ေအာင္ပန္း - ပင္းတယ လမ္းေဘး၌ အ၀တ္အစား မပါဘဲ ေသဆံုးေနသူ(အမည္မသိ) တစ္ဦး ေတြ႕ရွိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 16, 2019

ေအာင္ပန္း - ပင္းတယ လမ္းေဘး၌ အ၀တ္အစား မပါဘဲ ေသဆံုးေနသူ(အမည္မသိ) တစ္ဦး ေတြ႕ရွိ


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေအာင္ပန္းမွ ပင္းတယသို႔ သြားေရာက္သည့္ လမ္းေဘးရွိ သရက္ၿခံအတြင္း၌ အ၀တ္အစား မပါဘဲ ေသဆံုးေနသည့္ အမည္မသိ အမ်ိဳးသား တစ္ဦး၏ အေလာင္းအား ေမလ ၁၆ ရက္၊ ညေနပိုင္းက ေတြ႕ရွိေၾကာင္း ေအာင္ပန္းနယ္ေျမရဲစခန္းမွ သိရသည္။
.
ေအာင္ပန္းၿမိဳ႕၊ ရြာငံစုရပ္ကြက္ေန ဦးခင္ေမာင္၀င္း ပိုင္ဆိုင္သည့္ ေအာင္ပန္းမွ ပင္းတယအသြား ကားလမ္းေဘးရွိ သရက္ၿခံအတြင္း၌ အ၀တ္မစား မပါဘဲ လဲက်ေသဆံုးေနသည့္ အမ်ိဳးသား တစ္ဦး၏ အေလာင္းကို ခရီးသြားမ်ားမွ ေမလ ၁၆ ရက္ ညေန ၅ နာရီခြဲခန္႔က ေတြ႕ရွိရ၍ ရဲစခန္းသို႔ အေၾကာင္းၾကားသျဖင့္ ရဲတပ္ဖဲြ႕၀င္မ်ားမွ သြားေရာက္ ၾကည့္ရႈ စစ္ေဆးရာရာ အသက္ ၃၁ ႏွစ္ခန္႔ရွိ အမ်ိဳးသား တစ္ဦးသည္ ျပင္ပဒဏ္ရာ တစ္စံုတစ္ရာ မေတြ႕ရွိရဘဲ အ၀တ္အစားမ်ား မပါ ေသဆံုးေနသည္ကို ေတြ႕ရွိရျခင္း ျဖစ္ၿပီး အေလာင္းအား ေအာင္ပန္းနာေရး ကူညီမႈအသင္း၏ အကူအညီျဖင့္ ေအာင္ပန္းေဆးရံုသို႔ ပို႔ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
ေသဆံုးသူမွာ ၿပီးခဲ့သည့္ ၂ ရက္ခန္႔က လံုး၀ အ၀တ္ မ၀တ္ဘဲ ယခု ေသဆံုးေနသည့္ေနရာ အနီးရွိ ကုန္းလြင္ေက်းရြာ အနီးတြင္ သြားလာေနသည္ကို ျမင္ေတြ႕ေနရသည္ဟု ေဒသခံမ်ားက ေျပာၾကားသည္။
.
အဆိုပါ ေသဆံုးေနသူႏွင့္ ပတ္သက္၍ အမည္ႏွင့္ အေၾကာင္းအရာမ်ားကို သိရွိႏိုင္ရန္ႏွင့္ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ စံုစမ္းႏိုင္ရန္ ေသမႈေသခင္း အမွတ္စဥ္ ၆/၂၀၁၉ ျဖင့္ အမႈဖြင့္လွစ္၍ စံုစမ္းေနေၾကာင္း ေအာင္ပန္းနယ္ေျမရဲစခန္းမွ သိရသည္။
.

အောင်ပန်း - ပင်းတယ လမ်းဘေး၌ အဝတ်အစား မပါဘဲ သေဆုံးနေသူ(အမည်မသိ) တစ်ဦး တွေ့ရှိ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမှ ပင်းတယသို့ သွားရောက်သည့် လမ်းဘေးရှိ သရက်ခြံအတွင်း၌ အဝတ်အစား မပါဘဲ သေဆုံးနေသည့် အမည်မသိ အမျိုးသား တစ်ဦး၏ အလောင်းအား မေလ ၁၆ ရက်၊ ညနေပိုင်းက တွေ့ရှိကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
အောင်ပန်းမြို့၊ ရွာငံစုရပ်ကွက်နေ ဦးခင်မောင်ဝင်း ပိုင်ဆိုင်သည့် အောင်ပန်းမှ ပင်းတယအသွား ကားလမ်းဘေးရှိ သရက်ခြံအတွင်း၌ အဝတ်မစား မပါဘဲ လဲကျသေဆုံးနေသည့် အမျိုးသား တစ်ဦး၏ အလောင်းကို ခရီးသွားများမှ မေလ ၁၆ ရက် ညနေ ၅ နာရီခွဲခန့်က တွေ့ရှိရ၍ ရဲစခန်းသို့ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှု စစ်ဆေးရာရာ အသက် ၃၁ နှစ်ခန့်ရှိ အမျိုးသား တစ်ဦးသည် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ အဝတ်အစားများ မပါ သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ပြီး အလောင်းအား အောင်ပန်းနာရေး ကူညီမှုအသင်း၏ အကူအညီဖြင့် အောင်ပန်းဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူမှာ ပြီးခဲ့သည့် ၂ ရက်ခန့်က လုံး၀ အဝတ် မဝတ်ဘဲ ယခု သေဆုံးနေသည့်နေရာ အနီးရှိ ကုန်းလွင်ကျေးရွာ အနီးတွင် သွားလာနေသည်ကို မြင်တွေ့နေရသည်ဟု ဒေသခံများက ပြောကြားသည်။
.
အဆိုပါ သေဆုံးနေသူနှင့် ပတ်သက်၍ အမည်နှင့် အကြောင်းအရာများကို သိရှိနိုင်ရန်နှင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်၍ စုံစမ်းနေကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။

No comments:

Post a Comment