လား႐ိႈးၿမိဳ႕တြင္ သတင္းလြတ္လပ္ခြင့္၊ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ႏွင့္ ဖဲြ႔ စည္းပံုအေျခခံဥပေဒဆိုင္ရာ ေဆြးေႏြးပြဲျပဳလုပ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, May 28, 2019

လား႐ိႈးၿမိဳ႕တြင္ သတင္းလြတ္လပ္ခြင့္၊ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ႏွင့္ ဖဲြ႔ စည္းပံုအေျခခံဥပေဒဆိုင္ရာ ေဆြးေႏြးပြဲျပဳလုပ္


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕တြင္ သတင္းလြတ္လပ္ခြင့္၊ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ႏွင့္ ဖဲြ႔စည္းပံုအေျခခံဥပေဒဆိုင္ရာေဆြးေႏြးပဲြကို လား႐ိႈးၿမိဳ႕၊ မန္ဆူဟိုတယ္ခန္းမ၌ ေမ ၂၈ ရက္က ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသည္။
.
.
အဆိုပါ ေဆြးေႏြးပဲြကို ရန္ကုန္ၿမိဳ႕၊ YJS (ရန္ကုန္သတင္းစာပညာေက်ာင္း)က ဦးစီးက်င္းပျခင္းျဖစ္ၿပီး ရွမ္းျပည္ နယ္ေျမာက္ပိုင္းအေျခစိုက္ သတင္းမီဒီယာမ်ားျဖင့္ က်င္းပျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
.
အဓိကေတာ့ ၿပီးခဲ့ႏွစ္ေတြအတြင္းမွာ ကြ်န္ေတာ္တို႔ သတင္းစာဆရာေတြရဲ႕ လြတ္လပ္ခြင့္ေတြက နည္းနည္း ေနာက္ကိုျပန္ဆုတ္လာတယ္။ အႏၱရာယ္ေတြရင္ဆိုင္ရတယ္။မႈခင္းေတြရင္ဆိုင္ရတယ္။ ဒါေတြကို ကြ်န္ေတာ္တို႔ ေတြ ပူးေပါင္းၿပီးေတာ့ ဘယ္လိုနည္းေတြနဲ႔ျပန္ၿပီးေတာ့ ျပဳျပင္ၾကမလဲ၊ သတင္းစာလြတ္လပ္ခြင့္ရလာဖို႔ ေပါင္းၿပီး ဘာေတြလုပ္ႏိုင္မလဲဆိုတာကို ၀ိုင္းထိုင္ၿပီးေတာ့ နယ္ကသတင္းစာဆရာေတြနဲ႔ ေဆြးေႏြးတာျဖစ္ပါတယ္။ဟု ရန္ကုန္သတင္းစာပညာေက်ာင္းမွ ဒါိုက္တာ ဦးရဲႏိုင္မိုးက ေျပာသည္။
.
အဆိုပါေဆြးေႏြးပဲြတြင္ သတင္းစာဆရာမ်ား သတင္းလြတ္လပ္ခြင့္ႏွင့္ပတ္သက္၍ သတင္းေထာက္မ်ား သတင္း ယူရာတြင္ အခက္ခဲစိန္ေခၚမႈမ်ားအတြက္ အတူတကြမည္သို႔ လုပ္ေဆာင္ႏိုင္မႈမ်ားႏွင့္ အဖဲြ႔စည္းပံုအေျခခံဥပေဒ ႏွင့္ ပတ္သက္၍ သတင္းစာဆရာမ်ားပိုၿပီး သိသင့္၊ သိထိုက္ေသာအခ်က္လက္မ်ား၊ ျပည္သူမ်ား နားလည္သ ေဘာေပါက္ေစရန္ မည္သို႔တင္ဆက္မည္ဆိုသည္မ်ားကို ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
သတင္းသမားဆုိတာကေတာ့ လြတ္လြတ္လပ္လပ္နဲ႔ သတင္းေတြယူမယ္။ ျပည္သူေတြကိုပြင့္လင္းျမင္သာစြာ ျပန္ခ်ျပမယ္။ ဒါေၾကာင့္ ဒီေဆြးေႏြးပဲြကိုတက္ၿပီးေတာ့ ေဆြးေႏြးတာျဖစ္ပါတယ္။’’ဟု လား႐ိႈးသတင္းေထာက္မ်ား အဖဲြ႔မွ အလြတ္တန္း သတင္းေထာက္ ကိုေပါက္စကေျပာသည္။
.
အဆိုပါေဆြးေႏြးပဲြကို ရွမ္းေျမာက္အေျခစိုက္ သတင္းစာဆရာမ်ား၊ သတင္းမီဒီယာမ်ား တက္ေရာက္ခဲ့ၿပီး ေမ ၂၈ ရက္မွ ၂၉ ရက္အထိ ရက္တာ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
လားရှိုးမြို့တွင် သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဆွေးနွေးပွဲကို လားရှိုးမြို့၊ မန်ဆူဟိုတယ်ခန်းမ၌ မေ ၂၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ YJS (ရန်ကုန်သတင်းစာပညာကျောင်း)က ဦးစီးကျင်းပခြင်းဖြစ်ပြီး ရှမ်းပြည် နယ်မြောက်ပိုင်းအခြေစိုက် သတင်းမီဒီယာများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
အဓိကတော့ ပြီးခဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ သတင်းစာဆရာတွေရဲ့ လွတ်လပ်ခွင့်တွေက နည်းနည်း နောက်ကိုပြန်ဆုတ်လာတယ်။ အန္တရာယ်တွေရင်ဆိုင်ရတယ်။မှုခင်းတွေရင်ဆိုင်ရတယ်။ ဒါတွေကို ကျွန်တော်တို့ တွေ ပူးပေါင်းပြီးတော့ ဘယ်လိုနည်းတွေနဲ့ပြန်ပြီးတော့ ပြုပြင်ကြမလဲ၊ သတင်းစာလွတ်လပ်ခွင့်ရလာဖို့ ပေါင်းပြီး ဘာတွေလုပ်နိုင်မလဲဆိုတာကို ၀ိုင်းထိုင်ပြီးတော့ နယ်ကသတင်းစာဆရာတွေနဲ့ ဆွေးနွေးတာဖြစ်ပါတယ်။ဟု ရန်ကုန်သတင်းစာပညာကျောင်းမှ ဒါရိုက်တာ ဦးရဲနိုင်မိုးက ပြောသည်။
.
အဆိုပါဆွေးနွေးပွဲတွင် သတင်းစာဆရာများ သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ သတင်းထောက်များ သတင်း ယူရာတွင် အခက်ခဲစိန်ခေါ်မှုများအတွက် အတူတကွမည်သို့ လုပ်ဆောင်နိုင်မှုများနှင့် အဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပတ်သက်၍ သတင်းစာဆရာများပိုပြီး သိသင့်၊ သိထိုက်သောအချက်လက်များ၊ ပြည်သူများ နားလည်သ ဘောပေါက်စေရန် မည်သို့တင်ဆက်မည်ဆိုသည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
သတင်းသမားဆိုတာကတော့ လွတ်လွတ်လပ်လပ်နဲ့ သတင်းတွေယူမယ်။ ပြည်သူတွေကိုပွင့်လင်းမြင်သာစွာ ပြန်ချပြမယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲကိုတက်ပြီးတော့ ဆွေးနွေးတာဖြစ်ပါတယ်။’’ဟု လားရှိုးသတင်းထောက်များ အဖွဲ့မှ အလွတ်တန်း သတင်းထောက် ကိုပေါက်စကပြောသည်။
.
အဆိုပါဆွေးနွေးပွဲကို ရှမ်းမြောက်အခြေစိုက် သတင်းစာဆရာများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ပြီး မေ ၂၈ ရက်မှ ၂၉ ရက်အထိ ၂ ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment