ဆီဆိုင္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ အိမ္ေျခ ၈၀ ေက်ာ္ပ်က္စီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, April 17, 2019

ဆီဆိုင္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ အိမ္ေျခ ၈၀ ေက်ာ္ပ်က္စီး


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္ေတာင္ပိုင္းပအိုဝ္းကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆိုင္​ၿမိဳ႕နယ္​ ပါေလာပါကယ္ေက်းရြာအုပ္စု ေနာင္လုံေက်းရြာတြင္ ယေန႔ ဧပီလ ၁ရက္၊ မြန္းလြဲပိုင္းက ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေက်းရြာအိမ္ေျခ ၈၀ ေက်ာ္ ပ်က္စီးခဲ့ေၾကာင္း သိရသည္။
.
Photo - Internet
.
အဆိုပါေက်းရြာတြင္ မြန္းလြဲ ၂ နာရီခြဲအခ်ိန္ခန္႔က မိုးရြာသြန္းၿပီး မိုးသီးမ်ား က်ကာ ေလျပင္းတိုက္ခတ္မႈ ျဖစ္ပြား ခဲ့ျခင္းျဖစ္ၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ စာသင္ေက်ာင္း အပါအဝင္ အိမ္ေျခ ၈၀ ေက်ာ္ ပ်က္စီးခဲ့ေၾကာင္း သိရသည္။
.
ယင္းကဲ့သို႔ မိုးသက္ေလျပင္း က်ေရာက္မႈေၾကာင့္ လူထိခိုက္ဒဏ္ရာရ ေသဆံုးမႈ မရွိဘဲ ေနအိမ္အေဆာက္အဦ ပ်က္စီးမႈမ်ားေၾကာင့္ ေဒသခံျပည္သူမ်ားအတြက္ အခက္အခဲမ်ား ျဖစ္ေပၚလ်က္ရွိၿပီး အေရးေပၚအကူအညီမ်ား လိုအပ္လ်က္ရွိေၾကာင္း သိရသည္။
.
ဆီဆိုင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၈၀ ကျော်ပျက်စီး
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လုံကျေးရွာတွင် ယနေ့ ဧပြီလ ၁၇ ရက်၊ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအိမ်ခြေ ၈၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
.
အဆိုပါကျေးရွာတွင် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က မိုးရွာသွန်းပြီး မိုးသီးများ ကျကာ လေပြင်းတိုက်ခတ်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်း အပါအဝင် အိမ်ခြေ ၈၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မိုးသက်လေပြင်း ကျရောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိဘဲ နေအိမ်အဆောက်အဦ ပျက်စီးမှုများကြောင့် ဒေသခံပြည်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube