လားရှိုးမြို့ သင်္ကြန်ကာလအတွင်း Lashio Bar သင်္ကြန်ကို ကွင်းပြင်ကျယ်တွင် သီးသန့် ကျင်းပသွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, April 8, 2019

လားရှိုးမြို့ သင်္ကြန်ကာလအတွင်း Lashio Bar သင်္ကြန်ကို ကွင်းပြင်ကျယ်တွင် သီးသန့် ကျင်းပသွားမည်


နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ သင်္ကြန်ကာလအတွင်း တစ်နေရာတည်း ပျော်ရွှင်စေရန်အတွက် Lashio Bar သင်္ကြန်ကို ကွင်းပြင်ကျယ်တွင် သီးသန့်သင်္ကြန်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
.
မြန်မာ့ရိုးရာအတာသင်္ကြန်အား လားရှိုးမြို့ တစ်နေရာတည်းတွင် မိသားစုလိုက်၊ သူငယ်ချင်းအဖွဲ့လိုက် များဖြင့် အန္တရာယ်ကင်းစွာ ပျော် ရွှင်ရေကစားနိုင်ရန်အတွက် ဖွင့်လှစ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
.

''အားလုံးပျော်လို့ရအောင်ဆိုပြီး တော့ လားရှိုးဘားသင်္ကြန်ကို ကျင်းပရတာဖြစ်ပါတယ်။ စားသောက်ဆိုင် တွေပါမယ်။ DJ တွေပါမယ်။ ရိုးရာ သင်္ကြန်ရေကစားမဏ္ဍပ် ရှိမယ်။ ရေ ကစားဖို့ ရေပိုက်တွေ ရှိမယ်။ တစ် နေရာတည်းမှာ  မိသားစုတွေ ပျော်ရွှင်စွာကစားလို့ရအောင် စီစဉ် ကျင်းပတာဖြစ်ပါတယ်''ဟု  Lashio Bar မှ တာဝန်ရှိသူ ကိုဘိုဘိုက ပြောသည်။
.
အဆိုပါ Lashio Bar နေရာ သည် နေရာကျယ်ဝန်းခြင်း၊ ကားပါ ကင်ထိုးရန်လွယ်ကူခြင်း၊ ယိုးဒယားအ စားအသောက်များအား ဈေးနှုန်းချို သာစွာဖြင့် ရောင်းချပေးမည်ဖြစ်ကာ ဘန်ဂလိုများလည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
.
''အားလုံးပျော်ရွှင်ဖို့အတွက် စီစဉ်တာဖြစ်တဲ့အတွက်ကြောင့် ငွေ ကုန်ကြေးကျသက်တာ ပြီးတော့ ပျော်ရွှင်စွာ ရေကစားနိုင်တဲ့နေရာ ဖြစ်လို့ ဝင်ကြေးအားလုံး အခမဲ့(လူ၊ ကား၊ ကားအပ်ခ)ဖြစ်ပါတယ်။ ဆိုင် ခန်းတွေလည်း လာငှားလို့ရပါပြီလို့ ပြောချင်ပါတယ်''ဟု ကိုဘိုဘိုက ပြော သည်။
.
အဆိုပါ နေရာသည် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ဟူးမွန်ဆည်သွားလမ်းတွင် တည်ရှိကာ၊ ဆိုင်ခန်းငှားမည် ဆိုပါက တည်ဆောက်ပြီး ဆိုင်ခန်း တစ်ခန်းလျှင် သင်္ကြန်ကာလအတွင်း ၄ ရက်စာ ၈ဝဝဝဝ ကျပ်နှုန်းဖြင့် လာရောက်ငှားရမ်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment