ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ တောင်းဆိုထားသည့် အချက် ၃ ချက်ကို မလိုက်နာပါက Telenor မြန်မာကို အရေးယူသွားမည် ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, April 2, 2019

ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ တောင်းဆိုထားသည့် အချက် ၃ ချက်ကို မလိုက်နာပါက Telenor မြန်မာကို အရေးယူသွားမည် ဟုဆို


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ Telenor မြန်မာကုမ္ပဏီအား တောင်းဆို ထားသည့် အချက် ၃ ချက်ကို လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့်ဖြစ်သည်ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်ထံက သိရသည်။
.

.
အရေးယူမယ့်ကာလကိုတော့ အတည်ပြုလို့မရသေးပါဘူး။ ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကတော့ ဒါကိုအတည်ပြုပြီးပြီ။ ဗဟိုကိုတော့ တင်ပြထားတုန်းပဲရှိသေးတယ်။ တောင်းဆိုချက် ၃ ချက်ကို မလိုက်နာရင်တော့ ဥပဒေအရအရေးယူဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာ ဥပဒေဌာနတွေကိုလည်း အကြံဥာဏ်တောင်းထားတာတွေရှိပါတယ်။ အဲဒါတွေကို လောလောဆယ်မှာတော့ အမှုတွဲတည်ဆောက်နေတဲ့ ကာလဖြစ်ပါတယ်ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ဦးမင်းအောင်က ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါ တောင်းဆိုချက် ၃ ချက်မှာ Telenor Broadband စက် ဝယ်ယူထားသူများအနက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မတိုင်မီ Unlimited Plan ဝန်ဆောင်မှုဝယ်ယူထားသူများနှင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှစ၍ 10 GB Par Day ဝန်ဆောင်မှု ဝယ်ယူထားသူများအနေဖြင့် သက်တမ်း ဆက်တိုးပါက မျှတသုံးစွဲမည့်မှုဝါဒ (111 GB Par Month) ဖြင့်သာ ဆက်လက်သုံးစွဲခွင့်ပြုရန်၊ မျှတသုံးစွဲသည့် မူဝါဒ ဝန်ဆောင်မှုကို ဆက်လက် အသုံးမပြုလို သူများ အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်မတိုင်မီ ချို့ယွင်းပျက်စီးမှု မရှိသော စက်များကို ပြန်အပ်စေ၍ ငွေကျပ် ၁၅၀၀၀ ထုတ်ပေးရန်၊ ပထမဆုံး ၃ လအတွင်း၌ရောင်းချထားသည့် Unlimited ဝယ်ယူထားသူများကို သုံးစွဲခွင့် မပြုပါက စက်ဖိုးသာမက မူလအတိုင်း ငွေကျပ် ၇၅၀၀၀ ပြန်လည်ပေးလျော်ရန် စသည့်အချက်များဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် Telenor မြန်မာကုမ္ပဏီတို့ မတ်လ ၅ ရက်နေ့က ရှမ်းပြည်နယ်၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ (CICC)က တွေ့ဆုံခဲ့ကြပြီး ရှမ်းပြည်နယ်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် Telenor မြန်မာ ကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးစဉ်က တောင်းဆိုထားသည့် အဆိုပါ အချက် ၃ ချက်ကို လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် မတ်လ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ ၂ ရပ် ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
.
Telenor Broadband ကို မိသားစုအဝသုံး Unlimited အဖြစ် ၇၅၀၀၀ ကျပ်ဖြင့် စတင်ရောင်းချခဲ့ရာမှ  မျှတစွာ သုံးစွဲခြင်းအစီအစဉ်ဖြင့် တစ်ရက်လျှင် 10 GB သို့လျှော့ချခဲ့ပြီး စက်တန်ဖိုးကို ၇၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်သို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ကာ အဆိုပါအစီအစဉ်မှာ လက်ရှိတွင် သုံးစွဲသူ User Drive ၅ ခု ထက်ပိုမို ချိတ်ဆက် သုံးစွဲခွင့်မပြုဘဲ တစ်ရက်လျှင် 3.7 GB နှုန်းဖြင့် တစ်လလျှင် (111) GB သာ သုံးစွဲခွင့်ပြုတော့သဖြင့် သုံးစွဲသူများမှ တိုင်ကြား လာကြခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats