ယဥ္ေက်းမႈကို ထိန္းသိမ္းပါ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, April 14, 2019

ယဥ္ေက်းမႈကို ထိန္းသိမ္းပါ


တင္ျမင့္ဦး (ေတာင္ႀကီး)
.
ဓါတ္ပံု - အင္တာနက္
.
''ရာသီမိႆ စိၾတၾကယ္သန္းေခါင္လယ္ ကြန္႔ျမဴးပန္းကံ့ေကာ္ ပြင့္ဖူးတဲ့လရာသီ ခါေတာ္မီပိေတာက္ပန္းနဲ႔ ႏွစ္ဦး ကိုႀကိဳဆိုမယ္၊ အတာကူးတဲ့တန္ခူးလရာသီဝယ္ ဒါနေတြတေဝေဝ ေရေတြတရႊဲရႊဲ တို႔ျမန္မာေတြ ေပ်ာ္ရႊင္ပြဲႏႊဲၾကတဲ့ ႏွစ္ကူးပြဲ''
.
ယေန႔ ကမၻာေပၚရွိ လူမ်ိဳးတိုင္းသည္ ႏွစ္သစ္ကာလကူးေျပာင္းျခင္းကို မဂၤလာတစ္ပါးအျဖစ္ ခံယူထားၾကသည္။ ႏွစ္သစ္ကူးေျပာင္းျခင္းကိုလည္း ဝမ္းေျမာက္ဝမ္းသာႀကိဳဆိုၾကသည္။ သို႔ေသာ္လူမ်ိဳးတစ္မ်ိဳးႏွင့္တစ္မ်ိဳး ႏွစ္သစ္ကူး ေျပာင္းျခင္းကို ႀကိဳဆိုၾကသည့္ဓေလ့ထုံးတမ္း အစဥ္အလာယဥ္ေက်းမႈတို႔ မတူညီၾကဘဲတစ္မူ ကြဲျပားျခားနားလ်က္ရွိ ၾက၏။ ျမန္မာလူမ်ိဳးတို႔၏ ႏွစ္သစ္ကူးေျပာင္းျခင္း ဓေလ့႐ိုးရာယဥ္ေက်းမႈ တစ္ရပ္မွာ တစ္ဦးႏွင့္တစ္ဦး အတာ ေရ ပက္ဖ်န္းျခင္းျဖင့္ ႏွစ္ေဟာင္းက အညစ္အေၾကးမွန္သမွ် ကင္းစင္ေဆးေၾကာသန္႔စင္ေစျခင္းကို ျမဴးတူးေပ်ာ္ရႊင္စြာ ႀကိဳဆိုၾက၏။ အထူးသျဖင့္ ျမန္မာတို႔၏ ႏွစ္သစ္ကူးေျပာင္းျခင္း အထိမ္းအမွတ္ ႐ိုးရာယဥ္ေက်းမႈအတာသႀကၤန္ ပြဲေတာ္သည္ အထူးျခားဆုံး၊ အစည္ကားဆုံးေသာ ပြဲေတာ္တစ္ခုပင္ျဖစ္သည္။
.
ျမန္မာလူမ်ိဳးတို႔၏ ဆယ့္ႏွစ္လရာသီခြင္တြင္ အတာကူးသည့္ တန္ခူးလသည္ ပထမဦးဆုံးလျဖစ္၏။ မိႆရာသီလ တန္ခူးႏွစ္ဦးအခါသမယတြင္ မူလရာသီအိမ္ရွင္ဓာတ္ျဖစ္ေသာ ေတေဇာဓာတ္()အပူဓာတ္အားေကာင္းႀကီး စိုး ေသာလရာသီျဖစ္ျခင္းေၾကာင့္ ၾသကာသေလာကႀကီးတစ္ခြင္လုံး အလြန္ပူျပင္းေျခာက္ေသြ႕အိုက္စပ္သည့္ လရာ သီဟု ဆိုရမည္ျဖစ္သည္။ ထို႔ေၾကာင့္ လူတိုင္းအေအးဓာတ္ကို လိုလားေတာင့္တလ်က္ရွိၾကရာ၊ ေအးျမၾကည္လင္ သန္႔စင္ေသာ အေမႊးနံ႔သာ ႏွစ္ကူးအတာေရျဖင့္  ပက္ဖ်န္းသြန္းေလာင္းေစျခင္းျဖင့္ အပူဓာတ္ျဖင့္ အပူဓာတ္ကို ခ်ဳပ္ ၿငိမ္း ေျပေပ်ာက္လန္းဆန္းလာၾကသည္။
.
ဤလ၏ လျပည့္ညအခ်ိန္တြင္ ေကာင္းကင္တစ္ခြင္၌ ေငြလေသာ္တာႏွင့္ စိၾတနကၡတ္တို႔မွာ ေတာင္/ေျမာက္ ယွဥ္ၿပိဳင္လ်က္ မြန္းတည့္ကာ ထြန္းလင္းေတာက္ပကြန္႔ျမဴးေနၾက၏။ ရာသီမွာ မိႆရာသီ၊ တာရာမွာတံငါတာရာ၊ ရာ သီပုံသ႑ာန္မွာ ဆိတ္႐ုပ္သ႑ာန္ႏွင့္ ရာသီပန္းမ်ားမွာ ပိေတာက္ပန္း၊ ရင္ခတ္ပန္း၊ ကံ့ေကာ္ပန္း စသည္တို႔ ျဖစ္ၾက ၏။ ရာသီ၏ ပြဲေတာ္ကား အတာသႀကၤန္ပြဲေတာ္ပင္ျဖစ္သည္။
.
တစ္ဦးႏွင့္တစ္ဦး ေရပက္ဖ်န္းကစားၾကေသာ ျမန္မာ့႐ိုးရာယဥ္ေက်းမႈအတာသႀကၤန္ဓေလ့ ထုံးတမ္းစဥ္လာကို မည္ သည့္အခ်ိန္ကာလ၊ မည္သည့္ေခတ္အခါက စတင္ေပၚထြန္းလာခဲ့သည္ကို တပ္အပ္မတ္အပ္ ေသခ်ာဂဃနဏ ခိုင္မာစြာ မေျပာႏိုင္ခဲ့ေသာ္လည္း သကၠရာဇ္ ၆၅၃ ခုႏွစ္၊ ပုဂံၿမိဳ႕ေစာလွဝန္းဘုရားေက်ာက္ စာ(ေက်ာ ၂၂၊ ၂၃) ''မီးဖုန္းသႀကၤန္၊ စာရိယ္၊ ေညာင္ရိယ္သြန္းမျပတ္ စိတ္လွ်င္တည္ ''ဟူ၍ ေရထိုးထားသည့္ ခိုင္မာေသာ ေထာက္အထားအရ ျမန္မာ့အတာသႀကၤန္ဓေလ့သည္ ပုဂံေခတ္၌ ေပၚထြန္းေနၿပီျဖစ္ေၾကာင္း သိႏိုင္သည္။ အင္းဝ ေခတ္စာဆိုအေက်ာ္အေမာ္ ရွင္ဥတၱမေက်ာ္၏ ေတာလားရတု၌ ''သဘင္ ဂိမာန္၊ တာသႀကၤန္ဟု၊ ေလျပန္လႊင့္ကူ၊ ဘုံ သစ္ထူ''ဟူ၍လည္းေကာင္း၊ စာဆိုရွင္ အဂၢသမာဓိ၏ ေနမိငရဲခန္းပ်ိဳ႕တြင္ ''သႀကၤန္မေမ့၊ ေစ့ေျမ့လွဴဒါန္း၊ ေညာင္ ေရသြန္းလ်က္''ဟူ၍ လည္းေကာင္း၊ စာပန္းခ်ီခ်ယ္မႈန္း ဖြဲ႕ႏြဲ႕သီကုံး ထားသည့္အေလ်ာက္၊ ျမန္မာ့လူ႕ေဘာင္ေလာ ကတြင္ ျမန္မာ့အတာသႀကၤန္ဓေလ့ယဥ္ေက်းမႈသည္ အင္းဝေခတ္တြင္ ထဲထဲဝင္ဝင္ၿမဲၿမံခိုင္ က်ည္စြာအျမစ္တြယ္ ထြန္းကားေနၿပီျဖစ္ေၾကာင္း ထင္ရွားစြာေတြ႕ရမည္ျဖစ္သည္။
.
အလားတူ ကုန္းေဘာင္ေခတ္ ပဒုံမင္းလက္ထက္ ၁၁၆၇ ခုႏွစ္၌ ထုတ္ျပန္ခဲ့ေသာ ေရပက္ဖ်န္းရမည့္ အခ်ိန္ကာလကို သတ္မွတ္ေပးသည့္ အမိန္႔ေတာ္တြင္ ''တန္ခူးလဆန္း ၁၃ ရက္၊ ၁၄ ရက္၊ ၁၅ ရက္အတြင္း လူပ်ိဳ၊ လူငယ္၊ ေယာက်္ားမိန္းမတို႔ကို အေမႊးထုံရည္၊ ေရၾကည္ေရသန္႔မ်ားျဖင့္ ေရသြန္းသဘင္ ေပ်ာ္ရႊင္ကစားၾကေစ၊ ရပ္စု၊ ရြာစု၊ လမ္းေသး၊ လမ္းမမ်ားကို ႏွံ႕စပ္ေအာင္ ေမာင္းခတ္ေစ''ဟူ၍ ပါရွိသည္ကို ေတြ႕ရသည္။
.
မည္သို႔ပင္ျဖစ္ေစ၊ ျမန္မာ့႐ိုးရာ ယဥ္ေက်း မႈအတာသႀကၤန္ဓေလ့သည္ ထူးျခားေသာ ဝိေသသနမ်ားႏွင့္ ျပည့္ႏွက္ ေနသကဲ့သို႔ မြန္ျမတ္သန္႔စင္ေသာ ဦးတည္ရည္မွန္းခ်က္မ်ားေရယျပြမ္းလ်က္ရွိေနေပသည္။ အဓိကဦးတည္ခ်က္မွာ ႏွစ္ေဟာင္းမွ အညစ္အေၾကးမွန္သမွ်၊ ႏွစ္သစ္သို႔ မကူးေျပာင္းမီကာလ အတာသႀကၤန္ေရျဖင့္ ေဆးေၾကာဖယ္ရွား သန္႔စင္ေစျခင္းႏွင့္ အေအးဓာတ္ကို လိုလားေတာင့္တလ်က္ရွိေနသူမ်ား၏ ဆႏၵကို ျဖည့္ဆည္းေပးလိုေသာ မြန္ ျမတ္သည့္စိတ္ထား၊ ၾကင္နာေသာ ေမတၱာတရားမ်ား ထုံမႊမ္းကာ ၾကည္လင္ေအးျမသန္႔စင္ေသာ အေမႊးနံ႔သာ ရည္ထုံရည္တို႔ႏွင့္ ေလာင္းပက္ကစားျခင္းမ်ားသည္ မူလဘူတအေျခခံအ ေၾကာင္းရင္းမ်ားပင္ျဖစ္သည္။ အတာ သႀကၤန္ေရေလာင္းပက္ခံရသူမ်ားအဖို႔မွာလည္း အေအးဓာတ္ကို ခံစားရရွိၿပီး ခ်စ္ၾကင္ေလးစား ေမတၱာပြားမ်ားမႈကို ခံစားရကာ၊ သင္းပ်ံ႕ေမႊးႀကိဳင္ေသာ အေမႊးနံ႔သာရည္၊ ထုံရည္တို႔ကို ႐ႈ႐ႈိက္လိုက္ရျခင္းေၾကာင္း စိတ္ဘဝင္ႏွလုံးသိမ္း ႀကဳံး ပီတိဖုံးလႊမ္းလ်က္ ခ်မ္းသာသုခခံစားၾကရသည္မွာ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အတာသႀကၤန္၏ ထူးျခား ေလးနက္ေသာ ဝိေသသထူးမ်ားပင္ ျဖစ္၏။ ဤသို႔အားျဖင့္ အစဥ္အလာရင့္က်က္ ေကာင္းျမတ္သည့္ ျမန္မာ့႐ိုး ရာယဥ္ေက်းမႈ အတာသႀကၤန္ဓေလ့ အရိပ္အေငြ႕မ်ားကို ယေန႔ေခတ္လူငယ္၊ လူရြယ္မ်ားအေနျဖင့္ ျမတ္ႏိုးခုံ မင္၍ ေလးစားတန္ဖိုးထားကာ လက္ဆင့္ကမ္း အေမြအျဖစ္ ဆက္လက္ထိန္းသိမ္းေစာင့္ေရွာက္ ၾကရမည့္တာဝန္မွာ အမ်ိဳးသားေရးတာဝန္ျဖစ္သည္။
.
သို႔ရာတြင္ ယေန႔ မ်က္ေမွာက္ေခတ္ကာလ၌ လူငယ္၊ လူရြယ္မ်ားၾကားတြင္ ''အတာသႀကၤန္''ဟုဆိုလိုက္႐ုံ၊ ၾကား လိုက္႐ုံျဖင့္ ကဲရမည္၊ ဒန္႔ရမည္၊ လန္းရမည္၊ ျမဴးၾကြရမည္ဟူေသာ အေတြးမ်ားက အလိုလိုႀကိဳေရာက္ႏွင့္ ေနၾကၿပီျဖစ္သည္။ လူငယ္တိုင္း ပင္ကိုယ္ဗီဇအရ အခ်ဳပ္အခ်ယ္ကင္း၍ လြတ္လြတ္လပ္လပ္ ေပ်ာ္ပါးျခင္းမွာ သဘာဝပင္ျဖစ္၏။ သို႔ေသာ္ေယာက်္ားေလးေရာ၊ မိန္းကေလးပါ ေပ်ာ္ပါးတာထက္ ေက်ာ္လြန္ၿပီး အႏွစ္သာရမရွိ စည္းလြတ္၊ ဝါးလြတ္ ရမ္းကားမႈ၊ စည္းကမ္းမရွိမႈမ်ားသည္ ျမန္မာ့႐ိုးရာမဟာသႀကၤန္ပြဲေတာ္၏ ယဥ္ေက်းမႈအစဥ္ အလာကို တစ္စထက္တစ္စ ေလ်ာ့ရဲပ်က္စီးလာေစသည္။
.
ျမန္မာ့႐ိုးရာယဥ္ေက်းမႈ ဓေလ့စ႐ိုက္အစဥ္အလာမ်ားသည္ ေထရဝါဒ ဗုဒၶဘာသာ၏အဆုံးအမမ်ားႏွင့္ ယွဥ္တြဲ ျဖစ္ထြန္းလာသည့္အေလ်ာက္ ယဥ္ေက်းသိမ္ေမြ႕သကဲ့သို႔ အဆင့္အတန္းျမင့္မားလွသည္။ ဝတ္စားဆင္ယင္မႈကို ႐ိုးရာထုံးတမ္းစဥ္လာမပ်က္မယြင္း၊ မတိမ္းမေစာင္းေစရန္ ထိန္းသိမ္းေစာင့္ေရွာက္သည့္ ေနရာတြင္လည္း ျမန္မာ လူမ်ိဳးတို႔သည္ ၿပိဳင္ဘက္ကင္းသည့္ လူမ်ိဳးျဖစ္၏။ ယခုေနာက္ပိုင္း ကာလမ်ား၌ ဝတ္စားဆင္ယင္မႈ၊ ျပဳမူေနထိုင္ လႈပ္ရွားမ်ားမွာ ျမန္မာ့႐ိုးရာယဥ္ေက်းမႈဓေလ့စ႐ိုက္မ်ားႏွင့္ဖီလာဆန္႔က်င္ကာ တိုင္းတစ္ပါးမွ မူမမွန္သည့္ယဥ္ေက်းမႈ သြင္ျပင္မ်ားကို ေတြ႕ျမင္လာရသည္။ အထူးသျဖင့္ မိန္းကေလးမ်ားတြင္ ဟိရိၾသတၱပၸတရားကင္းမဲ့စြာ ထဘီေအာက္ ကြဲ၊ ေဘာင္းဘီတို၊ စကတ္တို၊ ဒူးေပၚ ေပါင္ေပၚအျမင္မေတာ္ မဖြယ္မရာဝတ္ဆင္ျပဳမူ လႈပ္ရွားလာၾကသည္။
.
မ်က္ေမွာက္ကာလ အတာသႀကၤန္ပြဲေတာ္၌ အရက္၊ ဘီယာေသာက္သုံးျခင္းျဖင့္ ေပ်ာ္ရႊင္ျမဴးတူးၾကသည့္ အစဥ္အ လာမွာ ဓေလ့တစ္ခုကဲ့သို႔ က်င့္သုံးလာၾက၏။ ယခုေနာက္ပိုင္း အရက္၊ ဘီယာမ်ားအျပင္ ျမဴးရန္၊ လန္းရန္ မူးယစ္ေဆးဝါးျဖစ္သည့္ စိတ္ၾကြေဆးမ်ား ပူးတြဲပါဝင္ဆင္ႏႊဲလာၾကသည္။ မူးယစ္ေဆးဝါးေလာက အေခၚ''အသီး'' WY (Amphetaminds) စိတ္ၾကြေဆးကို အရည္အေသြးအမ်ိဳး မ်ိဳး ေစ်းႏႈန္းတန္ဖိုးအႀကီး/အေသးအစုံစုံႏွင့္ ေပါေပါ မ်ားမ်ား၊ ေဖာေဖာသီသီအလြယ္တကူဝယ္ယူသုံးစြဲႏိုင္ေသာ တရားမဝင္ေရာင္းဝယ္မႈ ေစ်းကြက္ရွိေၾကာင္း၊ သုံးစြဲသူ တစ္ဦးထံမွ သိရ၏။ ၄င္း၏ ေျပာျပခ်က္အရ ထိုင္း၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ အိႏၵိယႏိုင္ငံနယ္စပ္တို႔မွ ႏိုင္ငံဝင္ေရာက္လ်က္ရွိေနေၾကာင္း၊ ထိုစိတ္ ၾကြ႐ူးသြပ္ေဆး(အသီး)ကို ထိုင္းအသီး၊ တမူးအသီး၊ ရွမ္းအသီး၊ ရခိုင္အသီးဟု ခြဲျခားသတ္ မွတ္ေခၚဆိုၾကသည့္နည္းတူ အရည္အေသြးအ လိုက္ WY အတည့္၊WY အေစာင္း၊ ၈၈ အသီးဟုေခၚဆိုဝယ္ယူသုံးစြဲေနၾကၿပီး ၈၈ အသီးက ေစ်းအႀကီးဆုံးျဖစ္ေၾကာင္း သိရွိရသည္။
.
လက္ရွိ ျမန္မာႏိုင္ငံအႏွံ႔စိတ္ၾကြ႐ူးသြပ္ေဆးျပားမ်ား ထိုးေဖာက္ဝင္ေရာက္ကာ တရားမဝင္ေရာင္းဝယ္ ေဖာက္ကား လ်က္ရွိရာ ေန႔စဥ္ထုတ္ သတင္းစာအသီးသီးတြင္ ဖမ္းဆီးရရွိေနေသာ စိတ္ၾကြေဆးအေရအတြက္ႏွင့္ ဘီလီယံႏွင့္ ညီမွ်ေသာ တန္ဖိုးပမာဏတို႔က သက္ေသခံလ်က္ရွိေနသည္။ ဤသို႔အခ်ိန္ႏွင့္တစ္ေျပးညီ ဖမ္းဆီးရမိေနေသာ္လည္း မူးယစ္ေဆးဝါး တရားမဝင္ေရာင္းဝယ္မႈ ေစ်းကြက္မေပ်ာက္မပ်က္ ရွင္သန္၍ ပန္းပန္လ်က္ရွိေနျခင္းမွာ ပေဟဠိ အေျဖညိႇရန္ ခက္ခဲေနဦးမည္သာျဖစ္ပါသည္။ ႏွစ္သစ္ကူးအတာသႀကၤန္တြင္ ျမဴးရန္၊ လန္းရန္၊ ကဲရန္၊ တက္ၾကြ ေစရန္ အသီး() စိတ္ ၾကြ႐ူးသြပ္ေဆးသုံးစြဲသူတစ္ဦး၏ ေျပာျပခ်က္အရ ''အသီးသုံးေနၾကသူမ်ားသည္ မတက္ၾကြ ဘဲ ျဖစ္ေနရသည့္ အေျခအေနကို မႀကိဳက္ႏွစ္ ၾကေတာ့ေၾကာင္း၊ ေဆးခ်လိုက္မွသာ တက္ၾကြ လာေၾကာင္း၊ မတက္ၾကြဘဲ ျဖစ္ေနရတာကို အလြန္ပင္မုန္းေၾကာင္း၊ လူကအၿမဲတန္းတက္ ၾကြေနခ်င္သည့္အတြက္ ေဆးခ်ရ ေၾကာင္း''ခံစားခ်က္ကို သိရေလသည္။
.
အမွန္တကယ္ပင္ ႏွစ္သစ္ကူး သႀကၤန္ပြဲေတာ္သို႔ေရာက္ရွိသည့္အခါတိုင္း အရက္၊ ဘီယာ၊ မူးယစ္ေဆးဝါး သုံးစြဲမႈမ်ားသည္ အစဥ္အလာ တစ္ရပ္ျဖစ္ေနဦးမည္သာျဖစ္၏။ ယင္းသုံးစြဲမႈမ်ားႏွင့္အတူ ေနာက္ဆက္တြဲဆိုးက်ိဳး မ်ားျဖစ္သည့္ ရမ္းကား႐ုပ္ပ်က္မႈ၊ ရာဇဝတ္မႈႏွင့္ ျပႆနာမ်ိဳးစုံတြဲလ်က္ပါရွိလာဦးမည္မွာ ေျမႀကီးလက္ခတ္မလြဲ ဧကန္အမွန္ပင္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ႏွစ္စဥ္မပ်က္က်င္းပျပဳလုပ္လ်က္ရွိေသာ မဟာသႀကၤန္ပြဲေတာ္ႀကီးသည္ ဆယ္ေက်ာ္သက္တို႔အတြက္ မိမိတို႔လုပ္ခ်င္ရာလုပ္ဖို႔၊ ထင္တိုင္းက်ဲဖို႔၊ ကဲဖို႔၊ လန္းဖို႔အတြက္ မဟာအခြင့္အေရး တစ္ရပ္အျဖစ္ သေဘာထား လာၾကသည္။ အတာသႀကၤန္၏ ယဥ္ေက်းမႈအ စဥ္အလာ၊ ထူးျခားေလးနက္သည့္ ဝိေသသမ်ား ေမွးမွိန္ကာ မူမမွန္သည့္ အျပဳအမူမ်ား၊ ဟီရိၾသတၱပၸတရား ကင္းမဲ့ေသာ ယိုသူမရွက္၊ ျမင္သူရွက္ရ သည့္ ဝတ္စားဆင္ယင္ထုံးဖြဲ႕မႈမ်ား၊ မူးယစ္ရမ္းကားမႈမ်ားသည္ ''ဆြမ္းဆန္ထဲ- ၾကြက္ေခ်းေရာ''ဆိုသည့္ ဆို႐ိုးစကားအတိုင္း တန္ဖိုးႀကီးမား၍ အဆင့္အတန္းျမင့္မားလွေသာ ''ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသႀကၤန္''မွာ ႐ုပ္ပ်က္ေသာ''မူးယစ္သႀကၤန္'' ျဖစ္လာရသည္။
.
ယခုႏွစ္တြင္ ၿမိဳ႕ေတာ္ႀကီးအခ်ိဳ႕တြင္ ထူးကဲစြာ ႏွစ္သစ္ကူးအတာ  သႀကၤန္ပြဲေတာ္ကို ''လမ္းေလွ်ာက္သႀကၤန္''ဟူ၍ ကင္မြန္းတပ္ကာ အစဥ္အလာတစ္ရပ္အျဖစ္မွ ခြဲထြက္က်င္းပသြား ရန္တာဆူေနၾကသည္။ သူ႕အရပ္ႏွင့္သူ႔ဇာတ္ ျဖစ္ျခင္းေၾကာင့္ မည္သို႔မွ်ေဝဖန္ေျပာဆိုလိုျခင္း မျပဳလုပ္ေသာ္လည္း လမ္းေလွ်ာက္သႀကၤန္၌ ထူးကဲစြာ မူးၿပဲလ်က္ သ႐ုပ္ပ်က္မ်ားကို ေစာင့္ၾကည့္႐ုံမွတစ္ပါး အျခားမရွိေတာ့ေခ်။ ဤသို႔အားျဖင့္ ျမန္မာ့႐ိုးရာယဥ္ေက်းသိမ္ေမြ႕မႈဓေလ့ စ႐ိုက္လကၡဏာမ်ား ေလ်ာ့ရဲက်ဆင္းကင္းမဲ့လာ ေပဦးေတာ့မည္။ ဆယ္ေက်ာ္သက္ရြယ္ ေယာက်္ားေလးမ်ားေရာ၊ မိန္းကေလးမ်ားပါ အရွက္အေၾကာက္ နတိၱ၊ စည္းလြတ္ဝါးလြတ္၊ ဗရမ္း ဗတာ၊ မဖြယ္မရာ၊ သ႐ုပ္ပ်က္ေလာက္ေအာင္ ျပဳမူလႈပ္ရွားလာျခင္းေၾကာင့္၊ ႏွစ္သစ္ကူးျမဴးၾကြ လန္းဆန္းေစေသာအတာသႀကၤန္ကို ခ်စ္ခင္ျမတ္ႏိုး၊ တြယ္တာတန္ ဖိုးထားတတ္ၾကသူမ်ားပင္ စိတ္ပ်က္၊ စိတ္ကုန္လာၾကေၾကာင္း ေတြ႕ ရွိေနရသည္။
.
အခ်ဳပ္ဆိုရလွ်င္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အစဥ္အလာအရ ႏွစ္သစ္ကူးေျပာင္းျခင္း မဟာသႀကၤန္အတာ ေရပြဲ ေတာ္ႀကီးတြင္ တိုင္းတစ္ပါး ယဥ္ေက်းမႈမ်ားထိုးေဖာက္ ဝင္ေရာက္လႊမ္းမိုးလာျခင္း၊ စီးပြားေရးသမားအခ်ိဳ႕၏ မိမိတို႔ စီးပြားေရးအက်ိဳးအျမတ္အတြက္ မေလ်ာ္ကန္သည့္ နည္းလမ္းမ်ားျဖင့္ ေဆာင္ရြက္လာျခင္း စသည္တို႔ေၾကာင့္ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈ ဓေလ့စ႐ိုက္ လကၡဏာမ်ား၊ ဝတ္စားဆင္ယင္ ထုံးဖြဲ႕မႈမ်ားႏွင့္ စာရိတၱမ႑ိဳင္မ်ား ထိခိုက္ပြန္းပဲ့ ပ်က္ျပားလာရသည္။ သို႔ျဖစ္ရာ ျမန္မာသကၠရာဇတ္ ၁၃၈ဝ ျပည့္ႏွစ္၊ ေႏွာင္းတန္ခူးလဆန္း ၁ဝ ရက္ေန႔မွ ေႏွာင္းတန္ခူးလ ၁၂ ရက္ေန႔ သည္ ႏွစ္ေဟာင္းမွ ႏွစ္သစ္သို႔ ကူးေျပာင္းသည့္ မဟာသႀကၤန္ အခါ ေတာ္ႀကီးတြင္ ျမန္မာမူ၊ ျမန္မာ့ဟန္၊ ျမန္မာ့ယဥ္ေက်းမႈ သိမ္ေမြ႕မႈအႏွစ္သာရမ်ားကို ေရွာင္ၾကဥ္ၾကရမည္ျဖစ္သည္။ ႏွစ္ေဟာင္းတြင္ ကိုယ္စိတ္ႏွစ္ပါး အညစ္အေၾကးမ်ား ရွိခဲ့ပါက ေဆးေၾကာသန္႔စင္သည့္အေနျဖင့္ တစ္ဦးႏွင့္တစ္ဦး ၾကည္လင္သန္႔ရွင္း၊ ေမႊးပ်ံ႕သင္းႀကိဳင္ေသာ နံ႔သာရည္ကို သေျပခက္ႏွင့္ ပက္ဖ်န္းဓေလ့အစဥ္အလာမ်ားကို ထိန္းသိမ္း ျမတ္ႏိုးေစာင့္ေရွာက္ကာ အတာေရသဘင္ပြဲေတာ္ တူေပ်ာ္ေပ်ာ္ပါဝင္ဆင္ႏႊဲၾကပါစို႔ဟု ေရးသားတိုက္ တြန္းလုိက္ရေပသည္။   
.
ယဉ်ကျေးမှုကို ထိန်းသိမ်းပါ
.
တင်မြင့်ဦး (တောင်ကြီး)
.
''ရာသီမိဿ စိတြကြယ်သန်းခေါင်လယ် ကွန့်မြူးပန်းကံ့ကော် ပွင့်ဖူးတဲ့လရာသီ ခါတော်မီပိတောက်ပန်းနဲ့ နှစ်ဦး ကိုကြိုဆိုမယ်၊ အတာကူးတဲ့တန်ခူးလရာသီဝယ် ဒါနတွေတဝေဝေ ရေတွေတရွှဲရွှဲ တို့မြန်မာတွေ ပျော်ရွှင်ပွဲနွှဲကြတဲ့ နှစ်ကူးပွဲ''
.
ယနေ့ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းသည် နှစ်သစ်ကာလကူးပြောင်းခြင်းကို မင်္ဂလာတစ်ပါးအဖြစ် ခံယူထားကြသည်။ နှစ်သစ်ကူးပြောင်းခြင်းကိုလည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုကြသည်။ သို့သော်လူမျိုးတစ်မျိုးနှင့်တစ်မျိုး နှစ်သစ်ကူး ပြောင်းခြင်းကို ကြိုဆိုကြသည့်ဓလေ့ထုံးတမ်း အစဉ်အလာယဉ်ကျေးမှုတို့ မတူညီကြဘဲတစ်မူ ကွဲပြားခြားနားလျက်ရှိ ကြ၏။ မြန်မာလူမျိုးတို့၏ နှစ်သစ်ကူးပြောင်းခြင်း ဓလေ့ရိုးရာယဉ်ကျေးမှု တစ်ရပ်မှာ တစ်ဦးနှင့်တစ်ဦး အတာ ရေ ပက်ဖျန်းခြင်းဖြင့် နှစ်ဟောင်းက အညစ်အကြေးမှန်သမျှ ကင်းစင်ဆေးကြောသန့်စင်စေခြင်းကို မြူးတူးပျော်ရွှင်စွာ ကြိုဆိုကြ၏။ အထူးသဖြင့် မြန်မာတို့၏ နှစ်သစ်ကူးပြောင်းခြင်း အထိမ်းအမှတ် ရိုးရာယဉ်ကျေးမှုအတာသင်္ကြန် ပွဲတော်သည် အထူးခြားဆုံး၊ အစည်ကားဆုံးသော ပွဲတော်တစ်ခုပင်ဖြစ်သည်။
.
မြန်မာလူမျိုးတို့၏ ဆယ့်နှစ်လရာသီခွင်တွင် အတာကူးသည့် တန်ခူးလသည် ပထမဦးဆုံးလဖြစ်၏။ မိဿရာသီလ တန်ခူးနှစ်ဦးအခါသမယတွင် မူလရာသီအိမ်ရှင်ဓာတ်ဖြစ်သော တေဇောဓာတ်(ခ)အပူဓာတ်အားကောင်းကြီး စိုး သောလရာသီဖြစ်ခြင်းကြောင့် သြကာသလောကကြီးတစ်ခွင်လုံး အလွန်ပူပြင်းခြောက်သွေ့အိုက်စပ်သည့် လရာ သီဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းအအေးဓာတ်ကို လိုလားတောင့်တလျက်ရှိကြရာ၊ အေးမြကြည်လင် သန့်စင်သော အမွှေးနံ့သာ နှစ်ကူးအတာရေဖြင့်  ပက်ဖျန်းသွန်းလောင်းစေခြင်းဖြင့် အပူဓာတ်ဖြင့် အပူဓာတ်ကို ချုပ် ငြိမ်း ပြေပျောက်လန်းဆန်းလာကြသည်။
.
ဤလ၏ လပြည့်ညအချိန်တွင် ကောင်းကင်တစ်ခွင်၌ ငွေလသော်တာနှင့် စိတြနက္ခတ်တို့မှာ တောင်/မြောက် ယှဉ်ပြိုင်လျက် မွန်းတည့်ကာ ထွန်းလင်းတောက်ပကွန့်မြူးနေကြ၏။ ရာသီမှာ မိဿရာသီ၊ တာရာမှာတံငါတာရာ၊ ရာ သီပုံသဏ္ဍာန်မှာ ဆိတ်ရုပ်သဏ္ဍာန်နှင့် ရာသီပန်းများမှာ ပိတောက်ပန်း၊ ရင်ခတ်ပန်း၊ ကံ့ကော်ပန်း စသည်တို့ ဖြစ်ကြ ၏။ ရာသီ၏ ပွဲတော်ကား အတာသင်္ကြန်ပွဲတော်ပင်ဖြစ်သည်။
.
တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကစားကြသော မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ဓလေ့ ထုံးတမ်းစဉ်လာကို မည် သည့်အချိန်ကာလ၊ မည်သည့်ခေတ်အခါက စတင်ပေါ်ထွန်းလာခဲ့သည်ကို တပ်အပ်မတ်အပ် သေချာဂဃနဏ ခိုင်မာစွာ မပြောနိုင်ခဲ့သော်လည်း သက္ကရာဇ် ၆၅၃ ခုနှစ်၊ ပုဂံမြို့စောလှဝန်းဘုရားကျောက် စာ(ကျော ၂၂၊ ၂၃)၌ ''မီးဖုန်းသင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်သွန်းမပြတ် စိတ်လျှင်တည် ၏''ဟူ၍ ရေထိုးထားသည့် ခိုင်မာသော အ ထောက်အထားအရ မြန်မာ့အတာသင်္ကြန်ဓလေ့သည် ပုဂံခေတ်၌ ပေါ်ထွန်းနေပြီဖြစ်ကြောင်း သိနိုင်သည်။ အင်းဝ ခေတ်စာဆိုအကျော်အမော် ရှင်ဥတ္တမကျော်၏ တောလားရတု၌ ''သဘင် ဂိမာန်၊ တာသင်္ကြန်ဟု၊ လေပြန်လွှင့်ကူ၊ ဘုံ သစ်ထူ''ဟူ၍လည်းကောင်း၊ စာဆိုရှင် အဂ္ဂသမာဓိ၏ နေမိငရဲခန်းပျို့တွင် ''သင်္ကြန်မမေ့၊ စေ့မြေ့လှူဒါန်း၊ ညောင် ရေသွန်းလျက်''ဟူ၍ လည်းကောင်း၊ စာပန်းချီချယ်မှုန်း ဖွဲ့နွဲ့သီကုံး ထားသည့်အလျောက်၊ မြန်မာ့လူ့ဘောင်လော ကတွင် မြန်မာ့အတာသင်္ကြန်ဓလေ့ယဉ်ကျေးမှုသည် အင်းဝခေတ်တွင် ထဲထဲဝင်ဝင်မြဲမြံခိုင် ကျည်စွာအမြစ်တွယ် ထွန်းကားနေပြီဖြစ်ကြောင်း ထင်ရှားစွာတွေ့ရမည်ဖြစ်သည်။
.
အလားတူ ကုန်းဘောင်ခေတ် ပဒုံမင်းလက်ထက် ၁၁၆၇ ခုနှစ်၌ ထုတ်ပြန်ခဲ့သော ရေပက်ဖျန်းရမည့် အချိန်ကာလကို သတ်မှတ်ပေးသည့် အမိန့်တော်တွင် ''တန်ခူးလဆန်း ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်အတွင်း လူပျို၊ လူငယ်၊ ယောကျ်ားမိန်းမတို့ကို အမွှေးထုံရည်၊ ရေကြည်ရေသန့်များဖြင့် ရေသွန်းသဘင် ပျော်ရွှင်ကစားကြစေ၊ ရပ်စု၊ ရွာစု၊ လမ်းသေး၊ လမ်းမများကို နှံ့စပ်အောင် မောင်းခတ်စေ''ဟူ၍ ပါရှိသည်ကို တွေ့ရသည်။
.
မည်သို့ပင်ဖြစ်စေ၊ မြန်မာ့ရိုးရာ ယဉ်ကျေး မှုအတာသင်္ကြန်ဓလေ့သည် ထူးခြားသော ဝိသေသနများနှင့် ပြည့်နှက် နေသကဲ့သို့ မွန်မြတ်သန့်စင်သော ဦးတည်ရည်မှန်းချက်များရေယပြွမ်းလျက်ရှိနေပေသည်။ အဓိကဦးတည်ချက်မှာ နှစ်ဟောင်းမှ အညစ်အကြေးမှန်သမျှ၊ နှစ်သစ်သို့ မကူးပြောင်းမီကာလ အတာသင်္ကြန်ရေဖြင့် ဆေးကြောဖယ်ရှား သန့်စင်စေခြင်းနှင့် အအေးဓာတ်ကို လိုလားတောင့်တလျက်ရှိနေသူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုသော မွန် မြတ်သည့်စိတ်ထား၊ ကြင်နာသော မေတ္တာတရားများ ထုံမွှမ်းကာ ကြည်လင်အေးမြသန့်စင်သော အမွှေးနံ့သာ ရည်ထုံရည်တို့နှင့် လောင်းပက်ကစားခြင်းများသည် မူလဘူတအခြေခံအ ကြောင်းရင်းများပင်ဖြစ်သည်။ အတာ သင်္ကြန်ရေလောင်းပက်ခံရသူများအဖို့မှာလည်း အအေးဓာတ်ကို ခံစားရရှိပြီး ချစ်ကြင်လေးစား မေတ္တာပွားများမှုကို ခံစားရကာ၊ သင်းပျံ့မွှေးကြိုင်သော အမွှေးနံ့သာရည်၊ ထုံရည်တို့ကို ရှုရှိုက်လိုက်ရခြင်းကြောင်း စိတ်ဘဝင်နှလုံးသိမ်း ကြုံး ၍ ပီတိဖုံးလွှမ်းလျက် ချမ်းသာသုခခံစားကြရသည်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်၏ ထူးခြား လေးနက်သော ဝိသေသထူးများပင် ဖြစ်၏။ ဤသို့အားဖြင့် အစဉ်အလာရင့်ကျက် ကောင်းမြတ်သည့် မြန်မာ့ရိုး ရာယဉ်ကျေးမှု အတာသင်္ကြန်ဓလေ့ အရိပ်အငွေ့များကို ယနေ့ခေတ်လူငယ်၊ လူရွယ်များအနေဖြင့် မြတ်နိုးခုံ မင်၍ လေးစားတန်ဖိုးထားကာ လက်ဆင့်ကမ်း အမွေအဖြစ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ကြရမည့်တာဝန်မှာ အမျိုးသားရေးတာဝန်ဖြစ်သည်။
.
သို့ရာတွင် ယနေ့ မျက်မှောက်ခေတ်ကာလ၌ လူငယ်၊ လူရွယ်များကြားတွင် ''အတာသင်္ကြန်''ဟုဆိုလိုက်ရုံ၊ ကြား လိုက်ရုံဖြင့် ကဲရမည်၊ ဒန့်ရမည်၊ လန်းရမည်၊ မြူးကြွရမည်ဟူသော အတွေးများက အလိုလိုကြိုရောက်နှင့် နေကြပြီဖြစ်သည်။ လူငယ်တိုင်း ပင်ကိုယ်ဗီဇအရ အချုပ်အချယ်ကင်း၍ လွတ်လွတ်လပ်လပ် ပျော်ပါးခြင်းမှာ သဘာဝပင်ဖြစ်၏။ သို့သော်ယောကျ်ားလေးရော၊ မိန်းကလေးပါ ပျော်ပါးတာထက် ကျော်လွန်ပြီး အနှစ်သာရမရှိ စည်းလွတ်၊ ဝါးလွတ် ရမ်းကားမှု၊ စည်းကမ်းမရှိမှုများသည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၏ ယဉ်ကျေးမှုအစဉ် အလာကို တစ်စထက်တစ်စ လျော့ရဲပျက်စီးလာစေသည်။
.
မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်အစဉ်အလာများသည် ထေရဝါဒ ဗုဒ္ဓဘာသာ၏အဆုံးအမများနှင့် ယှဉ်တွဲ ဖြစ်ထွန်းလာသည့်အလျောက် ယဉ်ကျေးသိမ်မွေ့သကဲ့သို့ အဆင့်အတန်းမြင့်မားလှသည်။ ဝတ်စားဆင်ယင်မှုကို ရိုးရာထုံးတမ်းစဉ်လာမပျက်မယွင်း၊ မတိမ်းမစောင်းစေရန် ထိန်းသိမ်းစောင့်ရှောက်သည့် နေရာတွင်လည်း မြန်မာ လူမျိုးတို့သည် ပြိုင်ဘက်ကင်းသည့် လူမျိုးဖြစ်၏။ ယခုနောက်ပိုင်း ကာလများ၌ ဝတ်စားဆင်ယင်မှု၊ ပြုမူနေထိုင် လှုပ်ရှားများမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များနှင့်ဖီလာဆန့်ကျင်ကာ တိုင်းတစ်ပါးမှ မူမမှန်သည့်ယဉ်ကျေးမှု သွင်ပြင်များကို တွေ့မြင်လာရသည်။ အထူးသဖြင့် မိန်းကလေးများတွင် ဟိရိသြတ္တပ္ပတရားကင်းမဲ့စွာ ထဘီအောက် ကွဲ၊ ဘောင်းဘီတို၊ စကတ်တို၊ ဒူးပေါ် ပေါင်ပေါ်အမြင်မတော် မဖွယ်မရာဝတ်ဆင်ပြုမူ လှုပ်ရှားလာကြသည်။
.
မျက်မှောက်ကာလ အတာသင်္ကြန်ပွဲတော်၌ အရက်၊ ဘီယာသောက်သုံးခြင်းဖြင့် ပျော်ရွှင်မြူးတူးကြသည့် အစဉ်အ လာမှာ ဓလေ့တစ်ခုကဲ့သို့ ကျင့်သုံးလာကြ၏။ ယခုနောက်ပိုင်း အရက်၊ ဘီယာများအပြင် မြူးရန်၊ လန်းရန် မူးယစ်ဆေးဝါးဖြစ်သည့် စိတ်ကြွဆေးများ ပူးတွဲပါဝင်ဆင်နွှဲလာကြသည်။ မူးယစ်ဆေးဝါးလောက အခေါ်''အသီး'' WY (Amphetaminds) စိတ်ကြွဆေးကို အရည်အသွေးအမျိုး မျိုး စျေးနှုန်းတန်ဖိုးအကြီး/အသေးအစုံစုံနှင့် ပေါပေါ များများ၊ ဖောဖောသီသီအလွယ်တကူဝယ်ယူသုံးစွဲနိုင်သော တရားမဝင်ရောင်းဝယ်မှု စျေးကွက်ရှိကြောင်း၊ သုံးစွဲသူ တစ်ဦးထံမှ သိရ၏။ ၄င်း၏ ပြောပြချက်အရ ထိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံနယ်စပ်တို့မှ နိုင်ငံဝင်ရောက်လျက်ရှိနေကြောင်း၊ ထိုစိတ် ကြွရူးသွပ်ဆေး(အသီး)ကို ထိုင်းအသီး၊ တမူးအသီး၊ ရှမ်းအသီး၊ ရခိုင်အသီးဟု ခွဲခြားသတ် မှတ်ခေါ်ဆိုကြသည့်နည်းတူ အရည်အသွေးအ လိုက် WY အတည့်၊WY အစောင်း၊ ၈၈ အသီးဟုခေါ်ဆိုဝယ်ယူသုံးစွဲနေကြပြီး ၈၈ အသီးက စျေးအကြီးဆုံးဖြစ်ကြောင်း သိရှိရသည်။
.
လက်ရှိ မြန်မာနိုင်ငံအနှံ့စိတ်ကြွရူးသွပ်ဆေးပြားများ ထိုးဖောက်ဝင်ရောက်ကာ တရားမဝင်ရောင်းဝယ် ဖောက်ကား လျက်ရှိရာ နေ့စဉ်ထုတ် သတင်းစာအသီးသီးတွင် ဖမ်းဆီးရရှိနေသော စိတ်ကြွဆေးအရေအတွက်နှင့် ဘီလီယံနှင့် ညီမျှသော တန်ဖိုးပမာဏတို့က သက်သေခံလျက်ရှိနေသည်။ ဤသို့အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးရမိနေသော်လည်း မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှု စျေးကွက်မပျောက်မပျက် ရှင်သန်၍ ပန်းပန်လျက်ရှိနေခြင်းမှာ ပဟေဠိ အဖြေညှိရန် ခက်ခဲနေဦးမည်သာဖြစ်ပါသည်။ နှစ်သစ်ကူးအတာသင်္ကြန်တွင် မြူးရန်၊ လန်းရန်၊ ကဲရန်၊ တက်ကြွ စေရန် အသီး(ခ) စိတ် ကြွရူးသွပ်ဆေးသုံးစွဲသူတစ်ဦး၏ ပြောပြချက်အရ ''အသီးသုံးနေကြသူများသည် မတက်ကြွ ဘဲ ဖြစ်နေရသည့် အခြေအနေကို မကြိုက်နှစ် ကြတော့ကြောင်း၊ ဆေးချလိုက်မှသာ တက်ကြွ လာကြောင်း၊ မတက်ကြွဘဲ ဖြစ်နေရတာကို အလွန်ပင်မုန်းကြောင်း၊ လူကအမြဲတန်းတက် ကြွနေချင်သည့်အတွက် ဆေးချရ ကြောင်း''ခံစားချက်ကို သိရလေသည်။
.
အမှန်တကယ်ပင် နှစ်သစ်ကူး သင်္ကြန်ပွဲတော်သို့ရောက်ရှိသည့်အခါတိုင်း အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး သုံးစွဲမှုများသည် အစဉ်အလာ တစ်ရပ်ဖြစ်နေဦးမည်သာဖြစ်၏။ ယင်းသုံးစွဲမှုများနှင့်အတူ နောက်ဆက်တွဲဆိုးကျိုး များဖြစ်သည့် ရမ်းကားရုပ်ပျက်မှု၊ ရာဇဝတ်မှုနှင့် ပြဿနာမျိုးစုံတွဲလျက်ပါရှိလာဦးမည်မှာ မြေကြီးလက်ခတ်မလွဲ ဧကန်အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် နှစ်စဉ်မပျက်ကျင်းပပြုလုပ်လျက်ရှိသော မဟာသင်္ကြန်ပွဲတော်ကြီးသည် ဆယ်ကျော်သက်တို့အတွက် မိမိတို့လုပ်ချင်ရာလုပ်ဖို့၊ ထင်တိုင်းကျဲဖို့၊ ကဲဖို့၊ လန်းဖို့အတွက် မဟာအခွင့်အရေး တစ်ရပ်အဖြစ် သဘောထား လာကြသည်။ အတာသင်္ကြန်၏ ယဉ်ကျေးမှုအ စဉ်အလာ၊ ထူးခြားလေးနက်သည့် ဝိသေသများ မှေးမှိန်ကာ မူမမှန်သည့် အပြုအမူများ၊ ဟီရိသြတ္တပ္ပတရား ကင်းမဲ့သော ယိုသူမရှက်၊ မြင်သူရှက်ရ သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ မူးယစ်ရမ်းကားမှုများသည် ''ဆွမ်းဆန်ထဲ- ကြွက်ချေးရော''ဆိုသည့် ဆိုရိုးစကားအတိုင်း တန်ဖိုးကြီးမား၍ အဆင့်အတန်းမြင့်မားလှသော ''မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်''မှာ သ ရုပ်ပျက်သော''မူးယစ်သင်္ကြန်'' ဖြစ်လာရသည်။
.
ယခုနှစ်တွင် မြို့တော်ကြီးအချို့တွင် ထူးကဲစွာ နှစ်သစ်ကူးအတာ  သင်္ကြန်ပွဲတော်ကို ''လမ်းလျှောက်သင်္ကြန်''ဟူ၍ ကင်မွန်းတပ်ကာ အစဉ်အလာတစ်ရပ်အဖြစ်မှ ခွဲထွက်ကျင်းပသွား ရန်တာဆူနေကြသည်။ သူ့အရပ်နှင့်သူ့ဇာတ် ဖြစ်ခြင်းကြောင့် မည်သို့မျှဝေဖန်ပြောဆိုလိုခြင်း မပြုလုပ်သော်လည်း လမ်းလျှောက်သင်္ကြန်၌ ထူးကဲစွာ မူးပြဲလျက် သရုပ်ပျက်များကို စောင့်ကြည့်ရုံမှတစ်ပါး အခြားမရှိတော့ချေ။ ဤသို့အားဖြင့် မြန်မာ့ရိုးရာယဉ်ကျေးသိမ်မွေ့မှုဓလေ့ စရိုက်လက္ခဏာများ လျော့ရဲကျဆင်းကင်းမဲ့လာ ပေဦးတော့မည်။ ဆယ်ကျော်သက်ရွယ် ယောကျ်ားလေးများရော၊ မိန်းကလေးများပါ အရှက်အကြောက် နတ္တိ၊ စည်းလွတ်ဝါးလွတ်၊ ဗရမ်း ဗတာ၊ မဖွယ်မရာ၊ သရုပ်ပျက်လောက်အောင် ပြုမူလှုပ်ရှားလာခြင်းကြောင့်၊ နှစ်သစ်ကူးမြူးကြွ လန်းဆန်းစေသောအတာသင်္ကြန်ကို ချစ်ခင်မြတ်နိုး၊ တွယ်တာတန် ဖိုးထားတတ်ကြသူများပင် စိတ်ပျက်၊ စိတ်ကုန်လာကြကြောင်း တွေ့ ရှိနေရသည်။
.
အချုပ်ဆိုရလျှင် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ နှစ်သစ်ကူးပြောင်းခြင်း မဟာသင်္ကြန်အတာ ရေပွဲ တော်ကြီးတွင် တိုင်းတစ်ပါး ယဉ်ကျေးမှုများထိုးဖောက် ဝင်ရောက်လွှမ်းမိုးလာခြင်း၊ စီးပွားရေးသမားအချို့၏ မိမိတို့ စီးပွားရေးအကျိုးအမြတ်အတွက် မလျော်ကန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်လာခြင်း စသည်တို့ကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက် လက္ခဏာများ၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများနှင့် စာရိတ္တမဏ္ဍိုင်များ ထိခိုက်ပွန်းပဲ့ ပျက်ပြားလာရသည်။ သို့ဖြစ်ရာ မြန်မာသက္ကရာဇတ် ၁၃၈ဝ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန်း ၁ဝ ရက်နေ့မှ နှောင်းတန်ခူးလ ၁၂ ရက်နေ့ သည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန် အခါ တော်ကြီးတွင် မြန်မာမူ၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု သိမ်မွေ့မှုအနှစ်သာရများကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ နှစ်ဟောင်းတွင် ကိုယ်စိတ်နှစ်ပါး အညစ်အကြေးများ ရှိခဲ့ပါက ဆေးကြောသန့်စင်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ကြည်လင်သန့်ရှင်း၊ မွှေးပျံ့သင်းကြိုင်သော နံ့သာရည်ကို သပြေခက်နှင့် ပက်ဖျန်းဓလေ့အစဉ်အလာများကို ထိန်းသိမ်း မြတ်နိုးစောင့်ရှောက်ကာ အတာရေသဘင်ပွဲတော် တူပျော်ပျော်ပါဝင်ဆင်နွှဲကြပါစို့ဟု ရေးသားတိုက် တွန်းလိုက်ရပေသည်။    
.

No comments:

Post a Comment

Recent Tube