လားရှိုးမြို့မဈေး မီးဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဆိုင်ခန်းမီးနှင့် လုံခြုံရေးမီး ၂ မျိုးခွဲထား - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Saturday, May 18, 2019
လားရှိုးမြို့မဈေး မီးဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဆိုင်ခန်းမီးနှင့် လုံခြုံရေးမီး ၂ မျိုးခွဲထား
နောင်(မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မဈေးကြီး မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆိုင်ခန်းမီးနှင့် လုံခြုံရေး မီးနှစ်မျိုးခွဲကာ အချိန်နှင့် ဆောင်ရွက်ထားကြောင်း လား ရှိုးမြို့မဈေးတာဝန်ခံ ဦးစိုင်းဝင်းမြင့်က ပြောဆိုလိုက်သည်။
.
.
လားရှိုးမြို့မဈေးကြီးကို နွေရာသီ မီးဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် မြို့မဈေးမီးသတ်တပ်ဖွဲ့များနှင့် မြို့မမီးသတ်တပ်ဖွဲ့ဝင်များ ပူး ပေါင်းကာ လျှပ်စစ်မီးအသုံးပြုခြင်း များကို စစ်ဆေးခြင်း၊ မီးကိုအချိန်မှန် အသုံးပြုရန်တို့ကို ညွှန်ကြားခြင်း၊ ညပိုင်းလုံခြုံရေး ပူးပေါင်းချထားခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
.
.
အဆိုပါ မြို့မဈေးကြီး၌ အဓိက ရေလှောင်ကန်များ၊ မီးသတ်ရေစုပ် စက်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် တပ်ဖွဲ့ဝင်များ အင်အား ၂ဝ ဝန်း ကျင်ဖြင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
.
လားရှိုးမြို့မဈေးကြီးအတွင်း အရေးပေါ် ဖြစ်လာပါကလည်း မီးသတ်ယာဉ်များ မရောက်လာမီ အချိန်တွင်း အသုံးပြုရန်အတွက် မီးသတ်ရေကန်၊ မီးသတ်ရေစင်စသည်ဖြင့် စုစုပေါင်း ရေဂါလံ ၅၅ဝဝဝ ဝန်းကျင်ရှိ ရေများ ရေစုပ်စက်စနစ်ဖြင့် အဆင်သင့် အသုံးပြုနိုင်သည့်အပြင် မီးသတ်ဆေး ဘူး ၁ဝဝ ဝန်းကျင်ထားရှိကြောင်း သိရသည်။
.
လားရှိုးမြို့မစျေး မီးဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဆိုင်ခန်းမီးနှင့် လုံခြုံရေးမီး ၂ မျိုးခွဲထား
.
နောင်(မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မစျေးကြီး မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆိုင်ခန်းမီးနှင့် လုံခြုံရေး မီးနှစ်မျိုးခွဲကာ အချိန်နှင့် ဆောင်ရွက်ထားကြောင်း လား ရှိုးမြို့မစျေးတာဝန်ခံ ဦးစိုင်းဝင်းမြင့်က ပြောဆိုလိုက်သည်။
.
လားရှိုးမြို့မစျေးကြီးကို နွေရာသီ မီးဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် မြို့မစျေးမီးသတ်တပ်ဖွဲ့များနှင့် မြို့မမီးသတ်တပ်ဖွဲ့ဝင်များ ပူး ပေါင်းကာ လျှပ်စစ်မီးအသုံးပြုခြင်း များကို စစ်ဆေးခြင်း၊ မီးကိုအချိန်မှန် အသုံးပြုရန်တို့ကို ညွှန်ကြားခြင်း၊ ညပိုင်းလုံခြုံရေး ပူးပေါင်းချထားခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
.
''နွေရာသီရောက်ပြီဆိုတာနဲ့ မီး သတ်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဇာတ်တိုက်လေ့ကျင့်တာတွေ လုပ်ဆောင်တယ်။ ဆိုင်ခန်းတွေကို နေ့စဉ်ပုံမှန် အနေအထားနဲ့ ဆိုင်ခန်းမီးနဲ့ လုံခြုံရေးမီးထားပြီးတော့ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး မနက် ၆ နာရီကနေ ညလုံခြုံရေး မီးချလိုက်တယ်။ မနက် ၇ နာရီမှာ စျေးဖွင့်ပြီးတော့ ဆိုင်ခန်း မီးတွေ ပြန်ဖွင့်ပေးတယ်။ ညနေ ၄ နာရီခွဲမှာ ဆိုင်ခန်းမီးတွေပိတ်တယ်၊ ညနေ ၆ နာရီမှာ လုံခြုံရေးမီးပြန်ဖွင့် တဲ့စနစ်နဲ့ဆောင်ရွက်ထား ပါတယ်''ဟု လားရှိုးမြို့မစျေးတာဝန်ခံ ဦးစိုင်းဝင်းမြင့်က ပြောသည်။
.
အဆိုပါ မြို့မစျေးကြီး၌ အဓိက ရေလှောင်ကန်များ၊ မီးသတ်ရေစုပ် စက်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် တပ်ဖွဲ့ဝင်များ အင်အား ၂ဝ ဝန်း ကျင်ဖြင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
.
လားရှိုးမြို့မစျေးကြီးအတွင်း အရေးပေါ် ဖြစ်လာပါကလည်း မီးသတ်ယာဉ်များ မရောက်လာမီ အချိန်တွင်း အသုံးပြုရန်အတွက် မီးသတ်ရေကန်၊ မီးသတ်ရေစင်စသည်ဖြင့် စုစုပေါင်း ရေဂါလံ ၅၅ဝဝဝ ဝန်းကျင်ရှိ ရေများ ရေစုပ်စက်စနစ်ဖြင့် အဆင်သင့် အသုံးပြုနိုင်သည့်အပြင် မီးသတ်ဆေး ဘူး ၁ဝဝ ဝန်းကျင်ထားရှိကြောင်း သိရသည်။
.
No comments:
Post a Comment