လား႐ႈိးသူ လားဟူမေလး ေမၾကည္ႏွင့္ ဆက္သြယ္ ေမးျမန္းျခင္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, April 11, 2019

လား႐ႈိးသူ လားဟူမေလး ေမၾကည္ႏွင့္ ဆက္သြယ္ ေမးျမန္းျခင္း

နန္းဝင္းရီ ဆက္သြယ္ေမးျမန္းသည္။
.
ျပည္တြင္း ရုပ္သံလိုင္း တစ္ခု ျဖစ္သည့္ MNTV ၾကည့္ဖူးသူတိုင္း Myanmar Idol အစီအစဥ္ကို သိၾကလိမ့္မည္ ျဖစ္ပါသည္။ ထို႔ အတူ Myanmar Idol Season-1 မွ ၿပဳိင္ပဲြဝင္မ်ားအနက္ အရပ္ ျမင့္ျမင့္၊ အသံဝဲဝဲျဖင့္ ပရိသတ္မ်ား၏ ခ်စ္ခင္ အားေပးမႈကို ရယူခဲ့သည့္ ေတာင္ေပၚသူ တစ္ေယာက္ကို မွတ္မိ ၾကဦးမည္ ထင္ပါသည္။ သူမမွာ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လား႐ႈိးၿမဳိ႕နယ္မွ လားဟူ တိုင္းရင္းသူ ေမၾကည္ ျဖစ္ပါသည္။ Myanmar Idol ႏွင့္အတူ ၂ဝ၁၇ ခုႏွစ္မွ စတင္၍ အႏုပညာ ေလာကသို႔ ေရာက္ရွိခဲ့သည့္ ေမၾကည္သည္ ယခုအခါ ေအာင္ျမင္ေနသူ တစ္ဦးအျဖစ္ ရပ္တည္ ေနႏိုင္ၿပီလည္း ျဖစ္ပါသည္။ ေမၾကည္၏ ဘဝ တစ္စိတ္ တစ္ေဒသႏွင့္ လတ္တေလာ လုပ္ေဆာင္ေနမႈ အေျခအေနမ်ားကို ကေမၻာဇ တိုင္းမွ ဆက္သြယ္ေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ပါ သည္။
.

ကေမၻာဇတိုင္း။ မဂၤလာပါရွင့္၊ ပထမဦးဆံုး အေနနဲ႔ အစ္မရဲ႕ ကိုယ္ေရးအက်ဥ္းေလး မိတ္ဆက္ ေပးပါဦးရွင့္။
.
ေမၾကည္။       မဂၤလာပါ၊ အစ္မ နာမည္က ေမၾကည္ပါ။ Myanmar Idol Season-1 က ၿပိဳင္ပြဲဝင္ တစ္ေယာက္ ျဖစ္ပါတယ္။
.
ကေမၻာဇတုိင္း။ အစ္မရဲ႕ မိသားစုအေၾကာင္း နဲ႔ ေနရပ္လိပ္စာနဲ႔ ပညာေရးကိုလည္း မိတ္ဆက္ ေပးပါဦးရွင့္။
.
ေမၾကည္။       အစ္မရဲ႕ မိသားစုက (၇) ေယာက္ရွိပါတယ္။ ေမာင္ႏွမက (၅)ေယာက္ပါ။ အစ္မက (၃)ေယာက္ေျမာက္ပါ။ အစ္မရဲ႕ အ သက္က (၂၅)ႏွစ္ပါ။ ဇာတိက လား႐ႈိးၿမိဳ႕နယ္ ပါ။ အခုကေတာ့ ရန္ကုန္မွာ ေနပါတယ္။ လားဟူ လူမ်ိဳး တစ္ေယာက္ပါ။ ပညာေရးကေတာ့ လား႐ႈိးတကၠသိုလ္မွာ Geography နဲ႔ မဟာတန္း MA ဘြဲ႕ ရထားပါတယ္။
.
ကေမၻာဇတုိင္း။ အစ္မရဲ႕ ဝါသနာေလးလည္း ေျပာျပေပးပါဦးရွင့္။
.
ေမၾကည္။       အစ္မရဲ႕ ဝါသနာကေတာ့ အခု ဂီတလမ္းေၾကာင္းေပၚမွာ musicကို ဝါ သနာပါတယ္။ စာဖတ္ရတာ၊ ေရကူးရတာေတြ လည္း ဝါသနာပါတယ္။ အဓိကက ဂီတလမ္းေၾကာင္းေပၚမွာ အႏုပညာကို ဝါသနာပါတယ္။
.
ကေမၻာဇတုိင္း။ ဘယ္အခ်ိန္ကတည္းက ဂီ တပုိင္း၊ အဆုိပိုင္းကို စၿပီးေလ့က်င့္ခဲ့တာလဲရွင့္။
.
ေမၾကည္။       အစ္မက သီးသန္႔ ေလ့က်င့္ တာေတာ့ မရွိဘူး။ ငယ္ငယ္ကတည္းက ရင္းႏွီး မႈ ရွိတယ္ေပါ့ေနာ္။ အစ္မရဲ႕ အေဖအေမကလည္း အဲ့သီခ်င္းဖက္မွာ ရင္းႏွီးတယ္။ ဆုိတယ္ေပါ့ ေနာ္။ သူတို႔လည္း သင္ေပးတယ္ေပါ့။ အစ္မက ငယ္ငယ္ကတည္းက ဝါသနာပါတယ္။
.
ကေမၻာဇတုိင္း။ ၿပိဳင္ပြဲဝင္တုန္းက ဘယ္လို အခက္အခဲမ်ိဳးေတြ ႀကံဳရလဲရွင့္။
.
ေမၾကည္။       အခက္အခဲေတြကေတာ့ အ မ်ားႀကီးပါပဲ။ ၿပိဳင္ပြဲဆုိတဲ့အတြက္ေၾကာင့္ ၿပိဳင္ ဆိုင္ရတာထက္ကို ၿပိဳင္ပြဲဝင္ရမွာ ေၾကာက္တာ တို႔ ကိုယ့္အတြက္ အဓိက ေၾကာက္ခဲ့တယ္။ အဓိက ကေတာ့ စတိတ္စင္ အေတြ႕အႀကံဳ မရွိဘူး။ ၿပီးေတာ့ တစ္ခါမွလည္း ၿပိဳင္ပြဲ မၿပိဳင္ဖူးဘူးဆိုေတာ့ စင္ကို ေၾကာက္တဲ့အခါ အဓိကပဲ ရွိခဲ့ယ္။
.
ကေမၻာဇတုိင္း။ ၿပိဳင္ပြဲမွာတုန္းက အသံစစ္ တာေအာင္ေတာ့ ဘယ္လိုမ်ိဳး ခံစားခ်က္မ်ိဳး ခံစား ခဲ့ရလဲရွင့္။
.
ေမၾကည္။       အရမ္းႀကီးေတာ့ ေထြေထြ ထူးထူး မရွိဘူး။ အစ္မကလည္း အဓိက ၿပိဳင္ပြဲ ဝင္ဖို႔ထက္ ဝါသနာပါလို႔ လုပ္တာေပါ့ေနာ္။ ဒါေပမဲ့ ကိုယ္ေရြးခ်ယ္ခံရေတာ့ ေပ်ာ္တာေပါ့ေနာ္။
.
ကေမၻာဇတိုင္း။ စီးရီးေခြေတြေကာ ဘယ္ႏွ ေခြေလာက္ ထုတ္ၿပီးၿပီလဲရွင့္။
.
ေမၾကည္။       စီးရီးေခြကေတာ့ စုစုေပါင္း ကေတာ့ ၅ ေခြေတာ့ ရွိသြားပါၿပီ။ Idol ၿပီး ၿပီးခ်င္းမွာ ထုတ္တဲ့ ေခြ ၁ ေခြ၊၊ ၿပီးေတာ့ Shwe FM ၁ ေခြရယ္၊ ၿပီးေတာ့ 17 Feeling ထဲမွာလည္း ၁ ေခြရယ္၊ ေႏြသႀကၤန္ဆိုတဲ့ ေခြလည္း ရွိတယ္။ မတ္လ ၃၁ ရက္ေန႔မွာ အစ္မရဲ႕ စီးရီးေပါ့ေနာ္ ၃ ေယာက္ေပါင္း လုပ္ထားတဲ့ AMA အယ္ဘမ္လ္လည္း ထြက္ ျဖစ္ပါတယ္ရွင့္။
.
ကေမၻာဇတိုင္း  ။ အဲ့လိုမ်ိဳး အေခြေတြ  ထုတ္ လုပ္တဲ့အခါမွာေပါ့ေနာ္ ဘယ္လိုမ်ိဳး အခက္အခဲေတြ ႀကံဳေတြ႕ ရင္ဆိုင္ရလဲရွင့္။
.
ေမၾကည္။       သူတို႕လုပ္တာကေတာ့ အခု ဆိုေခြလုပ္တာလည္း မလြယ္ဘူးေပါ့။ သိန္းရာ နဲ႔ခ်ီၿပီးေတာ့ ကုန္တယ္။ ေခြတစ္ေခြ လုပ္ဖို႔အ တြက္ အဓိကက စုေပါင္းၿပီးေတာ့ လုပ္ရတဲ့ အ တြက္ေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ညိႇ ၿပီး လုပ္ရတဲ့ အပိုင္းလည္း ရွိတယ္။ အခက္ေတြ ကေတာ့ ေျပာရမယ္ဆိုလို႔ရွိရင္ ေျပာလို႔မကုန္ ႏုိင္ေလာက္ေအာင္ ကိုယ္တစ္ေယာက္တည္း မ ဟုတ္ဘူးေပါ့ေနာ္။ လူတိုင္းကေတာ့ အခက္ခဲ ရွိတယ္။ အဓိကကေတာ့ ကိုယ္လုပ္ရတဲ့ ကိုယ့္ သီခ်င္းေလးကို ပရိသတ္ကုိ ခ်ျပႏုိင္တဲ့ ကိုယ္ ဖန္တီးထားတဲ့ အေတြး တစ္ခုနဲ႔တင္ အားယူ ထားတယ္ေပါ့ေနာ္။
.
ကေမၻာဇတိုင္း။ ဂီတအႏုပညာကို စလုပ္တဲ့ အခ်ိန္ကတည္းက မွတ္မွတ္ရရ အမွတ္တရ ေလးေတြရွိရင္ ေျပာျပေပးပါဦးရွင့္။
.

ေမၾကည္။       အမွတ္တရဆိုတာကေတာ့ အစ္မက အရင္တုန္းက အားကစားသမားတစ္ ေယာက္ေလ။ အားကစားသမားကေနၿပီးေတာ့ အခုကက်ေတာ့ ဂီတအႏုပညာ လမ္းေၾကာင္း ေပၚမွာ ေလွ်ာက္ခဲ့ေတာ့ ကိုယ့္ဘဝက လံုးဝႀကီး ေျပာင္းလဲမႈ တစ္ခုႀကီး ျဖစ္သြားတယ္ေပါ့ေနာ္။ အရင္တုန္းက ကိုယ့္ဘဝကို ေအးေအးေဆးေဆး ပဲ ျဖတ္သန္းမယ္ဆိုတဲ့ လူတစ္ေယာက္ေပါ့။ အခုကက်ေတာ့ ဘာျဖစ္သြားလဲဆို ဒီတစ္ႏုိင္ငံ လံုးမွာရွိတဲ့ ပရိသတ္ေတြ ကိုယ့္ကို သိသြားခဲ့ တယ္ေပါ့ေနာ္။ ကိုယ့္ကို အားေပးၾကတဲ့ ကိုယ့္  ခ်စ္ေပးၾကတဲ့ ပရိသတ္ေတြလည္း ရွိခဲ့တယ္ ေပါ့ေနာ္။ ဒါလည္း လုံးဝ မထင္မွတ္ထားတဲ့ မမက္ဖူးတဲ့ အိပ္မက္ တစ္ခုေပါ့ေနာ္။ တစ္ ေယာက္နဲ႔ တစ္ေယာက္ခ်စ္ဖို႕ဆိုတာ လြယ္တဲ့ ကိစၥေတာ့ မဟုတ္ဘူးေပါ့။ ဒါမဲ့ ပရိသတ္ေတြက ကိုယ့္ကိုယ္ ဝိုင္းခ်စ္ေပးၾကတဲ့အတြက္ ကိုယ္ ကလည္း အခုလိုမိ်ဳး ေလွ်ာက္ႏုိင္တယ္ေပါ့ေနာ္။ ေလွ်ာက္လွမ္းဖို႔ အားေတြလည္း အမ်ားႀကီး ရွိခဲ့တယ္ေပါ့။ အဲ့ဒါကေတာ့ ေျပာင္းလဲမႈတစ္ခု ပါပဲ။
.
ကေမၻာဇတိုင္း။ အားကစား လုပ္တယ္ဆို ေတာ့ ဘယ္လိုမိ်ဳး အားကစားေတြ လုပ္ခဲ့တာလဲ။
.
ေမၾကည္။       အစ္မက အားကစားေတြကို ေတာ့ အကုန္ ဝါသနာပါတယ္။ ေဘာလံုးကန္ တယ္၊ ေဘာလီေဘာလည္း ေစာ့တယ္။ ျခင္း လံုးလည္း ခတ္တယ္။ ေရလည္းကူးတယ္။ ၾကက္ေတာင္လည္း ႐ိုက္တယ္။ ၿပီးေတာ့ ေသ နတ္လည္း ပစ္တယ္။ အဲ့ထဲမွာ ေသနတ္ပစ္ အားကစားကေတာ့ အကြၽမ္းက်င္ဆံုးေပါ့ေနာ္။ က်န္တဲ့ဟာလည္း အစ္မက အားကစား လုပ္တိုင္း အစ္မက Selection ထဲမွာ အေရြးခံရတယ္။ တစ္ ခုခုဆို အစ္မ ႀကိဳးစားရတာကို ႀကိဳက္တယ္။  စိန္ေခၚမႈကို အစ္မက ႀကိဳက္တယ္ေပါ့ေနာ္။ ၿပီး ေတာ့ ကိုယ့္ကိုယ္ကို အဲ့လိုမ်ိဳး အရင္ဆံုးကေတာ့ ဘာမွ မတတ္ဘူး။ ဒါမဲ့ အဲဒီလို တစ္ခုခု ဆို ႀကိဳးႀကိဳးစားစား လုပ္ရတာကို ႀကိဳက္တဲ့အ တြက္ေၾကာင့္မလို႔ အစ္မက အားကစား လုပ္ရ တာကို အရမ္းႀကိဳက္တယ္။
.
ကေမၻာဇတိုင္း။ ေဘာလုံးကစားတဲ့ေနရာမွာ ထူးခြၽန္တယ္လို႔ သိရပါတယ္ရွင့္။ အဲတာက ဘယ္လို ေနရာမ်ိဳးမွာ ကစားခဲ့တာလဲရွင့္။
.
ေမၾကည္။       အစ္မက ဂိုးသမားပါ။
.
ကေမၻာဇတုိင္း။ သီခ်င္း အမ်ိဳးအစားေတြ ေကာ ဘယ္လို အမ်ိဳးအစားေတြကို ႀကိဳက္လဲ ရွင့္။
.
ေမၾကည္။       အစ္မက သီခ်င္းကို Rock သီခ်င္းကို ဆိုတာထက္ သူက  heavy rock ထက္ကို slow rock ကို ပိုၿပီး ႀကိဳက္တယ္။ ဒါမဲ့ အခု အစ္မ လုပ္ထားတဲ့ သီခ်င္းေတြကေတာ့ slow rock ေတြပဲ။
.
ကေမၻာဇတိုင္း။ ေတးဆို တစ္ခုတည္း လုပ္တာလား၊ ေတးေရးေရာ လုပ္လားရွင့္။
.
ေမၾကည္။       အစ္မက သီခ်င္းလည္းေရးပါ တယ္။ အရင္ 17 Feeling ထဲမွာ အစ္မ ေရးတဲ့ သီခ်င္းေတြေပါ့ေနာ္။ အခု ဒီအေခြထဲမွာ ဆိုလို႔ရွိရင္လည္း အစ္မရဲ႕ single ထဲမွာေပါ့ေနာ္ အစ္မက ၂ ပုဒ္ ေရးထားပါတယ္။  group song ထဲမွာလည္း အစ္မက ၁ ပုဒ္ေရး ထားတယ္။ ၿပီးေတာ့ ခ်ဴဆီ ဇာတ္ကားထဲမွာ ကိုေက်ာ္ထက္ေအာင္တို႔ ႐ိုက္တဲ့ ဇာတ္ကားထဲ မွာ ႐ုပ္ရွင္ဇာတ္ဝင္ေတးကို အစ္မက ေရးေပးထားတာ။ အခုက အစ္မလည္း ႀကိဳးစားၿပီးေတာ့ လုပ္ေနတုန္းပဲေပါ့ေနာ္။ ပရိသတ္လည္း လက္ခံထားတဲ့ အစ္မလည္း ဝါသနာ ပါတဲ့အတိုင္း ႀကိဳးစားေနတုန္း။ ဒါမဲ့ လိုအပ္ခ်က္ေတြ အမ်ားႀကီး ရွိပါေသးတယ္။ အဓိက ကိုယ္လည္း ေတးေရးလည္း မဟုတ္ဘူး၊ ၿပီးေတာ့ သီခ်င္း ကို ကိုယ္က စိတ္ထဲမွာရွိတဲ့အတိုင္းသာ ကိုယ္ ေရးတာေလ။ အဓိက သီခ်င္းစကားလံုးတစ္လံုး အျပည့္အဝကို အစ္မလည္း မသိဘူးေပါ့။ အခုထိ ေလ့လာေနတုန္း။ လိုအပ္ခ်က္ေတာ့ အမ်ားႀကီး ရွိပါေသးတယ္။
.
ကေမၻာဇတုိင္း။ ဂီတအျပင္ တျခားအသက္ ေမြးဝမ္းေၾကာင္း အလုပ္အကိုင္ ဘာမ်ားလုပ္ ေသးလဲရွင့္။
.
ေမၾကည္။       အခုေလာေလာဆယ္ေတာ့ ဘာမွ မလုပ္ျဖစ္ေသးဘူး။ အစ္မက ဂီတကိုပဲ ဦးစားေပးၿပီးေတာ့ လုပ္ေနတာေပါ့ေနာ္။ အိမ္ကေတာ့ အစ္မကို တကၠသိုလ္ဆရာမ လုပ္ေစခ်င္ တာေပါ့ေနာ္။ အစ္မက မဟာတန္းနဲ႔ ေက်ာင္း ၿပီးတယ္ဆိုေတာ့။ နဂိုကတည္းက  အဲတာလုပ္ဖို႔ အစ္မလည္း ဆႏၵရွိတယ္။ နဂိုကတည္းက ဒီ အႏုပညာ၊ ဂီတဘက္ကို အိပ္မက္ေတာင္ မ မက္ဖူးဘူး။ ဝါသနာေတာ့ပါတယ္။ ဒါေပမဲ့ အစ္ မတို႔ရဲ႕ အေျခအေနနဲ႔က အစ္မတို႔က မ်ိဳး႐ိုး လည္းမရွိဘူး။ ဘေခုါမသကညိ လည္း မရွိဘူး ဒီဂီတ လမ္းေၾကာင္းထဲမွာ။ ဘယ္လုိမွ အိပ္ မက္ေတာင္ မမက္ဖူးတဲ့ ေနရာတစ္ခုမွာ အစ္မ အခု တကယ္ဝါသနာပါခဲ့တဲ့ အစ္မေရာက္လာ ခဲ့တဲ့အခ်ိန္မွာ ကိုယ္ျဖတ္သန္းလာတဲ့ အေျခအ ေနနဲ႔ လံုးဝဆန္႔က်င္ဘက္ ျဖစ္သြားခဲ့တယ္ေပါ့ ေနာ္။ ကိုယ္စိတ္ကူးယဥ္ခဲ့တာေတြ၊ ကိုယ္ တ ကယ့္ဝါသနာပါတဲ့ အလုပ္ေတြကို တကယ္လက္ ေတြ႕လုပ္ခဲ့ရတဲ့အခ်ိန္မွာက်ေတာ့ ကိုယ္တကယ္ တမ္း ကိုယ္လုပ္မယ္လို႔ စိတ္ကူးထားတဲ့ မိဘ ရဲ႕သေဘာအတိုင္းဟာ အစ္မ မလုပ္ေပးႏုိင္ ေတာ့ အစ္မ ေအာင္ျမင္ေအာင္ လုပ္မယ္။ တ ကယ္ျဖစ္ေအာင္ လုပ္မယ္ဆိုတဲ့စိတ္ေပါ့ေနာ္။ တျခားလုပ္တတ္လားဆိုေတာ့ တကယ္ဘာမွ မလုပ္တတ္ပါဘူး။ အဲ့တာကေတာ့ အမွန္အတိုင္း ေျပာတာ။ တျခား အလုပ္ဆိုတာကလည္း ဘာ မွ မလုပ္တတ္ဘူး။ အခု ဂီတာတီးမယ္၊ သီခ်င္း ဆိုမယ္ အဓိကကေတာ့ ကိုယ့္ေခါင္းထဲမွာ သီ ခ်င္းပဲ ရွိတယ္။
.

ကေမၻာဇတိုင္း။ ကာ္ျငာေတြေရာ ဘာေတြ ႐ိုက္ျဖစ္ေသးလဲရွင့္။
.
ေမၾကည္။       အစ္မက skin care တို႔ ေဆးေႀကာ္ျငာတို႔ အခ်ိဳရည္တို႔ အဲလိုမ်ိဳး ေႀကာ္ျငာ အေသးေလးေတြေတာ့ ေဖ့ဘုတ္စ္ေပၚမွာ တင္တာတို႔ အဲ့လိုမ်ိဳးေတာ့ လုပ္ျဖစ္တယ္။ ၿပီး ေတာ့ ႐ုပ္ရွင္ ႐ိုက္ျဖစ္တယ္။ ႐ုပ္ရွင္ကားႀကီး ၂ ကား ႐ိုက္ျဖစ္တယ္။ ဗီြဒီယိုကား ၁ ကားကေတာ့ ၂ဝ၁၇ ခုႏွစ္ ကတည္းက အဲ့ကားထြက္ ၿပီးသြားၿပီ။
.
ကေမၻာဇတိုင္း။ ႐ုပ္ရွင္နဲ႔ ဗီဒီယို႐ိုက္တယ္ဆို ေတာ့ ေခါင္းစဥ္က ဘယ္လိုမ်ိဳးနဲ႔ ဘယ္လို ေနရာမွာ သ႐ုပ္ေဆာင္ခဲ့လဲရွင့္။
.
ေမၾကည္။       ပထမတစ္ကားက My Hero ပါ။ အဲ့ထဲမွာ ကိုဟိန္းေဝယံနဲ႔ ႐ိုက္ထားတာပါ။ ဒုတိယ တစ္ကားကေတာ့ ရည္းစား တစ္ခုလပ္ညား အဲ့ထဲမွာ ဦးေက်ာ္ရဲေအာင္တို႔၊ မခိုင္သင္းၾကည္ တို႔နဲ႔အတူ ႐ိုက္ ထားတဲ့ကားေပါ့ေနာ္။ ဗီြဒီယိုကေတာ့ ေနာက္ေက်ာကဓား ဆိုတဲ့ဇာတ္ကား ျဖစ္ပါတယ္။
.
ကေမၻာဇတိုင္း။ ေနာက္ထပ္ေကာ ေတး အယ္ဘမ္လ္ ထုတ္ဖို႔ ရွိေသးလားရွင့္။
.
ေမၾကည္။       ဟုတ္တယ္။ single အတြက္ ကေတာ့ ခုထိ ႀကိဳးစားေနတုန္းပါပဲ။ ေမၾကည္ လုပ္ထားတာလည္း ရွိတယ္။ ဒါမဲ့ ကိုယ့္ကိုယ္ကို စိတ္တိုင္း မက်တာေလးေပါ့ေနာ္။ အေကာင္း ဆံုး ကိုယ္လုပ္ခ်င္တဲ့ music ကို ပရိသတ္ကို ခ်ျပႏုိင္ေအာင္ ႀကိဳးစားေနပါတယ္။ ပရိသတ္ ေတြအားရ ေက်နပ္မႈရွိတဲ့ သီခ်င္းေတြ လက္ခံ ႏုိင္ေလာက္တဲ့ သီခ်င္းေတြ ေမၾကည္ ႀကိဳးစား ေနမွာပါ။
.
ကေမၻာဇတိုင္း။ အစ္မက ဝါသနာေတြထဲမွာ မွ ပညာေရး၊ ဂီတအႏုပညာေတြ၊ အားကစား ေတြေကာဆိုေတာ့ မွ်ေအာင္ ဘယ္လိုေလ့က်င့္ ႀကိဳးစားခဲ့တာလဲရွင့္။
.
ေမၾကည္။       အစ္မက ႀကိဳးစားတယ္ဆို တာကလည္း အဲ့တာေတြမွ်ေအာင္ အခ်ိန္ရရင္ ရသလို အားကစားေတြလုပ္ျဖစ္တယ္။ သီခ်င္း ကလည္း အစ္မအၿမဲတမ္း လုပ္ေနတဲ့အရာမို႕ လို႔ ကိုယ္ကေတာ့ ညီတူမွ်တူ ကိုယ္ဝါသနာပါ တဲ့ဟာဆိုေတာ့ ကိုယ္တစ္ကယ္ႀကိဳက္ႏွစ္သက္ တဲ့အရာ ဆိုလို႕ရွိရင္ အခ်ိန္ေပးရတာပဲေလ။
.
ကေမၻာဇတုိင္း။ အစ္မအေနနဲ႔ေလ ဂီတအႏု ပညာအေပၚမွာ ကိုယ့္ဘာသာကိုယ္ အားရေက် နပ္မႈရွိလားရွင့္။
.
ေမၾကည္။       အခုထိကေတာ့ ႀကိဳးစားေန ဆဲပါပဲ။
.
ကေမၻာဇတိုင္း။ ျပည္တြင္းျပည္ပ ေလးစား အားက် အတုယူရတဲ့ အႏုပညာရွင္ေတြ ရွိရင္ ေျပာျပေပးပါဦးရွင့္။
.
ေမၾကည္။       အစ္မကေတာ့ အကုန္လံုး ကို ေလးစားပါတယ္။ အကုန္လံုးက ကိုယ့္ ထက္ဝါ ရင့္ ပညာရွင္ေတြ ေပါ့ေနာ္။  ျပည္ တြင္းပဲ ျဖစ္ျဖစ္ ျပည္ပပဲ ျဖစ္ျဖစ္ သူတို႔ဆီ က ပညာယူရတာ။ ျပည္ပကေတာ့ ေန႔တိုင္း ေလ့လာျဖစ္တယ္ေပါ့ေနာ္။ အကုန္လံုး က ေတာ္လို႔၊ တကယ္ေကာင္းလို႔ ေအာင္ျမင္လာ တာပဲေလ။ သူတို႔ရဲ႕ သီခ်င္း ဘယ္လိုဆိုတာ ၾကည့္တယ္။ သူတိ႔ု ဘာေၾကာင့္ ေအာင္ ျမင္ေနတာလဲေပ့ါေနာ္။ သူတို႔ရဲ႕ အႏုပညာ ရွင္တစ္ေယာက္ရဲ႕ စိတ္ဓာတ္ကေတာ့ အ ျပည့္အဝ ရွိတယ္။ သူတို႔စိတ္ထဲမွာ ဒီ ာက်ငခ ပဲ အာ႐ုံထားတယ္ေပါ့ေနာ္။ တျခားဟာ ေတြ သူတို႔အာ႐ုံမထားဘူးေပါ့ေနာ္ အဲ့တာေတြလည္း အမ်ားႀကီး သင္ယူရပါတယ္။
.
ကေမၻာဇတိုင္း။ ပရိသတ္ေတြကို ဒီကေန ဘာစကားလက္ေဆာင္မ်ား ေျပာသြားဦးမွာလဲ ရွင့္။
.
ေမၾကည္။       ဟုတ္ကဲ့ ေမၾကည္ကို Myanmar Idol  အစီစဥ္ကေန အခုထိ အားေပးလာၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးအမ်ားႀကီး တင္ပါတယ္လို႔။ ေမၾကည္ဆက္ၿပီးေတာ့ ႀကိဳးစားေန မွာပါ ဆက္လက္ၿပီးလည္းေတာ့ အားေပးပါဦးလို႔ ေျပာခ်င္ပါတယ္။ အႀကံေတြလည္း ေပးပါ၊ ေဝဖန္ေပးၾကပါ၊ ေမၾကည္ရဲ႕ ေခြေလးလည္း နားေထာင္ေပးပါလို႔ အဲ့လိုေလး ေျပာခ်င္ပါတယ္ ရွင့္။
.
ေတးသံရွင္ ေမၾကည္သည္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လား႐ႈိးၿမဳိ႕နယ္မွ လားဟူတိုင္းရင္း သူ တစ္ဦး ျဖစ္ကာ အႏုပညာ လႈပ္ရွားမႈမ်ား အျဖစ္ ေတးေရး/ေတးဆိုအျပင္ ရုပ္ရွင္ႏွင့္ ဗီြဒီယို ဇာတ္ကားမ်ားတြင္ပါ ပါဝင္ သရုပ္ေဆာင္ေနၿပီ ျဖစ္သည့္ အႏုပညာရွင္ တစ္ဦး ျဖစ္သည္။
.
ထို႔အျပင္ မၾကာခင္ ရက္ပိုင္းအတြင္းက ျပဳလုပ္ခဲ့သည့္ Star Award ဆုေပးပဲြတြင္လည္း ခ်ဴဆီ ဇာတ္ကား၌ ေမၾကည္ ေရးသား၍ ေမ ဆိုထားသည့္ မ်က္ႏွာဖံုးမ်ား သီခ်င္းမွာ The Best Theme Song ဆုအား ရရွိခဲ့ေၾကာင္း သိရပါသည္။
.

လားရှိုးသူ လားဟူမလေး မေကြည်နှင့် ဆက်သွယ် မေးမြန်းခြင်း
.
နန်းဝင်းရီ ဆက်သွယ်မေးမြန်းသည်။
.
ပြည်တွင်း ရုပ်သံလိုင်း တစ်ခု ဖြစ်သည့် MNTV ကြည့်ဖူးသူတိုင်း Myanmar Idol အစီအစဉ်ကို သိကြလိမ့်မည် ဖြစ်ပါသည်။ ထို့ အတူ Myanmar Idol Season-1 မှ ပြိုင်ပွဲဝင်များအနက် အရပ် မြင့်မြင့်၊ အသံဝဲဝဲဖြင့် ပရိသတ်များ၏ ချစ်ခင် အားပေးမှုကို ရယူခဲ့သည့် တောင်ပေါ်သူ တစ်ယောက်ကို မှတ်မိ ကြဦးမည် ထင်ပါသည်။ သူမမှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ လားဟူ တိုင်းရင်းသူ မေကြည် ဖြစ်ပါသည်။ Myanmar Idol နှင့်အတူ ၂ဝ၁၇ ခုနှစ်မှ စတင်၍ အနုပညာ လောကသို့ ရောက်ရှိခဲ့သည့် မေကြည်သည် ယခုအခါ အောင်မြင်နေသူ တစ်ဦးအဖြစ် ရပ်တည် နေနိုင်ပြီလည်း ဖြစ်ပါသည်။ မေကြည်၏ ဘဝ တစ်စိတ် တစ်ဒေသနှင့် လတ်တလော လုပ်ဆောင်နေမှု အခြေအနေများကို ကမ္ဘောဇ တိုင်းမှ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့ပါ သည်။
.
ကမ္ဘောဇတိုင်း။         မင်္ဂလာပါရှင့်၊ ပထမဦးဆုံး အနေနဲ့ အစ်မရဲ့ ကိုယ်ရေးအကျဉ်းလေး မိတ်ဆက် ပေးပါဦးရှင့်။
.
မေကြည်။      မင်္ဂလာပါ၊ အစ်မ နာမည်က မေကြည်ပါ။ Myanmar Idol Season-1 က ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။         အစ်မရဲ့ မိသားစုအကြောင်း နဲ့ နေရပ်လိပ်စာနဲ့ ပညာရေးကိုလည်း မိတ်ဆက် ပေးပါဦးရှင့်။
.
မေကြည်။      အစ်မရဲ့ မိသားစုက (၇) ယောက်ရှိပါတယ်။ မောင်နှမက (၅)ယောက်ပါ။ အစ်မက (၃)ယောက်မြောက်ပါ။ အစ်မရဲ့ အ သက်က (၂၅)နှစ်ပါ။ ဇာတိက လားရှိုးမြို့နယ် ပါ။ အခုကတော့ ရန်ကုန်မှာ နေပါတယ်။ လားဟူ လူမျိုး တစ်ယောက်ပါ။ ပညာရေးကတော့ လားရှိုးတက္ကသိုလ်မှာ Geography နဲ့ မဟာတန်း MA ဘွဲ့ ရထားပါတယ်။
.
ကမ္ဘောဇတိုင်း။         အစ်မရဲ့ ဝါသနာလေးလည်း ပြောပြပေးပါဦးရှင့်။
.
မေကြည်။      အစ်မရဲ့ ဝါသနာကတော့ အခု ဂီတလမ်းကြောင်းပေါ်မှာ musicကို ဝါ သနာပါတယ်။ စာဖတ်ရတာ၊ ရေကူးရတာတွေ လည်း ဝါသနာပါတယ်။ အဓိကက ဂီတလမ်းကြောင်းပေါ်မှာ အနုပညာကို ဝါသနာပါတယ်။
.
ကမ္ဘောဇတိုင်း။         ဘယ်အချိန်ကတည်းက ဂီ တပိုင်း၊ အဆိုပိုင်းကို စပြီးလေ့ကျင့်ခဲ့တာလဲရှင့်။
.
မေကြည်။      အစ်မက သီးသန့် လေ့ကျင့် တာတော့ မရှိဘူး။ ငယ်ငယ်ကတည်းက ရင်းနှီး မှု ရှိတယ်ပေါ့နော်။ အစ်မရဲ့ အဖေအမေကလည်း အဲ့သီချင်းဖက်မှာ ရင်းနှီးတယ်။ ဆိုတယ်ပေါ့ နော်။ သူတို့လည်း သင်ပေးတယ်ပေါ့။ အစ်မက ငယ်ငယ်ကတည်းက ဝါသနာပါတယ်။
.
ကမ္ဘောဇတိုင်း။         ပြိုင်ပွဲဝင်တုန်းက ဘယ်လို အခက်အခဲမျိုးတွေ ကြုံရလဲရှင့်။
.
မေကြည်။      အခက်အခဲတွေကတော့ အ များကြီးပါပဲ။ ပြိုင်ပွဲဆိုတဲ့အတွက်ကြောင့် ပြိုင် ဆိုင်ရတာထက်ကို ပြိုင်ပွဲဝင်ရမှာ ကြောက်တာ တို့ ကိုယ့်အတွက် အဓိက ကြောက်ခဲ့တယ်။ အဓိက ကတော့ စတိတ်စင် အတွေ့အကြုံ မရှိဘူး။ ပြီးတော့ တစ်ခါမှလည်း ပြိုင်ပွဲ မပြိုင်ဖူးဘူးဆိုတော့ စင်ကို ကြောက်တဲ့အခါ အဓိကပဲ ရှိခဲ့တယ်။
.
ကမ္ဘောဇတိုင်း။         ပြိုင်ပွဲမှာတုန်းက အသံစစ် တာအောင်တော့ ဘယ်လိုမျိုး ခံစားချက်မျိုး ခံစား ခဲ့ရလဲရှင့်။
.
မေကြည်။      အရမ်းကြီးတော့ ထွေထွေ ထူးထူး မရှိဘူး။ အစ်မကလည်း အဓိက ပြိုင်ပွဲ ဝင်ဖို့ထက် ဝါသနာပါလို့ လုပ်တာပေါ့နော်။ ဒါပေမဲ့ ကိုယ်ရွေးချယ်ခံရတော့ ပျော်တာပေါ့နော်။
.
ကမ္ဘောဇတိုင်း။         စီးရီးခွေတွေကော ဘယ်နှ ခွေလောက် ထုတ်ပြီးပြီလဲရှင့်။
.
မေကြည်။      စီးရီးခွေကတော့ စုစုပေါင်း ကတော့ ၅ ခွေတော့ ရှိသွားပါပြီ။ Idol ပြီး ပြီးချင်းမှာ ထုတ်တဲ့ ခွေ ၁ ခွေ၊၊ ပြီးတော့ Shwe FM ၁ ခွေရယ်၊ ပြီးတော့ 17 Feeling ထဲမှာလည်း ၁ ခွေရယ်၊ နွေသြင်္ကန်ဆိုတဲ့ ခွေလည်း ရှိတယ်။ မတ်လ ၃၁ ရက်နေ့မှာ အစ်မရဲ့ စီးရီးပေါ့နော် ၃ ယောက်ပေါင်း လုပ်ထားတဲ့ AMA အယ်ဘမ်လ်လည်း ထွက် ဖြစ်ပါတယ်ရှင့်။
.
ကမ္ဘောဇတိုင်း ။ အဲ့လိုမျိုး အခွေတွေ  ထုတ် လုပ်တဲ့အခါမှာပေါ့နော် ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ ရင်ဆိုင်ရလဲရှင့်။
.
မေကြည်။      သူတို့လုပ်တာကတော့ အခု ဆိုခွေလုပ်တာလည်း မလွယ်ဘူးပေါ့။ သိန်းရာ နဲ့ချီပြီးတော့ ကုန်တယ်။ ခွေတစ်ခွေ လုပ်ဖို့အ တွက် အဓိကက စုပေါင်းပြီးတော့ လုပ်ရတဲ့ အ တွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ညှိ ပြီး လုပ်ရတဲ့ အပိုင်းလည်း ရှိတယ်။ အခက်တွေ ကတော့ ပြောရမယ်ဆိုလို့ရှိရင် ပြောလို့မကုန် နိုင်လောက်အောင် ကိုယ်တစ်ယောက်တည်း မ ဟုတ်ဘူးပေါ့နော်။ လူတိုင်းကတော့ အခက်ခဲ ရှိတယ်။ အဓိကကတော့ ကိုယ်လုပ်ရတဲ့ ကိုယ့် သီချင်းလေးကို ပရိသတ်ကို ချပြနိုင်တဲ့ ကိုယ် ဖန်တီးထားတဲ့ အတွေး တစ်ခုနဲ့တင် အားယူ ထားတယ်ပေါ့နော်။
.
ကမ္ဘောဇတိုင်း။         ဂီတအနုပညာကို စလုပ်တဲ့ အချိန်ကတည်းက မှတ်မှတ်ရရ အမှတ်တရ လေးတွေရှိရင် ပြောပြပေးပါဦးရှင့်။
.
မေကြည်။      အမှတ်တရဆိုတာကတော့ အစ်မက အရင်တုန်းက အားကစားသမားတစ် ယောက်လေ။ အားကစားသမားကနေပြီးတော့ အခုကကျတော့ ဂီတအနုပညာ လမ်းကြောင်း ပေါ်မှာ လျှောက်ခဲ့တော့ ကိုယ့်ဘဝက လုံးဝကြီး ပြောင်းလဲမှု တစ်ခုကြီး ဖြစ်သွားတယ်ပေါ့နော်။ အရင်တုန်းက ကိုယ့်ဘဝကို အေးအေးဆေးဆေး ပဲ ဖြတ်သန်းမယ်ဆိုတဲ့ လူတစ်ယောက်ပေါ့။ အခုကကျတော့ ဘာဖြစ်သွားလဲဆို ဒီတစ်နိုင်ငံ လုံးမှာရှိတဲ့ ပရိသတ်တွေ ကိုယ့်ကို သိသွားခဲ့ တယ်ပေါ့နော်။ ကိုယ့်ကို အားပေးကြတဲ့ ကိုယ့်  ချစ်ပေးကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့တယ် ပေါ့နော်။ ဒါလည်း လုံးဝ မထင်မှတ်ထားတဲ့ မမက်ဖူးတဲ့ အိပ်မက် တစ်ခုပေါ့နော်။ တစ် ယောက်နဲ့ တစ်ယောက်ချစ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဒါမဲ့ ပရိသတ်တွေက ကိုယ့်ကိုယ် ဝိုင်းချစ်ပေးကြတဲ့အတွက် ကိုယ် ကလည်း အခုလိုမျိုး လျှောက်နိုင်တယ်ပေါ့နော်။ လျှောက်လှမ်းဖို့ အားတွေလည်း အများကြီး ရှိခဲ့တယ်ပေါ့။ အဲ့ဒါကတော့ ပြောင်းလဲမှုတစ်ခု ပါပဲ။
.
ကမ္ဘောဇတိုင်း။         အားကစား လုပ်တယ်ဆို တော့ ဘယ်လိုမျိုး အားကစားတွေ လုပ်ခဲ့တာလဲ။
.
မေကြည်။      အစ်မက အားကစားတွေကို တော့ အကုန် ဝါသနာပါတယ်။ ဘောလုံးကန် တယ်၊ ဘောလီဘောလည်း စော့တယ်။ ခြင်း လုံးလည်း ခတ်တယ်။ ရေလည်းကူးတယ်။ ကြက်တောင်လည်း ရိုက်တယ်။ ပြီးတော့ သေ နတ်လည်း ပစ်တယ်။ အဲ့ထဲမှာ သေနတ်ပစ် အားကစားကတော့ အကျွမ်းကျင်ဆုံးပေါ့နော်။ ကျန်တဲ့ဟာလည်း အစ်မက အားကစား လုပ်တိုင်း အစ်မက Selection ထဲမှာ အရွေးခံရတယ်။ တစ် ခုခုဆို အစ်မ ကြိုးစားရတာကို ကြိုက်တယ်။  စိန်ခေါ်မှုကို အစ်မက ကြိုက်တယ်ပေါ့နော်။ ပြီး တော့ ကိုယ့်ကိုယ်ကို အဲ့လိုမျိုး အရင်ဆုံးကတော့ ဘာမှ မတတ်ဘူး။ ဒါမဲ့ အဲဒီလို တစ်ခုခု ဆို ကြိုးကြိုးစားစား လုပ်ရတာကို ကြိုက်တဲ့အ တွက်ကြောင့်မလို့ အစ်မက အားကစား လုပ်ရ တာကို အရမ်းကြိုက်တယ်။
.
ကမ္ဘောဇတိုင်း။         ဘောလုံးကစားတဲ့နေရာမှာ ထူးချွန်တယ်လို့ သိရပါတယ်ရှင့်။ အဲတာက ဘယ်လို နေရာမျိုးမှာ ကစားခဲ့တာလဲရှင့်။
.
မေကြည်။      အစ်မက ဂိုးသမားပါ။
.
ကမ္ဘောဇတိုင်း။         သီချင်း အမျိုးအစားတွေ ကော ဘယ်လို အမျိုးအစားတွေကို ကြိုက်လဲ ရှင့်။
.
မေကြည်။      အစ်မက သီချင်းကို Rock သီချင်းကို ဆိုတာထက် သူက  heavy rock ထက်ကို slow rock ကို ပိုပြီး ကြိုက်တယ်။ ဒါမဲ့ အခု အစ်မ လုပ်ထားတဲ့ သီချင်းတွေကတော့ slow rock တွေပဲ။
.
ကမ္ဘောဇတိုင်း။         တေးဆို တစ်ခုတည်း လုပ်တာလား၊ တေးရေးရော လုပ်လားရှင့်။
.
မေကြည်။      အစ်မက သီချင်းလည်းရေးပါ တယ်။ အရင် 17 Feeling ထဲမှာ အစ်မ ရေးတဲ့ သီချင်းတွေပေါ့နော်။ အခု ဒီအခွေထဲမှာ ဆိုလို့ရှိရင်လည်း အစ်မရဲ့ single ထဲမှာပေါ့နော် အစ်မက ၂ ပုဒ် ရေးထားပါတယ်။  group song ထဲမှာလည်း အစ်မက ၁ ပုဒ်ရေး ထားတယ်။ ပြီးတော့ ချူဆီ ဇာတ်ကားထဲမှာ ကိုကျော်ထက်အောင်တို့ ရိုက်တဲ့ ဇာတ်ကားထဲ မှာ ရုပ်ရှင်ဇာတ်ဝင်တေးကို အစ်မက ရေးပေးထားတာ။ အခုက အစ်မလည်း ကြိုးစားပြီးတော့ လုပ်နေတုန်းပဲပေါ့နော်။ ပရိသတ်လည်း လက်ခံထားတဲ့ အစ်မလည်း ဝါသနာ ပါတဲ့အတိုင်း ကြိုးစားနေတုန်း။ ဒါမဲ့ လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်။ အဓိက ကိုယ်လည်း တေးရေးလည်း မဟုတ်ဘူး၊ ပြီးတော့ သီချင်း ကို ကိုယ်က စိတ်ထဲမှာရှိတဲ့အတိုင်းသာ ကိုယ် ရေးတာလေ။ အဓိက သီချင်းစကားလုံးတစ်လုံး အပြည့်အဝကို အစ်မလည်း မသိဘူးပေါ့။ အခုထိ လေ့လာနေတုန်း။ လိုအပ်ချက်တော့ အများကြီး ရှိပါသေးတယ်။
.
ကမ္ဘောဇတိုင်း။         ဂီတအပြင် တခြားအသက် မွေးဝမ်းကြောင်း အလုပ်အကိုင် ဘာများလုပ် သေးလဲရှင့်။
.
မေကြည်။      အခုလောလောဆယ်တော့ ဘာမှ မလုပ်ဖြစ်သေးဘူး။ အစ်မက ဂီတကိုပဲ ဦးစားပေးပြီးတော့ လုပ်နေတာပေါ့နော်။ အိမ်ကတော့ အစ်မကို တက္ကသိုလ်ဆရာမ လုပ်စေချင် တာပေါ့နော်။ အစ်မက မဟာတန်းနဲ့ ကျောင်း ပြီးတယ်ဆိုတော့။ နဂိုကတည်းက  အဲတာလုပ်ဖို့ အစ်မလည်း ဆန္ဒရှိတယ်။ နဂိုကတည်းက ဒီ အနုပညာ၊ ဂီတဘက်ကို အိပ်မက်တောင် မ မက်ဖူးဘူး။ ဝါသနာတော့ပါတယ်။ ဒါပေမဲ့ အစ် မတို့ရဲ့ အခြေအနေနဲ့က အစ်မတို့က မျိုးရိုး လည်းမရှိဘူး။ ဘခေုါမသကညိ လည်း မရှိဘူး ဒီဂီတ လမ်းကြောင်းထဲမှာ။ ဘယ်လိုမှ အိပ် မက်တောင် မမက်ဖူးတဲ့ နေရာတစ်ခုမှာ အစ်မ အခု တကယ်ဝါသနာပါခဲ့တဲ့ အစ်မရောက်လာ ခဲ့တဲ့အချိန်မှာ ကိုယ်ဖြတ်သန်းလာတဲ့ အခြေအ နေနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်သွားခဲ့တယ်ပေါ့ နော်။ ကိုယ်စိတ်ကူးယဉ်ခဲ့တာတွေ၊ ကိုယ် တ ကယ့်ဝါသနာပါတဲ့ အလုပ်တွေကို တကယ်လက် တွေ့လုပ်ခဲ့ရတဲ့အချိန်မှာကျတော့ ကိုယ်တကယ် တမ်း ကိုယ်လုပ်မယ်လို့ စိတ်ကူးထားတဲ့ မိဘ ရဲ့သဘောအတိုင်းဟာ အစ်မ မလုပ်ပေးနိုင် တော့ အစ်မ အောင်မြင်အောင် လုပ်မယ်။ တ ကယ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်ပေါ့နော်။ တခြားလုပ်တတ်လားဆိုတော့ တကယ်ဘာမှ မလုပ်တတ်ပါဘူး။ အဲ့တာကတော့ အမှန်အတိုင်း ပြောတာ။ တခြား အလုပ်ဆိုတာကလည်း ဘာ မှ မလုပ်တတ်ဘူး။ အခု ဂီတာတီးမယ်၊ သီချင်း ဆိုမယ် အဓိကကတော့ ကိုယ့်ခေါင်းထဲမှာ သီ ချင်းပဲ ရှိတယ်။
.
ကမ္ဘောဇတိုင်း။         ကြော်ငြာတွေရော ဘာတွေ ရိုက်ဖြစ်သေးလဲရှင့်။
.
မေကြည်။      အစ်မက skin care တို့ ဆေးကြော်ငြာတို့ အချိုရည်တို့ အဲလိုမျိုး ကြော်ငြာ အသေးလေးတွေတော့ ဖေ့ဘုတ်စ်ပေါ်မှာ တင်တာတို့ အဲ့လိုမျိုးတော့ လုပ်ဖြစ်တယ်။ ပြီး တော့ ရုပ်ရှင် ရိုက်ဖြစ်တယ်။ ရုပ်ရှင်ကားကြီး ၂ ကား ရိုက်ဖြစ်တယ်။ ဗွီဒီယိုကား ၁ ကားကတော့ ၂ဝ၁၇ ခုနှစ် ကတည်းက အဲ့ကားထွက် ပြီးသွားပြီ။
.
ကမ္ဘောဇတိုင်း။         ရုပ်ရှင်နဲ့ ဗီဒီယိုရိုက်တယ်ဆို တော့ ခေါင်းစဉ်က ဘယ်လိုမျိုးနဲ့ ဘယ်လို နေရာမှာ သရုပ်ဆောင်ခဲ့လဲရှင့်။
.
မေကြည်။      ပထမတစ်ကားက My Hero ပါ။ အဲ့ထဲမှာ ကိုဟိန်းဝေယံနဲ့ ရိုက်ထားတာပါ။ ဒုတိယ တစ်ကားကတော့ ရည်းစား တစ်ခုလပ်ညား အဲ့ထဲမှာ ဦးကျော်ရဲအောင်တို့၊ မခိုင်သင်းကြည် တို့နဲ့အတူ ရိုက် ထားတဲ့ကားပေါ့နော်။ ဗွီဒီယိုကတော့ နောက်ကျောကဓား ဆိုတဲ့ဇာတ်ကား ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။         နောက်ထပ်ကော တေး အယ်ဘမ်လ် ထုတ်ဖို့ ရှိသေးလားရှင့်။
.
မေကြည်။      ဟုတ်တယ်။ single အတွက် ကတော့ ခုထိ ကြိုးစားနေတုန်းပါပဲ။ မေကြည် လုပ်ထားတာလည်း ရှိတယ်။ ဒါမဲ့ ကိုယ့်ကိုယ်ကို စိတ်တိုင်း မကျတာလေးပေါ့နော်။ အကောင်း ဆုံး ကိုယ်လုပ်ချင်တဲ့ music ကို ပရိသတ်ကို ချပြနိုင်အောင် ကြိုးစားနေပါတယ်။ ပရိသတ် တွေအားရ ကျေနပ်မှုရှိတဲ့ သီချင်းတွေ လက်ခံ နိုင်လောက်တဲ့ သီချင်းတွေ မေကြည် ကြိုးစား နေမှာပါ။
.
ကမ္ဘောဇတိုင်း။         အစ်မက ဝါသနာတွေထဲမှာ မှ ပညာရေး၊ ဂီတအနုပညာတွေ၊ အားကစား တွေကောဆိုတော့ မျှအောင် ဘယ်လိုလေ့ကျင့် ကြိုးစားခဲ့တာလဲရှင့်။
.
မေကြည်။      အစ်မက ကြိုးစားတယ်ဆို တာကလည်း အဲ့တာတွေမျှအောင် အချိန်ရရင် ရသလို အားကစားတွေလုပ်ဖြစ်တယ်။ သီချင်း ကလည်း အစ်မအမြဲတမ်း လုပ်နေတဲ့အရာမို့ လို့ ကိုယ်ကတော့ ညီတူမျှတူ ကိုယ်ဝါသနာပါ တဲ့ဟာဆိုတော့ ကိုယ်တစ်ကယ်ကြိုက်နှစ်သက် တဲ့အရာ ဆိုလို့ရှိရင် အချိန်ပေးရတာပဲလေ။
.
ကမ္ဘောဇတိုင်း။         အစ်မအနေနဲ့လေ ဂီတအနု ပညာအပေါ်မှာ ကိုယ့်ဘာသာကိုယ် အားရကျေ နပ်မှုရှိလားရှင့်။
.
မေကြည်။      အခုထိကတော့ ကြိုးစားနေ ဆဲပါပဲ။
.
ကမ္ဘောဇတိုင်း။         ပြည်တွင်းပြည်ပ လေးစား အားကျ အတုယူရတဲ့ အနုပညာရှင်တွေ ရှိရင် ပြောပြပေးပါဦးရှင့်။
.
မေကြည်။      အစ်မကတော့ အကုန်လုံး ကို လေးစားပါတယ်။ အကုန်လုံးက ကိုယ့် ထက်ဝါ ရင့် ပညာရှင်တွေ ပေါ့နော်။  ပြည် တွင်းပဲ ဖြစ်ဖြစ် ပြည်ပပဲ ဖြစ်ဖြစ် သူတို့ဆီ က ပညာယူရတာ။ ပြည်ပကတော့ နေ့တိုင်း လေ့လာဖြစ်တယ်ပေါ့နော်။ အကုန်လုံး က တော်လို့၊ တကယ်ကောင်းလို့ အောင်မြင်လာ တာပဲလေ။ သူတို့ရဲ့ သီချင်း ဘယ်လိုဆိုတာ ကြည့်တယ်။ သူတိ့ု ဘာကြောင့် အောင် မြင်နေတာလဲပေ့ါနော်။ သူတို့ရဲ့ အနုပညာ ရှင်တစ်ယောက်ရဲ့ စိတ်ဓာတ်ကတော့ အ ပြည့်အဝ ရှိတယ်။ သူတို့စိတ်ထဲမှာ ဒီ ာကျငခ ပဲ အာရုံထားတယ်ပေါ့နော်။ တခြားဟာ တွေ သူတို့အာရုံမထားဘူးပေါ့နော် အဲ့တာတွေလည်း အများကြီး သင်ယူရပါတယ်။
.
ကမ္ဘောဇတိုင်း။         ပရိသတ်တွေကို ဒီကနေ ဘာစကားလက်ဆောင်များ ပြောသွားဦးမှာလဲ ရှင့်။
.
မေကြည်။      ဟုတ်ကဲ့ မေကြည်ကို Myanmar Idol  အစီစဉ်ကနေ အခုထိ အားပေးလာကြတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်လို့။ မေကြည်ဆက်ပြီးတော့ ကြိုးစားနေ မှာပါ ဆက်လက်ပြီးလည်းတော့ အားပေးပါဦးလို့ ပြောချင်ပါတယ်။ အကြံတွေလည်း ပေးပါ၊ ဝေဖန်ပေးကြပါ၊ မေကြည်ရဲ့ ခွေလေးလည်း နားထောင်ပေးပါလို့ အဲ့လိုလေး ပြောချင်ပါတယ် ရှင့်။
.
တေးသံရှင် မေကြည်သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ လားဟူတိုင်းရင်း သူ တစ်ဦး ဖြစ်ကာ အနုပညာ လှုပ်ရှားမှုများ အဖြစ် တေးရေး/တေးဆိုအပြင် ရုပ်ရှင်နှင့် ဗွီဒီယို ဇာတ်ကားများတွင်ပါ ပါဝင် သရုပ်ဆောင်နေပြီ ဖြစ်သည့် အနုပညာရှင် တစ်ဦး ဖြစ်သည်။
.
ထို့အပြင် မကြာခင် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် Star Award ဆုပေးပွဲတွင်လည်း ချူဆီ ဇာတ်ကား၌ မေကြည် ရေးသား၍ မေ ဆိုထားသည့် မျက်နှာဖုံးများ သီချင်းမှာ The Best Theme Song ဆုအား ရရှိခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats