ေတာင္ႀကီး၌ ျပဳလုပ္ခဲ့သည့္ တပ္ေထာက္ခံပြဲကို ရြာလူႀကီး ေစခိုင္း၍ လာေရာက္ရျခင္းျဖစ္ဟု တက္ေရာက္သူ အခ်ိဳ႕ ေျပာၾကား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 22, 2019

ေတာင္ႀကီး၌ ျပဳလုပ္ခဲ့သည့္ တပ္ေထာက္ခံပြဲကို ရြာလူႀကီး ေစခိုင္း၍ လာေရာက္ရျခင္းျဖစ္ဟု တက္ေရာက္သူ အခ်ိဳ႕ ေျပာၾကား


နန္းဝင္းရီ
.
ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕ တြင္ တပ္မေတာ္ေထာက္ခံပြဲႏွင့္ ပုဒ္ မ ၂၆၁ အား ဥပေဒႏွင့္အညီ ျပင္ ဆင္ေပးေရး လူထုဆႏၵထုတ္ေဖာ္ပြဲကို အမ်ိဳးသားလုံၿခဳံေရး လူမႈကြန္ရက္ (ဗဟို)မွ ဦးေဆာင္ကာ ေမလ ၁၅ ရက္၊ မြန္းလြဲပိုင္းက ျပဳလုပ္ခဲ့ရာ ေထာက္ခံပြဲ တက္ေရာက္လာသူ အ ခ်ိဳ႕မွ ရြာလူႀကီး ေစခိုင္း၍ လာေရာက္ ရျခင္းျဖစ္သည္ဟု ေျပာဆိုခဲ့သည္။
.
.
''ပုဒ္မ ၂၆၁ က ဘာမွန္းေတာ့ မသိဘူး။ သူမ်ားကို အားေပးတာပဲ ရတယ္။ ပိုက္ဆံေတာ့ မရဘူး။ မလာလို႔မရဘူး။ ရြာလူႀကီး လာခိုင္း လို႔ တာဝန္အရ လာခဲ့ရတာပါ''ဟု ေထာက္ခံပြဲသို႔ တက္ေရာက္လာသူ တစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာ သည္။
.
ယင္း တပ္မေတာ္ ေထာက္ခံပြဲ ႏွင့္ ပုဒ္မ ၂၆၁ အား ဥပေဒႏွင့္အညီ ျပင္ဆင္ေပးေရး လူထုဆႏၵထုတ္ေဖာ္ ပြဲကို အမ်ိဳးသားလုံၿခဳံေရးလူမႈကြန္ ရက္ (ဗဟို)မွ ေျမျပင္လႈပ္ရွားေရးမွဴး ဦးမင္းရဲသူရက ဦးေဆာင္ၿပီး ေတာင္ ႀကီးၿမိဳ႕၊ စဝ္စံထြန္းရပ္ကြက္၊ မူလမင္း ကြန္းေက်ာင္းအနီးတြင္ စုရပ္ျပဳလုပ္ ၍ အင္အား ၃ဝဝ ခန္႔ျဖင့္ ဗိုလ္ခ်ဳပ္ လမ္းမႀကီးအတိုင္း စီတန္းလွည့္ လည္ကာ ေတာင္ႀကီးၿမိဳ႕၊ မိုးလုံေလ လုံအားကစား႐ုံတြင္ ေဒၚေဒြးနဒီအပါ အဝင္ လူပုဂၢိဳလ္ ၅ ဦးမွ ေဟာေျပာခဲ့ ေၾကာင္း သိရသည္။
.
''အဓိက ကေတာ့ ပုဒ္မ ၂၆၁ ေပါ့ေနာ္။ ကိုယ့္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ကို ျပည္နယ္လႊတ္ေတာ္မွာပဲ ခန္႔ေစ ခ်င္တာပါ။ အဲဒါေၾကာင့္ ပုဒ္မ ၂၆၁ ကို ဥပေဒနဲ႔အညီ ျပင္ဆင္ေပးဖို႔ ဆႏၵထုတ္ေဖာ္တာပါ။ အရင္ကလည္း တပ္မေတာ္ ေထာက္ခံပြဲေတြ လုပ္ခဲ့ ဖူးပါတယ္။ ဒါေပမဲ့ ေခါင္းစဥ္ေတာ့ မတူဘူးေပါ့''ဟု အမ်ိဳးသားလုံၿခဳံေရး လူမႈကြန္ရက္(ဗဟို)မွ ဦးေနဝင္းေထြး က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အမ်ိဳးသားလုံၿခဳံေရး လူမႈကြန္ ရက္(ဗဟို)အဖြဲ႕သည္ ေတာင္ႀကီးၿမိဳ႕ ၌ တပ္မေတာ္ေထာက္ခံပြဲအား ယခင္ က ၂ ႀကိမ္ျပဳလုပ္ထားၿပီးျဖစ္ကာ ယင္းေထာက္ခံပြဲမ်ားတြင္လည္း ေဒ သခံမ်ားအား ရြာလူႀကီးအမိန္႔ျဖင့္ မလာမေနရ ေခၚေဆာင္ခံခဲ့ရျခင္းျဖစ္ ေၾကာင္း ေျပာဆိုမႈမ်ား ရွိခဲ့သည္။
.
၂ဝဝ၈ ခုႏွစ္၊ ႏိုင္ငံေတာ္ဖြဲ႕စည္း ပုံအေျခခံဥပေဒ၊ ပုဒ္မ ၂၆၁၊ ပုဒ္မ ခြဲ(ခ)တြင္ ႏိုင္ငံေတာ္သမၼတသည္ သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္တာဝန္ေပးရန္ဟု ေဖာ္ျပပါရွိ ၿပီး ယင္းပုဒ္မ ျပင္ဆင္မႈမ်ား ျပဳလုပ္ ပါက ဖက္ဒရယ္ျပည္ေထာင္စု စနစ္ ပီျပင္လာႏိုင္မည္ျဖစ္ေသာ္လည္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ ေတာ္အသီးသီး၌ ကိုယ္စားလွယ္ေန ရာ ၂၅ ရာခိုင္ႏႈန္းပါဝင္ေနသည့္ တပ္မ ေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ မ်ား၏ အခန္းက႑မွာ ယခုထက္ ပိုမိုအေရးပါလာႏိုင္မည္ဟု ႏိုင္ငံေရး ေလ့လာသူမ်ားက သုံးသပ္ေျပာဆို လ်က္ရွိသည္။
.
တောင်ကြီး၌ ပြုလုပ်ခဲ့သည့် တပ်ထောက်ခံပွဲကို ရွာလူကြီး စေခိုင်း၍ လာရောက်ရခြင်းဖြစ်ဟု တက်ရောက်သူ အချို့ ပြောကြား
.
နန်းဝင်းရီ
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တွင် တပ်မတော်ထောက်ခံပွဲနှင့် ပုဒ် မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင် ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲကို အမျိုးသားလုံခြုံရေး လူမှုကွန်ရက် (ဗဟို)မှ ဦးဆောင်ကာ မေလ ၁၅ ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ထောက်ခံပွဲ တက်ရောက်လာသူ အ ချို့မှ ရွာလူကြီး စေခိုင်း၍ လာရောက် ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
.
''ပုဒ်မ ၂၆၁ က ဘာမှန်းတော့ မသိဘူး။ သူများကို အားပေးတာပဲ ရတယ်။ ပိုက်ဆံတော့ မရဘူး။ မလာလို့မရဘူး။ ရွာလူကြီး လာခိုင်း လို့ တာဝန်အရ လာခဲ့ရတာပါ''ဟု ထောက်ခံပွဲသို့ တက်ရောက်လာသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယင်း တပ်မတော် ထောက်ခံပွဲ နှင့် ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော် ပွဲကို အမျိုးသားလုံခြုံရေးလူမှုကွန် ရက် (ဗဟို)မှ မြေပြင်လှုပ်ရှားရေးမှူး ဦးမင်းရဲသူရက ဦးဆောင်ပြီး တောင် ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ မူလမင်း ကွန်းကျောင်းအနီးတွင် စုရပ်ပြုလုပ် ၍ အင်အား ၃ဝဝ ခန့်ဖြင့် ဗိုလ်ချုပ် လမ်းမကြီးအတိုင်း စီတန်းလှည့် လည်ကာ တောင်ကြီးမြို့၊ မိုးလုံလေ လုံအားကစားရုံတွင် ဒေါ်ဒွေးနဒီအပါ အဝင် လူပုဂ္ဂိုလ် ၅ ဦးမှ ဟောပြောခဲ့ ကြောင်း သိရသည်။
.
''အဓိက ကတော့ ပုဒ်မ ၂၆၁ ပေါ့နော်။ ကိုယ့်ပြည်နယ်ဝန်ကြီးချုပ် ကို ပြည်နယ်လွှတ်တော်မှာပဲ ခန့်စေ ချင်တာပါ။ အဲဒါကြောင့် ပုဒ်မ ၂၆၁ ကို ဥပဒေနဲ့အညီ ပြင်ဆင်ပေးဖို့ ဆန္ဒထုတ်ဖော်တာပါ။ အရင်ကလည်း တပ်မတော် ထောက်ခံပွဲတွေ လုပ်ခဲ့ ဖူးပါတယ်။ ဒါပေမဲ့ ခေါင်းစဉ်တော့ မတူဘူးပေါ့''ဟု အမျိုးသားလုံခြုံရေး လူမှုကွန်ရက်(ဗဟို)မှ ဦးနေဝင်းထွေး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အမျိုးသားလုံခြုံရေး လူမှုကွန် ရက်(ဗဟို)အဖွဲ့သည် တောင်ကြီးမြို့ ၌ တပ်မတော်ထောက်ခံပွဲအား ယခင် က ၂ ကြိမ်ပြုလုပ်ထားပြီးဖြစ်ကာ ယင်းထောက်ခံပွဲများတွင်လည်း ဒေ သခံများအား ရွာလူကြီးအမိန့်ဖြင့် မလာမနေရ ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ် ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။
.
၂ဝဝ၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၆၁၊ ပုဒ်မ ခွဲ(ခ)တွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်ဟု ဖော်ပြပါရှိ ပြီး ယင်းပုဒ်မ ပြင်ဆင်မှုများ ပြုလုပ် ပါက ဖက်ဒရယ်ပြည်ထောင်စု စနစ် ပီပြင်လာနိုင်မည်ဖြစ်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်အသီးသီး၌ ကိုယ်စားလှယ်နေ ရာ ၂၅ ရာခိုင်နှုန်းပါဝင်နေသည့် တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ် များ၏ အခန်းကဏ္ဍမှာ ယခုထက် ပိုမိုအရေးပါလာနိုင်မည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောဆို လျက်ရှိသည်။

.

No comments:

Post a Comment