ေတာင္ႀကီးတကၠသိုလ္၀န္းအတြင္း၌ လူငယ္ ၂ ဦးအား လူ ၅ ဦးမွ ဓါးျဖင့္ ၀ိုင္းထိုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 11, 2019

ေတာင္ႀကီးတကၠသိုလ္၀န္းအတြင္း၌ လူငယ္ ၂ ဦးအား လူ ၅ ဦးမွ ဓါးျဖင့္ ၀ိုင္းထိုး


ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမဳိ႕ရွိ ေတာင္ႀကီးတကၠသိုလ္၀န္းအတြင္း၌ ေမလ ၁၀ ရက္၊ ညေနပိုင္းတြင္ လူငယ္ ၂ ဦးအား အျခားလူ ၅ ဦးမွ ဓါးျဖင့္ ၀ိုင္း၀န္း ထိုးႏွက္ခဲ့ျခင္းေၾကာင့္ တစ္ဦး ဒဏ္ရာမ်ား ရရွိကာ ေဆးကုသမႈ ခံယူေနရၿပီး ဓါးျဖင့္ ၀ိုင္း၀န္း ထိုးႏွက္ခဲ့သူမ်ားကို ရဲတပ္ဖဲြ႕မွ ဖမ္းဆီးထားေၾကာင္း သိရသည္။
.
“ အရင္တုန္းက ရန္ၿငိဳးရန္စ ရွိတဲ့သူေတြပါ။ ေက်ာင္းသားေတြေတာ့ မဟုတ္ပါဘူး၊ ဓါးခုတ္ခံရတဲ့ သူနဲ႔ သူ႔သူငယ္ခ်င္းနဲ႔က အျပင္သြားဖို႔ ဆိုင္ကယ္နဲ႔ ထြက္လာတုန္း လူ ၅ ေယာက္ ေရာက္လာၿပီးေတာ့ ၀ိုင္းခုတ္ၾကတာပါ။ တရားခံ ၅ ေယာက္လံုးကို ဖမ္းဆီးထားပါၿပီ။” ဟု ေတာင္ႀကီးၿမဳိ႕နယ္ ရဲတပ္ဖဲြ႕မွဴး ရဲမွဴး ေမာင္ေမာင္ႏိုင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ေတာင္ႀကီးၿမဳိ႕၊ ေက်ာင္းႀကီးစုရပ္ကြက္ေန စိုးမိုးေအာင္ႏွင့္ လြင္မိုးတို႔ ေမလ ၁၀ ရက္၊ ညေန ၆ နာရီ၊ မိနစ္ ၂၀ ခန္႔တြင္ ေတာင္ႀကီးတကၠသိုလ္၀န္းမွ ၿမဳိ႕တြင္းသို႔ သြားေရာက္ရန္ ထြက္ခြာလာစဥ္ ၿဖဳိးထက္၊ စိုးထက္၊ စိုင္းေမာင္ေမာင္၊ ဖိုးျပည့္ (ခ) ျပည့္စံုေအာင္၊ ဇင္ဇင္ေအာင္တို႔ ၅ ဦး ေရာက္ရွိလာၿပီး ဓါးျဖင့္ ၀ိုင္း၀န္း ထိုးႏွက္ခဲ့ျခင္းေၾကာင့္ စိုးမိုးေအာင္၏ ရင္ဘတ္ႏွင့္ နံရိုးေအာက္တြင္ ထိုးသြင္းဒဏ္ရာ၊ လြင္မိုးတြင္ ပြန္းပဲ့ဒဏ္ရာမ်ား ရရွိကာ စိုးမိုးေအာင္အား စ၀္စံထြန္းေဆး႐ံုတြင္ ပို႔ေဆာင္၍ ေဆးကုသမႈခံယူေနျခင္း ျဖစ္ေၾကာင္း ေတာင္ႀကီးၿမဳိ႕မ ရဲစခန္းမွ သိရသည္။
.
ေတာင္ႀကီးၿမဳိ႕မရဲစခန္း စခန္းမွဴး ဒုရဲမွဴး ေအာင္ႏိုင္၀င္းမွ“  ျဖစ္စဥ္ ျဖစ္ၿပီးေတာ့ နယ္ထိန္းအဖဲြ႕နဲ႔ လိုက္ၿပီး စံုစမ္းပါတယ္။ တရားခံက ၅ ေယာက္ေပါ့၊ ဖမ္းဆီးၿပီး ဥပေဒအတိုင္း အေရးယူ ေဆာင္ရြက္ ေနပါတယ္”ဟု ေျပာဆိုခဲ့သည္။
.
ထို႔အတူ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဓါးျဖင့္ ၀ိုင္း၀န္းထိုးႏွက္ခဲ့သူ ၿဖဳိးထက္ အပါအ၀င္ ၅ ဦးအား ေတာင္ႀကီးၿမဳိ႕မရဲစခန္းမွ ဥပေဒပုဒ္မ ၃၂၆၊ ၁၁၄ တို႔ျဖင့္ ဖမ္းဆီး၍ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
.

တောင်ကြီးတက္ကသိုလ်ဝန်းအတွင်း၌ လူငယ် ၂ ဦးအား လူ ၅ ဦးမှ ဓါးဖြင့် ဝိုင်းထိုး
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ်ဝန်းအတွင်း၌ မေလ ၁၀ ရက်၊ ညနေပိုင်းတွင် လူငယ် ၂ ဦးအား အခြားလူ ၅ ဦးမှ ဓါးဖြင့် ဝိုင်းဝန်း ထိုးနှက်ခဲ့ခြင်းကြောင့် တစ်ဦး ဒဏ်ရာများ ရရှိကာ ဆေးကုသမှု ခံယူနေရပြီး ဓါးဖြင့် ဝိုင်းဝန်း ထိုးနှက်ခဲ့သူများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း သိရသည်။
.
အရင်တုန်းက ရန်ငြိုးရန်စ ရှိတဲ့သူတွေပါ။ ကျောင်းသားတွေတော့ မဟုတ်ပါဘူး၊ ဓါးခုတ်ခံရတဲ့ သူနဲ့ သူ့သူငယ်ချင်းနဲ့က အပြင်သွားဖို့ ဆိုင်ကယ်နဲ့ ထွက်လာတုန်း လူ ၅ ယောက် ရောက်လာပြီးတော့ ဝိုင်းခုတ်ကြတာပါ။ တရားခံ ၅ ယောက်လုံးကို ဖမ်းဆီးထားပါပြီ။ ဟု တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ စိုးမိုးအောင်နှင့် လွင်မိုးတို့ မေလ ၁၀ ရက်၊ ညနေ ၆ နာရီ၊ မိနစ် ၂၀ ခန့်တွင် တောင်ကြီးတက္ကသိုလ်ဝန်းမှ မြို့တွင်းသို့ သွားရောက်ရန် ထွက်ခွာလာစဉ် ဖြိုးထက်၊ စိုးထက်၊ စိုင်းမောင်မောင်၊ ဖိုးပြည့် (ခ) ပြည့်စုံအောင်၊ ဇင်ဇင်အောင်တို့ ၅ ဦး ရောက်ရှိလာပြီး ဓါးဖြင့် ဝိုင်းဝန်း ထိုးနှက်ခဲ့ခြင်းကြောင့် စိုးမိုးအောင်၏ ရင်ဘတ်နှင့် နံရိုးအောက်တွင် ထိုးသွင်းဒဏ်ရာ၊ လွင်မိုးတွင် ပွန်းပဲ့ဒဏ်ရာများ ရရှိကာ စိုးမိုးအောင်အား စဝ်စံထွန်းဆေးရုံတွင် ပို့ဆောင်၍ ဆေးကုသမှုခံယူနေခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့မ ရဲစခန်းမှ သိရသည်။
.
တောင်ကြီးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး အောင်နိုင်ဝင်းမှ  ဖြစ်စဉ် ဖြစ်ပြီးတော့ နယ်ထိန်းအဖွဲ့နဲ့ လိုက်ပြီး စုံစမ်းပါတယ်။ တရားခံက ၅ ယောက်ပေါ့၊ ဖမ်းဆီးပြီး ဥပဒေအတိုင်း အရေးယူ ဆောင်ရွက် နေပါတယ်ဟု ပြောဆိုခဲ့သည်။
.
ထို့အတူ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဓါးဖြင့် ဝိုင်းဝန်းထိုးနှက်ခဲ့သူ ဖြိုးထက် အပါအဝင် ၅ ဦးအား တောင်ကြီးမြို့မရဲစခန်းမှ ဥပဒေပုဒ်မ ၃၂၆၊ ၁၁၄ တို့ဖြင့် ဖမ်းဆီး၍ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment