လား႐ိႈးၿမိဳ႕ရွိ အမက(၂၈) ေက်ာင္းအတြက္ ဂ်ပန္ႏိုင္ငံမွ အလွဴရွင္တစ္ဦးက စာၾကည့္တိုက္ ပရိေဘာဂ ပစၥည္းမ်ားႏွင့္ စာအုပ္မ်ား ေပးအပ္ လွဴဒါန္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 16, 2019

လား႐ိႈးၿမိဳ႕ရွိ အမက(၂၈) ေက်ာင္းအတြက္ ဂ်ပန္ႏိုင္ငံမွ အလွဴရွင္တစ္ဦးက စာၾကည့္တိုက္ ပရိေဘာဂ ပစၥည္းမ်ားႏွင့္ စာအုပ္မ်ား ေပးအပ္ လွဴဒါန္း


ေနာင္(ျမစ္မခ) 

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လား႐ိႈးၿမိဳ႕ရွိ အမွတ္(၂၈)အေျခခံပညာမူလတန္းလြန္ေက်ာင္းအတြက္ ဂ်ပန္ႏိုင္ငံမွ အလွဴရွင္တစ္ဦးက စာၾကည့္တိုက္ပရိေဘာဂပစၥည္းမ်ားႏွင့္ စာအုပ္မ်ားေပးအပ္လွဴဒါန္းျခင္းကို ေမ ၁၂ ရက္ ည ေနပိုင္းက အဆိုပါေက်ာင္းခန္းမအတြင္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွ မစၥစ္ဟိ႐ိုကိုအိခ်ီႏိုစဲ(Ms. HIROKO ICHINOSE )က အဆိုပါေက်ာင္းတြင္ လိုအပ္ေန ေသာ စာၾကည့္တိုက္ပရိေဘာဂပစၥည္းမ်ားႏွင့္ စာအုပ္မ်ားကို လာေရာက္ လွဴဒါန္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။
ေက်ာင္းသူ၊ ေက်ာင္းသားေတြ စာအုပ္ဖတ္ၿပီးေတာ့ ပညာေတြ၊ ဗဟုသုတေတြရရွိေစဖို႔အတြက္ ရည္ရြယ္ၿပီး ေတာ့ လွဴဒါန္းတာပါ။ စာအုပ္ဖတ္ရျခင္း၊ စာဗဟုသုတရရွိျခင္းသာမက တီထြင္ႀကံဆေတြးေခၚၿပီးေတာ့ အေလ့ အက်င့္ အေတြ႔အႀကံဳ ဒီထက္ပိုၿပီးျမွင့္မားတဲ့ အေတြးေခၚေတြျဖစ္ေပၚလာမယ္လို႔ ေမွ်ာ္လင့္ၿပီးေတာ့ လွဴဒါန္းျခင္း ျဖစ္ပါတယ္။’’ဟု အလွဴရွင္ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွ မစၥစ္ ဟိ႐ိုကိုအိခ်ီႏိုစဲက ေျပာသည္။
စာအုပ္ကိုဖတ္ျခင္းျဖင့္ ဗဟုသုတရရွိျခင္းအျပင္ မိမိကိုယ္ကို ေနထိုင္သြားလာစားေသာက္ရမည္မ်ားကိုပါ သိရွိ လာမည္ျဖစ္ၿပီး စာအုပ္ဖတ္ျခင္းအက်ဳိးကိုမရရွိခ်ိန္တြင္ စာဖတ္ျခင္းအေလ့က်င့္ကို ေန႔စဥ္ျဖစ္ေပၚလာေစေသာ အေလ့က်င့္ရရွိေစလာၿပီး လူ႔ေဘာင္ဘ၀တိုးတက္ေရးအတြက္ အေထာက္ကူျပဳမည္ျဖစ္ေၾကာင္း သိရသည္။
၂၀၁၈ ေအာက္တိုဘာလမွာ ကၽြန္မတို႔ေက်ာင္းကိုလာေရာက္ေလ့လာတာကေနၿပီးေတာ့ ကၽြန္မတို႔ေက်ာင္းမွာ စာၾကည့္တိုက္ ပရိေဘာဂနဲ႔ စာအုပ္ေတြကို လွဴဒါန္းလိုတယ္လို႔ ေျပာသြားပါတယ္။ ျပည္ပကေန ကၽြန္မတို႔ ေက်ာင္းကိုလွဴဒါန္းေပးတာကို မ်ားစြာ၀မ္းသာမိပါတယ္။ ကၽြန္မတို႔ေက်ာင္းမွာ မ်ားစြာလိုအပ္ခ်က္ေတြရွိပါေသး တယ္။’’ဟု အဆိုပါေက်ာင္းမွ တာ၀န္ခံ ေက်ာင္းအုပ္ဆရာမေဒၚနန္းေရႊထားက ေျပာသည္။
အဆိုပါ အခမ္းနားသို႔ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ပညာေရးဌာနမွ တာ၀န္ရွိသူမ်ား၊ ရပ္ကြက္တာ၀န္ရွိသူမ်ား၊ ေက်ာင္းသားမိဘမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဆရာ၊ ဆရာမမ်ား တက္ေရာက္ခဲ့ၿပီး စုစုေပါင္းတန္ဖိုးေငြ က်ပ္သိန္း(၄၀)၀န္းက်င္းရွိ စာအုပ္ႏွင့္ ပရိေဘာဂပစၥည္းမ်ားကို လွဴဒါန္းေပးခဲ့ေၾကာင္း သိရသည္။

လားရှိုးမြို့ရှိ အမက(၂၈) ကျောင်းအတွက် ဂျပန်နိုင်ငံမှ အလှူရှင်တစ်ဦးက စာကြည့်တိုက် ပရိဘောဂ ပစ္စည်းများနှင့် စာအုပ်များ ပေးအပ်လှူဒါန်း
နောင်(မြစ်မခ)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၂၈)အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် ဂျပန်နိုင်ငံမှ အလှူရှင်တစ်ဦးက စာကြည့်တိုက်ပရိဘောဂပစ္စည်းများနှင့် စာအုပ်များပေးအပ်လှူဒါန်းခြင်းကို မေ ၁၂ ရက် ည နေပိုင်းက အဆိုပါကျောင်းခန်းမအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ မစ္စစ်ဟိရိုကိုအိချီနိုစဲ(Ms. HIROKO ICHINOSE )က အဆိုပါကျောင်းတွင် လိုအပ်နေ သော စာကြည့်တိုက်ပရိဘောဂပစ္စည်းများနှင့် စာအုပ်များကိုလာရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းသူ၊ ကျောင်းသားတွေ စာအုပ်ဖတ်ပြီးတော့ ပညာတွေ၊ ဗဟုသုတတွေရရှိစေဖို့အတွက် ရည်ရွယ်ပြီး တော့ လှူဒါန်းတာပါ။ စာအုပ်ဖတ်ရခြင်း၊ စာဗဟုသုတရရှိခြင်းသာမက တီထွင်ကြံဆတွေးခေါ်ပြီးတော့ အလေ့ အကျင့် အတွေ့အကြုံ ဒီထက်ပိုပြီးမြှင့်မားတဲ့အတွေးခေါ်တွေဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ပြီးတော့ လှူဒါန်းခြင်း ဖြစ်ပါတယ်။’’ဟု အလှူရှင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ မစ္စစ် ဟိရိုကိုအိချီနိုစဲက ပြောသည်။
စာအုပ်ကိုဖတ်ခြင်းဖြင့် ဗဟုသုတရရှိခြင်းအပြင် မိမိကိုယ်ကို နေထိုင်သွားလာစားသောက်ရမည်များကိုပါ သိရှိ လာမည်ဖြစ်ပြီး စာအုပ်ဖတ်ခြင်းအကျိုးကိုမရရှိချိန်တွင် စာဖတ်ခြင်းအလေ့ကျင့်ကို နေ့စဉ်ဖြစ်ပေါ်လာစေသော အလေ့ကျင့်ရရှိစေလာပြီး လူ့ဘောင်ဘဝတိုးတက်ရေးအတွက် အထောက်ကူပြုမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ အောက်တိုဘာလမှာ ကျွန်မတို့ကျောင်းကိုလာရောက်လေ့လာတာကနေပြီးတော့ ကျွန်မတို့ကျောင်းမှာ စာကြည့်တိုက် ပရိဘောဂနဲ့ စာအုပ်တွေကို လှူဒါန်းလိုတယ်လို့ ပြောသွားပါတယ်။ ပြည်ပကနေ ကျွန်မတို့ ကျောင်းကိုလှူဒါန်းပေးတာကို များစွာဝမ်းသာမိပါတယ်။ ကျွန်မတို့ကျောင်းမှာ များစွာလိုအပ်ချက်တွေရှိပါသေး တယ်။’’ဟု အဆိုပါကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမဒေါ်နန်းရွှေထားက ပြောသည်။
အဆိုပါ အခမ်းနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း(၄၀)ဝန်းကျင်းရှိ စာအုပ်နှင့် ပရိဘောဂပစ္စည်းများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment