မြခြုံလွှာ အဆိပ်သင့်လေမှဖြင့် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, April 2, 2019

မြခြုံလွှာ အဆိပ်သင့်လေမှဖြင့်


ဇော်ရှိန်း ပန်းချီ (အေးသာယာ)
.


.
မောင်ကလေး၊ မောင့်ကို လွမ်းလျှင်သောက် တော်ရေချမ်း၊ ““စားတော်ကွမ်းနှင့်””၊ အလွမ်း ဖြေလို့၊ မပြေပါလို့၊ ရေက မိုးမှာ၊ ကျွမ်းထိုး ကောင်ငဲ့နှယ်၊ အပျိုဖြူနှမမှာ ကြုံရတယ်ရှင့်။
.
စိတ်ပညာရှင်တွေဟာ စိတ်ကို အတွင်းပိုင်း၊ အလယ်ပိုင်း၊ အပြင်ပိုင်း၊ ဆိုပြီး သုံးပိုင်းခွဲကြ တယ်။ နိုးကြားနေစဉ် ဖြစ်ပေါ်တတ်တဲ့ မြင်သိ စိတ်၊ ကြားသိစိတ်၊ နာမ်သိစိတ်၊ အရသာစိတ်၊ ထိသိစိတ်တွေကတော့ “သိစိတ်-Conscious mind”လို့ ခေါ်ပါတယ်။ အိပ်ပျော်ခါနီး စပ်ကူး မတ်ကူးမှာ ဖြစ်တဲ့စိတ်ကိုတော့ ““မသိတစ်ဝက် သိတစ်ဝက်စိတ်- Sukconscious mind”လို့ ခေါ်တယ်။ အိပ်မောကျနေတဲ့ စိတ်၊ မေ့မြောနေ တဲ့စိတ်ကိုတော့ ““မသိစိတ်-Unconcious mind” လို့ ခေါ်ကြတယ်။ ရုပ်တရားနဲ့ပြောင်း လဲမှုထက် နာမ်တရားရဲ့ ပြောင်းလဲမှုက ၁၇ ဆ ပိုမြန်ပါတယ်။ ဒါကြောင့် ကမ်္ဘာနှင့်အ၀ှမ်း ပြောင်းလဲမှုများ၊ ကောင်းမှု မကောင်းမှု၊ ဟူသ မျှ စိတ်ကြောင့်ဖြစ်ရသည်မှာ သေချာသည်ထင် ပါသည်။
.
ကျွန်တော်တို့ ငယ်စဉ်ကလို စိတ်ကိုဖြူစင် အောင် မိဘ၊ ဘိုးဘွားများနှင့် ကျောင်းနေစဉ်က လေးအရွယ်မှာလည်း ပတ်ဝန်းကျင်နဲ့ ဆရာ/ ဆရာမများ ဖေးမသင်ပြတဲ့ နီတိတွေကြောင့်၊ ယခုအချိန် ၀န်းချီအိုကြီးအရွယ်မှာတောင် မိမိ ထက်ကျန်းမာ မစွမ်းသူဦးစားပေးလို့၊ လူငယ်က လေး မိခင်များ၊ ရဟန်းသံဃာ သီလရှင်များ ယာဉ်တွေပေါ်မှာ ကြုံရဆုံရရင်၊ နေရာပေးလို့၊ ငယ်ကျင့်အထုံစွဲနေတုန်းပါ။ အနှစ်လေးငါးဆယ် တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ်ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စံထုံးများ၊ မသိမသာမှ သိသာထင်ရှားလာကာ လူငယ်များ ယိုင်နဲ့လာသည်ဟု မြင်မိပါသည်။ လူငယ်တွေဟာ ကောင်းတဲ့ဘက်က အခြေခံ ဓာတ်တွေကို ပါရမီလို့ခေါ်ပြီး မကောင်းတဲ့ဘက် က အခြေခံဓာတ်တွေကိုတော့ အာသယ အနု သယလို့ ခေါ်တယ်။ ဒီထက်နှစ်မျိုးဟာ အချင်း ချင်း ဆန့်ကျင်နေကြောင့် ရှေးစကား၊ နောက် လူမသိလေတော့၊ အခွင့်အခါသင့်ရင် တစ်ဦး နှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့်တစ် နိုင်ငံ အဖြေကတော့ ရိုက်ကြလေသတည်။ ဒေါ သကြီးလို့ လူတွေဟာ သတ်္တ၀ါတွေ ဒုက်္ခရောက် ကြပုံကတော့ စစ်ပွဲတွေ၊ ရန်ပွဲတွေ၊ ဆဲဆိုခြိမ်း ခြောက်မှု၊ နှိပ်စက်မှုတွေဟာ ဒေါသနဲ့ အလိုကြီး မှုတွေကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
.
ဘ၀ဟူသည် ပုစ်္ဆာန်တစ်ပုဒ်ဟု ပညာရှိများ က မှတ်ချက်ပြုထားပါသည်။ ပုစ်္ဆာဖြစ်သော ကြောင့် ကျွန်တော်တို့အားလုံး အဖြေရရှိစေရန် တွက်ချက်ကြရသည်။ ထိုသို့ တွက်ချက်မှုများကို ပေးထားသော ပုစ်္ဆာကို မူတည်ပြီး စဉ်းစားကာ အဖြေရှာရသည်။ မှားသည် မှန်သည်ကိုတော့ အမှန်ချစ်အမှတ်အသား မရသေးခင် ဇဝေဇ၀ါ နှင့် နေရမှာတော့ ဖြစ်ပါသည်။ ဘ၀ပုစ်္ဆာများ တွက်ချက်ရာတွင်မူ တစ်ခါတစ်ရံ စဉ်းစားဆင် ခြင်ဉာဏ်၊ ဖြတ်ထိုးဉာဏ်တို့အပြင်၊ စိတ်ရှည် သည်းခံမှု၊ သဘောထားကြီးမှု၊ ပွင့်လင်းရိုးဖြောင့် မှု၊ စိတ်ကောင်းစေတနာ စသည့်အကူအပံ့များ ဖြင့် တွက်ချက်အဖြေထုတ်ရသည့် ခက်ခဲနက်နဲ သော ပုစ်္ဆာများလည်း ရှိပါသည်။ လက်ရှိဘ၀ တွင် စင်စစ်အားဖြင့် ပေးချက်များ ရှုပ်ထွေးနေ သည့် ခက်ခဲနက်နဲသည့် ပုစ်္ဆာများ၊ လွယ်မ ယောင်နှင့် ခက်၊ ခက်မယောင်နှင့် လွယ်နေသော ပုစ်္ဆာများ၊ ယင်းပုစ်္ဆာများ၊ ပညာရှိသူ၊ တာဝန်ရှိ သူများကသာလျှင် ဦးစွာကောင်းကွက်ရှာ အ ဖြေမှန်ကို ဖော်ထုတ်ပေးနိုင်ရပါမည်။ အဖြေမ ထွက်နိုင်ဘဲ တစ်ဝဲလည်လည် ကြီးတော့မဖြစ် သင့်ဘဲ၊ မလိုလားအပ်သော အကြောင်းကြောင့် အဖြေထွက်ရန် ခဲယဉ်းသွားပေမည်။ ပုစ်္ဆာတွက် မည့်သူများကို အကြံပေးလိုပါသည်။ ပုစ်္ဆာ၏ပေး ထားချက်များကို စေ့ငသေချာစွာဖတ်ရှုရန်၊လွယ် ကူသော ပုစ်္ဆာများကို ဦးစားပေး တွက်ချက်ရန်၊ အခြားတွက်နည်းများကိုလည်း၊ စဉ်းစားရန်၊ ထို့ အပြင် စိတ်ရှည်သည်းခံမှု သဘောထားကြီးမှု၊ ပွင့်လင်းရိုးဖြောင့်မှုနှင့် သက်ရှိမှသာလျှင်မိမိ၊လို အပ်သော ဘ၀ပုစ်္ဆာအဖြေကို မိမိရရှိနိုင်ပါသည်။ ကျွန်တော်သည်ပင် ကျွန်တော့်ဘ၀ ပုစ်္ဆာသည်၊ အဖြေထွက်ခဲ့ပါသည်။ ကျေနပ်ပါသည်။ အရွယ် ကောင်းစဉ်က ယခုချိန်ထိ ပန်းချီကျော်၊ ပန်းချီ အိုကြီးပေါ့။
.
စာဖတ်သူများကို ကျွန်တော်အနူးအညွတ် တောင်းပန်အပ်ပါသည်။ ကျွန်တော်ခေါင်းစဉ်တပ် ဆောင်းပါး အကြောင်းအရာက ““မြခြုံလွှာအ ဆိပ်သင့်လေမှဖြင့်””ဆိုတဲ့ ကွမ်းစားခြင်း၏ ကွမ်းရွက်ကောင်းကျိုးရှိသလို၊ ကွမ်းတစ်ရွက်ရဲ့ ကောင်းခြင်းကို လက်ခံကြပေမည့် ကွမ်းရွက်နှင့် တွဲဘက်ဆက်စပ်အရာများ ရောနှောလာပါကဆိုး ကျိုးကို ဖြစ်စေသည့်အချက်များ ရေးသားရန်စီ စဉ်ထားပြီး အဆိုးတွေ အဆိုးတွေဆက်နွယ် သည့် အကြောင်းများ ရှေ့ပိုင်းတွင် ရေးမိခြင်းကို တောင်းပန်ပါသည်။ ကောင်းစေချင် လွန်းလို့ပါ ခင်ဗျာ။
.
ကမ်္ဘာ့လူဦးရေ၏၊ (၁၀) ရာခိုင်နှုန်းခန့်သည် ကွမ်းစားကြပါသည်။ ကွမ်းစားခြင်း ဓလေ့ကိုဦး စွာ တင်ပြထားတဲ့ တေးကဗျာ အိုင်ချင်းတစ်ပုဒ် အတိုင်း ကွမ်းစားခြင်း ဓလေ့ကို မြန်မာလူမျိုး များတွင် သာမက၊ အိန်္ဒိယ၊ ဖိလစ်ပိုင်၊ပစိဖိတ် နှင့် အိန်္ဒိယ သမုဒ်္ဒရာအတွင်းရှိ ကျွန်းစုများမှ လူမျိုးများတွင်လည်း ကွမ်းစားခြင်းအလေ့စွဲများ ကို တွေ့နိုင်ပေသည်။ ကွမ်းစားခြင်းဓလေ့ကို လည်း မြန်မာတွင် လွန်ခဲ့သော နှစ်ပေါင်းတစ် ထောင်ကျော် မတိုင်မီကပင် အမြစ်တွယ်ခဲ့ပါ သည်။ ကွမ်းယာတွင် ကွမ်းရွက်၊ ကွမ်းသီးနှင့် ထုံးတို့သည် အခြေခံတွဲဆက် ပါဝင်ပြီး တွဲဘက် ပါဝင်ဘက်များဖြစ်ကြသော ရှားစေး၊ ဆေးရွက် ကြီး၊ မူစကီ၊ နွယ်ချို၊ လေးညှင်း၊ ဆေးမွှေး၊ နှပ်ဆေး၊ အပြင်အခြားသော အိန်္ဒိယနိုင်ငံထုတ် နိုင်တီတူး၊ ဆစ်ဂနယ်၊ အခြားသော ဆေးမွှေး စုံ၊ စသည်တို့ကို လိုအပ်သလို ထည့်သွင်းကာ ကွမ်းဓလေ့ကို စွဲစေခဲ့ပါသည်။ ထို့အပြင် ကွမ်း သီးစိပ်၊ အုန်းသီးစိပ်၊ ကလေးများအား အချို ယ မကာဖြင့် ရောကာ အနီရောင်ဆေးများထည့်၍ ကွမ်းယာအချို့အဖြစ်လည်း ပြုလုပ်ရောင်းချကြ သည်။ အမွှေးအကြိုင်အမျိုးမျိုး၊ ဘယဆေးအ မျိုးမျိုး ထည့်သွင်းကာ ကွမ်းယာ၏ စွဲမက်ဖွယ် ဖြစ်အောင် ရောင်းချကြပါသည်။ ရှေ့မဆွကပင် မြန်မာများ နှစ်ခြိုက်စွာ တစ်စိုက်မတ်မတ် စား သုံးလာခဲ့ကြသော ကွမ်းယာတွင် မည်သည့် ဓာတ်များ အဓိကပါဝင်၍ လူကို မည်သို့အန်္တ ရာယ်ပြုနိုင်သည်များကို သိရှိထားရန်လိုအပ်ပေ သည်။ ကွမ်းရွက်၊ ကွမ်းသီးတို့၏ ကောင်းကျိုး များကိုတော့ စာပေအများအပြား ဖော်ပြကြပြီး ဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် သည်ဆောင်းပါး တွင် ကွမ်းစားခြင်း အန်္တရာယ်ကိုသာ ဇောင်းပေး ဖော်ပြရေးသား လိုက်ပါသည်။ ကွမ်းစားခြင်းဖြင့် ပါးစပ်ကင်ဆာ ရောဂါဖြစ်ပွားမှု ခိုင်လုံကြောင်း သက်သေထူလိုပါသည်။
.
လူကို အန်္တရာယ်ပေးသော အဓိကပစ်္စည်း မှာ ကွမ်းသီးတွင် ပါဝင်မှုဆိုးကျိုးမှာ အယ်ကာ လွှိုက်-ဓာတ်ပစ်္စည်းများ ဖြစ်ပါသည်။ ကွမ်းသီး တွင် ပိုင်ရီဒင်း-အုပ်စုဝင် အယ်ကာလွှိုက် ၅ မျိုးမှာ အရီကိုလင်း၊ အရီကာဒင်း၊ အရီကိုလီ ဒင်၊ ဂူဗာဆင်းနှင့် ဂူဗာကိုလင်းတို့ ပါဝင်ပါ သည်။ ၎င်းင်းတို့အနက် (အရီကိုလင်း)ဓာတ်သည် လူကို အန်္တရာယ်အပေးနိုင်ဆုံးဖြစ်ပြီး အရီကို လင်းသည် ဆေးရွက်ကြီးတွင် ပါဝင်သော နီကို တင်းဓာတ်နှင့် အာနိသင်ချင်း ဆင်တူသည်။ ကွမ်းသီးကို စားပါက သွားရည်(တံထွေး)လိုက် ကာ ချွေးပြန်ခြင်းကို ဖြစ်စေပါသည်။ အမေရိ ကန်နိုင်ငံဘော့စတွန်မြို့ရှိ သွားဘက်ဆိုင်ရာ ဆေးတက်္ကသိုလ်မှ စမ်းသပ်တွေ့ရှိချက်များအရ ကွမ်းသီးကို စားခြင်းသည် ပါးစပ်ကင်ဆာဖြစ် ခြင်းနှင့် ဆက်စပ်နေကြောင်း၊ အဖုအကျိတ်များ ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရသည်ဟု ဆိုပါ သည်။ ကွမ်းရွက်တွင်လည်း အနံ့မွေးသောအဆီ ဓာတ်၊ ဖိနောဓာတ်များ ပါဝင်သည်။ ဒေါက်တာ ၀ပ်၏ အဆိုအရ ကွမ်းရွက်တွင် ““အရာကင်း”” ဟု ခေါ်သည့် အယ်ကာလွှိုက်တစ်မျိုး ပါဝင်ပြီး အရာကင်းသည် မူးယစ်ဆေးဝါး တစ်မျိုးဖြစ် သော ကုတ်ကင်း၏ ဂုဏ်သတ်္တိမျိုး ရှိသည်ဟု ဆိုပါသည်။ ကွမ်းရွက်နှင့် ပူးတွဲစားသုံးသော နောက်အရာတစ်မျိုးမှာ ““ရှားစေး””ဖြစ်ပြီးရှား စေးကိုတော့ အညာဒေသရှိရှားပင်၏အစေးမှ ထုတ်ယူရရှိပြီး လည်းကောင်းရှားစေးတွင်ကတ် တကော၊ ကတ်တချူး တင်းနစ်အက်ဆစ်၊ ကွီ ယာစီတင်၊ ရှားစေးမလို ရက်ဆိန်း၊ အနီရောင် ကတ်တက်ချူး၊ အငွေ့မပြန်သည့် အဆီဓာတ် နှင့် ဖယောင်းစသည်များ ပါဝင်ပြီး ၀မ်းချုပ်စေ သော သတ်္တိရှိပါသည်။
.
ကွမ်းကို အချိုနှင့် ဆေးရောင်များ ရောနှော ကာ ထည့်သွင်းအသုံးပြု၊ ကွမ်းသီးစိတ်၊ အုန်း သီးစိတ်၊ အချို့များကို ဆိုးသော ဆေးရောင် များမှာ စားသုံးရန် မသင့်တော်သော အ၀တ်အ ထည်ဆိုးဆေးများသာ ဖြစ်သည့်အတွက် ကျန်း မာရေးကို အထူးထိခိုက်စေပါသည်။ အထက်ပါ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ရှားစေး၊ ဆေးရွက် ကြီးနှင့် အခြားတိုင်းပြည်မှ ထုတ်လုပ်သောဆေး မျိုးစုံတို့၏ ဆိုးကျိုးများ ကျွန်တော့်အနေနဲ့လက် လှမ်းမီသလောက် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ကွမ်းကြိုက်သူများက ကွမ်းစားခြင်းသည် ခံ တွင်းအနံ့မွှေးစေသည်။ သွားများကို ခိုင်ခံ့စေ သည်။ အစာချေသော သွားရည်အထွက် များ ၍ အစားကြေစေသည်။ စသည် စသည်ဖြင့် ကာကွယ်ပြောဆိုယူဆကာ ဖက်တွယ်စားသုံး ကြလေသည်။ ကွမ်းကို မပြတ်စားပါက စလုံးစ ခု ဖြစ်နေသော ကွမ်းသီးများကို သွားဖြင့်မပြတ် ၀ါးချေနေရသဖြင့် သွားများ ယိုင်နဲ့စေပါသည်။ ကွမ်းသီးတွင်ရှိ အရောင်ပေး ပစ်္စည်းများ၊ အရီ ကာဒင်း၊ အယ်ကာလွှိုက်များနှင့် ထုံးဓာတ်တို့ တွေ့ထိ၊ ဓာတ်ပြုကြပြီး နီရဲသော ကွမ်းသွေး (ကွမ်းတံထွေး)များ ဖြစ်ပေါ်ကာ သွားများ၏ အ ရောင်ကို မည်းညစ်စေသည်။ ခံတွင်းအတွင်းရှိ  ““မြူးကပ်””အမြေးပါးများ မပြတ်လှုပ်ရှားနေရစဉ် ကွမ်းယာမှ အဆိပ်အတောက်များနှင့် မပြတ် တွေ့ထိနေရသောကြောင့် ခံတွင်းကင်ဆာ၊ ပါး စပ်ကင်ဆာ ဖြစ်စေနိုင်သည်။ ကွမ်းယာတွင် ဆေးရွက်ကြီး၊ မူစကီး၊ နိုင်တီတူး စသည်များ ပါ ရော၍ စားပါက ကင်ဆာဖြစ်ပွားမှုကို ပို၍ မြန်စေပါသည်။ ကွမ်းယာအချိုများတွင်လည်း စားသုံးရန် မဟုတ်သည့် အ၀တ်အထည်ဆိုး ဆေးများ ပါဝင်နေခြင်းကြောင့် အသည်းကင် ဆာ ဖြစ်မှုကို ဦးတည်နေပေသည်။
.
ကမ်္ဘာ့ကျန်းမာရေး အဖွဲ့၏ လေ့လာတွေ့ရှိ ချက်များအရ ကွမ်းစားခြင်း ဓလေ့ရှိသော အ ရှေ့အာရှနိုင်ငံများနှင့် ကွမ်းစားခြင်း ဓလေ့မရှိ သော အနောက်နိုင်ငံများတို့၏ ပါးစပ်ကင်ဆာ ဖြစ်ပွားမှုများကို နှိုင်းယှဉ်ကြည့်ရာ အရှေ့အာရှ နိုင်ငံများတွင် ပါးစပ်ကင်ဆာ ဖြစ်ပွားမှုသည် ကင်ဆာရောဂါ စွဲကပ်သူ လူနာဦးရေ၏ (၄၅ ရာခိုင်နှုန်း) ခန့်ဖြစ်ပြီး အမေရိကန်အပါအ၀င်အ နောက်နိုင်ငံများ၌မူ ပါးစပ်ကင်ဆာ ဖြစ်ပွားမှု သည် ကင်ဆာရောဂါသည် (၂ ရာခိုင်နှုန်း)ပင် မကျော်လွန်ကြောင်း တွေ့ရှိရသည်။ ဤအချက် ကို ကြည့်ချင်းအားဖြင့် ကွမ်းစားခြင်းနှင့် ပါးစပ် ကင်ဆာရောဂါ ဖြစ်ပွားမှု ဆက်စပ်သည်ဟူသည့် အဆိုပြုချက် ခိုင်လုံကြောင်း သက်သေထူလျက် ရှိနေပေသည်။
.
ကွမ်းစားခြင်းကြောင့် မြို့ပြအလှ၊ သဘာဝ အလှတရားများ ထိခိုက်အကြီးတန်လှပေခြင်း ကြောင့် မည်သည့်အရာဖြင့် တားဆီးနိုင်မည် နည်း။ ဥပဒေနှင့် ထိန်းလို့ရပါတယ် ဆိုတာဟာ လူများစုက တရားစောင့်ပြီး လူနည်းစုကဖောက် ပြန်တာကိုသာ ဥပဒေနဲ့ ထိန်းလို့ရပါတယ်။ လူ များစုက တရားမစောင့် ဖောက်ပြန်နေရင် ဥပ ဒေနှင့် ထိန်းလို့ မရပေဘူး။ လူ့လောကမှာအ ရေးကြီးဆုံးဖြစ်သော လွတ်လပ်မှု၊ တရားမျှတ မှုရှိအောင် ဘာသာတရားတွေက သွန်သင်ပေး နေပါတယ်။ ဒါကြောင့် လူတွေရဲ့ ဒီဘ၀ကောင်း စားရေး အတွက် ဘာသာတရားတွေက အကျိုး ပြုနေကြောင်း တွေ့ရမှာ ဖြစ်ပါသည်။ ခေတ် သစ်ကွမ်းစားခြင်း၊ မြို့ပြ အလှတရားအတွက် ကြံဆလုပ်ဆောင်ရန်မှာတော့ ဓာတ်တိုင်တစ် တိုင်ခြား (ကွမ်းတံထွေး တစ်ပုံးကျ ထားခြင်း)ကို  တစ်လတစ်ကြိမ် အကွာအဝေးကို တိုးသွားရန် နှင့် ကွမ်းတံထွေး ပုံးအတွင်းသို့ ကွမ်းတံထွေးကို မထွေးဘဲ ပြင်ပတွင် ထွေးပါက ဥပဒေပုဒ်မတစ် ခုကို အမည်နံပါတ်တပ်ကာ ဒဏ်ငွေအဖြစ် တိ ကျစွာ အရေးယူခြင်းများ ပြုလုပ်ရမှာ ဖြစ်ပါ သည်။ တာဝန်ခံ၊တာဝန်ရှိ ပုဂ်္ဂိုလ်များက ဦး ဆောင်မှ ဖြစ်ပါတယ်။ ထို့ကြောင့် ကွမ်းရွက်၊ ကွမ်းသီး၊ ဆေးရွက်ကြီးနှင့် တွဲဘက်စားသုံးရ သော အရာများ စသည်တို့တွင် ကျန်းမာရေး အတွက် အကျိုးပြုသော အချက်အလက်များရှိ သင့်သလောက် ရှိကြသော်ငြားလည်း အထက် တွင် ဖော်ပြထားသည့် လူကို အန်္တရာယ်ပေးနိုင် မှုများ များပြားနေခြင်းကြောင့် ““တန်ဆေးလွန် ဘေး””ဟူသော မြန်မာ့ဆောင်ပုဒ်ကိုတော့ နှလုံး မူ၍ ကွမ်းစားခြင်းအား ဆင်ခြင်အပ်ပါသည်။
.
ဘယ်လောက်ပြင်းထန်တဲ့ အဏုမြူဗုံး၊ ဟိုက်ဒရိုက်ဂျင် ဗုံးဖြစ်ပါစေ၊ ဒုံးပြန်လက်နက်ဖြစ် ပါစေ၊ လူသားရဲ့ အသိဉာဏ်ပညာက ထိန်းချုပ် ပဲ့ကိုင်ထားပါတယ်။ ဒါကြောင့် လူသာ ပဓာန၊ အသိဉာဏ်ရှိတဲ့ လူသာ ပဓာနလို့ ပြောနေကြ တာဟာ အသိဉာဏ်ပညာဆိုတဲ့ နာမ်ထက်စွမ်း အင်သာ ပဓာနလို့ ဆိုပါတယ်။ လူသာမန်တွေ ဟာ လူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းရဲ့ ပြုပြင် မှု ပြဌာန်းမှုကို လိုက်နာကြရပေမယ့် ပုဂ်္ဂိုလ်ထူး တွေကတော့ ဒီလူ့အဖွဲ့အစည်း လူ့ပတ်ဝန်း ကျင်ကြီး တစ်ခုလုံးကို ပြုပြင်ပြောင်းလဲအောင် ဆောင်ရွက်နိုင်ကြပါတယ်။ ဒါဟာ ဘာလဲဆို တော့ အတွေးအခေါ် (အယူဝါဒ-ဒိဋ္ဌိ)နဲ့ ပြည့်စုံ စွာ ဆောင်ရွက်နိုင်ပါပေတော့သည်။
.
ကျမ်းကိုး။ ဒဂုန်နတ်ရှင် (မြန်မာ့ရိုးရာ ကွမ်းဓ လေ့)။
စာပေဗိမာန်၊ ပြည်သူ့လက်စွဲစာစဉ်-၁၉၇၂
.

No comments:

Post a Comment