တာ ဝန္ခံမ်ားမွ က်ဴးေက်ာ္ေဆာက္လုပ္ ထားသည့္ အေဆာက္အဦမ်ားကို ေမလ ၂၃ ရက္တြင္ ေနာက္ဆုံးထား ၍ မိမိတို႔အစီအစဥ္ျဖင့္ ျပန္လည္ဖ်က္ သိမ္းေပးရန္ႏွင့္ ဂိတ္အေဆာက္အဦ မ်ားတြင္ ေစ်းေရာင္းခ်ျခင္း မျပဳရန္ သေဘာတူညီဆုံး ျဖတ္ခဲ့ၾကေၾကာင္း သိရသည္။
.
ကျိုင်းတုံ ယန်းခမ်းကားကွင်းအတွင်းရှိ  ကျူးကျော် ဆောက်လုပ်ထားသည့် အဆောက်အဦများအား ဖျက်သိမ်းမည်
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ယန်းခမ်းအဝေး ပြေးယာဉ်ရပ်နားစခန်းမြေအတွင်း ဆောက်လုပ်ထားသည့် ဂိတ်အဆောက်အဦများမှာ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ငှားရမ်း ထားခြင်းသာဖြစ်ပြီး ယင်းအဆောက် အဦ၏ ရှေ့နောက်တွင် အခိုင်အမာ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အဦများ ရှိနေသဖြင့် အပြီးတိုင် ဖျက်သိမ်းပေးရန် မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ဂိတ်တာဝန်ခံများမှ သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
.
''ဂိတ်အဆောက်အဦတွေမှာ စျေးဆိုင်ဖွင့်ရောင်းချနေတာနဲ့ အခိုင်အမာကျူးကျော်ဆောက်လုပ်ထား တာတွေကို ရှမ်းပြည်နယ်စည်ပင်သာ ယာရေးဌာနရဲ့ ညွှန်ကြားချက်နဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းဖြစ်စေဖို့ အတွက် ဂိတ်တာဝန်ခံ တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါ တယ်''ဟု ကျိုင်းတုံမြို့နယ် စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ပြောသည်။
.
ယန်းခမ်းအဝေးပြေးကားဝင်း မြေနေရာသည် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြေနေ ရာဖြစ်ပြီး အဝေးပြေးမော်တော်ယာဉ် များအတွက် အခန်း ၂၂ ခန်း ငှား ရမ်းထားပေးခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ငှားရမ်းပေးထားသည့် ယာဉ်လိုင်းအချို့သည် မော် တော်ယာဉ် လိုင်းဂိတ်အဖြစ် အသုံးမ ပြုဘဲ စျေးဆိုင်ခန်းအဖြစ် ဖွင့်လှစ် ရောင်းချနေလျက်ရှိသည့်အပြင် အခိုင်အမာ အဆောက်အဦများ ကျူး ကျော်ဆောက်လုပ်၍လူနေအိပ်ခန်း၊ ဂိုဒေါင်နှင့် မီးဖိုဆောင်များအဖြစ် အသုံးပြုမှုများကို တွေ့ရှိရသည်ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေး ဌာနမှ သိရသည်။
.
ယန်းခမ်းအဝေးပြေးယာဉ်လိုင်း ဂိတ်အတွင်း ကျူးကျော်ဆောက်လုပ် ထားသည့် အဆောက်အဦများနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ် မော် တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ် ထိန်းသိမ်းရေးကော်မတီ အတွင်းရေး မှူး ဦးခင်မောင်တင့်က ''ကားဂိတ် တွေရဲ့ရှေ့မှ နေရောင်ကာဖို့အတွက် ဆန်းရှိတ်နဲ့ သန့်စင်ခန်း လုပ်တာ လောက်တော့ ချွင်းချက်အနေနဲ့ ခွင့် ပြုပေးသင့်ပါတယ်''ဟု ¤င်း၏ သ ဘောထားအမြင်ကို ပြောဆိုခဲ့သည်။
.
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မော်တော်ယာဉ်လိုင်း ဂိတ်တာ ဝန်ခံများမှ ကျူးကျော်ဆောက်လုပ် ထားသည့် အဆောက်အဦများကို မေလ ၂၃ ရက်တွင် နောက်ဆုံးထား ၍ မိမိတို့အစီအစဉ်ဖြင့် ပြန်လည်ဖျက် သိမ်းပေးရန်နှင့် ဂိတ်အဆောက်အဦ များတွင် စျေးရောင်းချခြင်း မပြုရန် သဘောတူညီဆုံး ဖြတ်ခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment