လားရိႈးၿမိဳ႕တြင္ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးလူထုေထာက္ခံပဲြ ျပဳလုပ္ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, May 11, 2019

လားရိႈးၿမိဳ႕တြင္ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးလူထုေထာက္ခံပဲြ ျပဳလုပ္


ေနာင္(ျမစ္မခ)
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး လူထုေထာက္ခံပဲြကို ျပည္သူ ၆၀၀ ဝန္းက်င္ျဖင္႔ ေမ ၁၁ ရက္က ျပဳလုပ္ခဲ႔ေၾကာင္း သိရွိရသည္။
အဆိုပါ ေထာက္ခံပဲြျပဳလုပ္ရန္အတြက္ လားရိႈးၿမိဳ႕မွ တရားလႊတ္ေတာ္ေရွ႕ေန ဦးေထြးေအာင္ေက်ာ္မွ
ဦးေဆာင္ကာ လားရိႈးၿမိဳ႕နယ္အတြင္းရွိ တိုင္းရင္းသားျပည္သူမ်ား ပါဝင္ကာ ျပဳလုပ္ခဲ႔ေၾကာင္း သိရသည္။
၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဥပေဒျပင္ဆင္ဖို႔ဆိုတာ ကြ်န္ေတာ္တို႔ တိုင္းျပည္အတြက္ အမွန္တကယ္ကို လိုအပ္ေနတယ္။ ဒီအေျခခံ ဥပေဒက ေျပာမယ္ဆိုရင္ ဒီမိုကေရစီ စံခ်ိန္စံညႊန္းနဲ႔ မညီဘူး။ ေနာာက္ၿပီးေတာ့ ေရွ႕ေနာက္ မညီဘူး။ ဒီလိုမညီမွ်တာကို ျပဳျပင္ရမယ္။ ကာလအားျဖင့္လည္း ၂၀၀၈ က ဖဲြ႔စည္းခဲ႔တာ ျဖစ္တဲ႔ အတြက္ ၂၀၁၈ ဆိုေတာ့ ၁၀ ႏွစ္ေတာင္ၾကာခဲ႔ၿပီ ေခတ္နဲ႔ မဆီေလ်ာေတာ့ဘူး။ ဒါေတြကို ျပဳျပင္ ေျပာင္းလဲဖို႔ လိုလာတယ္။ဟု ဦးေဆာင္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးေထြးေအာင္ေက်ာ္က ေျပာသည္။
အဆိုပါ ေထာက္ခံပဲြတြင္ ၿငိမ္းခ်မ္းေရးရရွိဖို႔ (၂၀၀၈) ဖဲြ႔စည္းပံုုျပင္ၾကစို႔၊ ဖယ္ဒရယ္စနစ္ေပၚေပါက္ဖို႔ (၂၀၀၈) ဖဲြ႔စည္းပံုုျပင္ၾကစို႔၊ ႏိုင္ငံေတာ္ႀကီး ေျပာင္းလဲတိုးတက္ဖို႔ (၂၀၀၈) ဖဲြ႔စည္းပံုအေျခခံဥပေဒကို ျပင္ၾကစို႔၊ ျပည္သူတို႔၏ အနာဂတ္ေျပာင္းလဲဖြံၿဖိဳးဖို႔ (၂၀၀၈) ဖဲြ႔စည္းပံုအေျခခံဥပေဒကို ျပင္ၾကစို႔၊ တိုင္းျပည္၏ အနာဂတ္ ေျပာင္းလဲေရးသည္ ျပည္သူအားလံုးတြင္ တာဝန္ရွိသည္။’’စသည့္ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ၿပီး ေၾကြးေၾကာ္ကာ လမ္းေလွ်ာက္ခဲ႔ေၾကာင္း သိရသည္။
ႏိုင္ငံကို အေထာက္အကူေပးႏိုင္တဲ႔ တိုင္းသူျပည္သားတစ္ဦးႏိုုင္ငံသားတစ္ဦးအေနနဲ႔ ပါဝင္တာျဖစ္ပါတယ္။ ဝိုင္းဝန္းတာ မဟုတ္ပါဘူး ပါဝင္တာျဖစ္ပါတယ္။’’ဟု ေထာက္ခံပဲြလာသူ ကိုေက်ာ္ခိုင္က ေျပာသည္။
အဆိုပါ ႀကိဳဆိုေထာက္ခံပဲြ လမ္းေလွ်ာက္ရာတြင္ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး၊ ၂၀၀၈ ဖဲြ႔စည္းပံု အေျခခံ ဥပေဒျပင္ဆင္ေရး ျပည္သူလူထုပူးေပါင္းပါ၀င္ေရး၊ ဒီမိုကေရစီမဲ႔ေသာ ျပဌာန္းခ်က္ ဥပေဒမ်ား (ျပင္ဆင္ေပး)း ဖယ္ဒရယ္ ျပည္ေထာင္စု ေပၚေပါက္ေရး၊ ၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္း ေကာ္မတီ -ေအာင္ရမည္စေသာ ေၾကြေၾကာ္သံမ်ားအား ဟစ္ေၾကြးခဲ႔ၾကေၾကာင္း သိရသည္။  
ေထာက္ခံပဲြကို ေမလ ၁၁ ရက္နံနက္ပိုင္းက ားရိႈးၿမိဳ႕  ရပ္ကြက္(၄)မဟာေဗာဓရံု ေက်ာင္းတိုက္ေရွ႕တြင္ စုေဝးကာ၊ လမ္းမေတာ္လမ္းအတိုင္းမွ ေဆးရံုႀကီးေရွ႕ရွိ ေစ်းလမ္းအတိုင္း ဆင္းကာ လားရိႈးၿမိဳ႕ ရပ္ကြက္(၈) ၿမိဳ႕မ အားကစားကြင္းသို႔ ဝင္ေရာက္ကာ ဦးစိုင္းခမ္းေကာ (ရွမ္းတိုင္းရင္းသား)၊ စာေရးဆရာ ရန္ၿငိမ္းသူႏွင့္ ပဲြစီစဥ္ ဦးေဆာင္သူ တရားလႊတ္ေတာ္ေရွ ႔ေန ဦးေထြးေအာင္ေက်ာ္တို႔မွ ေဟာေျပာခဲ႔ေၾကာင္း သိရသည္။
.


လားရှိုးမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုထောက်ခံပွဲပြုလုပ်
.
နောင်(မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို ပြည်သူ ၆၀၀ ဝန်းကျင်ဖြင့် မေ ၁၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
အဆိုပါ ထောက်ခံပွဲပြုလုပ်ရန်အတွက် လားရှိုးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးထွေးအောင်ကျော်မှ
ဦးဆောင်ကာ လားရှိုးမြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ ပါဝင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာ ကျွန်တော်တို့ တိုင်းပြည်အတွက် အမှန်တကယ်ကို လိုအပ်နေတယ်။ ဒီအခြေခံ ဥပဒေက ပြောမယ်ဆိုရင် ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီဘူး။ နောာက်ပြီးတော့ ရှေ့နောက် မညီဘူး။ ဒီလိုမညီမျှတာကို ပြုပြင်ရမယ်။ ကာလအားဖြင့်လည်း ၂၀၀၈ က ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့ အတွက် ၂၀၁၈ ဆိုတော့ ၁၀ နှစ်တောင်ကြာခဲ့ပြီ ခေတ်နဲ့ မဆီလျောတော့ဘူး။ ဒါတွေကို ပြုပြင် ပြောင်းလဲဖို့ လိုလာတယ်။ဟု ဦးဆောင်သူ တရားလွှတ်တော်ရှေ့နေ ဦးထွေးအောင်ကျော်က ပြောသည်။
.

အဆိုပါ ထောက်ခံပွဲတွင် ငြိမ်းချမ်းရေးရရှိဖို့ (၂၀၀၈) ဖွဲ့စည်းပုံပြင်ကြစို့၊ ဖယ်ဒရယ်စနစ်ပေါ်ပေါက်ဖို့ (၂၀၀၈) ဖွဲ့စည်းပုံပြင်ကြစို့၊ နိုင်ငံတော်ကြီး ပြောင်းလဲတိုးတက်ဖို့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြစို့၊ ပြည်သူတို့၏ အနာဂတ်ပြောင်းလဲဖွံဖြိုးဖို့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြစို့၊ တိုင်းပြည်၏ အနာဂတ် ပြောင်းလဲရေးသည် ပြည်သူအားလုံးတွင် တာဝန်ရှိသည်။’’စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်ကာ လမ်းလျှောက်ခဲ့ကြောင်း သိရသည်။
.
နိုင်ငံကို အထောက်အကူပေးနိုင်တဲ့ တိုင်းသူပြည်သားတစ်ဦးနိုင်ငံသားတစ်ဦးအနေနဲ့ ပါဝင်တာဖြစ်ပါတယ်။ ဝိုင်းဝန်းတာ မဟုတ်ပါဘူး ပါဝင်တာဖြစ်ပါတယ်။’’ဟု ထောက်ခံပွဲလာသူ ကိုကျော်ခိုင်က ပြောသည်။
.
အဆိုပါ ကြိုဆိုထောက်ခံပွဲ လမ်းလျှောက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပြည်သူလူထုပူးပေါင်းပါဝင်ရေး၊ ဒီမိုကရေစီမဲ့သော ပြဌာန်းချက် ဥပဒေများ (ပြင်ဆင်ပေး)း ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ -အောင်ရမည်စသော ကြွေကြော်သံများအား ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။ 
.
ထောက်ခံပွဲကို မေလ ၁၁ ရက်နံနက်ပိုင်းက လားရှိုးမြို့  ရပ်ကွက်(၄)မဟာဗောဓိရုံ ကျောင်းတိုက်ရှေ့တွင် စုဝေးကာ၊ လမ်းမတော်လမ်းအတိုင်းမှ ဆေးရုံကြီးရှေ့ရှိ ဈေးလမ်းအတိုင်း ဆင်းကာ လားရှိုးမြို့ ရပ်ကွက်(၈) မြို့မ အားကစားကွင်းသို့ ဝင်ရောက်ကာ ဦးစိုင်းခမ်းကော (ရှမ်းတိုင်းရင်းသား)၊ စာရေးဆရာ ရန်ငြိမ်းသူနှင့် ပွဲစီစဉ် ဦးဆောင်သူ တရားလွှတ်တော်ရှေ့နေ ဦးထွေးအောင်ကျော်တို့မှ ဟောပြောခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats