လားရှိုးမြို့မှ အနယ်နယ်အရပ်ရပ်သို့ ခရီးထွက်ကြမည့် ခရီးသွားများအတွက် လားရှိုးမြို့ အဝေးပြေးကားကွင်းမှ လက်မှတ်များကို ဧပြီ ၁၂ ရက်အထိ ရောင်းချပေးမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 3, 2019

လားရှိုးမြို့မှ အနယ်နယ်အရပ်ရပ်သို့ ခရီးထွက်ကြမည့် ခရီးသွားများအတွက် လားရှိုးမြို့ အဝေးပြေးကားကွင်းမှ လက်မှတ်များကို ဧပြီ ၁၂ ရက်အထိ ရောင်းချပေးမည်


နောင် (မြစ်မခ  )
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ အနယ်နယ်အရပ်ရပ်သို့ ခရီးထွက်ကြမည့် ခရီးသွားများအတွက် လားရှိုးမြို့ အဝေးပြေးကားကွင်းမှ လက်မှတ်များကို ဧပြီ ၁၂ ရက်အထိ နောက်ဆုံးထား ရောင်းချပေးသွားမည် ဖြစ်ကြောင်း လားရှိုးမြို့ နားမခေါ်ကားကွင်းမှ သိရှိရသည်။
.
.
ခရီးသွားပြည်သူများအဆင်ပြေစေရေးအတွက် သင်္ကြန်ကာလ ခရီးသွားယာဉ်လက်မှတ်များကို နားမခေါ် အဝေးပြေး ကားကွင်းမှ ယာဉ်လိုင်းများက ဧပြီ ၁၂ ရက်အထိ လက်မှတ်များကို ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ကျွန်တော်တို့ ဂိတ်ကတော့ ၁၂ ရက်အထိ ကားထွက်တယ်။ ၁၉ ရက်နေပြန်ပြီးတော့ ကားပြန်ထွက်မှာပါ။ ကား လက်မှတ်ခကတော့ ပုံမှန်ပဲ ရောင်းချပေးနေတာပါ။’’ဟု နားမခေါ်ကားကွင်းရှိ ကားဂိတ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
.
အဆိုပါ ယာဉ်စီးခလက်မှတ်များအား လားရှိုး-ရန်ကုန် ရိုးရိုးကားလက်မှတ်တစ်စောင်လျှင် ၁၄၈၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်အထိ၊ အထူးကား လားရှိုး-ရန်ကုန်တစ်ဦးလျှင် ၁၈၀၀၀ ကျပ်မှ ၂၄၃၀၀ ကျပ်ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
.
ရန်ကုန်ခရီးစဉ်တော့ မသိဘူး။ တောင်ကြီးခရီးစဉ်မှာတော့ လိုရာခရီးအထိ အရောက်ပို့မယ်ဆိုပြီးတော့ လားရှိုးမှာ ပြောတယ်။ တောင်ကြီး အေးသာယာကွင်းရောက်တော့ ကားပြောင်းစီးရတယ်။ ပိုက်ဆံ ထပ်ပေးရတာတော့ ကြုံဖူးပါတယ်။ ဘယ်တိုင်လို့ တိုင်ရမလဲ မသိတော့ ခက်တယ်။’’ဟု ခရီးသွား  ကိုကျော်စွာမြင့်က ပြောသည်။
.
အဆိုပါ နားမခေါ်ကားကွင်းတွင် ဂိတ်ပေါင်း ၂၇ ဂိတ်မှ အနယ်နယ်အရပ်သို့ ခရီးစဉ်များအားပြေးဆွဲနေပြီး ဧပြီ ၁၀ ရက်မှ စတင်ပိတ်သိမ်းသော ယာဉ်လိုင်းများလည်းရှိသည့်အပြင် ၁၂ ရက်အထိ ပြေးဆွဲသော ယာဉ်လိုင်းများ လည်း ရှိကြောင်း သိရသည်။
.
၂၀၁၈ ခုနှစ်သင်္ကြန်ကာလအတွင်းက ကားလက်မှတ်ဈေးနှုန်းပိုမိုရောင်းချခဲ့သည့် လားရှိုးမြို့မ ယာဉ်လိုင်း တစ်လိုင်းကို သက်ဆိုင်ရာက အရေးယူခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment