ကလော ခမရ(၁၁၂)ရှေ့တွင် ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ၂ ဦး သေဆုံးကာ၊ ၇ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, April 9, 2019

ကလော ခမရ(၁၁၂)ရှေ့တွင် ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ၂ ဦး သေဆုံးကာ၊ ၇ ဦး ဒဏ်ရာရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာ၊ အမှတ်(၁၁၂)ခြေမြန်တပ်ရင်းရှေ့၌ ဧပြီလ ၉ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် မော်တော်ယာဉ် ၂ စီး တိုက်မှုကြောင့် ယာဉ်ပေါ် ပါရှိသူ ၂ ဦး သေဆုံးကာ၊ ၇ ဦး ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံနေရကြောင်း သိရသည်။
.

ရွှေညောင်မြို့နေ ယာဉ်မောင်း ကျော်ဇေယျာဝင်း မောင်းနှင်သည့် ယာဉ်အမှတ်၊ 8J/7810 LIGHT TRUCK ယာဉ်သည် ကလောမြို့ဘက်မှ အောင်ပန်းမြို့ဘက်သို့ မောင်းနှင်လာစဉ် အမှတ်(၁၁၂) ခြေမြန်တပ်ရင်းရှေ့ မိုင်တိုင်အမှတ် (၇၄/၁)နှင့် (၇၄/၂)ကြားသို့ အရောက်တွင် တစ်ဘက် ယာဉ်ကြောရှိ တာချီလိတ်မြို့နေ ယာဉ်မောင်း စိုင်းအောင် မောင်းနှင်သည့် 5G/4869 DAIHTSU HUET ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိခြင်းကြောင့် ယာဉ်ပေါ် ပါရှိသူ ၂ ဦး သေဆုံးကာ၊ ၇ ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သေဆုံး/ဒဏ်ရာ ရရှိသူများအား ကလောနှင့် အောင်ပန်းရှိ မီးသတဌာနအောင်ပြည့်စုံ သွေးလှူရှင်အသင်းရန်ကုန် မြတ်စေတနာအသင်းတို့မှ ယာဉ်များဖြင့် ကလောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်၍ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက် ယာဉ်ကြောအတွင်းသို့ ၀င်ရောက်တိုက်မိစေသူ ယာဉ်မောင်း ကျော်ဇေယျာဝင်းအား အရေးယူပေးရန် အမှတ်(၁၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တိုင်ကြားခဲ့ခြင်းကြောင့် ကလောမြို့မရဲစခန်းမှ ယာဉ်(ပ) ၄/၂၀၁၉၊ ပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃၀၄(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment