တာခ်ီလိတ္၌ ဖမ္းဆီးရမိသည့္ တ႐ုတ္ႏိုင္ငံသား ၁၈၈ ဦးအနက္ ၁ဝ ဦးကို ေလာင္းကစားဥပေဒျဖင့္ ထပ္မံအမႈဖြင့္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 16, 2019

တာခ်ီလိတ္၌ ဖမ္းဆီးရမိသည့္ တ႐ုတ္ႏိုင္ငံသား ၁၈၈ ဦးအနက္ ၁ဝ ဦးကို ေလာင္းကစားဥပေဒျဖင့္ ထပ္မံအမႈဖြင့္


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၌ ဖမ္းဆီးရမိခဲ့သည့္ တ႐ုတ္ႏိုင္ငံသား ၁၈၈ ဦးအနက္ ၁ဝ ဦးကို ေမ ၁၄ ရက္ ညပိုင္းက ေလာင္းကစားဥပေဒျဖင့္ ထပ္မံအမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။
.
.
တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရြက္ကြက္၊ ရန္ေအာင္ေျမရပ္ကြက္တို႔တြင္ တ႐ုတ္ႏိုင္ငံသားမ်ား တရားမဝင္ ေနထိုင္ေၾကာင္း၊ ေလာင္ကစားမ်ားျပဳလုပ္ေနေၾကာင္း၊ မူးယစ္ေဆးဝါးမ်ား သုံးစြဲေနေၾကာင္း သတင္းအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၊ တာခ်ီလိတ္တပ္နယ္၊ လဝကစသည့္ တာဝန္ရွိသူမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ေမ ၁၃ ရက္ေန႔လည္ ၁ နာရီအခ်ိန္ခန္႔တြင္ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၊ အမွတ္(၂၃၇)ေနအိမ္ရွိ အခန္းမ်ားအား ဝင္ေရာက္ရွာေဖြ စစ္ေဆးခဲ့ရာ အဆိုပါဝင္းအတြင္း အင္တာနက္ျဖင့္ တရားမဝင္ ေလာင္းကစားျပဳလုပ္ေနၾကသူ ထူးလုံခြၽမ္း(၃၁ ႏွစ္)၊ ခ်န္ဖိတ္လုံ(၂၆ ႏွစ္)၊ လီဆြတ္ေယာင္(၁၈ ႏွစ္)၊ ရႊင္ခ်င္(၂၃ ႏွစ္)၊ ခ်က္ကိြၽန္(၂၈ ႏွစ္)၊ လီခြၽန္(၂၃ ႏွစ္)၊ ရႊင္ခ်င္၊ ခ်က္ကိြၽန္၊ လီခြၽန္၊ ဝမ္ဆြတ္ဖင္(၃ဝ ႏွစ္)၊ ဆိြက်ဳိ(၂၉ ႏွစ္)၊ က်န္းခိုင္းလင္(၂၇ ႏွစ္)ႏွင့္ ဝမ္ထား(၂ဝ ႏွစ္)တို႔အား Laptop ကြန္ပ်ဴတာမ်ားျဖင့္ ေလာင္းကစား ျပဳလုပ္ေနသည္ကို ေတြ႕ရွိရသည္။
.
သို႔ျဖစ္၍ တရားမဝင္ေနထိုင္ကာ အင္တာနက္ကို အသုံးျပဳ၍ ေလာင္းကစားျပဳလုပ္ေနၾကသူ တ႐ုတ္ႏုိင္ငံသား ၁ဝ ဦးတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက (ပ)၂၆၃ /၂ဝ၁၉၊ ၂ဝ၁၉ ခုႏွစ္ ေလာင္ကစားဥပေဒပုဒ္မ ၁၅(က)/၁၆(က) တို႔ျဖင့္အမႈဖြင့္ကာ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
.
တာချီလိတ်၌ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၁၈၈ ဦးအနက် ၁ဝ ဦးကို လောင်းကစားဥပဒေဖြင့် ထပ်မံအမှုဖွင့်
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၌ ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသား ၁၈၈ ဦးအနက် ၁ဝ ဦးကို မေ ၁၄ ရက် ညပိုင်းက လောင်းကစားဥပဒေဖြင့် ထပ်မံအမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
တာချီလိတ်မြို့၊ ဝိန်းကျောက်ရွက်ကွက်၊ ရန်အောင်မြေရပ်ကွက်တို့တွင် တရုတ်နိုင်ငံသားများ တရားမဝင် နေထိုင်ကြောင်း၊ လောင်ကစားများပြုလုပ်နေကြောင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲနေကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်း၊ တာချီလိတ်တပ်နယ်၊ လဝကစသည့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မေ ၁၃ ရက်နေ့လည် ၁ နာရီအချိန်ခန့်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ အမှတ်(၂၃၇)နေအိမ်ရှိ အခန်းများအား ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အဆိုပါဝင်းအတွင်း အင်တာနက်ဖြင့် တရားမဝင် လောင်းကစားပြုလုပ်နေကြသူ ထူးလုံချွမ်း(၃၁ နှစ်)၊ ချန်ဖိတ်လုံ(၂၆ နှစ်)၊ လီဆွတ်ယောင်(၁၈ နှစ်)၊ ရွှင်ချင်(၂၃ နှစ်)၊ ချက်ကျွိန်(၂၈ နှစ်)၊ လီချွန်(၂၃ နှစ်)၊ ရွှင်ချင်၊ ချက်ကျွိန်၊ လီချွန်၊ ဝမ်ဆွတ်ဖင်(၃ဝ နှစ်)၊ ဆွိကျို(၂၉ နှစ်)၊ ကျန်းခိုင်းလင်(၂၇ နှစ်)နှင့် ဝမ်ထား(၂ဝ နှစ်)တို့အား Laptop ကွန်ပျူတာများဖြင့် လောင်းကစား ပြုလုပ်နေသည်ကို တွေ့ရှိရသည်။
.
သို့ဖြစ်၍ တရားမဝင်နေထိုင်ကာ အင်တာနက်ကို အသုံးပြု၍ လောင်းကစားပြုလုပ်နေကြသူ တရုတ်နိုင်ငံသား ၁ဝ ဦးတို့အား တာချီလိတ်မြို့မရဲစခန်းက (ပ)၂၆၃ /၂ဝ၁၉၊ ၂ဝ၁၉ ခုနှစ် လောင်ကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) တို့ဖြင့်အမှုဖွင့်ကာ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment