သႀကၤန္ကို အေၾကာင္းျပဳ၍ စီးပြားရွာျခင္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, April 14, 2019

သႀကၤန္ကို အေၾကာင္းျပဳ၍ စီးပြားရွာျခင္း

ေက်ာ္ေက်ာ္လင္း (ရွမ္းျပည္)
.

.
ယခုႏွစ္ မဟာသႀကၤန္ပြဲေတာ္အတြက္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕ရွိ ဗဟိုမ႑ပ္ႏွင့္ မဟာဗႏၶဳလပန္းၿခံလမ္း၌ က်င္းပမည့္ လမ္းေလွ်ာက္သႀကၤန္အတြက္ မ႑ပ္မ်ား စတင္တည္ေဆာက္ေနပါသည္။ ထိုကာလမ်ားအတြင္း ည ေစ်းတန္းေစ်းသည္မ်ားကို ေရႊ႕ဆိုင္းေပးၿပီး ေဆာင္ရြက္မည္ဟု ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။ ရန္ကုန္ျမန္မာ့႐ိုးရာ သႀကၤန္ပြဲေတာ္၌ လမ္းေလွ်ာက္၊ သႀကၤန္ကို ယခုႏွစ္တြင္ ဒုတိယအႀကိမ္ က်င္းပျခင္းျဖစ္ၿပီး မဟာဗႏၶဳလပန္းၿခံ၊ ကန္ေတာ္ႀကီးဥယ်ာဥ္၊ ကန္ေတာ္မင္ ပန္းၿခံ (ဦးဥတၱမပန္းၿခံ)၊ ျမကြၽန္းသာ ပန္းၿခံ၊ သခင္ျမပန္းၿခံ၊ အင္းယားလမ္းတို႔၌ က်င္းပမည္ဟု သိရသည္။ ၿမိဳ႕ေတာ္ဗဟိုမ႑ပ္ အပါအဝင္ ျပည္လမ္းႏွင့္ အျခားလမ္းမႀကီးမ်ား၌ မ႑ပ္အ ႀကီးအလတ္ ၃၅ ခု ခြင့္ျပဳေပးထားေၾကာင္းလည္း သိရသည္။ ရွစ္ေလးလံုး ကာလမ်ားကေတာင္ စည္ကားခဲ့သည့္ ရန္ကုန္သႀကၤန္သည္ ယခုလို ကာလမ်ားတြင္ ပိုစည္ကားမည္မွာ မလြဲဧကန္ ျဖစ္သည္။

.
၂ဝ၁၈ ခုႏွစ္ ဧၿပီလမွစတင္ၿပီး ခ်င္းတြင္းျမစ္ကမ္း သဲေသာင္ျပင္၌ ခ်င္းတြင္းသႀကၤန္ပြဲေတာ္ကို စတင္က်င္းပခဲ့သည္။ ၂ဝ၁၉ ခုႏွစ္ ဧၿပီလတြင္လည္း ဒုတိယအႀကိမ္အျဖစ္ က်င္းပရန္ စီစဥ္ေနပါသည္။ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ ဓေလ့ ထံုးစံမ်ား ထိန္းသိမ္းရန္၊ ေဒသထြက္ကုန္မ်ား ေစ်းကြက္ေကာင္းမ်ား ရရွိေစရန္၊ အေသးစား၊ အလတ္စား စီးပြား ေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္၊ ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတုိးတက္ေစရန္ စသည့္ရည္ရြယ္ခ်က္မ်ားျဖင့္ က်င္းပျခင္း ျဖစ္သည္ဟု သိရသည္။ ၂ဝ၁၈ ခုႏွစ္ ဧၿပီလ ၁၁ ရက္မွ ၁၇ ရက္အထိ ၇ ရက္ၾကာ က်င္းပခဲ့ေၾကာင္းႏွင့္ သႀကၤန္ပြဲေတာ္ကို ပံုစံသစ္ႏွင့္ ဆင္ႏႊဲခဲ့ေၾကာင္းလည္း သိရသည္။ ယခုကာလတြင္ ျမန္မာတစ္ျပည္လံုးတြင္ လမ္း ေလွ်ာက္သႀကၤန္မ်ား၊ ေတာသႀကၤန္မ်ားကို ပံုစံအမ်ိဳးမ်ိဳးႏွင့္ က်င္းပၿပီး အတာေရသဘင္ပြဲေတာ္ကို ျဖတ္သန္း ေနၾကျခင္း ျဖစ္သည္။ ဥပမာ- စစ္ကိုင္းတုိင္းေဒသႀကီး ကေလးၿမိဳ႕တြင္ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈ ဓေလ့ထံုးစံမ်ားႏွင့္ အညီ ပုသိမ္ထီးမ်ားႏွင့္ သႀကၤန္ထီးမ်ား ခ်ိတ္ဆြဲအလွဆင္ကာ လမ္းအရွည္ေပေပါင္း ၁၅ဝဝ ေက်ာ္ျဖင့္ လူတန္းစား အလႊာစံုလမ္းတစ္ေလွ်ာက္ လမ္းေလွ်ာက္၍ ေရကစားႏုိင္ရန္ စီစဥ္လ်က္ရွိပါသည္။ ပုသိမ္ထီး၊ သႀကၤန္ထီးေတြႏွင့္ အလွဆင္ထားသည့္ အရိပ္ေအာက္မွာ အႏၱရာယ္ကင္းကင္းနဲ႔ ေပ်ာ္ရႊင္စြာ လမ္းေလွ်ာက္ လည္ပတ္ႏုိင္ၾကမည္။ လည္ပတ္ၿပီးသည့္အခါ အစားအေသာက္မ်ားကို လွဴဒါန္းေကြၽးေမြး ကုသိုလ္ယူေနသည့္ စတုဒီသာမ႑ပ္မ်ား ကလည္း အဆင္သင့္ရွိေနျခင္းေၾကာင့္ လမ္းေလွ်ာက္သႀကၤန္ပြဲေတာ္ကို လည္ပတ္ဖူးသည့္ လူတုိင္းနီးပါး သေဘာက် ေက်နပ္ၾကသည္။ ယခုကာလမွ အထူးအဆန္းတစ္ခုအေနျဖင့္ လမ္းေလွ်ာက္သႀကၤန္ကို ဆင္ႏႊဲေနျခင္းျဖစ္သည္။ ေမာင္ကင္းတို႔လို လူတန္းစားမ်ားကေတာ့ တစ္သက္လံုး လမ္းေလွ်ာက္ရျခင္းေၾကာင့္ ႐ိုးေနၿပီဟု ဆုိႏုိင္ပါသည္။
.
တန္ခူးလသည္ မိႆရာသီျဖစ္ၿပီး စိၾတနကၡတ္ထြန္းလင္းသည္။ တန္ခူးလျပည့္၏ မြန္းတည့္ခ်ိန္ေန၏ အနီးဝန္း က်င္ရွိ ''ၾကယ္ဆယ္လံုးပါ မိႆၾကယ္စံု''ကို အစြဲျပဳ၍ ေဗဒင္အမည္အားျဖင့္ ''မိႆရာသီ''ဟု အမွတ္အသား ျပဳၾက သည္။ ရာသီ၏ အဆင္းသ႑ာန္သည္ ဆိတ္သတၱဝါႏွင့္ တူေသာေၾကာင့္ ရာသီသေကၤတႏွင့္ ေဖာ္ျပလိုပါက ဆိတ္ သတၱဝါႏွင့္ ပံုေဖာ္ျပသည္။ အေနာက္တိုင္း သေကၤတမွာ သိုးသတၱဝါႏွင့္ ပံုေဖာ္ျပသည္။ တန္ခူးလျပည့္ညသန္း ေခါင္အခ်ိန္တြင္ ေကာင္းကင္၌ စိၾတၾကယ္တို႔ စန္းယွဥ္ထြန္းလင္းၾက၍ စိၾတနကၡတ္ကာလဟုလည္း မွတ္သားၾက သည္။ စိၾတ၏ အနက္ကား ထူးျခား၊ ဆန္းၾကယ္ျခင္း၊ ေထြျပားျခင္းဟူတည္း၊ ရာသီပန္းတို႔ကား ပိေတာက္ပန္း၊ ကံ့ ေကာ္ပန္း၊ ရင္ခတ္ပန္းတို႔ ဖူးပြင့္ၾကသည္။ျမန္မာျပည္တြင္ ပိေတာက္ပန္းတခ်ိဳ႕တည္းကိုသာ သႀကၤန္၏ အထူး ဂုဏ္ေဆာင္သည့္ ပန္းအျဖစ္ လူအမ်ားက အသိအမွတ္ျပဳၾကသည္။ သႀကၤန္ပိေတာက္ႏွင့္ မုန္႕လံုးေရေပၚမုန္႔တို႔ကား ခြဲျခား၍ မရေသာ သႀကၤန္သေကၤတမ်ားအျဖစ္ လက္ခံေနၾကေလၿပီ။
.
သႀကၤန္ကာလအတြင္း မိမိတို႔ အစီအစဥ္ျဖင့္ အဆင္ေျပသလို ဘုရားသြား၊ ေက်ာင္းတက္ၾကသူမ်ားျဖင့္ စည္ကား ေနပါသည္။ ေနပူႀကဲႀကဲတြင္ ဘုရားသြားေက်ာင္းတက္ အေမာေျပ၊ အဆာေျပေစရန္ ရည္ရြယ္ၿပီးလမ္းခရီး တစ္ ေလွ်ာက္ စတုဒီသာမ႑ပ္မ်ားထုိးၿပီး ဧည့္ခံေကြၽးေမြးတတ္သည့္ ဓေလ့သည္ ေရွးကာလမ်ားကပင္ တည္ရွိခဲ့သည္ဟု ဆုိသည္။ ယခုအခါ ဘုရားသြားေက်ာင္းတက္သည့္ သူမ်ားသာမက ေရကစားသူမ်ား၊ ခရီးသြားမ်ားပါ မက်န္၊ အယုတ္၊ အလတ္၊ အျမတ္မေရြး လူတိုင္းကို ဧည့္ခံေကြၽးေမြးေလ့ရွိသည္။ အလွဴအတန္းအျဖစ္ ေကြၽးေမြးလွဴဒါန္း ၾကျခင္း ျဖစ္သည္။ ေကြၽးေမြးဧည့္ခံသည့္ စားစရာ ေသာက္စရာမ်ားကလည္း အရင္ေခတ္ကာလမ်ားကဲ့သို႕ မုန္႔လံုးေရေပၚ၊ မုန္႕လက္ေဆာင္းမ်ားေလာက္ မဟုတ္ေတာ့ေပ။ ေဒသအလိုက္ သႀကၤန္ထမင္းမ်ား၊ ထမင္းႏွင့္ ဟင္းမ်ားအထိ ေကြၽးေမြးဧည့္ခံသည္။ ငါးေျခာက္ေထာင္းေႀကာ္ႏွင့္ သႀကၤန္ထမင္းသည္ အလြန္လိုက္ဖက္လွသည္။ ဖေယာင္းနံ႕ သင္းသင္းႏွင့္ သႀကၤန္ထမင္းတို႔ သာမက မုန္႔ဟင္းခါး၊ မုန္႔မ်ိဳးစံု၊ အေအးမ်ိဳးစံုမ်ားျဖင့္ ဧည့္ခံကု သိုလ္ျပဳၾကသည္။ ယခင္ကာလမ်ားက ဘုန္း ႀကီးေက်ာင္း တစ္ေက်ာင္းမွ တစ္ေက်ာင္းသို႔ သူ႕အဖြဲ႕ကိုယ့္အဖြဲ႕ျဖင့္ ေနပူက်ဲက်ဲတြင္ ေျခလ်င္ေလွ်ာက္သြားခဲ့ရေသာ္လည္း ႏွစ္ဆယ္ရာစုအစမ်ားကာလတြင္ စတုဒီသာ မ႑ပ္မ်ား ထိုးကာ ေကြၽးေမြးဧည့္ခံသည့္ဓေလ့မ်ား စတင္ထြန္းကားခဲ့သည္ဟု ဆိုသည္။ အလြန္ေစတနာပါသည့္ ထိုအလွဴ ေပးသည့္ ဓေလ့သည္ ယေန႔တိုင္ အရွိန္အဟုန္ေကာင္းေနဆဲ ျဖစ္သည္။
.
သႀကၤန္ႏွင့္ အလွဴဒါနသည္ တစ္ဆက္တစ္စပ္တည္း ျဖစ္ေနသည္။ ျမန္မာျပည္တစ္ဝန္းလံုးတြင္ သႀကၤန္ကာလ ေပ်ာ္ပြဲရႊင္ပြဲ ေရေလာင္းပြဲ ေရပက္ဖ်န္းပြဲမ်ား ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ က်င္းပၾကသည္။ မြန္ေက်းလက္ ေဒသမ်ားတြင္ ဖေယာင္းနံ႔ သင္းေနေသာ ႐ိုးရာသႀကၤန္ထမင္း အလွဴပြဲမ်ားျဖင့္ စည္ကားေနတတ္သလို ရခိုင္ေဒသမ်ားတြင္ ၿမိဳ႕လံုးကြၽတ္ ရြာလံုးကြၽတ္ စီတန္းလွည့္လည္ၿပီး ပင့္ေဆာင္လာသည့္ ဗုဒၶ႐ုပ္ပြားေတာ္မ်ားအား ေရသပၸါယ္ ပူေဇာ္ၾကသည္။ မိမိတို႔ ကိုယ္ယူေဆာင္လာသည့္ နံ႕သာရည္မ်ားေလာင္း ထည့္ထားသည့္ ေရျဖင့္ပူေဇာ္ၾကျခင္းျဖစ္ သည္။ ေရကစားၾကရာတြင္လည္း ေလာင္းေလွႀကီးမ်ားအတြင္း ေရအျပည့္ထည့္ၿပီး တစ္ဖက္ႏွင့္တစ္ဖက္ အၿပိဳင္ အဆုိင္ ေရပက္ၿပီး ေပ်ာ္ရႊင္စြာ ဆင္ႏႊဲၾကျခင္းျဖစ္သည္။ အမွန္တကယ္ သႀကၤန္ေရသဘင္ပြဲ ဆင္ႏႊဲရန္အတြက္ မူလအေျခခံ လိုအပ္ခ်က္မွာ 'ပက္'စရာ ေရႏွင့္ 'အပက္ခံ'ရမည့္ လူသာရွိွရန္ လိုအပ္သည္။ ေရသဘင္ပြဲျဖစ္ၿပီ မဟုတ္ပါေလာ။
.
သႀကၤန္ႏွင့္ ပတ္သက္၍ ျမန္မာ့အဘိဓာန္တြင္ ဆယ့္ႏွစ္လတြင္ ႏွစ္ေဟာင္းမွ ႏွစ္သစ္သို႔ ကူးေျပာင္းသည့္ အခ်ိန္ကာလ၊ ထိုသည့္ သမယ၌ ပက္ဖ်န္းေသာ ေရပြဲသဘင္သမယဟု အနက္ဖြင့္ထားပါသည္။ သႀကၤန္ဆိုသည့္ စကားသည္ ''သႀကၤႏၱ''ဟူသည့္ သကၠတ စကားႏွင့္ ''သကၤႏၱ''ဟူေသာ ပါဠိစကားမ်ားမွဆင္းသက္လာၿပီး ''ကူးေျပာင္းျခင္း၊ ေျပာင္းေရႊ႕ျခင္း''ဟု အဓိပၸါယ္ရၿပီး ႏွစ္ေဟာင္းမွ ႏွစ္သစ္သို႔ ကူးေျပာင္းျခင္းဟု ဆုိႏိုင္ပါသည္။ ဘာသာစကား ပညာရွင္တခ်ိဳ႕တို႔က ''သကၤႏၱ''ဟူသည့္ ပါဠိပုဒ္ မွ သကၠတ ''ရရစ္သံ''ႏွင့္ သႀကၤန္ဟူေသာ ျမန္မာ စကား ျဖစ္ေပၚလာသည္ဟု ယူဆထားၾကသည္။ အဓိပၸါယ္မွာ ''ကူးေျပာင္းျခင္း၊ တစ္ေနရာမွ တစ္ေနရာသို႔ ေရာက္ရွိျခင္း''ဟု အဓိပၸါယ္ရသည္ဟု ဆိုႏုိင္သည္။
.
ပူအိုက္သည့္ ေႏြရာသီကာလတြင္ ေအးျမသည့္ ေရၾကည္ေရေအးမ်ားႏွင့္ တစ္ဦးကိုတစ္ဦး ဖ်န္းပက္စြတ္စိုေစကာ အပူဒဏ္မွ သက္သာေစရန္၊ ေအးခ်မ္းရႊင္လန္းေစရန္ ရည္ရြယ္ၿပီး ေရွးဘိုးေဘးတို႔ လက္ထက္ကတည္းက စတင္ ခဲ့သည့္ အစဥ္အလာဟု ယူဆႏုိင္ပါသည္။ တန္ခူးလ၏ ပူျပင္းေျခာက္ေသြ႕သည့္ ရာသီဒဏ္ေၾကာင့္ သက္ရွိ သတၱဝါမ်ားအားလံုး ေအးျမမႈကိုလိုလားေနၾကသည္။ အတာေရပက္ဖ်န္းသူမ်ားကလည္း သတၱဝါမ်ားအားလံုး ေအးျမသာသာယာယာႏွင့္ ရႊင္လန္းခ်မ္းေျမ့ေစရန္ ရည္ရြယ္ခ်က္ျဖင့္ ပက္ဖ်န္းျခင္းျဖစ္သည္။ ႏွစ္ေဟာင္းမွ ခႏၶာ ကိုယ္အညစ္အေၾကး၊ စိတ္အညစ္အေၾကးမ်ား လြင့္စင္ကြယ္ေပ်ာက္ေစလိုသည့္ စိတ္၊ ေအးျမခ်မ္းသာရွိေစလိုသည့္ စိတ္မ်ားျဖင့္ ရည္ရြယ္ၿပီး ပက္ဖ်န္းၾကျခင္းျဖစ္သည္။ ေရွးကာလမ်ားကေတာ့ သေျပခက္ႏွင့္ ေငြဖလားတြင္ အေမြးန႔ံသာရည္မ်ား ထည့္ထားသည့္ ေရစင္ေရေအးျဖင့္ ဖ်န္းပက္ခဲ့ၾကသည္။ ယခုေခတ္တြင္ ႏုိင္ငံေတာ္အဆင့္ရွိ သံတမန္မ်ား၊ ဧည့္သည္ေတာ္မ်ား၊ ႏုိင္ငံအႀကီးအကဲမ်ားသာ ပက္ၾကဟန္ရွိသည္။ သေျပခက္ႏွင့္ ေရပက္သည္ ကိုလည္း သာမန္ျပည္သူမ်ားက အားရဟန္မတူ၊ ဖလားလိုက္ ပံုးလုိက္ေလာင္းမွသာ ပက္သူႏွင့္ ေရအပက္ခံရသူပါ စိတ္ေက် နပ္ၾကသည္။
.
သႀကၤန္ကာလ၏ ထူးျခားမႈမွာ အလွဴအတန္းမ်ား ေပါမ်ားျခင္း ျဖစ္သည္။ ''တန္ခူးေရကုန္၊ ကဆုန္ေရခန္း''ဟူေသာ ဆိုစကားအတိုင္း တန္ခူးလတြင္ ေရတြင္း၊ ေရကန္၊ ေရဆိုင္တို႔မွာ ေရဖ်ားနည္းပါးလာသည္။ ထိုေနရာတြင္ ေန ထိုင္က်က္စားသည့္ ငါးမ်ားမွာ အတိဒုကၡေရာက္ ရသည္။ ထိုေနရာမ်ားတြင္ ေနထိုင္ေနသည့္ငါး မ်ားကို ေရမ်ားသည့္ ေရကန္မ်ား၊ ဆုိင္မ်ားသို႔ ေျပာင္းေရႊ႕သယ္ယူလႊတ္ေပးရာမွ ဇီဝိတဒါနအသက္ကယ္ပြဲ၊ အလွဴပြဲ သို႔မဟုတ္ ငါးလႊတ္ပြဲ မ်ား စတင္လာသည္ဟု အဆိုရွိပါသည္။ ေနာင္ေနာက္ပိုင္းကာလမ်ားတြင္ ႏွစ္သစ္ကူးေျပာင္း သည့္အခါ ထူးျခား သည့္ အလွဴအတန္းကို ျပဳလိုသည့္ ဘိုးဘြားမ်ားက ဇိဝိတဒါနျပဳပြဲမ်ားကို ထည့္သြင္းက်င္းပခဲ့သည္ဟု အဆုိရွိတယ္။ ငါးလႊတ္ပြဲမ်ား သာမက ကြၽဲႏြားစသည့္ တိရစၧာန္ႀကီးမ်ား ေဘးမဲ့လႊတ္သည့္ပြဲမ်ား၊ ငွက္၊ ခို၊ က်ီး စသည့္ သတၱဝါ မ်ားကို ေဘးမဲ့လႊတ္ေပးသည့္ ပြဲမ်ားပါ ထည့္သြင္းက်င္းပလာၾကသည္။ လူအမ်ိဳးမ်ိဳးရွိသလို စိတ္အေထြေထြလည္း ပါဝင္ၾက ရာ မည္သည့္ရည္ရြယ္ခ်က္ျဖင့္ လႊတ္ေပးသည္ျဖစ္ေစ တစ္သက္လံုး ႏွစ္ရွည္လမ်ား အခိုင္းခံေနရသည့္ ကြၽဲ၊ ႏြား ၊ ျမင္းစသည့္ တိရစၧာန္မ်ား အခိုင္းခံမွ ကင္းလြတ္သြားသည့္ ေဘးမဲ့ဘဝသို႔ ေရာက္သြားျခင္း၊ လြတ္ လပ္ေအးခ်မ္းသြားျခင္းသည္ မည္သည့္႐ႈေထာင့္မွ ၾကည့္သည္ျဖစ္ေစ သာဓုေခၚစရာ အျပဳအမူေကာင္းတစ္ရပ္ ျဖစ္သည္။ ထို႕အတူ ေသေဘးႀကံဳေနရသည့္ စာ၊ ခို၊ က်ီးကန္းမ်ား၊ ငွက္မ်ား၊ ေရသတၱဝါ ငါးမ်ားအားလံုးတို႔ အသက္ ေဘးမွ ကင္းလြတ္ၿပီး ခ်မ္းသာရာရသြားျခင္းသည္လည္းမ်ားစြာ ၾကည္ႏူးသာဓုေခၚစရာကိစၥမ်ား ျဖစ္သည္။
.
သႀကၤန္ကာလတြင္ အလွဴဒါနမ်ား၊ ဇိဝိတအလွဴမ်ား ကုသိုလ္ျပဳျခင္းသာမက မိမိတို႔ တစ္ဦးခ်င္း၏ ဘာသာေရး ဆုိင္ရာကုသိုလ္မ်ားကိုလည္း အားထုတ္ႀကိဳးပမ္းၾကသည္။ သႀကၤန္ကာလအတြင္း ဥပုသ္သီတင္းေဆာက္ ဆည္ျခင္း ရက္ရွည္ဥပုသ္ေစာင့္ျခင္း၊ ႐ုံးမ်ား အလုပ္ဌာနမ်ား ရက္ရွည္ပိတ္ရက္ရွိေသာေၾကာင့္ မိမိတို႔ အိမ္မ်ား၌ျဖစ္ေစ၊ တရားစခန္းမ်ား ရိပ္သာမ်ား၌ တရားအားထုတ္ၾကသူမ်ားလည္း အမ်ားအျပား ရွိပါသည္။ တစ္ဦးျခင္းျဖစ္ေစ၊ အဖြဲ႕လိုက္ျဖစ္ေစ ႐ုံးဌာနမ်ားအလိုက္ျဖစ္ေစ ဒုလႅဘရဟန္းခံျခင္း၊ ရပ္ကြက္အတြင္းမွ လူငယ္မ်ား စုေပါင္းၿပီး သက္ ႀကီးရြယ္အို ဘိုးဘြားမ်ားအားကန္ေတာ့ျခင္း၊ ေခါင္းေလွ်ာ္ေပးျခင္း၊ ေျခသည္း၊ လက္သည္း ညႇပ္ေပးျခင္းတို႔ျဖင့္ ကု သိုလ္ျပဳၾကသည္။ အခ်ိဳ႕လူငယ္မ်ားက ဘုရားေစတီမ်ား၏ ပရဝုဏ္မ်ားကို သန္႕ရွင္းေပးျခင္း၊ ရပ္ထဲရြာထဲရွိ ေရတြင္း ေရကန္မ်ားကုိ ဆည္ေပးျခင္း၊ အမ်ားပိုင္ျဖစ္သည့္ စာသင္ေက်ာင္းမ်ား၊ ဇရပ္မ်ားကို ျပဳျပင္သန္႔ရွင္းေပးျခင္း၊ လိုအပ္သည့္ အေသးစား ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္ေပးျခင္းတို႔ကို ျပဳလုပ္ကုသိုလ္ယူၾကသည္။
.
သႀကၤန္ကို အေၾကာင္းျပဳၿပီး စီးပြားရွာၾကသူေတြလည္း အမ်ားအျပား ရွိလာသည္။ အထူးသျဖင့္ ေက်းလက္ ေတာရြာမ်ား နယ္ၿမိဳ႕ငယ္မ်ားထက္ ၿမိဳ႕ႀကီးမ်ားတြင္ ထိုျမင္ကြင္းမ်ားကို ေတြ႕ရသည္။ သႀကၤန္ကာလအတြင္း အရက္၊ ဘီယာ ကုမၸဏီမ်ားကလည္း မ႑ပ္ေဆာက္၊အႏုပညာရွင္မ်ားကို ငွားရမ္း ဖိတ္ေခၚၿပီး အေရာင္းျမႇင့္တင္ေရးမ်ားကို အၿပိဳင္အဆုိင္ လုပ္ၾကေလ့ရွိသည္။ အခ်ိဳ႕ သူမ်ားကကား အငွားလိုက္ၿပီး စီးပြားရွာၾကသည္။ ကိုယ္တိုင္လည္း လည္ရသလို ပိုက္ဆံလည္းရသျဖင့္ မ်ားစြာအဆင္ေျပၾကသည္။ တခ်ိဳ႕ကလူစည္သည့္ လမ္းမမ်ားေပၚရွိ အိမ္ဝင္း မ်ားကို ငွားရမ္းၿပီး မ႑ပ္ေဆာက္ကာ ေရကစားမ႑ပ္လုပ္ကာ စီးပြားရွာၾကသည္။ ထိုမ႑ပ္ ေဆာက္ခြင့္ကို မိသားစု ေရကစားမ႑ပ္ အျဖစ္ အမည္ခံကာ ခြင့္ျပဳခ်က္ေတာင္းခံသည္။ စည္ပင္သာယာမွ ေရသံုးစြဲခြင့္ ရရန္သာ အေရးႀကီးသည္။ ခြင့္ျပဳခ်က္ရလွ်င္ လာေရာက္ေရကစားလိုသူမ်ားကို ကစားခြင့္ကို ေၾကးသတ္မွတ္ၿပီး ေရာင္း စားၾကသည္။ ပြဲေတာ္သံုးရက္လံုး ကစားလွ်င္ ဘယ္ေလာက္၊ တစ္ရက္ကို ဘယ္ေလာက္ဟု သတ္မွတ္ထားသည္။ အခ်ိဳ႕ေသာ စီစဥ္သူမ်ားကလည္း ဆြဲေဆာင္မႈကို မက္လံုးအျဖစ္ထည့္ထားသည္။ အႀကိဳအပို႔ လုပ္ေပးသည္။ ထမင္း၊ ဒန္ေပါက္၊ ေခါက္ဆြဲေႀကာ္တို႔ ေကြၽးသည္။ အေအးဘူး၊ ဘီယာဘူးမ်ားေပး သည္။ အရက္၊ ဘီယာမ်ားကို ကားငယ္တစ္စီးေပၚတင္ၿပီး ေရာင္းခ်ေနသည့္ မိုဘိုင္းအရက္ဆိုင္ ေသးကေလးမ်ားႏွင့္ ခ်ိတ္ဆက္ထားသည္။ ျပ ႆနာတစ္စံုတစ္ရာ ျဖစ္လာလွ်င္မ႑ပ္ပိုင္ရွင္က သူႏွင့္ မပတ္သက္ေအာင္ေနမည္။ သႀကၤန္ကာလျဖစ္၍ အရက္၊ ဘီယာေရာင္းေနျခင္းသည္  သိပ္မဆန္းဟု လူအမ်ားကလည္း လက္ခံထားၾကသည္။
.
အေရးႀကီးသည္မွာ ကိုယ့္မ႑ပ္တြင္ ခိုက္ရန္ျဖစ္ပြားၿပီး လူေသတာ၊ မ႑ပ္ၿပိဳက်တာႏွင့္ ဗံုးေပါက္တာေတြ မျဖစ္ဖို႔သာလိုသည္။ ကားလမ္းမေဘး အိမ္ဝန္းမ်ားျဖစ္၍ ေနရာက်ယ္က်ယ္ဝန္းဝန္း မရွိသည္က အနည္းငယ္ ကသိကေအာက္ ျဖစ္သည္ကလြဲ၍ က်န္သည္တို႔က ျပႆနာ သိပ္မရွိလွ၊ ပြဲၿပီးမွ အဆင္မေျပသည့္ ကိစၥမ်ားႏွင့္ မေက်မနပ္ေျပာဆိုျခင္းကိုသာ ရစရာရွိသည္။ သို႔ေသာ္ကိုယ္က လာကစားသူအားလံုး၏ ကစားခြင့္ကို အျပည့္အဝ ပိုက္ဆံယူထားၿပီး ျဖစ္သည္။ ၿပီးေတာ့ ဒီလိုစီးပြားျဖစ္လုပ္ေဆာင္ေနသည္ကို ဂ်ာနယ္ေတြ သတင္းစာေတြ လက္ကမ္းေႀကာ္ျငာႏွင့္ တရားဝင္လုပ္ထားတာ မဟုတ္။ မိသားစု ေရကစားမ႑ပ္အေနႏွင့္ သက္ဆိုင္ရာမွာ ခြင့္ျပဳ ခ်က္ယူထားျခင္း ျဖစ္သည္။ လာေရာက္ကစားမည့္ သူမ်ားကိုလူျဖင့္ ေၾကညာအသိေပးျခင္း ျဖစ္သည္။ အင္တာနက္ ေႀကာ္ျငာေတာင္မွ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဒီေရကစား မ႑ပ္တြင္ ဆံုဆည္းၾကမည္ဟုသာ ေၾကညာျခင္းမ်ိဳး ျဖစ္သည္။
.
ယခုအခါ သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရးအပိုင္းေတြကလည္း လမ္းေလွ်ာက္သႀကၤန္မ်ား လုပ္ၾကရန္ စီစဥ္လာသည္။ ၿမိဳ႕၏ ဘယ္အပိုင္းေတြကို လုပ္မည္ဟု သတ္မွတ္က်င္းပျခင္း ျဖစ္သည္။ ေရကစားမ႑ပ္ ေဆာက္လုပ္ စီးပြားရွာ သူေတြက ပိုၿပီးႀကိဳက္သည္။ စင္ေပၚတြင္တက္ ဆိုမည့္ အဆိုေတာ္ငွားလွ်င္ ပိုက္ဆံကုန္ဦးမည္။ DJ စက္တစ္လံုးျဖင့္ ဆူညံပြက္ေလာ႐ိုက္ေအာင္ဖြင့္ထားၿပီး ကခ်င္ခုန္ခ်င္သူေတြ ကခုန္ရန္လမ္းေဘးကြက္လပ္၊ မ႑ပ္ေရွ႕ကြက္လပ္၊ ေရပက္စင္ေရွ႕ကြက္လပ္တို႔တြင္ စီစဥ္ေပးႏုိင္လွ်င္ အဆင္ေျပသည္။ ကာရာအိုေက စက္တစ္လံုးျဖင့္ အဆုိရွင္မ်ားကို အားမနာတမ္း ကူညီေပးႏုိင္သည္။ အေရးႀကီးသည္မွာ ခပ္ကဲကဲေကာင္ေလး ေကာင္မေလးေတြ စင္ေပၚမွာတက္ဆုိ ကခုန္ေနရန္သာ ျဖစ္သည္။ အဆိုပညာပိုင္း မျပည့္ဝသည္ကို ထည့္စဥ္းစားရန္မလို၊ သႀကၤန္အတြင္း ရပ္ကြက္ မ႑ပ္ျဖစ္၍ ဘယ္သူမွလည္း အျပစ္တင္မည္ မဟုတ္၊ လမ္းေလွ်ာက္သႀကၤန္ျဖစ္၍ လူတုိင္းလမ္းေလွ်ာက္ရင္း ကခုန္ၾကမည္။ ေအာ္ၾကဟစ္ၾကမည္။ ကိုယ့္မ႑ပ္ေရွ႕သည္ ပိုၿပီး စည္ကားလာဖို႔သာ ရွိသည္။ လံုၿခံဳေရးအတြက္ တာဝန္ယူထားသည့္ ပုဂၢိဳလ္ႀကီးငယ္အတြက္လည္း ကိုယ္ကစီစဥ္ရန္ တာဝန္မရွိသေလာက္ နည္းပါးသည္။ သက္ ဆိုင္ရာ အစုိးရအဖြဲ႕မ်ားက စနစ္တက် လုပ္ေဆာင္သြားေပမည္။ ကိုယ္ကေဘးမွ ဝန္းရံကူညီေပးလိုက္႐ုံသာ ျဖစ္ သည္။
.
အေရးႀကီးတာက လမ္းေလွ်ာက္သႀကၤန္ က်င္းပမည့္ လမ္းမတစ္ေလွ်ာက္ရွိ အိမ္တစ္အိမ္၏ ဥပစာေျမေနရာတြင္ မ႑ပ္ေဆာက္ခြင့္ရရန္ ေနရာတစ္ခုသာ လိုသည္။ ထိုသို႔ လုပ္ခြင့္ရခဲ့ေသာ္ အစိုးရ ဦးစီးက်င္းပသည့္ လမ္း ေလွ်ာက္သႀကၤန္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ စည္ကားရန္ ေမာင္ကင္းလည္း တစ္ဖက္တစ္ လမ္းမွ ကူညီရာေရာက္ သလို ေမာင္ကင္းလည္းသႀကၤန္ကို အေၾကာင္းျပဳၿပီး စီးပြားျဖစ္သြားႏုိင္သည္ဟု မစားရဝခမန္းအေတြးမ်ား ေပၚေနမိ သည္။
.
သင်္ကြန်ကို အကြောင်းပြု၍ စီးပွားရှာခြင်း
.
ကျော်ကျော်လင်း (ရှမ်းပြည်)
.
ယခုနှစ် မဟာသင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်း၌ ကျင်းပမည့် လမ်းလျှောက်သင်္ကြန်အတွက် မဏ္ဍပ်များ စတင်တည်ဆောက်နေပါသည်။ ထိုကာလများအတွင်း ည စျေးတန်းစျေးသည်များကို ရွှေ့ဆိုင်းပေးပြီး ဆောင်ရွက်မည်ဟု မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ရန်ကုန်မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်၌ လမ်းလျှောက်၊ သင်္ကြန်ကို ယခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးဥယျာဉ်၊ ကန်တော်မင် ပန်းခြံ (ဦးဥတ္တမပန်းခြံ)၊ မြကျွန်းသာ ပန်းခြံ၊ သခင်မြပန်းခြံ၊ အင်းယားလမ်းတို့၌ ကျင်းပမည်ဟု သိရသည်။ မြို့တော်ဗဟိုမဏ္ဍပ် အပါအဝင် ပြည်လမ်းနှင့် အခြားလမ်းမကြီးများ၌ မဏ္ဍပ်အ ကြီးအလတ် ၃၅ ခု ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။ ရှစ်လေးလုံး ကာလများကတောင် စည်ကားခဲ့သည့် ရန်ကုန်သင်္ကြန်သည် ယခုလို ကာလများတွင် ပိုစည်ကားမည်မှာ မလွဲဧကန် ဖြစ်သည်။
.
၂ဝ၁၈ ခုနှစ် ဧပြီလမှစတင်ပြီး ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်၌ ချင်းတွင်းသင်္ကြန်ပွဲတော်ကို စတင်ကျင်းပခဲ့သည်။ ၂ဝ၁၉ ခုနှစ် ဧပြီလတွင်လည်း ဒုတိယအကြိမ်အဖြစ် ကျင်းပရန် စီစဉ်နေပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးစံများ ထိန်းသိမ်းရန်၊ ဒေသထွက်ကုန်များ စျေးကွက်ကောင်းများ ရရှိစေရန်၊ အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။ ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ ၇ ရက်ကြာ ကျင်းပခဲ့ကြောင်းနှင့် သင်္ကြန်ပွဲတော်ကို ပုံစံသစ်နှင့် ဆင်နွှဲခဲ့ကြောင်းလည်း သိရသည်။ ယခုကာလတွင် မြန်မာတစ်ပြည်လုံးတွင် လမ်း လျှောက်သင်္ကြန်များ၊ တောသင်္ကြန်များကို ပုံစံအမျိုးမျိုးနှင့် ကျင်းပပြီး အတာရေသဘင်ပွဲတော်ကို ဖြတ်သန်း နေကြခြင်း ဖြစ်သည်။ ဥပမာ- စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် အညီ ပုသိမ်ထီးများနှင့် သင်္ကြန်ထီးများ ချိတ်ဆွဲအလှဆင်ကာ လမ်းအရှည်ပေပေါင်း ၁၅ဝဝ ကျော်ဖြင့် လူတန်းစား အလွှာစုံလမ်းတစ်လျှောက် လမ်းလျှောက်၍ ရေကစားနိုင်ရန် စီစဉ်လျက်ရှိပါသည်။ ပုသိမ်ထီး၊ သင်္ကြန်ထီးတွေနှင့် အလှဆင်ထားသည့် အရိပ်အောက်မှာ အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်စွာ လမ်းလျှောက် လည်ပတ်နိုင်ကြမည်။ လည်ပတ်ပြီးသည့်အခါ အစားအသောက်များကို လှူဒါန်းကျွေးမွေး ကုသိုလ်ယူနေသည့် စတုဒီသာမဏ္ဍပ်များ ကလည်း အဆင်သင့်ရှိနေခြင်းကြောင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို လည်ပတ်ဖူးသည့် လူတိုင်းနီးပါး သဘောကျ ကျေနပ်ကြသည်။ ယခုကာလမှ အထူးအဆန်းတစ်ခုအနေဖြင့် လမ်းလျှောက်သင်္ကြန်ကို ဆင်နွှဲနေခြင်းဖြစ်သည်။ မောင်ကင်းတို့လို လူတန်းစားများကတော့ တစ်သက်လုံး လမ်းလျှောက်ရခြင်းကြောင့် ရိုးနေပြီဟု ဆိုနိုင်ပါသည်။
.
တန်ခူးလသည် မိဿရာသီဖြစ်ပြီး စိတြနက္ခတ်ထွန်းလင်းသည်။ တန်ခူးလပြည့်၏ မွန်းတည့်ချိန်နေ၏ အနီးဝန်း ကျင်ရှိ ''ကြယ်ဆယ်လုံးပါ မိဿကြယ်စုံ''ကို အစွဲပြု၍ ဗေဒင်အမည်အားဖြင့် ''မိဿရာသီ''ဟု အမှတ်အသား ပြုကြ သည်။ ရာသီ၏ အဆင်းသဏ္ဍာန်သည် ဆိတ်သတ္တဝါနှင့် တူသောကြောင့် ရာသီသင်္ကေတနှင့် ဖော်ပြလိုပါက ဆိတ် သတ္တဝါနှင့် ပုံဖော်ပြသည်။ အနောက်တိုင်း သင်္ကေတမှာ သိုးသတ္တဝါနှင့် ပုံဖော်ပြသည်။ တန်ခူးလပြည့်ညသန်း ခေါင်အချိန်တွင် ကောင်းကင်၌ စိတြကြယ်တို့ စန်းယှဉ်ထွန်းလင်းကြ၍ စိတြနက္ခတ်ကာလဟုလည်း မှတ်သားကြ သည်။ စိတြ၏ အနက်ကား ထူးခြား၊ ဆန်းကြယ်ခြင်း၊ ထွေပြားခြင်းဟူတည်း၊ ရာသီပန်းတို့ကား ပိတောက်ပန်း၊ ကံ့ ကော်ပန်း၊ ရင်ခတ်ပန်းတို့ ဖူးပွင့်ကြသည်။မြန်မာပြည်တွင် ပိတောက်ပန်းတချို့တည်းကိုသာ သင်္ကြန်၏ အထူး ဂုဏ်ဆောင်သည့် ပန်းအဖြစ် လူအများက အသိအမှတ်ပြုကြသည်။ သင်္ကြန်ပိတောက်နှင့် မုန့်လုံးရေပေါ်မုန့်တို့ကား ခွဲခြား၍ မရသော သင်္ကြန်သင်္ကေတများအဖြစ် လက်ခံနေကြလေပြီ။
.
သင်္ကြန်ကာလအတွင်း မိမိတို့ အစီအစဉ်ဖြင့် အဆင်ပြေသလို ဘုရားသွား၊ ကျောင်းတက်ကြသူများဖြင့် စည်ကား နေပါသည်။ နေပူကြဲကြဲတွင် ဘုရားသွားကျောင်းတက် အမောပြေ၊ အဆာပြေစေရန် ရည်ရွယ်ပြီးလမ်းခရီး တစ် လျှောက် စတုဒီသာမဏ္ဍပ်များထိုးပြီး ဧည့်ခံကျွေးမွေးတတ်သည့် ဓလေ့သည် ရှေးကာလများကပင် တည်ရှိခဲ့သည်ဟု ဆိုသည်။ ယခုအခါ ဘုရားသွားကျောင်းတက်သည့် သူများသာမက ရေကစားသူများ၊ ခရီးသွားများပါ မကျန်၊ အယုတ်၊ အလတ်၊ အမြတ်မရွေး လူတိုင်းကို ဧည့်ခံကျွေးမွေးလေ့ရှိသည်။ အလှူအတန်းအဖြစ် ကျွေးမွေးလှူဒါန်း ကြခြင်း ဖြစ်သည်။ ကျွေးမွေးဧည့်ခံသည့် စားစရာ သောက်စရာများကလည်း အရင်ခေတ်ကာလများကဲ့သို့ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်းများလောက် မဟုတ်တော့ပေ။ ဒေသအလိုက် သင်္ကြန်ထမင်းများ၊ ထမင်းနှင့် ဟင်းများအထိ ကျွေးမွေးဧည့်ခံသည်။ ငါးခြောက်ထောင်းကြော်နှင့် သင်္ကြန်ထမင်းသည် အလွန်လိုက်ဖက်လှသည်။ ဖယောင်းနံ့ သင်းသင်းနှင့် သင်္ကြန်ထမင်းတို့ သာမက မုန့်ဟင်းခါး၊ မုန့်မျိုးစုံ၊ အအေးမျိုးစုံများဖြင့် ဧည့်ခံကု သိုလ်ပြုကြသည်။ ယခင်ကာလများက ဘုန်း ကြီးကျောင်း တစ်ကျောင်းမှ တစ်ကျောင်းသို့ သူ့အဖွဲ့ကိုယ့်အဖွဲ့ဖြင့် နေပူကျဲကျဲတွင် ခြေလျင်လျှောက်သွားခဲ့ရသော်လည်း နှစ်ဆယ်ရာစုအစများကာလတွင် စတုဒီသာ မဏ္ဍပ်များ ထိုးကာ ကျွေးမွေးဧည့်ခံသည့်ဓလေ့များ စတင်ထွန်းကားခဲ့သည်ဟု ဆိုသည်။ အလွန်စေတနာပါသည့် ထိုအလှူ ပေးသည့် ဓလေ့သည် ယနေ့တိုင် အရှိန်အဟုန်ကောင်းနေဆဲ ဖြစ်သည်။
.
သင်္ကြန်နှင့် အလှူဒါနသည် တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည်။ မြန်မာပြည်တစ်ဝန်းလုံးတွင် သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲ ရေလောင်းပွဲ ရေပက်ဖျန်းပွဲများ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပကြသည်။ မွန်ကျေးလက် ဒေသများတွင် ဖယောင်းနံ့ သင်းနေသော ရိုးရာသင်္ကြန်ထမင်း အလှူပွဲများဖြင့် စည်ကားနေတတ်သလို ရခိုင်ဒေသများတွင် မြို့လုံးကျွတ် ရွာလုံးကျွတ် စီတန်းလှည့်လည်ပြီး ပင့်ဆောင်လာသည့် ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပါယ် ပူဇော်ကြသည်။ မိမိတို့ ကိုယ်ယူဆောင်လာသည့် နံ့သာရည်များလောင်း ထည့်ထားသည့် ရေဖြင့်ပူဇော်ကြခြင်းဖြစ် သည်။ ရေကစားကြရာတွင်လည်း လောင်းလှေကြီးများအတွင်း ရေအပြည့်ထည့်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြိုင် အဆိုင် ရေပက်ပြီး ပျော်ရွှင်စွာ ဆင်နွှဲကြခြင်းဖြစ်သည်။ အမှန်တကယ် သင်္ကြန်ရေသဘင်ပွဲ ဆင်နွှဲရန်အတွက် မူလအခြေခံ လိုအပ်ချက်မှာ 'ပက်'စရာ ရေနှင့် 'အပက်ခံ'ရမည့် လူသာရှိှရန် လိုအပ်သည်။ ရေသဘင်ပွဲဖြစ်ပြီ မဟုတ်ပါလော။
.
သင်္ကြန်နှင့် ပတ်သက်၍ မြန်မာ့အဘိဓာန်တွင် ဆယ့်နှစ်လတွင် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် အချိန်ကာလ၊ ထိုသည့် သမယ၌ ပက်ဖျန်းသော ရေပွဲသဘင်သမယဟု အနက်ဖွင့်ထားပါသည်။ သင်္ကြန်ဆိုသည့် စကားသည် ''သင်္ကြန္တ''ဟူသည့် သက္ကတ စကားနှင့် ''သင်္ကန္တ''ဟူသော ပါဠိစကားများမှဆင်းသက်လာပြီး ''ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း''ဟု အဓိပ္ပါယ်ရပြီး နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းဟု ဆိုနိုင်ပါသည်။ ဘာသာစကား ပညာရှင်တချို့တို့က ''သင်္ကန္တ''ဟူသည့် ပါဠိပုဒ် မှ သက္ကတ ''ရရစ်သံ''နှင့် သင်္ကြန်ဟူသော မြန်မာ စကား ဖြစ်ပေါ်လာသည်ဟု ယူဆထားကြသည်။ အဓိပ္ပါယ်မှာ ''ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်း''ဟု အဓိပ္ပါယ်ရသည်ဟု ဆိုနိုင်သည်။
.
ပူအိုက်သည့် နွေရာသီကာလတွင် အေးမြသည့် ရေကြည်ရေအေးများနှင့် တစ်ဦးကိုတစ်ဦး ဖျန်းပက်စွတ်စိုစေကာ အပူဒဏ်မှ သက်သာစေရန်၊ အေးချမ်းရွှင်လန်းစေရန် ရည်ရွယ်ပြီး ရှေးဘိုးဘေးတို့ လက်ထက်ကတည်းက စတင် ခဲ့သည့် အစဉ်အလာဟု ယူဆနိုင်ပါသည်။ တန်ခူးလ၏ ပူပြင်းခြောက်သွေ့သည့် ရာသီဒဏ်ကြောင့် သက်ရှိ သတ္တဝါများအားလုံး အေးမြမှုကိုလိုလားနေကြသည်။ အတာရေပက်ဖျန်းသူများကလည်း သတ္တဝါများအားလုံး အေးမြသာသာယာယာနှင့် ရွှင်လန်းချမ်းမြေ့စေရန် ရည်ရွယ်ချက်ဖြင့် ပက်ဖျန်းခြင်းဖြစ်သည်။ နှစ်ဟောင်းမှ ခန္ဓာ ကိုယ်အညစ်အကြေး၊ စိတ်အညစ်အကြေးများ လွင့်စင်ကွယ်ပျောက်စေလိုသည့် စိတ်၊ အေးမြချမ်းသာရှိစေလိုသည့် စိတ်များဖြင့် ရည်ရွယ်ပြီး ပက်ဖျန်းကြခြင်းဖြစ်သည်။ ရှေးကာလများကတော့ သပြေခက်နှင့် ငွေဖလားတွင် အမွေးန့ံသာရည်များ ထည့်ထားသည့် ရေစင်ရေအေးဖြင့် ဖျန်းပက်ခဲ့ကြသည်။ ယခုခေတ်တွင် နိုင်ငံတော်အဆင့်ရှိ သံတမန်များ၊ ဧည့်သည်တော်များ၊ နိုင်ငံအကြီးအကဲများသာ ပက်ကြဟန်ရှိသည်။ သပြေခက်နှင့် ရေပက်သည် ကိုလည်း သာမန်ပြည်သူများက အားရဟန်မတူ၊ ဖလားလိုက် ပုံးလိုက်လောင်းမှသာ ပက်သူနှင့် ရေအပက်ခံရသူပါ စိတ်ကျေ နပ်ကြသည်။
.
သင်္ကြန်ကာလ၏ ထူးခြားမှုမှာ အလှူအတန်းများ ပေါများခြင်း ဖြစ်သည်။ ''တန်ခူးရေကုန်၊ ကဆုန်ရေခန်း''ဟူသော ဆိုစကားအတိုင်း တန်ခူးလတွင် ရေတွင်း၊ ရေကန်၊ ရေဆိုင်တို့မှာ ရေဖျားနည်းပါးလာသည်။ ထိုနေရာတွင် နေ ထိုင်ကျက်စားသည့် ငါးများမှာ အတိဒုက္ခရောက် ရသည်။ ထိုနေရာများတွင် နေထိုင်နေသည့်ငါး များကို ရေများသည့် ရေကန်များ၊ ဆိုင်များသို့ ပြောင်းရွှေ့သယ်ယူလွှတ်ပေးရာမှ ဇီဝိတဒါနအသက်ကယ်ပွဲ၊ အလှူပွဲ သို့မဟုတ် ငါးလွှတ်ပွဲ များ စတင်လာသည်ဟု အဆိုရှိပါသည်။ နောင်နောက်ပိုင်းကာလများတွင် နှစ်သစ်ကူးပြောင်း သည့်အခါ ထူးခြား သည့် အလှူအတန်းကို ပြုလိုသည့် ဘိုးဘွားများက ဇိဝိတဒါနပြုပွဲများကို ထည့်သွင်းကျင်းပခဲ့သည်ဟု အဆိုရှိတယ်။ ငါးလွှတ်ပွဲများ သာမက ကျွဲနွားစသည့် တိရစ္ဆာန်ကြီးများ ဘေးမဲ့လွှတ်သည့်ပွဲများ၊ ငှက်၊ ခို၊ ကျီး စသည့် သတ္တဝါ များကို ဘေးမဲ့လွှတ်ပေးသည့် ပွဲများပါ ထည့်သွင်းကျင်းပလာကြသည်။ လူအမျိုးမျိုးရှိသလို စိတ်အထွေထွေလည်း ပါဝင်ကြ ရာ မည်သည့်ရည်ရွယ်ချက်ဖြင့် လွှတ်ပေးသည်ဖြစ်စေ တစ်သက်လုံး နှစ်ရှည်လများ အခိုင်းခံနေရသည့် ကျွဲ၊ နွား ၊ မြင်းစသည့် တိရစ္ဆာန်များ အခိုင်းခံမှ ကင်းလွတ်သွားသည့် ဘေးမဲ့ဘဝသို့ ရောက်သွားခြင်း၊ လွတ် လပ်အေးချမ်းသွားခြင်းသည် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သာဓုခေါ်စရာ အပြုအမူကောင်းတစ်ရပ် ဖြစ်သည်။ ထို့အတူ သေဘေးကြုံနေရသည့် စာ၊ ခို၊ ကျီးကန်းများ၊ ငှက်များ၊ ရေသတ္တဝါ ငါးများအားလုံးတို့ အသက် ဘေးမှ ကင်းလွတ်ပြီး ချမ်းသာရာရသွားခြင်းသည်လည်းများစွာ ကြည်နူးသာဓုခေါ်စရာကိစ္စများ ဖြစ်သည်။
.
သင်္ကြန်ကာလတွင် အလှူဒါနများ၊ ဇိဝိတအလှူများ ကုသိုလ်ပြုခြင်းသာမက မိမိတို့ တစ်ဦးချင်း၏ ဘာသာရေး ဆိုင်ရာကုသိုလ်များကိုလည်း အားထုတ်ကြိုးပမ်းကြသည်။ သင်္ကြန်ကာလအတွင်း ဥပုသ်သီတင်းဆောက် ဆည်ခြင်း ရက်ရှည်ဥပုသ်စောင့်ခြင်း၊ ရုံးများ အလုပ်ဌာနများ ရက်ရှည်ပိတ်ရက်ရှိသောကြောင့် မိမိတို့ အိမ်များ၌ဖြစ်စေ၊ တရားစခန်းများ ရိပ်သာများ၌ တရားအားထုတ်ကြသူများလည်း အများအပြား ရှိပါသည်။ တစ်ဦးခြင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရုံးဌာနများအလိုက်ဖြစ်စေ ဒုလ္လဘရဟန်းခံခြင်း၊ ရပ်ကွက်အတွင်းမှ လူငယ်များ စုပေါင်းပြီး သက် ကြီးရွယ်အို ဘိုးဘွားများအားကန်တော့ခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်း ညှပ်ပေးခြင်းတို့ဖြင့် ကု သိုလ်ပြုကြသည်။ အချို့လူငယ်များက ဘုရားစေတီများ၏ ပရဝုဏ်များကို သန့်ရှင်းပေးခြင်း၊ ရပ်ထဲရွာထဲရှိ ရေတွင်း ရေကန်များကို ဆည်ပေးခြင်း၊ အများပိုင်ဖြစ်သည့် စာသင်ကျောင်းများ၊ ဇရပ်များကို ပြုပြင်သန့်ရှင်းပေးခြင်း၊ လိုအပ်သည့် အသေးစား ပြင်ဆင်မှုများကို လုပ်ဆောင်ပေးခြင်းတို့ကို ပြုလုပ်ကုသိုလ်ယူကြသည်။
.
သင်္ကြန်ကို အကြောင်းပြုပြီး စီးပွားရှာကြသူတွေလည်း အများအပြား ရှိလာသည်။ အထူးသဖြင့် ကျေးလက် တောရွာများ နယ်မြို့ငယ်များထက် မြို့ကြီးများတွင် ထိုမြင်ကွင်းများကို တွေ့ရသည်။ သင်္ကြန်ကာလအတွင်း အရက်၊ ဘီယာ ကုမ္ပဏီများကလည်း မဏ္ဍပ်ဆောက်၊အနုပညာရှင်များကို ငှားရမ်း ဖိတ်ခေါ်ပြီး အရောင်းမြှင့်တင်ရေးများကို အပြိုင်အဆိုင် လုပ်ကြလေ့ရှိသည်။ အချို့ သူများကကား အငှားလိုက်ပြီး စီးပွားရှာကြသည်။ ကိုယ်တိုင်လည်း လည်ရသလို ပိုက်ဆံလည်းရသဖြင့် များစွာအဆင်ပြေကြသည်။ တချို့ကလူစည်သည့် လမ်းမများပေါ်ရှိ အိမ်ဝင်း များကို ငှားရမ်းပြီး မဏ္ဍပ်ဆောက်ကာ ရေကစားမဏ္ဍပ်လုပ်ကာ စီးပွားရှာကြသည်။ ထိုမဏ္ဍပ် ဆောက်ခွင့်ကို မိသားစု ရေကစားမဏ္ဍပ် အဖြစ် အမည်ခံကာ ခွင့်ပြုချက်တောင်းခံသည်။ စည်ပင်သာယာမှ ရေသုံးစွဲခွင့် ရရန်သာ အရေးကြီးသည်။ ခွင့်ပြုချက်ရလျှင် လာရောက်ရေကစားလိုသူများကို ကစားခွင့်ကို ကြေးသတ်မှတ်ပြီး ရောင်း စားကြသည်။ ပွဲတော်သုံးရက်လုံး ကစားလျှင် ဘယ်လောက်၊ တစ်ရက်ကို ဘယ်လောက်ဟု သတ်မှတ်ထားသည်။ အချို့သော စီစဉ်သူများကလည်း ဆွဲဆောင်မှုကို မက်လုံးအဖြစ်ထည့်ထားသည်။ အကြိုအပို့ လုပ်ပေးသည်။ ထမင်း၊ ဒန်ပေါက်၊ ခေါက်ဆွဲကြော်တို့ ကျွေးသည်။ အအေးဘူး၊ ဘီယာဘူးများပေး သည်။ အရက်၊ ဘီယာများကို ကားငယ်တစ်စီးပေါ်တင်ပြီး ရောင်းချနေသည့် မိုဘိုင်းအရက်ဆိုင် သေးကလေးများနှင့် ချိတ်ဆက်ထားသည်။ ပြ ဿနာတစ်စုံတစ်ရာ ဖြစ်လာလျှင်မဏ္ဍပ်ပိုင်ရှင်က သူနှင့် မပတ်သက်အောင်နေမည်။ သင်္ကြန်ကာလဖြစ်၍ အရက်၊ ဘီယာရောင်းနေခြင်းသည်  သိပ်မဆန်းဟု လူအများကလည်း လက်ခံထားကြသည်။
.
အရေးကြီးသည်မှာ ကိုယ့်မဏ္ဍပ်တွင် ခိုက်ရန်ဖြစ်ပွားပြီး လူသေတာ၊ မဏ္ဍပ်ပြိုကျတာနှင့် ဗုံးပေါက်တာတွေ မဖြစ်ဖို့သာလိုသည်။ ကားလမ်းမဘေး အိမ်ဝန်းများဖြစ်၍ နေရာကျယ်ကျယ်ဝန်းဝန်း မရှိသည်က အနည်းငယ် ကသိကအောက် ဖြစ်သည်ကလွဲ၍ ကျန်သည်တို့က ပြဿနာ သိပ်မရှိလှ၊ ပွဲပြီးမှ အဆင်မပြေသည့် ကိစ္စများနှင့် မကျေမနပ်ပြောဆိုခြင်းကိုသာ ရစရာရှိသည်။ သို့သော်ကိုယ်က လာကစားသူအားလုံး၏ ကစားခွင့်ကို အပြည့်အဝ ပိုက်ဆံယူထားပြီး ဖြစ်သည်။ ပြီးတော့ ဒီလိုစီးပွားဖြစ်လုပ်ဆောင်နေသည်ကို ဂျာနယ်တွေ သတင်းစာတွေ လက်ကမ်းကြော်ငြာနှင့် တရားဝင်လုပ်ထားတာ မဟုတ်။ မိသားစု ရေကစားမဏ္ဍပ်အနေနှင့် သက်ဆိုင်ရာမှာ ခွင့်ပြု ချက်ယူထားခြင်း ဖြစ်သည်။ လာရောက်ကစားမည့် သူများကိုလူဖြင့် ကြေညာအသိပေးခြင်း ဖြစ်သည်။ အင်တာနက် ကြော်ငြာတောင်မှ ပျော်ပျော်ရွှင်ရွှင် ဒီရေကစား မဏ္ဍပ်တွင် ဆုံဆည်းကြမည်ဟုသာ ကြေညာခြင်းမျိုး ဖြစ်သည်။
.
ယခုအခါ သက်ဆိုင်ရာ အုပ်ချုပ်ရေးအပိုင်းတွေကလည်း လမ်းလျှောက်သင်္ကြန်များ လုပ်ကြရန် စီစဉ်လာသည်။ မြို့၏ ဘယ်အပိုင်းတွေကို လုပ်မည်ဟု သတ်မှတ်ကျင်းပခြင်း ဖြစ်သည်။ ရေကစားမဏ္ဍပ် ဆောက်လုပ် စီးပွားရှာ သူတွေက ပိုပြီးကြိုက်သည်။ စင်ပေါ်တွင်တက် ဆိုမည့် အဆိုတော်ငှားလျှင် ပိုက်ဆံကုန်ဦးမည်။ DJ စက်တစ်လုံးဖြင့် ဆူညံပွက်လောရိုက်အောင်ဖွင့်ထားပြီး ကချင်ခုန်ချင်သူတွေ ကခုန်ရန်လမ်းဘေးကွက်လပ်၊ မဏ္ဍပ်ရှေ့ကွက်လပ်၊ ရေပက်စင်ရှေ့ကွက်လပ်တို့တွင် စီစဉ်ပေးနိုင်လျှင် အဆင်ပြေသည်။ ကာရာအိုကေ စက်တစ်လုံးဖြင့် အဆိုရှင်များကို အားမနာတမ်း ကူညီပေးနိုင်သည်။ အရေးကြီးသည်မှာ ခပ်ကဲကဲကောင်လေး ကောင်မလေးတွေ စင်ပေါ်မှာတက်ဆို ကခုန်နေရန်သာ ဖြစ်သည်။ အဆိုပညာပိုင်း မပြည့်ဝသည်ကို ထည့်စဉ်းစားရန်မလို၊ သင်္ကြန်အတွင်း ရပ်ကွက် မဏ္ဍပ်ဖြစ်၍ ဘယ်သူမှလည်း အပြစ်တင်မည် မဟုတ်၊ လမ်းလျှောက်သင်္ကြန်ဖြစ်၍ လူတိုင်းလမ်းလျှောက်ရင်း ကခုန်ကြမည်။ အော်ကြဟစ်ကြမည်။ ကိုယ့်မဏ္ဍပ်ရှေ့သည် ပိုပြီး စည်ကားလာဖို့သာ ရှိသည်။ လုံခြုံရေးအတွက် တာဝန်ယူထားသည့် ပုဂ္ဂိုလ်ကြီးငယ်အတွက်လည်း ကိုယ်ကစီစဉ်ရန် တာဝန်မရှိသလောက် နည်းပါးသည်။ သက် ဆိုင်ရာ အစိုးရအဖွဲ့များက စနစ်တကျ လုပ်ဆောင်သွားပေမည်။ ကိုယ်ကဘေးမှ ဝန်းရံကူညီပေးလိုက်ရုံသာ ဖြစ် သည်။
.
အရေးကြီးတာက လမ်းလျှောက်သင်္ကြန် ကျင်းပမည့် လမ်းမတစ်လျှောက်ရှိ အိမ်တစ်အိမ်၏ ဥပစာမြေနေရာတွင် မဏ္ဍပ်ဆောက်ခွင့်ရရန် နေရာတစ်ခုသာ လိုသည်။ ထိုသို့ လုပ်ခွင့်ရခဲ့သော် အစိုးရ ဦးစီးကျင်းပသည့် လမ်း လျှောက်သင်္ကြန်ကြီး ဖြစ်မြောက်အောင်မြင် စည်ကားရန် မောင်ကင်းလည်း တစ်ဖက်တစ် လမ်းမှ ကူညီရာရောက် သလို မောင်ကင်းလည်းသင်္ကြန်ကို အကြောင်းပြုပြီး စီးပွားဖြစ်သွားနိုင်သည်ဟု မစားရဝခမန်းအတွေးများ ပေါ်နေမိ သည်။
.

No comments:

Post a Comment