တာချီလိတ်တွင် ရှေးဟောင်းစေတီတော် နှီးဘုရားကျောင်းဆောင် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, May 21, 2019



.
.
.
.
.
တာချီလိတ်တွင် ရှေးဟောင်းစေတီတော် နှီးဘုရားကျောင်းဆောင် မီးလောင်မှုဖြစ်ပွား
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာတောင်ပေါ် လွယ်ယွန်းခမ်း စေတီတော်အနီး နှီးဘုရားကျောင်းဆောင်တွင် မေ ၁၈ ရက်ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဝမ်ပုံနယ်မြေရဲစခန်းမှ သိရသည်။
.
တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာတောင်ပေါ် လွယ်ယွန်းခမ်းစေတီတော်အနီး နှီးဘုရားကျောင်း ဆောင်တွင် မေလ ၁၈ ရက်၊ ည ၁၁ နာရီခန့်က လျှပ်စစ်ဝါယာရှော့ခ်မှ မီးကူးစက်လောင်ကျွမ်း သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ် ယာဉ် ၃ စီးဖြင့်လည်းကောင်း၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦးနှင့် ဝမ်ပုံနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ် တင်ဇော်လင်း စီးဦးရဲတပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ကျေးရွာသူ ရွာသားများနှင့်အတူ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၄ဝ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် တိရစ္ဆာန်၊ လူနှင့် ရဟန်းသံဃာများ ထိခိုက်မှုမရှိကြောင်းနှင့်  နှီးဘုရားနှင့် နှီးဘုရားအပေါ်အမိုးတို့ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁ဝ သိန်းကျပ်ခန့်ရှိကြောင့် မီးသတ်ဦးစီးဌာနမှ သိရသည်။
.

No comments:

Post a Comment