ကိုယ္ခ်င္းစာတရားကို အေျခခံရမည့္ စားသံုးသူ အခြင့္အေရး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 1, 2019

ကိုယ္ခ်င္းစာတရားကို အေျခခံရမည့္ စားသံုးသူ အခြင့္အေရး


ကေမၻာဇတိုင္း
.

''စားသံုးသူဆိုသည္မွာ ကုန္စည္ (သို႔မဟုတ္) ဝန္ေဆာင္မႈကုိ ကုန္သြယ္ေရာင္းဝယ္မႈျပဳရန္ (သို႔မဟုတ္) အသက္ ေမြးဝမ္းေၾကာင္း ျပဳရန္ မဟုတ္ဘဲ ကိုယ္တိုင္သံုးစဲြမႈအတြက္ ေသာ္လည္းေကာင္း၊ အျခားသူအတြက္ ေသာ္လည္း ေကာင္း ရည္ရြယ္၍ ဝယ္ယူျခင္း၊ အသံုးျပဳျခင္း၊ ရယူျခင္း၊ ကုန္စည္ေခ်းငွားျခင္း ျပဳလုပ္သူမ်ား (သို႔မဟုတ္) ေပးကမ္း ေထာက္ပံ့ျခင္း ခံရသူမ်ားကိုဆိုသည္''ဟု စားသံုးသူကာကြယ္ေရး ဥပေဒတြင္ ျပဌာန္းထားပါသည္။
.
တစ္နည္းအားျဖင့္ ဆိုရေသာ္ စားသံုးသူဆိုသည္မွာ ျပည္သူမ်ားကို ဆိုလိုျခင္းပင္ ျဖစ္သည္။ အဆိုပါ ဥပေဒကို စားသံုးသူ အခြင့္အေရးမ်ား အျပည့္အဝ ရရွိႏိုင္ေစရန္ဟူသည့္အခ်က္ အပါအဝင္ စုစုေပါင္း အခ်က္ ၉ ခ်က္ပါဝင္သည့္ ရည္ရြယ္ခ်က္မ်ားျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္က ျပဌာန္းခဲ့ျခင္း ျဖစ္သည္။
.
စားသံုးသူကာကြယ္ေရး ဥပေဒသည္ ျပည္သူမ်ားအတြက္ အမွန္တကယ္ လိုအပ္သကဲ့သို႔ အမွန္တကယ္လည္း က်င့္သံုး လုပ္ေဆာင္ရန္ လိုအပ္မည္ျဖစ္ပါသည္။ သို႔ေသာ္ ပုဂၢလိက ဆက္သြယ္ေရး ေအာ္ပေရတာတစ္ခုႏွင့္ စားသံုး သူမ်ားၾကား ျဖစ္ပြားခဲ့သည့္ အျငင္းပြားမႈႏွင့္ ပတ္သက္၍ စားသံုးသူေရးရာဦးစီးဌာန၏ လုပ္ေဆာင္/ဆံုးျဖတ္ခ်က္မ်ား အေပၚ ေဝဖန္မႈမ်ားလည္း ျဖစ္ေပၚခဲ့သည္။ ထို႔အျပင္ ျပည္သူမ်ား ေန႔စဥ္ထိေတြ႕ေနရသည့္ ယာဥ္စီးနင္းျခင္း၊ လူ သံုးကုန္မ်ား ဝယ္ယူအသံုးျပဳျခင္းမ်ား ျပဳလုပ္ရာတြင္ စားသံုးသူ အခြင့္အေရးအျပည့္အဝ မရရွိျခင္း၊ ဆံုး႐ံႈးေနရျခင္း မ်ားကိုလည္း ေန႔စဥ္ ျမင္ေတြ႕ေနရပါသည္။
.
၂ဝ၁၅ ခုႏွစ္၊ ဇန္နဝါရီလ ၁၅ ရက္တြင္ ျပဳလုပ္ခဲ့ေသာ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝးအမွတ္စဥ္ (၃/ ၂ဝ၁၅)၏ သေဘာတူခြင့္ျပဳခ်က္အရ ဖြဲ႕စည္းခဲ့ေသာ ကုန္သြယ္မႈျမႇင့္တင္ေရးႏွင့္ စားသံုးသူေရးရာဦးစီးဌာနသည္ စား သံုးသူ အကာအကြယ္ေပးေရး ဥပေဒကိုက်င့္သံုးကာ စားသံုးသူျပည္သူမ်ား အခြင့္အေရး ဆံုး႐ံႈးမႈ မရွိေစေရးအတြက္ ေဆာင္ရြက္ေနပါသည္။ ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္အတြင္းက ရွမ္းျပည္နယ္အတြင္း၌ စားသံုးသူေရးရာ ဦးစီးဌာနသို႔ တုိင္ၾကားမႈ စုစုေပါင္း ၃၇ မႈ ရွိခဲ့ၿပီး ယင္းအေရအတြက္မွာ ၂ဝ၁၇ ခုႏွစ္ႏွင့္ ႏိႈင္းယွဥ္ပါက ပိုမို မ်ားျပားလာသည္ဟု သိရပါသည္။
.
အဆိုပါ အေရအတြက္မွာ ေန႔စဥ္ႏွင့္အဝွမ္း ျဖစ္ပြားေနသည့္ စားသံုးသူ အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈမ်ား၏ အေရအတြက္ႏွင့္ ႏိႈင္းယွဥ္ပါက လြန္စြာနည္းပါးလွပါသည္။ ျပည္သူမ်ားအေနျဖင့္ စားသံုးသူအခြင့္အေရးဆုိင္ရာ အ ေျခခံ ရပိုင္ခြင့္မ်ားကို သိရွိမႈ အားနည္းေနျခင္းေၾကာင့္လည္း ေန႔စဥ္ႏွင့္အမွ် စားသံုးသူ အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈ မ်ားကို ႀကံဳေတြ႕ေနရျခင္းျဖစ္သည္။
.
စားသံုးသူေရးရာ ဦးစီးဌာနအေနျဖင့္ စားသံုးသူမ်ား၏ တိုင္ၾကားလာမႈမ်ားအား ညႇိႏႈိင္းေျဖရွင္းေပးျခင္း၊ ေျမျပင္ ကြင္းဆင္း အသိပညာေပးေဟာေျပာျခင္း၊ ေစ်းကြက္အတြင္းရွိ စားသံုးရန္မသင့္ေသာ စားေသာက္ကုန္မ်ားအား ထိန္း သိမ္းျခင္း၊ ဖ်က္ဆီးျခင္းတို႔ကို လုပ္ေဆာင္လ်က္ရွိပါသည္။ ယင္းသို႔ ေဆာင္ရြက္ေနပါေသာ္လည္း လက္ရွိ ေစ်းကြက္ အတြင္း နယ္ၿမိဳ႕မ်ားရွိ အေျခခံပညာစာသင္ေက်ာင္းမ်ားတြင္ပင္ စားသံုးရန္မသင့္ေသာ ျပည္ပႏုိင္ငံထုတ္ မုန္႔မ်ားကို ေရာင္းခ်ျခင္းမ်ား ျမင္ေတြ႕ေနရပါသည္။
.
ဥပေဒမ်ားျဖင့္ မည္သို႔ပင္ ကန္႔သတ္ထားသည္ျဖစ္ေစ ႏုိင္ငံသား တစ္ဦးခ်င္းစီမွ ကိုယ္ခ်င္းစာတရားကို ရင္ဝယ္ ပိုက္ကာ လုပ္ငန္းရွင္ကိုယ္တုိင္က မိမိသည္လည္း စားသံုးသူ ျဖစ္သည္ဟူေသာ ခံယူခ်က္ျဖင့္ တစ္ဖက္သား မနစ္နာ ေစေရးအတြက္ မွန္ကန္ေသာ ဝန္ေဆာင္မႈကို ေပးႏိုင္ၾကရန္ လိုအပ္မည္ျဖစ္ကာ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားကလည္း အဂတိတရား ကင္းရွင္းစြာျဖင့္ စားသံုးသူျပည္သူမ်ားအေရးကို ေရွး႐ႈႏိုင္ပါေစေၾကာင္း။  
.
ကိုယ်ချင်းစာတရားကို အခြေခံရမည့် စားသုံးသူ အခွင့်အရေး
.
ကမ္ဘောဇတိုင်း
.
''စားသုံးသူဆိုသည်မှာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် (သို့မဟုတ်) အသက် မွေးဝမ်းကြောင်း ပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူအတွက် သော်လည်း ကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ (သို့မဟုတ်) ပေးကမ်း ထောက်ပံ့ခြင်း ခံရသူများကိုဆိုသည်''ဟု စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားပါသည်။
.
တစ်နည်းအားဖြင့် ဆိုရသော် စားသုံးသူဆိုသည်မှာ ပြည်သူများကို ဆိုလိုခြင်းပင် ဖြစ်သည်။ အဆိုပါ ဥပဒေကို စားသုံးသူ အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရန်ဟူသည့်အချက် အပါအဝင် စုစုပေါင်း အချက် ၉ ချက်ပါဝင်သည့် ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့ခြင်း ဖြစ်သည်။
.
စားသုံးသူကာကွယ်ရေး ဥပဒေသည် ပြည်သူများအတွက် အမှန်တကယ် လိုအပ်သကဲ့သို့ အမှန်တကယ်လည်း ကျင့်သုံး လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။ သို့သော် ပုဂ္ဂလိက ဆက်သွယ်ရေး အော်ပရေတာတစ်ခုနှင့် စားသုံး သူများကြား ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ဆောင်/ဆုံးဖြတ်ချက်များ အပေါ် ဝေဖန်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ပြည်သူများ နေ့စဉ်ထိတွေ့နေရသည့် ယာဉ်စီးနင်းခြင်း၊ လူ သုံးကုန်များ ဝယ်ယူအသုံးပြုခြင်းများ ပြုလုပ်ရာတွင် စားသုံးသူ အခွင့်အရေးအပြည့်အဝ မရရှိခြင်း၊ ဆုံးရှုံးနေရခြင်း များကိုလည်း နေ့စဉ် မြင်တွေ့နေရပါသည်။
.
၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/ ၂ဝ၁၅)၏ သဘောတူခွင့်ပြုချက်အရ ဖွဲ့စည်းခဲ့သော ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနသည် စား သုံးသူ အကာအကွယ်ပေးရေး ဥပဒေကိုကျင့်သုံးကာ စားသုံးသူပြည်သူများ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရေးအတွက် ဆောင်ရွက်နေပါသည်။ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်းက ရှမ်းပြည်နယ်အတွင်း၌ စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားမှု စုစုပေါင်း ၃၇ မှု ရှိခဲ့ပြီး ယင်းအရေအတွက်မှာ ၂ဝ၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပိုမို များပြားလာသည်ဟု သိရပါသည်။
.
အဆိုပါ အရေအတွက်မှာ နေ့စဉ်နှင့်အဝှမ်း ဖြစ်ပွားနေသည့် စားသုံးသူ အခွင့်အရေး ချိုးဖောက်ခံရမှုများ၏ အရေအတွက်နှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးလှပါသည်။ ပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးဆိုင်ရာ အ ခြေခံ ရပိုင်ခွင့်များကို သိရှိမှု အားနည်းနေခြင်းကြောင့်လည်း နေ့စဉ်နှင့်အမျှ စားသုံးသူ အခွင့်အရေး ချိုးဖောက်ခံရမှု များကို ကြုံတွေ့နေရခြင်းဖြစ်သည်။
.
စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူများ၏ တိုင်ကြားလာမှုများအား ညှိနှိုင်းဖြေရှင်းပေးခြင်း၊ မြေပြင် ကွင်းဆင်း အသိပညာပေးဟောပြောခြင်း၊ စျေးကွက်အတွင်းရှိ စားသုံးရန်မသင့်သော စားသောက်ကုန်များအား ထိန်း သိမ်းခြင်း၊ ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်နေပါသော်လည်း လက်ရှိ စျေးကွက် အတွင်း နယ်မြို့များရှိ အခြေခံပညာစာသင်ကျောင်းများတွင်ပင် စားသုံးရန်မသင့်သော ပြည်ပနိုင်ငံထုတ် မုန့်များကို ရောင်းချခြင်းများ မြင်တွေ့နေရပါသည်။
.
ဥပဒေများဖြင့် မည်သို့ပင် ကန့်သတ်ထားသည်ဖြစ်စေ နိုင်ငံသား တစ်ဦးချင်းစီမှ ကိုယ်ချင်းစာတရားကို ရင်ဝယ် ပိုက်ကာ လုပ်ငန်းရှင်ကိုယ်တိုင်က မိမိသည်လည်း စားသုံးသူ ဖြစ်သည်ဟူသော ခံယူချက်ဖြင့် တစ်ဖက်သား မနစ်နာ စေရေးအတွက် မှန်ကန်သော ဝန်ဆောင်မှုကို ပေးနိုင်ကြရန် လိုအပ်မည်ဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း အဂတိတရား ကင်းရှင်းစွာဖြင့် စားသုံးသူပြည်သူများအရေးကို ရှေးရှုနိုင်ပါစေကြောင်း။  
.

No comments:

Post a Comment