ဆီဆိုင်ရှိ စော်ဘွားဆည်၌ လာရောက် လည်ပတ်သူများဖြင့် စည်းကားနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, April 15, 2019



ခွန်ရဲထွေး(ဆီဆိုင်)
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ မဲဟဲကျေးရွာမြောက်ဘက်()မိုင်ခန့်အကွာရှိ စော်ဘွားဆည်၌ ယနေ့ ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့)တွင် လာရောက် လည်ပတ်အပန်းဖြေသူများဖြင့် စည်ကားနေလျက်ရှိကြောင်း သိရသည်။
.

မြန်မာ့ရိုးရာ နှစ်သစ် အတာသင်္ကြန်မှာ အသေအပျောက် မရှိဖို့၊ အရက်ကြောင်ပဲ ဖြစ်ဖြစ်၊ တခြား ရန်ငြိုး ကြောင်ပဲ ဖြစ်ဖြစ် ခိုက်ရန် ဖြစ်ပွားမှု မရှိဖို့ ကျွန်တော်တို့က ဒီမှာလာပြီး ပြည်သူလူထု ပျော်ပျော်ပါးပါး ရေကစားတဲ့ အပန်းဖြေနေတဲ့ အနေအထားမှာ အနှောအယှက် တစ်စုံတစ်ရာ မဖြစ်ဖို့ ကျွန်တော်တို့က ကူညီ စောင့်ရှောက်ပေးပါတယ်၊ ရေနစ်သေဆုံးခြင်း မရှိဖို့ ရေနက်တဲ့ နေရာတွေ ရှိပါတယ်ရေနက်တဲ့ နေရာကျတော့ ကျွန်တော်တို့က ကြိုးတွေ တားထားပါတယ်ပြီးတော့ာကွင်းတွေလည်း ချိတ် ပေးထားပါတယ် အဲဒီနေရာမှာ ရေနက်သည် ရေမကူးရ ဆိုတဲ့ ကန့်သတ်နယ်မြေ သဘောမျိုးလေး အရန်အတားလေးတွေ လုပ်ပေးထားပါတယ်ဟု အဆိုပါ စော်ဘွားဆည်၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် ဆီဆိုင်မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ် စိုးနိုင်က ပြောသည်။         
.
အဆိုပါ စော်ဘွားဆည်(ခ) တဘက်ချောင်းမှာ ပြုပြင်မှု မရှိဘဲ သဘာဝအတိုင်း တည်ရှိနေခြင်းကြောင့် လာရောက် လည်ပတ်သူ များပြားနေခြင်း ဖြစ်ကာ င်္ကန်ကာလအတွင်းဆည်ပတ်ဝန်းကျင်တွင် ကယားခေါင်ရည်၊ ကယားဝက်အူချောင်းဒေသထွက် အစားအစာများနှင့် အခြား မုန်ဆိုင်များကိုလည်း ဒေသခံများက ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
.
ဆီဆိုင်ရှိ စော်ဘွားဆည်၌ လာရောက် လည်ပတ်သူများဖြင့် စည်းကားနေ
.
ခွန်ရဲထွေး(ဆီဆိုင်)
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ မဲဟဲကျေးရွာ၏ မြောက်ဘက်(၃)မိုင်ခန့်အကွာရှိ စော်ဘွားဆည်၌ ယနေ့ ဧပြီလ ၁၅ ရက် (သြင်္ကန်အကြတ်နေ့)တွင် လာရောက် လည်ပတ်၍ အပန်းဖြေသူများဖြင့် စည်ကားနေလျက်ရှိကြောင်း သိရသည်။
.

မြန်မာ့ရိုးရာ နှစ်သစ် အတာသြင်္ကန်မှာ အသေအပျောက် မရှိဖို့၊ အရက်ကြောင့်ပဲ ဖြစ်ဖြစ်၊ တခြား ရန်ငြိုး ကြောင့်ပဲ ဖြစ်ဖြစ် ခိုက်ရန် ဖြစ်ပွားမှု မရှိဖို့ ကျွန်တော်တို့က ဒီမှာလာပြီး ပြည်သူလူထု ပျော်ပျော်ပါးပါး ရေကစားတဲ့၊ အပန်းဖြေနေတဲ့ အနေအထားမှာ အနှောင့်အယှက် တစ်စုံတစ်ရာ မဖြစ်ဖို့ ကျွန်တော်တို့က ကူညီ စောင့်ရှောက်ပေးပါတယ်၊ ရေနစ်သေဆုံးခြင်း မရှိဖို့ ရေနက်တဲ့ နေရာတွေ ရှိပါတယ်။ ရေနက်တဲ့ နေရာကျတော့ ကျွန်တော်တို့က ကြိုးတွေ တားထားပါတယ်၊ ပြီးတော့ ဘောကွင်းတွေလည်း ချိတ် ပေးထားပါတယ် အဲဒီနေရာမှာ ရေနက်သည် ရေမကူးရ ဆိုတဲ့ ကန့်သတ်နယ်မြေ သဘောမျိုးလေး အရန်အတားလေးတွေ လုပ်ပေးထားပါတယ်။ဟု အဆိုပါ စော်ဘွားဆည်၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် ဆီဆိုင်မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ် စိုးနိုင်က ပြောသည်။ 
.
အဆိုပါ စော်ဘွားဆည်(ခ) တဘက်ချောင်းမှာ ပြုပြင်မှု မရှိဘဲ သဘာဝအတိုင်း တည်ရှိနေခြင်းကြောင့် လာရောက် လည်ပတ်သူ များပြားနေခြင်း ဖြစ်ကာ သြင်္ကန်ကာလအတွင်း၌ ဆည်ပတ်ဝန်းကျင်တွင် ကယားခေါင်ရည်၊ ကယားဝက်အူချောင်း၊ ဒေသထွက် အစားအစာများနှင့် အခြား မုန့်ဆိုင်များကိုလည်း ဒေသခံများက ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment