ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ေက်ာက္တိုင္ ပိုမိုခန္႔ညားတင့္တယ္စြာ တည္ေဆာက္ႏုိင္ေရး အတြက္ ဗိသုကာ ပညာရွင္မ်ား၏ ကူညီပံ့ပိုးမႈျဖင့္ ေဆာင္ရြက္ေန ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 1, 2019

ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ေက်ာက္တိုင္ ပိုမိုခန္႔ညားတင့္တယ္စြာ တည္ေဆာက္ႏုိင္ေရး အတြက္ ဗိသုကာ ပညာရွင္မ်ား၏ ကူညီပံ့ပိုးမႈျဖင့္ ေဆာင္ရြက္ေန ဟုဆို


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕တြင္ အသစ္ထပ္မံတည္ေဆာက္မည့္ ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ေက်ာက္တိုင္အား ပိုမိုခန္႔ညားတင့္တယ္စြာျဖင့္ သမိုင္းတင္ႏုိင္ေရးအတြက္ ဗိသုကာပညာရွင္မ်ား၏ ကူညီပံ့ပိုးမႈျဖင့္ ေဆာင္ရြက္ေနေၾကာင္း အဆိုပါ ေက်ာက္တိုင္ ျဖစ္ေျမာက္ေရးေကာ္မတီထံမွ သိရသည္။
.
.
“ဆရာႀကီးေတြ ေက်ာက္တုိင္ပံုစံ ေရးဆြဲေနပါၿပီ။ ထြက္လာရင္ လူထုကို တင္ျပအတည္ျပဳခ်က္ ရယူၿပီး တည္ေဆာက္သြားမွာျဖစ္ပါတယ္” ဟု ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ေက်ာက္တုိင္ ျဖစ္ေျမာက္ေရးေကာ္မတီ ဥကၠဌ ဦးေဇာ္မင္းခိုင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ၿပီးခဲ့သည့္ သႀကၤန္ကာလ မတိုင္မီက အဆိုပါ ဗိုလ္မွဴးႀကီးဗထူးေက်ာက္တိုင္ ျဖစ္ေျမာက္ေရးေကာ္မတီကို ၿမိဳ႕လူထုႏွင့္ တုိင္ပင္ကာ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး အထိမ္းအမွတ္ေက်ာက္တိုင္ သမိုင္းတင္ခန္႔ညားဖြယ္ ျဖစ္ေစရန္ အတြက္ ေအာင္ပန္းၿမိဳ႕သို႔ ေရာက္ရွိေနသည့္ ျမန္မာႏုိင္ငံဗိသုကာအသင္း နာယကျဖစ္သူ ဆရာႀကီး ဦးစန္းဦးအား အကူအညီေတာင္းခံခဲ့ရာ ဆရာႀကီးမွ ေျမျပင္ကြင္းဆင္းၾကည့္႐ႈခဲ့ၿပီး ေက်ာက္တိုင္ပံုစံကို ေရးဆြဲလ်က္ရွိေၾကာင္း သိရသည္။
.
အဆိုပါေက်ာက္တိုင္ တည္ေဆာက္မည့္ေျမေနရာမွာ အနည္းငယ္ က်ဥ္းေျမာင္းေနသည့္အတြက္ ေအာက္ခံႏွင့္ ပိုမို တင့္တယ္ေစရန္အတြက္ ယင္းေနရာႏွင့္ ကပ္လ်က္ရွိ ပုဂၢလိကပိုင္ ေျမေနရာအား ဝယ္ယူရန္ ညႇိႏိႈင္းေဆာင္ရြက္ခဲ့ၿပီး အတည္ျပဳရန္ႏွင့္ ေငြေပးေခ်ရန္ က်န္ရွိေနေသးေၾကာင္း ေအာင္ပန္းၿမိဳ႕၊ အမွတ္ (၄) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးဝင္းထံမွ သိရသည္။
.
“ၿပီးခဲ့တဲ့ အစည္းအေဝးမွာ သႀကၤန္ၿပီးရင္ ေက်ာက္တိုင္ပံုစံကို လူထုတင္ျပဖို႔ သတ္မွတ္ထားေပမဲ့ ဗိသုကာပညာရွင္ ေတြ ပံုစံေရးဆြဲတာ မၿပီးေသးေတာ့ အစည္းအေဝး ေနာက္ေရႊ႕ရမယ္ ထင္ပါတယ္။ အျမင္တင့္တယ္ေအာင္လို႔ ပန္းၿခံ ေျမေနရာလည္း ဝယ္ယူဖို႔ ေဈးသင့္ေနၿပီလို႔ သိရပါတယ္။ လူထုေတြ႕ဆံုပြဲမွာ အတည္ျပဳမယ္လို႔ သိရပါတယ္” ဟု လမ္းဦးစီးဌာနမွ ဦးစီးအရာရွိ ေဒၚအမ္ဘီကာက ေျပာသည္။
.
ေအာင္ပန္းၿမိဳ႕ရွိ ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ေက်ာက္တိုင္ကို ၁၉၄၅ ခုႏွစ္က စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၁၉၆၅ တြင္ ျပန္လည္ျပဳျပင္တည္ေဆာက္ခဲ့ရာမွ ယခုအခါ ျပည္ေထာင္စုမႀကီး အဆင့္ျမႇင့္တင္ရာတြင္ လမ္းနယ္ႏွင့္ မလြတ္ကင္းသျဖင့္ ၿဖိဳခ်ကာ ယခင္ေက်ာက္တုိင္ေနရာမွ ကိုက္ ၅၀ ခန္႔အကြာ၊ လမ္းမႀကီးေဘး ေျမကြက္လပ္တြင္ ျပန္လည္တည္ေဆာက္ႏုိင္ရန္ ေဆာက္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
.
ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင် ပိုမိုခန့်ညားတင့်တယ်စွာ တည်ဆောက်နိုင်ရေး အတွက် ဗိသုကာ ပညာရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်နေ ဟုဆို
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် အသစ်ထပ်မံတည်ဆောက်မည့် ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင်အား ပိုမိုခန့်ညားတင့်တယ်စွာဖြင့် သမိုင်းတင်နိုင်ရေးအတွက် ဗိသုကာပညာရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်နေကြောင်း အဆိုပါ ကျောက်တိုင် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
.
ဆရာကြီးတွေ ကျောက်တိုင်ပုံစံ ရေးဆွဲနေပါပြီ။ ထွက်လာရင် လူထုကို တင်ပြအတည်ပြုချက် ရယူပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်ဟု ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးဇော်မင်းခိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် သင်္ကြန်ကာလ မတိုင်မီက အဆိုပါ ဗိုလ်မှူးကြီးဗထူးကျောက်တိုင် ဖြစ်မြောက်ရေးကော်မတီကို မြို့လူထုနှင့် တိုင်ပင်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အထိမ်းအမှတ်ကျောက်တိုင် သမိုင်းတင်ခန့်ညားဖွယ် ဖြစ်စေရန် အတွက် အောင်ပန်းမြို့သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံဗိသုကာအသင်း နာယကဖြစ်သူ ဆရာကြီး ဦးစန်းဦးအား အကူအညီတောင်းခံခဲ့ရာ ဆရာကြီးမှ မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျောက်တိုင်ပုံစံကို ရေးဆွဲလျက်ရှိကြောင်း သိရသည်။
.
အဆိုပါကျောက်တိုင် တည်ဆောက်မည့်မြေနေရာမှာ အနည်းငယ် ကျဉ်းမြောင်းနေသည့်အတွက် အောက်ခံနှင့် ပိုမို တင့်တယ်စေရန်အတွက် ယင်းနေရာနှင့် ကပ်လျက်ရှိ ပုဂ္ဂလိကပိုင် မြေနေရာအား ဝယ်ယူရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အတည်ပြုရန်နှင့် ငွေပေးချေရန် ကျန်ရှိနေသေးကြောင်း အောင်ပန်းမြို့၊ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းထံမှ သိရသည်။
.
ပြီးခဲ့တဲ့ အစည်းအဝေးမှာ သင်္ကြန်ပြီးရင် ကျောက်တိုင်ပုံစံကို လူထုတင်ပြဖို့ သတ်မှတ်ထားပေမဲ့ ဗိသုကာပညာရှင် တွေ ပုံစံရေးဆွဲတာ မပြီးသေးတော့ အစည်းအဝေး နောက်ရွှေ့ရမယ် ထင်ပါတယ်။ အမြင်တင့်တယ်အောင်လို့ ပန်းခြံ မြေနေရာလည်း ဝယ်ယူဖို့ ဈေးသင့်နေပြီလို့ သိရပါတယ်။ လူထုတွေ့ဆုံပွဲမှာ အတည်ပြုမယ်လို့ သိရပါတယ်ဟု လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အမ်ဘီကာက ပြောသည်။
.
အောင်ပန်းမြို့ရှိ ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင်ကို ၁၉၄၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၅ တွင် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာမှ ယခုအခါ ပြည်ထောင်စုမကြီး အဆင့်မြှင့်တင်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသဖြင့် ဖြိုချကာ ယခင်ကျောက်တိုင်နေရာမှ ကိုက် ၅၀ ခန့်အကွာ၊ လမ်းမကြီးဘေး မြေကွက်လပ်တွင် ပြန်လည်တည်ဆောက်နိုင်ရန် ဆောက်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment