ေတာင္ႀကီးၿမိဳ႕၊ ေညာင္ျဖဴစခန္းရပ္ကြက္တြင္ လူတစ္ဦးအား ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, April 15, 2019

ေတာင္ႀကီးၿမိဳ႕၊ ေညာင္ျဖဴစခန္းရပ္ကြက္တြင္ လူတစ္ဦးအား ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိ


ကေမၻာဇတိုင္း
.
မဟာသႀကၤန္ပြဲေတာ္ အၾကတ္ေန႔ျဖစ္ေသာ ယေန႔ ဧၿပီလ ၁၅ ရက္၊ ေန႔လယ္ပိုင္းက ေတာင္ႀကီးၿမိဳ႕၊ ရတနာသီရိရပ္ကြက္ႏွင့္ ေညာင္ျဖဴစခန္းရပ္အစပ္တြင္ လူတစ္ဦးအား ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိခဲ့ရၿပီး စဝ္စံထြန္းေဆး႐ံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
.
Photo - Win Naing Soe
.
ဓါးထိုးခံရတဲ့သူကိုေတာ့ ေဆး႐ံုေခၚသြားပါၿပီ။ အခုမွ ျဖစ္တာပါ။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ သက္ဆုိင္ရာ ရဲစခန္းကိုလည္း သတင္းပို႔ထားပါတယ္ဟု တရားဥပေဒ စိုးမိုးေရးကြန္ရက္မွ ကိုဝင္းႏုိင္စိုးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆုိပါကိစၥႏွင့္ ပတ္သက္၍ ေတာင္ႀကီးနယ္ေျမရဲစခန္းမွဴး ရဲအုပ္ စိုင္းေနာ္ခမ္းလြင္ ဆက္သြယ္ေမးျမန္းရာတြင္ အခုမွ အခင္းျဖစ္ေနရာကို သြားေနပါတယ္။ ျဖစ္စဥ္ကို ေသခ်ာ မသိရေသးပါဘူးဟု ျပန္လည္ေျဖၾကားခဲ့သည္။
.
“ရတနာသီရိနဲ႔ ေညာင္ျဖဴနယ္စပ္က ျပည္ေထာင္စုတံတားအနီး ေညာင္ျဖဴဘက္ျခမ္းမွာ ျဖစ္တာပါ။ ေန႔လယ္ ၁၂ နာရီေလာက္က ေတြ႕တယ္ လို႔ သိရပါတယ္။ အထိုးခံရတဲ့ ေကာင္ေလးကေတာ့ ျပည္ေတာ္သာကလို႔ သိရပါတယ္။ ထုိးတဲ့သူကေတာ့ ရတနာသီရိလို႔ ေျပာပါတယ္။ ဘယ္သူဘယ္ဝါ ေသခ်ာ မသိရေသးပါဘူး။ စခန္းကေတာ့ ေခၚသြား ပါၿပီ” ဟု ရတနာသီရိရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေမာင္ဝင္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ လူနာအား ဝမ္းဗိုက္တြင္ အူမ်ားထြက္လ်က္ ေတြ႔႐ွိရျခင္းျဖစ္ၿပီး အမႈမွန္ေပၚေပါက္ေစေရးအတြက္ ျမန္မာ ႏုိင္ငံရဲတပ္ဖြဲ႕မွ ဆက္လက္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်တွင် လူတစ်ဦးအား ထိုးသွင်းဒဏ်ရာများဖြင့် တွေ့ရှိ
.
ကမ္ဘောဇတိုင်း
.
မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သော ယနေ့ ဧပြီလ ၁၅ ရက်၊ ‌‌နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်နှင့် ညောင်ဖြူစခန်းရပ်အစပ်တွင် လူတစ်ဦးအား ထိုးသွင်းဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရပြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
ဓါးထိုးခံရတဲ့သူကိုတော့ ဆေးရုံခေါ်သွားပါပြီ။ အခုမှ ဖြစ်တာပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာ ရဲစခန်းကိုလည်း သတင်းပို့ထားပါတယ်ဟု တရားဥပဒေ စိုးမိုးရေးကွန်ရက်မှ ကိုဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် စိုင်းနော်ခမ်းလွင် ဆက်သွယ်မေးမြန်းရာတွင် အခုမှ အခင်းဖြစ်နေရာကို သွားနေပါတယ်။ ဖြစ်စဉ်ကို သေချာ မသိရသေးပါဘူးဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ရတနာသီရိနဲ့ ညောင်ဖြူနယ်စပ်က ပြည်ထောင်စုတံတားအနီး ညောင်ဖြူဘက်ခြမ်းမှာ ဖြစ်တာပါ။ နေ့လယ် ၁၂ နာရီလောက်က တွေ့တယ် လို့ သိရပါတယ်။ အထိုးခံရတဲ့ ကောင်လေးကတော့ ပြည်တော်သာကလို့ သိရပါတယ်။ ထိုးတဲ့သူကတော့ ရတနာသီရိလို့ ပြောပါတယ်။ ဘယ်သူဘယ်ဝါ သေချာ မသိရသေးပါဘူး။ စခန်းကတော့ ခေါ်သွား ပါပြီဟု ရတနာသီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လူနာအား ဝမ်းဗိုက်တွင် အူများထွက်လျက် တွေ့ရှိရခြင်းဖြစ်ပြီး အမှုမှန်ပေါ်ပေါက်စေရေးအတွက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats