လား႐ိႈးတြင္ ေရႀကီးေရလွ်ံမႈ မျဖစ္ေစရန္အတြက္ ကြင္းဆင္း စစ္ေဆး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 1, 2019

လား႐ိႈးတြင္ ေရႀကီးေရလွ်ံမႈ မျဖစ္ေစရန္အတြက္ ကြင္းဆင္း စစ္ေဆး


ေနာင္ (ျမစ္မခ) 
.
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လား ႐ိႈးၿမိဳ႕တြင္ မိုးရာသီကာလ၌ ေရႀကီး ေရလွ်ံမႈ မျဖစ္ေပၚေစရန္အတြက္ ပိတ္ဆို႔ေနေသာ ေရေျမာင္းမ်ားအား စည္ပင္သာယာေရးဌာနႏွင့္ ပူးေပါင္း အဖဲြ႕မ်ားက ဧၿပီ ၂၄ ရက္က ကြင္း ဆင္းစစ္ေဆး ေဆာင္ရြက္ခဲ႔ေၾကာင္း သိရွိရသည္။
.
.
လား႐ိႈးၿမိဳ႕၌ မိုးရာသီေရာက္ လွ်င္ ေခ်ာင္းေရမ်ားမွ ေရႀကီး၊ ေရ လွ်ံျဖစ္ကာ ရပ္ကြက္အတြင္းရွိေနအိမ္ မ်ား ပ်က္စီးျခင္းမ်ား၊ အုတ္တံတိုင္း မ်ားပ်က္စီးျခင္းမ်ား ျဖစ္ေပၚေနခဲ့ျခင္း ေၾကာင့္ ယခု ၂ဝ၁၉ ခုႏွစ္တြင္ မ ျဖစ္ပြားေစရန္ အတြက္ ႀကိဳတင္ ျပဳ လုပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
''မိုးရာသီမွာ ေရႀကီး၊ ေရလွ်ံျဖစ္ တတ္တဲ့ ေရေျမာင္းေတြကို၊ ပိတ္ေန တာေတြကို ရွင္းလင္းဖို႔ လုပ္ေဆာင္ ေနတာပါ။ ေျမာင္းေနရာမွာ ၿမိဳ႕ေျမ ကြက္ေတြ ေဖာ္ထုတ္လိုက္တဲ့အခါ အိမ္ၿခံဝင္းေတြထဲကေန ေျမာင္းမ ႀကီးေတြက ျဖတ္သြားေတာ့ မိုးရြာရင္ အဲဒီနားေတြက ေရႀကီးေရလွ်ံတာ ေတြျဖစ္ေနတယ္။ ဒါေတြကို ေဖာ္ ထုတ္ဖို႔အတြက္ လုပ္ေနတာ ျဖစ္ပါ တယ္''ဟု လား႐ိႈးၿမိဳ႕နယ္စည္ပင္ သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးစိုးႏိုင္ဦးက ေျပာသည္။
.
လား႐ိႈးၿမိဳ႕တြင္ ေက်ာက္ေတာင္ ေရေျမာင္း၊ နမ့္ေယာင္းေရေျမာင္း ႏွင့္ ခိုေလာင္ေရေျမာင္းတို႔မွ နမ့္ ေယာ္ေခ်ာင္းအတြင္းသို႔ စီးဝင္လ်က္ ရွိၿပီး မိုးရာသီေရာက္ပါက အဆိုပါ ေျမာင္းမ်ားမွ ေရႀကီး ေရလွ်ံျခင္း မ်ား ျဖစ္ေပၚတတ္ျခင္းေၾကာင့္ ႀကိဳ တင္ရွင္းလင္းရျခင္းျဖစ္ေၾကာင္း သိရ သည္။
.
ၿမိဳ႕တြင္းကို ျဖတ္သန္းသြားတဲ့ ေျမာင္းႀကီးေတြမွာ ေရသြားလမ္း ပိတ္ဆို႔မႈအျဖစ္မ်ားတဲ့ ေနရာေတြကို အဓိက ဦးစားေပးေဆာင္ရြက္ရမွာ ျဖစ္သလို အမိႈက္ကိုလည္းစနစ္တက် စြန္႔ပစ္ဖို႔ရယ္၊ ေရေျမာင္းေတြမွာ အ မိႈက္မပစ္ဖို႔ အတြက္ကိုလည္း လုပ္ ေဆာင္ရမွာျဖစ္ပါတယ္''ဟု လား႐ိႈး ၿမိဳ႕နယ္စီမံခန္႔ခဲြေရးေကာ္မတီဥကၠဌ ဦးအာကာလင္းက ေျပာသည္။
.
ယင္းကဲ့သို႔ ေရႀကီးေရလွ်ံမႈ မ ျဖစ္ေပၚေစရန္အတြက္ သက္ဆိုင္ ရာဌာနမ်ား၊ လူမႈေရးအသင္းအဖဲြ႕ မ်ား၊ ၿြဥ မ်ား၊ ဃွဥ မ်ားျဖင့္ ပူး ေပါင္းကာ ၿမိဳ႕တြင္းစိုက္ထူထားေသာ ေၾကာ္ျငာဆိုင္းဘုတ္မ်ား ခိုင္ခံ့မႈ ရွိ/မ ရွိ၊မိုးေလႀကီးလာပါက အႏၱရာယ္ျဖစ္ ေစႏိုင္ေသာ သစ္ပင္ႀကီးမ်ားအား စ နစ္တက် ရွင္းလင္ထားရန္ ရပ္ကြက္၊ ေက်းရြာမ်ားအတြင္း လိုက္လံ လံႈ႕ ေဆာ္လ်က္ရွိေၾကာင္းသိရသည္။
.
လားရှိုးတွင် ရေကြီးရေလျှံမှု မဖြစ်စေရန်အတွက် ကွင်းဆင်း စစ်ဆေး
.
နောင် (မြစ်မခ) 
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လား ရှိုးမြို့တွင် မိုးရာသီကာလ၌ ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန်အတွက် ပိတ်ဆို့နေသော ရေမြောင်းများအား စည်ပင်သာယာရေးဌာနနှင့် ပူးပေါင်း အဖွဲ့များက ဧပြီ ၂၄ ရက်က ကွင်း ဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
.
လားရှိုးမြို့၌ မိုးရာသီရောက် လျှင် ချောင်းရေများမှ ရေကြီး၊ ရေ လျှံဖြစ်ကာ ရပ်ကွက်အတွင်းရှိနေအိမ် များ ပျက်စီးခြင်းများ၊ အုတ်တံတိုင်း များပျက်စီးခြင်းများ ဖြစ်ပေါ်နေခဲ့ခြင်း ကြောင့် ယခု ၂ဝ၁၉ ခုနှစ်တွင် မ ဖြစ်ပွားစေရန် အတွက် ကြိုတင် ပြု လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
.
''မိုးရာသီမှာ ရေကြီး၊ ရေလျှံဖြစ် တတ်တဲ့ ရေမြောင်းတွေကို၊ ပိတ်နေ တာတွေကို ရှင်းလင်းဖို့ လုပ်ဆောင် နေတာပါ။ မြောင်းနေရာမှာ မြို့မြေ ကွက်တွေ ဖော်ထုတ်လိုက်တဲ့အခါ အိမ်ခြံဝင်းတွေထဲကနေ မြောင်းမ ကြီးတွေက ဖြတ်သွားတော့ မိုးရွာရင် အဲဒီနားတွေက ရေကြီးရေလျှံတာ တွေဖြစ်နေတယ်။ ဒါတွေကို ဖော် ထုတ်ဖို့အတွက် လုပ်နေတာ ဖြစ်ပါ တယ်''ဟု လားရှိုးမြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက ပြောသည်။
.
လားရှိုးမြို့တွင် ကျောက်တောင် ရေမြောင်း၊ နမ့်ယောင်းရေမြောင်း နှင့် ခိုလောင်ရေမြောင်းတို့မှ နမ့် ယော်ချောင်းအတွင်းသို့ စီးဝင်လျက် ရှိပြီး မိုးရာသီရောက်ပါက အဆိုပါ မြောင်းများမှ ရေကြီး ရေလျှံခြင်း များ ဖြစ်ပေါ်တတ်ခြင်းကြောင့် ကြို တင်ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရ သည်။
.
မြို့တွင်းကို ဖြတ်သန်းသွားတဲ့ မြောင်းကြီးတွေမှာ ရေသွားလမ်း ပိတ်ဆို့မှုအဖြစ်များတဲ့ နေရာတွေကို အဓိက ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်သလို အမှိုက်ကိုလည်းစနစ်တကျ စွန့်ပစ်ဖို့ရယ်၊ ရေမြောင်းတွေမှာ အ မှိုက်မပစ်ဖို့ အတွက်ကိုလည်း လုပ် ဆောင်ရမှာဖြစ်ပါတယ်''ဟု လားရှိုး မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးအာကာလင်းက ပြောသည်။
.
ယင်းကဲ့သို့ ရေကြီးရေလျှံမှု မ ဖြစ်ပေါ်စေရန်အတွက် သက်ဆိုင် ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ြွဥ များ၊ ဃှဥ များဖြင့် ပူး ပေါင်းကာ မြို့တွင်းစိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ်များ ခိုင်ခံ့မှု ရှိ/မ ရှိ၊မိုးလေကြီးလာပါက အန္တရာယ်ဖြစ် စေနိုင်သော သစ်ပင်ကြီးများအား စ နစ်တကျ ရှင်းလင်ထားရန် ရပ်ကွက်၊ ကျေးရွာများအတွင်း လိုက်လံ လှုံ့ ဆော်လျက်ရှိကြောင်းသိရသည်။
.

No comments:

Post a Comment