ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ေထြလာဂ်ီကဲ့သို႔ေသာ အေႏွးယာဥ္မ်ားျဖင့္ ေရကစားျခင္းကို ခြင့္ျပဳမည္ မဟုတ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, April 12, 2019

ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ေထြလာဂ်ီကဲ့သို႔ေသာ အေႏွးယာဥ္မ်ားျဖင့္ ေရကစားျခင္းကို ခြင့္ျပဳမည္ မဟုတ္


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ ေတာင္ႀကီးၿမိဳ႕ေပၚတြင္  လာမည့္ ၂၀၁၉ ခုႏွစ္၊ မဟာသႀကၤန္ကာလ အတြင္း ေထြလာဂ်ီကဲ့သို႔ေသာ အ ေႏွးယာဥ္မ်ားျဖင့္ ေရကစားျခင္းကို ခြင့္ျပဳသြားမည္မဟုတ္ေၾကာင္း အ မွတ္ (၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴး ႐ံုး(ရွမ္းေတာင္)ထံမွသိရသည္။
.

.
၂၀၁၉ ခုႏွစ္၊ မဟာသႀကၤန္ ကာလအတြင္းမွာ ေတာင္ႀကီးၿမိဳ႕ ေပၚမွာရိွတဲ့ မိဘျပည္သူေတြ ယာဥ္ မေတာ္တဆမႈနဲ႔ ယာဥ္တိုက္မႈေလ်ာ့ နည္းက်ဆင္းေစဖို႔အတြက္ စီမံ ခ်က္ေလးေတြ ေရးဆြဲထားတာရွိပါ တယ္။ လံုၿခံဳေရးနဲ႔ ယာဥ္စည္းကမ္း ထိန္းသိမ္းေရးေကာ္မတီ ဖြဲ႕စည္းၿပီး ေတာ့ ယာဥ္တိုက္မႈေလ်ာ့နည္း က်ဆင္းေရးအတြက္ ေဆာင္ရြက္သြား မွာျဖစ္ပါတယ္။ ေထြလာဂ်ီကဲ့သို႔ေသာ အေႏွးယာဥ္ေတြနဲ႔ ေရကစားျခင္းကို ခြင့္ျပဳသြားမွာ မဟုတ္ပါဘူး။ ေထြ လာဂ်ီဆိုတာက ေရစည္ပိုင္းႀကီးေတြ တင္ၿပီးေတာ့ ေမာင္းႏွင္ၾကတာ ေတြရွိတယ္။ ေရ၀ိတ္အားနဲ႔ဆုိေတာ့ အေကြ႕ေတြမွာဆိုရင္ အႏ္ၱရာယ္မ်ား တယ္။ အဲဒါေလးေတြကိုေတာ့ အ ခ်ိန္နဲ႔အမွ် ႏိႈးေဆာ္ၿပီးေတာ့ ပညာ ေပးအေနနဲ႔ပဲ တားျမစ္သြားမွာပါဟု အမွတ္(၁၈)ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ ခြဲမွဴး႐ံုး (ရွမ္းေတာင္)မွ ႐ံုးဦးစီးတာ၀န္ခံ ရဲအုပ္ေအာင္ငယ္က ကေမၻာဇတိုင္း သို႔ေျပာၾကားခဲ့သည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ သႀကၤန္ကာလအတြင္း ယာဥ္ေမာင္းသူမ်ား လိုက္နာရန္ စည္းကမ္းခ်က္မ်ားထုတ္ျပန္ သြားမည္ျဖစ္ၿပီး ယင္းတို႔မွာ မူး ယစ္ေသစာ ေသာက္စား၍ ယာဥ္ ေမာင္းႏွင္ျခင္းမျပဳရန္၊ အေပ်ာ္လြန္ ၾကဴး စည္းကမ္းမဲ့ ၿပိဳင္ေမာင္းျခင္း၊ လုေမာင္းျခင္း၊ အရွိန္ျပင္းစြာ ေမာင္း ႏွင္ျခင္းမျပဳရန္၊ ယာဥ္နံပါတ္ျပား မပါဘဲ ေမာင္းႏွင္ျခင္းမျပဳရန္၊ ယာဥ္၏ ေဘးတံခါးမ်ား၊ ေနာက္ဖံုးမ်ားျဖဳတ္၍ ေမာင္းႏွင္ျခင္းမျပဳရန္၊ ဖ်က္သိမ္း ထားေသာ ယာဥ္အိုယာဥ္ေဟာင္း မ်ားႏွင့္ ျပဳျပင္ဆဲ ယာဥ္မ်ားအား ေမာင္းႏွင္ျခင္းမျပဳရန္၊ ယာဥ္ေၾကာ ေျပာင္းျပန္စီးနင္း ေမာင္းႏွင္ျခင္းမျပဳ ရန္၊ ေထြလာဂ်ီကဲ့သို႔ေသာ အေႏွး ယာဥ္မ်ားကို အသံုးျပဳ၍ေရကစား ျခင္းမျပဳရန္၊ ေမာ္ေတာ္ဆိုင္ကယ္ မ်ား အိတ္ေဇာပိုက္ျဖဳတ္၍ စီးနင္း ျခင္း၊ အသံက်ယ္ေလာင္စြာ စီးနင္း ျခင္း၊ နံပါတ္ျပားမျမင္ေအာင္တြန္႔ ေခါက္၍ စီးနင္းျခင္း၊ ေရွ႕/ေနာက္ နံပါတ္ျပားမပါဘဲ စီးျခင္း၊ ၂ ဦးထက္ ပို၍ စီးနင္းျခင္း၊ ဆိုင္ကယ္ဦးထုပ္မပါ ဘဲ စီးနင္းျခင္း မျပဳလုပ္ရန္၊ သံစံုဟြန္း မ်ား တပ္ဆင္ျခင္း မျပဳရန္၊ ေမာ္ ေတာ္ယာဥ္မ်ားတြင္ ညစ္ညမ္းေသာ စာသားမ်ား၊ ဆိုင္းဘုတ္၊ ပန္းခ်ီ၊ ႐ုပ္ပံုႏွင့္ အျခားမသင့္ေလ်ာ္ေသာ ပစ္ၥည္းမ်ား ေရးသားခ်ိတ္ဆြဲ၍ေမာင္း ႏွင္ျခင္းမျပဳလုပ္ရန္တို႔ကို တားျမစ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ မဟာသႀကၤန္ကာလအတြင္း ျမန္မာတစ္ ႏိုင္ငံလံုးအတိုင္းအတာအေနျဖင့္ ယာဥ္မေတာ္တဆမႈ ၃၅၀ မႈျဖစ္ပြား ခဲ့ၿပီး ဒဏ္ရာရသူ ၆၉၀ ဦး၊ ေသ ဆံုးသူ ၁၃၃ ဦးရွိခဲ့ကာ အမွတ္ (၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴး႐ံုး (ရွမ္း ေတာင္)နယ္ေျမအတြင္း သႀကၤန္မႈ ခင္း ၇ မႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသား ၈ ဦး၊ အမ်ိဳးသမီး ၄ ဦး ဒဏ္ရာရရွိ ခဲ့ကာ အမ်ိဳးသမီး ၁ ဦးေသဆံုးခဲ့ေၾကာင္း သိရသည္။
.
တောင်ကြီးမြို့ပေါ်တွင် ထွေလာဂျီကဲ့သို့သော အနှေးယာဉ်များဖြင့် ရေကစားခြင်းကို ခွင့်ပြုမည် မဟုတ်
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၏မြို့တော်ဖြစ်သော တောင်ကြီးမြို့ပေါ်တွင်  လာမည့် ၂၀၁၉ ခုနှစ်၊ မဟာသင်္ကြန်ကာလ အတွင်း ထွေလာဂျီကဲ့သို့သော အ နှေးယာဉ်များဖြင့် ရေကစားခြင်းကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း အ မှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရုံး(ရှမ်းတောင်)ထံမှသိရသည်။
.
၂၀၁၉ ခုနှစ်၊ မဟာသင်္ကြန် ကာလအတွင်းမှာ တောင်ကြီးမြို့ ပေါ်မှာရှိတဲ့ မိဘပြည်သူတွေ ယာဉ် မတော်တဆမှုနဲ့ ယာဉ်တိုက်မှုလျော့ နည်းကျဆင်းစေဖို့အတွက် စီမံ ချက်လေးတွေ ရေးဆွဲထားတာရှိပါ တယ်။ လုံခြုံရေးနဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းပြီး တော့ ယာဉ်တိုက်မှုလျော့နည်း ကျဆင်းရေးအတွက် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ထွေလာဂျီကဲ့သို့သော အနှေးယာဉ်တွေနဲ့ ရေကစားခြင်းကို ခွင့်ပြုသွားမှာ မဟုတ်ပါဘူး။ ထွေ လာဂျီဆိုတာက ရေစည်ပိုင်းကြီးတွေ တင်ပြီးတော့ မောင်းနှင်ကြတာ တွေရှိတယ်။ ရေဝိတ်အားနဲ့ဆိုတော့ အကွေ့တွေမှာဆိုရင် အန်္တရာယ်များ တယ်။ အဲဒါလေးတွေကိုတော့ အ ချိန်နဲ့အမျှ နှိုးဆော်ပြီးတော့ ပညာ ပေးအနေနဲ့ပဲ တားမြစ်သွားမှာပါ ဟု အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ ခွဲမှူးရုံး (ရှမ်းတောင်)မှ ရုံးဦးစီးတာဝန်ခံ ရဲအုပ်အောင်ငယ်က ကမ္ဘောဇတိုင်း သို့ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် သင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများ လိုက်နာရန် စည်းကမ်းချက်များထုတ်ပြန် သွားမည်ဖြစ်ပြီး ယင်းတို့မှာ မူး ယစ်သေစာ သောက်စား၍ ယာဉ် မောင်းနှင်ခြင်းမပြုရန်၊ အပျော်လွန် ကြူး စည်းကမ်းမဲ့ ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းစွာ မောင်း နှင်ခြင်းမပြုရန်၊ ယာဉ်နံပါတ်ပြား မပါဘဲ မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်၏ ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်းမပြုရန်၊ ဖျက်သိမ်း ထားသော ယာဉ်အိုယာဉ်ဟောင်း များနှင့် ပြုပြင်ဆဲ ယာဉ်များအား မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်ကြော ပြောင်းပြန်စီးနင်း မောင်းနှင်ခြင်းမပြု ရန်၊ ထွေလာဂျီကဲ့သို့သော အနှေး ယာဉ်များကို အသုံးပြု၍ရေကစား ခြင်းမပြုရန်၊ မော်တော်ဆိုင်ကယ် များ အိတ်ဇောပိုက်ဖြုတ်၍ စီးနင်း ခြင်း၊ အသံကျယ်လောင်စွာ စီးနင်း ခြင်း၊ နံပါတ်ပြားမမြင်အောင်တွန့် ခေါက်၍ စီးနင်းခြင်း၊ ရှေ့/နောက် နံပါတ်ပြားမပါဘဲ စီးခြင်း၊ ၂ ဦးထက် ပို၍ စီးနင်းခြင်း၊ ဆိုင်ကယ်ဦးထုပ်မပါ ဘဲ စီးနင်းခြင်း မပြုလုပ်ရန်၊ သံစုံဟွန်း များ တပ်ဆင်ခြင်း မပြုရန်၊ မော် တော်ယာဉ်များတွင် ညစ်ညမ်းသော စာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံနှင့် အခြားမသင့်လျော်သော ပစ်္စည်းများ ရေးသားချိတ်ဆွဲ၍မောင်း နှင်ခြင်းမပြုလုပ်ရန်တို့ကို တားမြစ် သွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း မြန်မာတစ် နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်မတော်တဆမှု ၃၅၀ မှုဖြစ်ပွား ခဲ့ပြီး ဒဏ်ရာရသူ ၆၉၀ ဦး၊ သေ ဆုံးသူ ၁၃၃ ဦးရှိခဲ့ကာ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်း တောင်)နယ်မြေအတွင်း သင်္ကြန်မှု ခင်း ၇ မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိ ခဲ့ကာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment