မိုင္းတံုတြင္ လိုင္စင္သက္တမ္းတိုးႏွင့္ ေမွ်ာစာမပါဘဲ ေရာက္ရွိေနသည့္ သစ္ဆြဲဆင္မ်ားအား သစ္ေတာဥပေဒသစ္အရ ဖမ္းဆီးအေရးယူ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 16, 2019

မိုင္းတံုတြင္ လိုင္စင္သက္တမ္းတိုးႏွင့္ ေမွ်ာစာမပါဘဲ ေရာက္ရွိေနသည့္ သစ္ဆြဲဆင္မ်ားအား သစ္ေတာဥပေဒသစ္အရ ဖမ္းဆီးအေရးယူ


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မုိင္းတံုၿမိဳ႕နယ္တြင္ ေမလ ၁၅ ရက္၊ နံနက္ပိုင္းက လိုင္စင္သက္တမ္းမတိုး ေမွ်ာစာ မပါဘဲ ေရာက္ရွိေနသည့္ လိုင္စင္ရွိသစ္ဆြဲဆင္မ်ားအား သစ္ေတာဥပေဒအရ ဖမ္းဆီးအေရးယူေဆာင္ရြက္ ခဲ့ေၾကာင္း မိုင္းတံုၿမိဳ႕မရဲစခန္းမွသိရွိရသည္။
.
.
မိုင္းတံုၿမိဳ႕နယ္၊ လြယ္္ပြတ္ႀကိဳး၀ိုင္းအတြင္းရွိ သစ္ဆြဲဆင္ ၃ ေကာင္အား  လိုင္စင္သက္တမ္းတိုးေဆာင္ရြက္ျခင္းရွိမရွိ မိုင္းတံုၿမိဳ႕နယ္သစ္ေတာဦးစီးဌာန၀န္ထမ္းမ်ားက သြားေရာက္စစ္ေဆးရာမွ လိုင္စင္သက္တမ္းတိုးထားျခင္းမရွိသလို သယ္ယူစဥ္ကလည္း တရား၀င္ေမွ်ာစာရယူခဲ့ျခင္းမရွိသည္ကို စစ္ေဆးေတြ႕ရွိရသျဖင့္ ၂၀၀၈ ခုႏွစ္၊ သစ္ေတာဥပေဒ အရ အေရးယူေဆာင္ရြက္ရျခင္းျဖစ္ေၾကာင္း မိုင္းတံုၿမိဳ႕နယ္သစ္ေတာဦးစီးဌာန ဦးစီးအရာရွိ ဦးဖိုးခ်ိဳက ထံမွ သိရသည္။
.
“အရင္ ၁၉၉၂ ဥပေဒကဆိုရင္ေတာ့ သစ္ေတာကပဲ ဒဏ္႐ိုက္ၿပီး လိုင္စင္သက္တမ္းတိုးေပးလို႔ရတယ္။ ၂၀၀၈ က်ေတာ့ ရဲတပ္ဖြဲ႕မွာ အမႈဖြင့္ အေရးယူ ဒဏ္ေငြေဆာင္ၿပီးမွ လုိင္စင္ထုတ္ေပးလို႔ ရတာျဖစ္လို႔ ရဲစခန္းမွာ အမႈဖြင့္ရတာပါ” ဟု ဦးဖိုးခ်ိဳက ေျပာသည္။
.
အဆိုပါဆင္မ်ားမွာ ၂၀၁၃ ခုႏွစ္ ကတည္းက ဝင္းကုေဋ၊ တင္ျမင့္ရီစသည့္ ပုဂၢလိက သစ္ထုတ္လုပ္မႈကုမၸဏီမ်ားမွ ရွမ္းျပည္နယ္အစိုးရ၏အစီအစဥ္ျဖင့္ အငွားဆြဲရန္အတြက္ ေတာင္ငူ၊ မိုးေကာင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္မွ သယ္ေဆာင္လာျခင္းျဖစ္ၿပီး  ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္က မိုင္းတံုၿမိဳ႕၏ေျမာက္ဘက္ လြယ္ပြတ္ ႀကိဳး၀ိုင္းအတြင္းေရာက္ရွိေနသည့္ ဆင္မ်ားသက္တမ္းတိုးရန္သြားေရာက္စစ္ေဆးရာတြင္ သက္ဆိုင္ရာသစ္ေတာ ညႊန္ၾကားေရးမွဴး၏ ခြင့္ျပဳခ်က္ေမွ်ာစာမပါရွိဘဲ သယ္ေဆာင္လာခဲ့ ေၾကာင္းစစ္ေဆးေတြ႕ရွိသလို ဆင္မွတ္ပံုတင္ လုိင္စင္ သက္တမ္းမွာလည္း ကုန္ဆံုးေနသည္ကို စစ္ေဆးေတြ႕ရွိရသျဖင့္ ဌာနဆိုင္ရာလုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ အထက္ဌာနသို႕တင္ျပခဲ့ရာ ၂၀၀၈ ခုႏွစ္၊ သစ္ေတာဥပေဒအသစ္ျဖင့္ အေရးယူရန္ ညႊန္ၾကားခ်က္အရ အမႈဖြင့္လွစ္ ရျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။
.
 အမွဳဖြင့္ခံရသည့္ ဆင္ႏွင့္ ပိုင္ရွင္မ်ားမွာ ဆင္(အမ)ထုိက္ထိုက္စိန္၊ ပိုင္ရွင္ ဦးေစာသဲ၀ါး(၄၉)ႏွစ္၊ ေဟာင္လီ ေက်းရြာ၊ ဖယ္ခ်ယ္ေက်းရြာအုပ္စု၊ မုိင္းတံုၿမိဳ႕၊ ဆင္(ထီး) ေနာ္ဂ်ာ၊ ပိုင္ရွင္ ဦးေန႐ူး(၅၁)ႏွစ္၊ ဥယ်ဥ္ၿခံ၊ ၂၀ ရပ္ကြက္၊
သဲလမ္းၾကား၊ ေတာင္ငူၿမိဳ႕၊ ဆင္(ထီး) ဖားဒူးထိုး၊ ပိုင္ရွင္ ဦးေစာေနမူး(၅၇)ႏွစ္၊ ၿမိဳ႕ပတ္လမ္း၊ ေတာင္ငူၿမိဳ႕ တို႕ျဖစ္ၾကၿပီး ဆင္တစ္ေကာင္ခ်င္းကို တစ္မႈစီျဖင့္ မုိင္းတံုၿမိဳ႕မရဲစခန္းမွ (ပ)၇/၈/၉-၂၀၁၉၊ သစ္ေတာဥပေဒပုဒ္မ ၃၉(က) ျဖင့္ အမွဳဖြင့္ကာ ပိုင္ရွင္မ်ားအား ခံဝန္ျဖင့္ အေရးယူထားေၾကာင္း မိုင္းတံုၿမိဳ႕မရဲစခန္းမွသိရသည္။
.
၂၀၀၈ ခုႏွစ္၊ သစ္ေတာဥပေဒအရ ပိုင္ရွင္မ်ားမွာ တရား႐ံုးမွ ဒဏ္ေငြ က်ပ္ ၃ သိန္းမွ ၇ သိန္းအထိ ခ်မွတ္ခံရႏုိင္ၿပီး ပုဂၢလိကကုမၸဏီမ်ားသစ္ထုတ္ခြင့္မရွိေတာ့သည့္ေနာက္ပိုင္း ဆင္အစာေပါမ်ားသည့္ ယခုေနရာမ်ားတြင္သာ လႊတ္ေက်ာင္းသည့္အေနအထားျဖင့္ ေနထိုင္ေနျခင္းျဖစ္သည္ဟု သိရသည္။
.
မိုင်းတုံတွင် လိုင်စင်သက်တမ်းတိုးနှင့် မျှောစာမပါဘဲ ရောက်ရှိနေသည့် သစ်ဆွဲဆင်များအား သစ်တောဥပဒေသစ်အရ ဖမ်းဆီးအရေးယူ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် မေလ ၁၅ ရက်၊ နံနက်ပိုင်းက လိုင်စင်သက်တမ်းမတိုး မျှောစာ မပါဘဲ ရောက်ရှိနေသည့် လိုင်စင်ရှိသစ်ဆွဲဆင်များအား သစ်တောဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက် ခဲ့ကြောင်း မိုင်းတုံမြို့မရဲစခန်းမှသိရှိရသည်။
.
မိုင်းတုံမြို့နယ်၊ လွယ််ပွတ်ကြိုးဝိုင်းအတွင်းရှိ သစ်ဆွဲဆင် ၃ ကောင်အား  လိုင်စင်သက်တမ်းတိုးဆောင်ရွက်ခြင်းရှိမရှိ မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများက သွားရောက်စစ်ဆေးရာမှ လိုင်စင်သက်တမ်းတိုးထားခြင်းမရှိသလို သယ်ယူစဉ်ကလည်း တရားဝင်မျှောစာရယူခဲ့ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၀၈ ခုနှစ်၊ သစ်တောဥပဒေ အရ အရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဖိုးချိုက ထံမှ သိရသည်။
.
“အရင် ၁၉၉၂ ဥပဒေကဆိုရင်တော့ သစ်တောကပဲ ဒဏ်ရိုက်ပြီး လိုင်စင်သက်တမ်းတိုးပေးလို့ရတယ်။ ၂၀၀၈ ကျတော့ ရဲတပ်ဖွဲ့မှာ အမှုဖွင့် အရေးယူ ဒဏ်ငွေဆောင်ပြီးမှ လိုင်စင်ထုတ်ပေးလို့ ရတာဖြစ်လို့ ရဲစခန်းမှာ အမှုဖွင့်ရတာပါ” ဟု ဦးဖိုးချိုက ပြောသည်။
.
အဆိုပါဆင်များမှာ ၂၀၁၃ ခုနှစ် ကတည်းက ဝင်းကုဋေ၊ တင်မြင့်ရီစသည့် ပုဂ္ဂလိက သစ်ထုတ်လုပ်မှုကုမ္ပဏီများမှ ရှမ်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် အငှားဆွဲရန်အတွက် တောင်ငူ၊ မိုးကောင်း၊ ကျောက်တံခါးမြို့နယ်မှ သယ်ဆောင်လာခြင်းဖြစ်ပြီး  ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်က မိုင်းတုံမြို့၏မြောက်ဘက် လွယ်ပွတ် ကြိုးဝိုင်းအတွင်းရောက်ရှိနေသည့် ဆင်များသက်တမ်းတိုးရန်သွားရောက်စစ်ဆေးရာတွင် သက်ဆိုင်ရာသစ်တော ညွှန်ကြားရေးမှူး၏ ခွင့်ပြုချက်မျှောစာမပါရှိဘဲ သယ်ဆောင်လာခဲ့ ကြောင်းစစ်ဆေးတွေ့ရှိသလို ဆင်မှတ်ပုံတင် လိုင်စင် သက်တမ်းမှာလည်း ကုန်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အထက်ဌာနသို့တင်ပြခဲ့ရာ ၂၀၀၈ ခုနှစ်၊ သစ်တောဥပဒေအသစ်ဖြင့် အရေးယူရန် ညွှန်ကြားချက်အရ အမှုဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
 အမှုဖွင့်ခံရသည့် ဆင်နှင့် ပိုင်ရှင်များမှာ ဆင်(အမ)ထိုက်ထိုက်စိန်၊ ပိုင်ရှင် ဦးစောသဲဝါး(၄၉)နှစ်၊ ဟောင်လီ ကျေးရွာ၊ ဖယ်ချယ်ကျေးရွာအုပ်စု၊ မိုင်းတုံမြို့၊ ဆင်(ထီး) နော်ဂျာ၊ ပိုင်ရှင် ဦးနေရူး(၅၁)နှစ်၊ ဥယျဉ်ခြံ၊ ၂၀ ရပ်ကွက်၊
သဲလမ်းကြား၊ တောင်ငူမြို့၊ ဆင်(ထီး) ဖားဒူးထိုး၊ ပိုင်ရှင် ဦးစောနေမူး(၅၇)နှစ်၊ မြို့ပတ်လမ်း၊ တောင်ငူမြို့ တို့ဖြစ်ကြပြီး ဆင်တစ်ကောင်ချင်းကို တစ်မှုစီဖြင့် မိုင်းတုံမြို့မရဲစခန်းမှ (ပ)၇/၈/၉-၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၃၉(က) ဖြင့် အမှုဖွင့်ကာ ပိုင်ရှင်များအား ခံဝန်ဖြင့် အရေးယူထားကြောင်း မိုင်းတုံမြို့မရဲစခန်းမှသိရသည်။
.
၂၀၀၈ ခုနှစ်၊ သစ်တောဥပဒေအရ ပိုင်ရှင်များမှာ တရားရုံးမှ ဒဏ်ငွေ ကျပ် ၃ သိန်းမှ ၇ သိန်းအထိ ချမှတ်ခံရနိုင်ပြီး ပုဂ္ဂလိကကုမ္ပဏီများသစ်ထုတ်ခွင့်မရှိတော့သည့်နောက်ပိုင်း ဆင်အစာပေါများသည့် ယခုနေရာများတွင်သာ လွှတ်ကျောင်းသည့်အနေအထားဖြင့် နေထိုင်နေခြင်းဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment