မိုင္းရယ္တြင္ သံမဏိႀကိဳးတံတားသစ္ ဖြင့္လွစ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, April 19, 2019

မိုင္းရယ္တြင္ သံမဏိႀကိဳးတံတားသစ္ ဖြင့္လွစ္


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မိုင္းရယ္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားႏွင့္ သီေပါၿမိဳ႕နယ္အတြင္းရွိ ေက်းရြာ မ်ားအား ဆက္သြယ္သြားလာႏိုင္ရန္ နမ့္ေလာင္းေခ်ာင္းကို ျဖတ္ေက်ာ္တည္ေဆာက္ထားသည့္ နားလံု-မန္ေမာ္ သံမဏိႀကိဳးဆုိင္းတံတားသစ္ကို ျပည္ပေစတနာရွင္ႏွင့္ မိုင္းရယ္ၿမိဳ႕နယ္ ေဒသခံ ေက်းရြာျပည္သူလူထုမ်ား၏ စုေပါင္းထည့္ဝင္မႈျဖင့္ တည္ေဆာက္ခဲ့ရာ ဧၿပီလ ၁၂ ရက္တြင္ ၿပီးစီးခဲ့ၿပီး စတင္ဖြင့္လွစ္ႏုိင္ခဲ့ေၾကာင္း သိရသည္။
.
.
သီေပါဘက္ကေတာ့ ရြာမ်ားတယ္။ ဒီဘက္ မိုင္းရယ္ကေတာ့ရြာ၂၄ ရြာအတြက္ သြားလာေရး အဆင္ေျပ သြားၿပီ။ အရင္က ႏွစ္တိုင္း ဝါးေတြနဲ႔ မၾကာခဏ ျပဳျပင္တည္ေဆာက္ၿပီး ျဖစ္သလိုသြားလာေနရာကေန အခုေတာ့ အဆင္ေျပၿပီး ေဒသအတြက္ အလြန္အက်ိဳး႐ွိသြားၿပီဟု မိုင္းရယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းသီဟေက်ာ္က ကေမၻာဇတိုင္းသို႔ေျပာသည္။
.
ႀကိဳးတံတားတည္ေဆာက္ရန္ အဓိက လိုအပ္ေသာ စတီးႀကိဳးဆိုင္းမ်ား သံဖရိန္ၾကမ္းခင္းမ်ား သံပိုက္လံုး တိုင္မ်ားကို ဆြစ္ဇာလန္ႏိုင္ငံမွ အလွဴရွင္ Mr. Toni Ruttimanni က လွဴဒါန္းေပးပို႔ခဲ့ျခင္း ျဖစ္ၿပီး ရန္ကုန္ သေဘၤာ ဆိပ္မွ တည္ေဆာက္မည့္ေနရာအထိ သယ္ယူပို႔ေဆာင္စရိတ္၊ ေက်ာက္၊ သဲ၊ ဘိလပ္ေျမ၊ လုပ္အားခမ်ားကို ေဒသခံ ေစတနာရွင္မ်ား၊ အလႉရွင္ျပည္သူမ်ားမွ ကူညီေထာက္ပံ့ကာ ေဒသခံ ေက်းရြာျပည္သူလူထု ၁၀၀ ဦးခန္႔က လုပ္အား ပူးေပါင္းကူညီေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ တံတားတည္ေဆာက္ရာတြင္ ျပင္ဆင္ခ်ိန္ ၂  လႏွင့္ တည္ေဆာက္ခ်ိန္ ၅ ရက္ ၾကာျမင့္ခဲ့ၿပီး တံတား အက်ယ္ ၅ ေပ၊ အရွည္ ၁၄၄ ေပ၊ အနက္ ေပ ၆၀ ရွိကာ လူႏွင့္ ေမာ္ေတာ္ဆုိင္ကယ္မ်ား ျဖတ္သန္းသြားလာ ႏုိင္ၿပီး ေဒသတြင္း ေက်းရြာ ၂၄ ရြာအတြက္ အက်ိဳးျပဳႏုိင္ေသာ သံမဏိႀကိဳးဆိုင္းတံတားျဖစ္ေၾကာင္း သိရသည္။
.
ဆြစ္ဇာလန္ႏိုင္ငံသား အလွဴရွင္ Mr. Toni သည္ ျမန္မာႏိုင္ငံအတြင္း လိုအပ္သည့္ေနရာမ်ားသို႔ ယခုကဲ့သို႔တံတား မ်ိဳးေပါင္း အစင္း ၁၀၀ ေက်ာ္ခန္႔ကို တည္ေဆာက္ လွဴဒါန္းေပးခဲ့ၿပီး ယခုတံတားမွာ ၁၄၅ စင္းေျမာက္တံတား ျဖစ္ေၾကာင္း သိ႐ွိရသည္။
.
မိုင်းရယ်တွင် သံမဏိကြိုးတံတားသစ် ဖွင့်လှစ်
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် သီပေါမြို့နယ်အတွင်းရှိ ကျေးရွာ များအား ဆက်သွယ်သွားလာနိုင်ရန် နမ့်လောင်းချောင်းကို ဖြတ်ကျော်တည်ဆောက်ထားသည့် နားလုံ-မန်မော် သံမဏိကြိုးဆိုင်းတံတားသစ်ကို ပြည်ပစေတနာရှင်နှင့် မိုင်းရယ်မြို့နယ် ဒေသခံ ကျေးရွာပြည်သူလူထုများ၏ စုပေါင်းထည့်ဝင်မှုဖြင့် တည်ဆောက်ခဲ့ရာ ဧပြီလ ၁၂ ရက်တွင် ပြီးစီးခဲ့ပြီး စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
.
သီပေါဘက်ကတော့ ရွာများတယ်။ ဒီဘက် မိုင်းရယ်ကတော့ရွာ၂၄ ရွာအတွက် သွားလာရေး အဆင်ပြေ သွားပြီ။ အရင်က နှစ်တိုင်း ဝါးတွေနဲ့ မကြာခဏ ပြုပြင်တည်ဆောက်ပြီး ဖြစ်သလိုသွားလာနေရာကနေ အခုတော့ အဆင်ပြေပြီး ဒေသအတွက် အလွန်အကျိုးရှိသွားပြီဟု မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ကြိုးတံတားတည်ဆောက်ရန် အဓိက လိုအပ်သော စတီးကြိုးဆိုင်းများ သံဖရိန်ကြမ်းခင်းများ သံပိုက်လုံး တိုင်များကို ဆွစ်ဇာလန်နိုင်ငံမှ အလှူရှင် Mr. Toni Ruttimanni က လှူဒါန်းပေးပို့ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန် သင်္ဘော ဆိပ်မှ တည်ဆောက်မည့်နေရာအထိ သယ်ယူပို့ဆောင်စရိတ်၊ ကျောက်၊ သဲ၊ ဘိလပ်မြေ၊ လုပ်အားခများကို ဒေသခံ စေတနာရှင်များ၊ အလှူရှင်ပြည်သူများမှ ကူညီထောက်ပံ့ကာ ဒေသခံ ကျေးရွာပြည်သူလူထု ၁၀၀ ဦးခန့်က လုပ်အား ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ တံတားတည်ဆောက်ရာတွင် ပြင်ဆင်ချိန် ၂  လနှင့် တည်ဆောက်ချိန် ၅ ရက် ကြာမြင့်ခဲ့ပြီး တံတား အကျယ် ၅ ပေ၊ အရှည် ၁၄၄ ပေ၊ အနက် ပေ ၆၀ ရှိကာ လူနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ နိုင်ပြီး ဒေသတွင်း ကျေးရွာ ၂၄ ရွာအတွက် အကျိုးပြုနိုင်သော သံမဏိကြိုးဆိုင်းတံတားဖြစ်ကြောင်း သိရသည်။
.
ဆွစ်ဇာလန်နိုင်ငံသား အလှူရှင် Mr. Toni သည် မြန်မာနိုင်ငံအတွင်း လိုအပ်သည့်နေရာများသို့ ယခုကဲ့သို့တံတား မျိုးပေါင်း အစင်း ၁၀၀ ကျော်ခန့်ကို တည်ဆောက် လှူဒါန်းပေးခဲ့ပြီး ယခုတံတားမှာ ၁၄၅ စင်းမြောက်တံတား ဖြစ်ကြောင်း သိရှိရသည်။
.

No comments:

Post a Comment