One State, OneTownship စီမံကိန်း သတ်မှတ်ခံရသည့် ကလောတွင် သန့်ရှင်းရေး စတင်ပြုလုပ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, April 6, 2019

One State, OneTownship စီမံကိန်း သတ်မှတ်ခံရသည့် ကလောတွင် သန့်ရှင်းရေး စတင်ပြုလုပ်နေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ က လောမြို့နယ်အား ရှမ်းပြည်နယ်၏ One State, OneTownship စီမံကိန်းအရ သတ်မှတ်ခံရသဖြင့် တစ် မြို့နယ်လုံး အတိုင်းအတာဖြင့် ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့များတွင် သန့်ရှင်းရေးများပြုလုပ်ခဲ့ကြောင်း ကလောမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။
.

.
အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရဲ့ ပြုပြင်ပြောင်းလဲရေးအရ ပြည်နယ်တစ်ခုရဲ့ တစ်မြို့နယ် ရွေးချယ်မှုမှာ ကလောမြို့နယ်ကရွေးချယ် ခံရပါတယ်။ အဓိကတော့ အများပြည် သူ ပူးပေါင်းပါဝင်မှုမြင့်မားလာရေးနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ မြို့ သာယာလှပရေး ရည်ရွယ်ပါတယ်””ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယင်းစီမံချက် ပြည့်မီစေရန်အ တွက် သက်ဆိုင်ရာ မြို့လူထုများနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းဝေး ကို မတ်လ ၆ ရက်တွင် ကလော မြို့၌ ပြုလုပ်ခဲ့ပြီးနောက် သက်ဆိုင် ရာမြို့များ၏ ဈေး၊ ကျောင်းနှင့် အများပြည်သူဆုံရပ်များတွင် အ မှိုက်ပုံး ၂၄ ပုံးစီ ချထားခဲ့ပြီးအလှူ ခံရရှိသည့် အမှိုက်ပုံး ၁၀၀ အား ထပ်မံခွဲဝေ ဖြန့်ထားပေးမည်ဖြစ် ကြောင်း ကလောမြို့နယ် အုပ်ချုပ် ရေးမှူးက ပြောသည်။
.
အမှိုက် ကောက်သလို အမှိုက်မ ပစ်ရန် အသိပညာပေးသည့်အနေ ဖြင့် စည်းကမ်းမဲ့ အမှိုက်မပစ်ဘဲ အမှိုက်ပုံးများတွင်သာ အမှိုက်ပစ် ရန် လမ်းဘေးဆိုင်းဘုတ် ထူထောင် ခြင်းများ၊ လက်ကမ်းစာစောင် ဖြန့် ဝေခြင်းများ၊ အမှိုက်မပစ်ရန်သတိပေး နှိုးဆော်စာ ကပ်ထားခြင်းများကို အဆင့်လိုက် ဆောင်ရွက်လျက်ရှိ ကြောင်းကိုလည်း ၄င်းကရှင်းပြသည်။
.
အသင်းကတော့ အစကတည်း က ပရဟိတအသင်း ဖြစ်တဲ့အတွက် အမှိုက်ကောက်တာ လိုအပ်တာတွေ ကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက လုပ်ဆောင်နေတာပါ၊ အခုလို အုပ်ချုပ်ရေးပိုင်းက သတ်မှတ်တယ်ဆို တော့ ပိုပြီး လုပ်ဆောင်ရတာ အားရှိလာပါတယ်ဟု ကလောမြို့နယ်ရှိ ဖြူစင်မေတ်္တာပရဟိတလူမှုရေးအ သင်း ဥက်္ကဌ ဦးလှဝင်းက ဆိုသည်။
.
၎င်းတို့အနေဖြင့် အပတ်စဉ် လုပ် ငန်းစဉ်တွင် အမှိုက်ကောက်ရက်တစ် ရက် ပါဝင်ထားပြီး ဖြစ်သလို ယခု တွင်လည်း အမှတ် (၇/၉/၁၀) ရပ် ကွက်များနှင့် နှီးဘုရားလမ်းအ၀င် တစ်လျှောက် အမှိုက်ကောက်သန့် ရှင်းရေးပြုလုပ်ခဲ့ကြောင်း၊ ရွှေဥမင် ဘုန်းကြီးကျောင်းဝင်းအတွင်း အမှိုက်ကင်းစင်နယ်မြေသတ်မှတ် သည်သာမက ဆေးလိပ်၊ ကွမ်းကန့် သတ်နယ်မြေကိုပါ သတ်မှတ်ထား ကြောင်း၊ ဒေသခံများသာမက ပြည် တွင်းပြည်ပမှ ဧည့်သည်များ ၀င်ထွက် သွားလာမှုတွင်လည်း တတ်နိုင်သမျှ လက်ကမ်းစာစောင်များဖြင့် စည်းရုံး သွားရန်ရှိကြောင်း ဦးလှဝင်းက ပြော ကြားသည်။
.
ထို့အတူ အောင်ပန်းတွင် အမှိုက် ကောက်သန့်စင်မှုများအားအများ ပြည်သူနှင့်အတူ ဌာနဆိုင်ရာများမှ လုပ်ဆောင်ခဲ့ကြပြီး ဟဲဟိုးမြို့တွင်လည်း ဟဲဟိုးပရဟိတလူငယ်အဖွဲ့မှ ဦးဆောင်ကာ လူငယ်များနှင့် မြို့ ခံလူထုမှ ဟဲဟိုးအရှေ့ဘက်တောင် ကြား လမ်းမကြီးဘေး ၀ဲယာတစ် လျှောက်တွင် အမှိုက်ကောက် သန့် ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရ သည်။
.
စနေနေ့တိုင်း လုပ်နေကြကို အခုက မြို့နယ်အဆင့်လုပ်ဆောင် ရတာဆိုတော့ ပိုကောင်းလာပါတယ်၊ ပြီးခဲ့တဲ့ စနေမှာတော့ ဟဲဟိုးလေ ယာဉ်ကွင်း သွားလမ်းအ၀င်ကနေ မြို့ထဲအထိ သန့်ရှင်းပြီးပါပြီ၊ လက် ကမ်း စာစောင်တွေလည်း ဖြန့်ဝေ ပေးနေပါတတယ်ဟု မြို့အုပ်ချုပ် ရေးမှူး ဦးအောင်ရေချမ်းက ဆို သည်။
.
အဆိုပါ စီမံချက်ကို အကောင် အထည်ဖော်ရန်အတွက် အောင်ပန်း မြို့အနေဖြင့် အမှိုက်သိမ်းယာဉ် တစ်စီးဝယ်ယူပြီး မြို့ပေါ် ၁၂ ရပ် ကွက်အတွင်း တစ်ရက်ခြားတစ်ခါ အိမ်တိုင်ရာရောက် အမှိုက်သိမ်း ဆည်းရန်၊ ကားမရောက်နိုင်သည့် လမ်းမြှောင်များ အတွင်းသို့ အမှိုက် သိမ်း ဆိုင်ကယ် ၃ စီးဖြင့်လုပ် ဆောင်ရန်၊ ပြည်ထောင်စုလမ်းမကြီး ဘေးဝဲယာရှိစားသောက်ဆိုင်ကြီးများ ရှေ့တွင် အမှိုက်ပုံးများ ချထားရန်၊ မြို့ နှင့် ထိစပ်နေသည့် ကျေးရွာများသို့ အမှိုက် သိမ်းဆည်းရန်၊ ဟိုက်ဒြိုကွင်း၊ ဘူတာရုံ၊ မင်္ဂလာပန်းခြံ၊ ရေကန်အ တွင်းနှင့် ရေမြောင်းများအတွင်း သန့်ရှင်းရေးပြုလုပ်ရန်တို့ ပါဝင် ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube