ေနျပည္ေတာ္၊ ဝ႑သိဒိၶအားကစားကြင္း (B) ႐ံု၌ ၂၀၁၉ ခုႏွစ္ တိုင္းႏွင့္ ျပည္နယ္စစ္တုရင္ၿပိဳင္ပဲြ က်င္းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 2, 2019

ေနျပည္ေတာ္၊ ဝ႑သိဒိၶအားကစားကြင္း (B) ႐ံု၌ ၂၀၁၉ ခုႏွစ္ တိုင္းႏွင့္ ျပည္နယ္စစ္တုရင္ၿပိဳင္ပဲြ က်င္းပ


ေနာင္ (ျမစ္မခ)
.
ေနျပည္ေတာ္၊ ဝ႑သိဒိၶမိုးလံုေလလံုအားကစားကြင္း (B) ရံု၌ ၂၀၁၉ ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ စစ္တုရင္ၿပိဳင္ပဲြကို ဧၿပီ ၃၀ ရက္မွ စတင္ကာ က်င္းပလ်က္ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သိရွိရသည္။
.
.
အဆိုပါ ၿပိဳင္ပဲြကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ စစ္တုရင္အားကစားသမားမ်ားမွ အျပည္ျပည္ဆိုင္ရာ စစ္တုရင္ႏွင့္ ျမန္မာ့႐ိုးရာစစ္တုရင္ၿပိဳင္ပြဲတို႔ကို ဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ရွိေၾကာင္း သိရသည္။ 
.
က်င္းပရတာကေတာ့ မ်ိဳးဆက္သစ္လူငယ္ စစ္တုရင္အားကစားသမားေတြ စဥ္ဆက္မျပတ္ေပၚထြက္လာၿပီး ေတာ့ ႏိုင္ငံေတာ္အတြက္ အားကိုးအားထားျပဳႏိုင္တဲ့ စစ္တုရင္အားကစားသမားေကာင္းေတြ ရရွိဖို႔ျဖစ္ပါတယ္။ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ဒုတိယ အၿမဲတမ္းအတြင္းဝန္ ီးျမသန္းက ေျပာသည္။
.
အဆိုပါ ၿပိဳင္ပဲြတြင္ အျပည္ျပည္ဆိုင္ရာစစ္တုရင္ၿပိဳင္ပဲြ၊ ျမန္မာ့႐ိုးရာစစ္တုရင္ၿပိဳင္ပဲြမ်ားကို အလြတ္တန္း၊ အသက္ (၂၀)ေအာက္ လူငယ္စသည့္ အတန္းႏွစ္တန္းျဖင့္ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ား ပါဝင္ယွဥ္ၿပိဳင္ေနၾက ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕မွာ အေရြးခံလို႔ ဒီေနျပည္ေတာ္မွာ လာၿပိဳင္ရတာျဖစ္ပါတယ္။’’ဟု အသက္ (၁၁)ႏွစ္အရြယ္ရွိ ရွမ္းျပည္နယ္မွ လာေရာက္ယွဥ္ၿပိဳင္ေသာ ေမာင္ေဇာ္ရဲထြဋ္က ေျပာသည္။
.
အဆိုပါ ၿပိဳင္ပဲြသို႔  တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ စုစုေပါင္း ၁၅ ခုမွ အားကစားသမား အမ်ိဳးသား၊ သမီး ၂၄၉ ဦး လာေရာက္ယွဥ္ၿပိဳင္ကာ ၿပိဳင္ပဲြကို ဧၿပီ ၃၀ ရက္မွ ေမ ၇  ရက္အထိ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္ေၾကာင္း သိရသည္။ 
.
နေပြည်တော်၊ ဝဏ္ဍသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ၂၀၁၉ ခုနှစ် တိုင်းနှင့် ပြည်နယ်စစ်တုရင်ပြိုင်ပွဲ ကျင်းပ
.
နောင် (မြစ်မခ)
.
နေပြည်တော်၊ ဝဏ္ဍသိဒ္ဓိမိုးလုံလေလုံအားကစားကွင်း (B) ရုံ၌ ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စစ်တုရင်ပြိုင်ပွဲကို ဧပြီ ၃၀ ရက်မှ စတင်ကာ ကျင်းပလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရှိရသည်။
.
အဆိုပါ ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်တုရင်အားကစားသမားများမှ အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ 
.
ကျင်းပရတာကတော့ မျိုးဆက်သစ်လူငယ် စစ်တုရင်အားကစားသမားတွေ စဉ်ဆက်မပြတ်ပေါ်ထွက်လာပြီး တော့ နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်တဲ့ စစ်တုရင်အားကစားသမားကောင်းတွေ ရရှိဖို့ဖြစ်ပါတယ်။ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြသန်းက ပြောသည်။
.
အဆိုပါ ပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာစစ်တုရင်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲများကို အလွတ်တန်း၊ အသက် (၂၀)အောက် လူငယ်စသည့် အတန်းနှစ်တန်းဖြင့် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နေကြ ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ အရွေးခံလို့ ဒီနေပြည်တော်မှာ လာပြိုင်ရတာဖြစ်ပါတယ်။’’ဟု အသက် (၁၁)နှစ်အရွယ်ရှိ ရှမ်းပြည်နယ်မှ လာရောက်ယှဉ်ပြိုင်သော မောင်ဇော်ရဲထွဋ်က ပြောသည်။
.
အဆိုပါ ပြိုင်ပွဲသို့  တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း ၁၅ ခုမှ အားကစားသမား အမျိုးသား၊ သမီး ၂၄၉ ဦး လာရောက်ယှဉ်ပြိုင်ကာ ပြိုင်ပွဲကို ဧပြီ ၃၀ ရက်မှ မေ ၇  ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ 
.

No comments:

Post a Comment