ICRC မှ မိုင်းဆတ် ကြက်ခြေနီသို့ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံအသစ် ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ICRC မှ မိုင်းဆတ် ကြက်ခြေနီသို့ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံအသစ် ပေးအပ်


မင်းဇော်မင်း
.
အပြည်ပြည်ဆိုင်ရာ ကြည်ခြေနီကော်မတီ (ICRC)မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိုင်းဆတ်မြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံအသစ်အား ဧပြီလ ၈ ရက်တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
.
“ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံ ဆောက်လုပ်ခြင်းကြောင့် မိုင်းဆတ်မြို့နယ် ကြက်ခြေနီ အသင်းခွဲရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာ ဖြစ်ပြီးတော့ သဘာဝ ဘေးအန္တရာယ်နဲ့ အရေးပေါ် အခြေအနေများမှာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်မှု ရှိစေဖို့နဲ့ အရေးကြုံလာရင် ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။” ဟု ICRC ကျိုင်းတုံး ရုံးခွဲမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ယင်း ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံ လွှဲပြောင်း ပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၌၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ အခမ်းအနားတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းထိုက်မှ အဖွင့်အမှာစကားနှင့် ကျေးဇူးတင် စကား ပြောကြားခြင်း၊ ICRC ကျိုင်းတုံး ရုံးခွဲတာဝန်ခံ Mr Ramin Hashempour က ကယ်ဆယ်ရေး ပစ္စည်း သိုလှောင်ရုံ ဆောက်လုပ်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခြင်း၊ မိုင်းဆတ်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဌ ဦးသန်းဝေက ပစ္စည်း သိုလှောင်ရုံအား ထိန်းသိမ်း ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခြင်းများအား ဆောင်ရွက်ခဲ့သည်။
.

Journal Download

Photo of three cats